အမျိုးသားတိုင်းသိထားသင့်တဲ့ စတိုင်အကြံပြုချက်များ

စတိုင်ကျတဲ့ ဝတ်စားဆင်ယင်မှုအတွက် အမျိုးသားတိုင်း သိထားသင့်တဲ့ အကြံပြုချက်တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ အမျိုးသားတိုင်း ဘယ်အချိန်ဘယ်နေရာမဆို ဝတ်နိုင်တဲ့အရောင်ငါးခုပဲ ရှိတယ်။

အနက်ရောင်၊ မီးခိုးရောင်၊ အဖြူရောင်၊ ကာကီရောင်နဲ့ အပြာရင့်ရောင်တို့က အမျိုးသားတိုင်းအတွက် သင့်တော်တဲ့အရောင်တွေ ဖြစ်ပါတယ်။ ဒီအရောင်တွေက အခြားအရောင်တွေနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။

၂။ ရှပ်အင်္ကျီအရောင်က အပေါ်ထပ်ဂျာကင်ထက် အရောင်ဖျော့သင့်တယ်။

ဒါက ရိုးရှင်းတဲ့ စည်းမျဉ်းလေးတစ်ခုဖြစ်ပါတယ်။ အတွင်းမှာဝတ်တဲ့ ရှပ်အင်္ကျီက အပေါ်ထပ်ကုတ်အင်္ကျီ ဒါမှမဟုတ် ဂျာကင်အင်္ကျီထက် အရောင်ပိုဖျော့သင့်ပါတယ်။

၃။ အဝတ်အထည်တွေမှာ အမှတ်တံဆိပ်လိုဂို အကြီးကြီးတွေ၊ စာလုံး/စာသားတွေနဲ့ ရုပ်ပုံတွေပါတာကို ရှောင်ပါ။

၄။ အရည်အသွေးကောင်းတာကို ရင်းနှီးမြုပ်နှံပါ။

အရည်အသွေးကောင်းတဲ့ အဝတ်အထည်တွေက တန်ဖိုးလည်း များတတ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ ရုပ်ရည်သွင်ပြင် ဝတ်စားဆင်ယင်မှုကို တိုးတက်ချင်တယ်ဆိုရင် အရည်အသွေးကောင်းတာကိုပဲ ရွေးချယ်ပါ။

၅။ ဖက်ရှင်သားကောင်မဖြစ်ပါစေနဲ့။

နာမည်ကျော် တန်ဖိုးကြီးအမှတ်တံဆိပ်တွေက တတ်နိုင်ရင် ကောင်းပါတယ်။ ဒါပေမယ့် တန်ဖိုးကြီးအဝတ်အထည်နဲ့ အသုံးအဆောင်တွေ သုံးတိုင်း သင့်ရဲ့စတိုင်က တိုးတက်လာတာမဟုတ်ပါဘူး။ ဒါ့ကြောင့် နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ်တွေရဲ့ သားကောင်မဖြစ်ပါစေနဲ့။

၆။ ပန်းခက်ပန်းနွယ်တွေနဲ့ ကနုတ်ဒီဖိုင်း အဝတ်အထည်တွေကို ရှောင်ပါ။

၇။ ဒီအဝတ်အထည်တွေကို ဘယ်တော့မှ မဝတ်ပါနဲ့။
– အိပ်ကပ်တွေအများကြီးနဲ့ ဘောင်းဘီတို
– V ပုံစံလည်ပင်းပေါက်နဲ့ စာသားတွေပါတဲ့ တီရှပ်
– ဆိုင်ကယ်စီးနေကာမျက်မှန်
– ရွှေဆွဲကြိုး မျှင်မျှင်လေး
– အစင်းရာထင်နေတဲ့ ရှုးဖိနပ်တွေ

၈။ လျှော်ဖွတ်ပါ၊ မီးပူတိုက်ပါ၊ သေချာခေါက်ပါ။

သင့်ရဲ့ ဝတ်စားဆင်ယင်မှု စတိုင်ကျကြည့်ကောင်းခြင်းက အဝတ်အစားတွေကို ဘယ်လိုဂရုစိုက်လဲဆိုတာနဲ့လည်း သက်ဆိုင်ပါတယ်။ သင့်ရဲ့ အဝတ်အစားတွေကို နည်းစနစ်မှန်ကန်စွာ လျှော်ဖွတ်ပါ။ မီးပူတိုက်ပါ။ စနစ်တကျ သိမ်းဆည်းပါ။ ဖိနပ်တွေကိုလည်း တိုက်ချွတ်ထားပါ။

၉။ အသက်အရွယ်နဲ့လိုက်ဖက်အောင် ဝတ်ဆင်ပါ

အသက်နှစ်ဆယ်ကျော်အရွယ်မှာ ဝတ်ဆင်လေ့ရှိတဲ့ အဝတ်အစားတွေကို လေးဆယ်ကျော်မှ ဝတ်ရင် ကြည့်ကောင်းမှာ မဟုတ်ပါဘူး။ လေးဆယ်ကျော်အရွယ်တွေ ဝတ်လေ့ရှိတဲ့ အဝတ်အစားတွေကိုလည်း နှစ်ဆယ်ကျော်လေးတွေက ဝတ်ထားရင် ခန့်ညားမှုက ယှဉ်လို့မရနိုင်ပါဘူး။

၁၀။ ခေတ်စားတာတွေနောက် မလိုက်ပါနဲ့။

အခုချိန်မှာ ခေတ်စားနေတဲ့ ဖက်ရှင်တစ်ခုက သိပ်မကြာခင်မှာ ဘယ်သူမှစိတ်မဝင်စားတော့တဲ့ အဝတ်အစားဖြစ်သွားနိုင်သလို ဝတ်ထားခဲ့ရင် ကြောင်တောင်တောင်ဖြစ်နေနိုင်ပါတယ်။ ဒါ့ကြောင့် ခေတ်စားတဲ့ ဖက်ရှင်တွေနောက်ကို လိုက်မနေပဲ ဘယ်အချိန်ဖြစ်ဖြစ် ရိုးမသွားတဲ့ ဖက်ရှင်နဲ့ အဝတ်အထည်တွေမှာ ရင်းနှီးမြုပ်နှံပါ။

၁၁။ တစ်ကိုယ်ရည်ပြင်ဆင်ထိန်းသိမ်းမှုရှိပါစေ။

အမျိုးသားတစ်ယောက်အနေနဲ့ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးနဲ့ နှုတ်ခမ်းမွှေးတွေကို လိုအပ်သလို ပြုပြင်ထိန်းသိမ်းသင့်ပါတယ်။ အသားအရေကြည်လင်စိုပြေနေဖို့လည်း ဂရုစိုက်ပါ။

၁၂။ အတော်ဆုံးသူတွေဆီက လေ့လာသင်ယူပါ။

ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်လာရင် အတုယူစရာ နာမည်ကျော် အမျိုးသားတွေ ရှိပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ စတဲ့ လူသိများထင်ရှားသူတွေထဲက ဝတ်စားဆင်ယင်မှု စတိုင်ကျပြီး သင်အားကျမိတဲ့သူတစ်ယောက်ရဲ့ ဝတ်ပုံစားပုံတွေကို လေ့လာအတုယူပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine

အခြားစိတ်ဝင်စားစရာ ဆောင်းပါးအလန်းစား အကြမ်းစားတွေကို
Gentleman Website မှာ လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

Related Posts

%%footer%%