ခင်မင်ရင်းနှီးတဲ့ အသံနေအသံထားရှိဖို့

လူတွေနဲ့ ပြောဆိုဆက်သွယ်ရာမှာ မျက်နှာချင်းဆိုင်တွေ့ဆုံစကားပြောရတာ အခြားနည်းလမ်းတွေထက် ပိုပြီး ထိရောက်မှုရှိပါတယ်။ ပြောချင်တဲ့အကြောင်းအရာကို ထိထိရောက်ရောက်နဲ့ နားလည်လွယ်အောင် ပြောဆိုနိုင်ပါတယ်။ ဒါပေမယ့် နှုတ်ကပြောလိုက်တဲ့စကားလုံးတိုင်းက ပြန်လည်ရုတ်သိမ်းလို့ မရနိုင်သလို လူချင်းစကားပြောရာမှာ အသံနေအသံထားကလည်း စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို အမျိုးမျိုးကွဲပြားသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ပြောဆိုဆက်ဆံရာမှာ အသံနေအသံထားမှန်ဖို့က အရေးကြီးပါတယ်။ အခုဖော်ပြမယ့်အချက်တွေကတော့ ဘယ်နေရာမှာ ဘယ်သူနဲ့ပဲဖြစ်ဖြစ် စကားပြောဆိုရာမှာ ခင်မင်နှစ်လိုဖွယ်ရာ အသံနေအသံထားကို ရရှိစေမယ့်အချက်တွေပဲ ဖြစ်ပါတယ်။

၁။ အသံနေအသံထားနဲ့ လေယူလေသိမ်းကွဲပြားမှုတွေရှိတာ သိထားပါ။

စကားပြောရာမှာ အသံနေအသံထားကွဲပြားမှုတွေကြောင့် အဓိပ္ပါယ်အမျိုးမျိုးကွဲပြားသွားစေနိုင်ပါတယ်။ အသံကျယ်ကျယ်နဲ့ ခပ်မြန်မြန်ပြောတာက လူတွေရဲ့အာရုံစိုက်မှုကို ရရှိနိုင်ပြီး ပုံမှန်အသံနဲ့ ခပ်ဖြည်းဖြည်းပြောတာက တည်ငြိမ်ပြီး အာရုံစိုက်ပြောဆိုနေကြောင်း ပေါ်လွင်စေပါတယ်။

၂။ ဖြည်းဖြည်းသာပြောပါ။

စကားအမြန်ပြောပြိုင်ပွဲမဟုတ်ရင် ခပ်ဖြည်းဖြည်းပြောတာက အကောင်းဆုံးဖြစ်ပါတယ်။ စကားကို မြန်မြန်ပြောတာက စိတ်လှုပ်ရှားမှုနဲ့ စိတ်မသက်သာမှုတွေရဲ့ လက္ခဏာဖြစ်ပြီး ပြောလက်စစကားဝိုင်းကို မြန်မြန်အပြီးသတ်ချင်သလို ထင်ရစေပါတယ်။ ဒီလိုပြောတာက ခင်မင်နှစ်လိုဖွယ်ရာလေသံမပေါက်ပဲ သင့်အပေါ်လူတွေရဲ့ စိတ်ဝင်စားမှုလည်း နည်းသွားပါလိမ့်မယ်။

၃။ တည်ငြိမ်အေးဆေးစွာပြောပါ။

ကျယ်ကျယ်လောင်လောင်နဲ့ ရန်လိုတဲ့အသံနေအသံထားမျိုးကို ဘယ်သူကမှ သည်းမခံနိုင်ပါဘူး။ မတိုးလွန်း မကျယ်လွန်းပဲ တည်ငြိမ်အေးဆေးတဲ့ လေသံနဲ့ ပြောပါ။ ဒီလိုပြောနိုင်ဖို့အတွက် အမြဲတမ်း စကားကို အေးဆေးတည်ငြိမ်စွာပြောဖို့ မိမိကိုယ်ကိုယ် သတိပေးနေဖို့ လိုပါတယ်။

၄။ ခက်ခဲတဲ့စကားလုံးတွေ မသုံးပါနဲ့။

စကားပြောတဲ့အခါမှာ နားလည်ရခက်ခဲတဲ့ စကားလုံးတွေ၊ စာစုတွေကို သုံးတာက နားထောင်သူတွေအတွက် အဆင်မပြေနိုင်ပါဘူး။ စကားပြောဆိုဆက်သွယ်ရတဲ့ရည်ရွယ်ချက်က သင်ပြောချင်တဲ့အကြောင်းအရာကို တဖက်သူ ရှင်းရှင်းလင်းလင်းနားလည်သွားဖို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခက်ခဲတဲ့စကားလုံးတွေ၊ ဥပမာပြစကားစုတွေ မသုံးပါနဲ့။

၆။ ယုံကြည်မှုရှိရှိပြောပါ။

စကားပြောရာမှာ အင်း…၊ အဲ…၊ ဟို… စတဲ့ အဓိပ္ပါယ်မရှိတဲ့ အသံတွေ ထည့်ပြောတာက ယုံကြည်မှုမရှိတဲ့ လက္ခဏာပါပဲ။ သင်ပြောချင်တဲ့ အကြောင်းအရာပေါ်မှာ သင်ကိုယ်တိုင် ရှင်းရှင်းလင်းလင်းမသိတဲ့ သဘောဖြစ်ပါတယ်။ ဒီလိုတွေ ပြောဆိုနေမယ်ဆိုရင် နားထောင်သူတွေရဲ့ စိတ်ပါဝင်စားမှုကို လျော့နည်းသွားစေပြီး သင်နဲ့ စကားပြောချင်တော့မှာ မဟုတ်ပါဘူး။

၇။ ခန္ဓာဗေဒအမူအယာတွေကို ဂရုစိုက်ပါ။

လူတွေက စကားပြောတဲ့အခါ ပါးစပ်ကပဲ ပြောတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်အမူအယာတွေကလည်း ပြောဆိုနေတဲ့ စကားကို အဓိပ္ပါယ်အမျိုးမျိုးကွဲပြားစေနိုင်ပါတယ်။ ဒါ့ကြောင့် ရင်းနှီးဖော်ရွေတဲ့ ခန္ဓာဗေဒအမူအယာတွေရှိစေဖို့ ဂရုစိုက်ပါ။ စကားပြောချိန်၊ နားထောင်ချိန်မှာ ပြုံးနေတာ၊ ပွင့်လင်းတဲ့ ခန္ဓာဗေဒအမူအယာတွေရှိတာ၊ တဖက်သူ ပြောနေချိန်မှာ ခေါင်းညိတ်တာလိုမျိုးတွေက ရင်းနှီးဖော်ရွေမှုကို သိသာစေပြီး လူချစ်လူချင်များစေနိုင်ပါတယ်။

မိန်းကလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine

အခြားစိတ်ဝင်စားစရာ ဆောင်းပါးအလန်းစား အကြမ်းစားတွေကို
Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Related Posts

%%footer%%