စကားပြောကျွမ်းကျင်ပိုင်နိုင်ခြင်းဟာ အရည်အချင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တချို့သူတွေက စကားပြောကောင်းတာကြောင့် ပတ်ဝန်းကျင်ကလူတွေကို လွှမ်းမိုးလှုံ့ဆော်နိုင်စွမ်း ရှိကြပါတယ်။ သင် ပြောချင်တဲ့ အကြောင်းအရာကို တဖက်သူရှင်းရှင်းလင်းလင်းနားလည်ပြီး ရင်ထဲရောက်သွားစေဖို့ အပြန်အလှန်စကားပြောဆိုရာမှာ ပါးနပ်လိမ္မာဖို့လိုပါတယ်။ ဒီလို စကားပြောကောင်းသူတစ်ယောက်ဖြစ်လာနိုင်ဖို့ နည်းလမ်းကောင်းတချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ ချီးကျူးစကားပြောတတ်ပါစေ။
ချီးကျူးစကားတစ်ခွန်းဟာ လူတဖက်သားနဲ့ စကားစပြောဖို့ အလွယ်ကူဆုံးနည်းလမ်းပါပဲ။ တစ်ဦးနဲ့တစ်ဦးကြား စကားအစပျိုးဖို့အတွက်သာမက လုံလောက်တဲ့အတိုင်းအတာအထိ ဆက်ပြောနေနိုင်ဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။
၂။ ရိုးရှင်းပြီး ချဉ်းကပ်ရလွယ်ကူအောင် ပြောဆိုပါ။
စကားပြောတဲ့အခါမှာ ရိုးရိုးရှင်းရှင်းပြောတာက နှစ်ဖက်စလုံးအတွက် စိတ်လက်ပေါ့ပါးစွာ ဆက်ပြောနိုင်စေပါတယ်။ နားလည်လွယ်ပြီး လိုတိုရှင်းအချက်လေးတွေကို ဦးစားပေးပြောပါ။ မလိုအပ်ပဲ ရှုပ်ထွေးတဲ့ အကြောင်းအရာတွေ၊ လေးနက်တဲ့ ဖွင့်ဆိုရှင်းပြမှုတွေ မလုပ်မိပါစေနဲ့။
၃။ အသေးအမွှားကိစ္စလေးတွေကိုသာ ဆွေးနွေးပြောဆိုပါ။
အချိန်ကြာကြာ စကားပြောဆိုရင်း စကားဝိုင်းကို ထိန်းထားနိုင်ဖို့ အသေးအမွှားကိစ္စလေးတွေကိုပဲ ခေါင်းစဉ်ထား ပြောဆိုသင့်ပါတယ်။ နိုင်ငံရေး၊ ဘာသာရေးတို့လို့ အထိမခံပဲ ဝိဝါဒအမျိုးမျိုး၊ အမြင်အမျိုးမျိုးကွဲပြားနိုင်တာတွေကို မပြောတာအကောင်းဆုံးပါပဲ။
၄။ တဖက်သူပြောတာကို သေချာနားထောင်ပါ။
စကားပြောကောင်းသူတစ်ယောက်ဖြစ်ချင်ရင် ကိုယ်ကချည်းပဲ ပြောနေလို့ မရပါဘူး။ တဖက်သူပြောတာကိုလည်း ဂရုတစိုက်နားထောင်ဖို့ လိုပါတယ်။ စကားဝိုင်းတစ်ခုမှာ သင်ကချည်းပဲ တဖက်သတ်ပြောနေမယ်ဆိုရင် တဖက်သူက စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး။ တဖက်သူရဲ့ စိတ်ဝင်စားမှုနဲ့ အလေးထားမှုကို ရချင်ရင် သူပြောတာကို သေချာနားထောင်ပေးပါ။
၅။ မညည်းညူပါနဲ့။
စကားပြောတဲ့အခါမှာ သင့်ရဲ့အဆင်မပြေမှုတွေကို မလိုအပ်ပဲ ထည့်မပြောမိပါစေနဲ့။ ဒီလိုလုပ်တာက သင့်အပေါ် အမြင်ကောင်းစေမှာ မဟုတ်ပါဘူး။
၆။ လိုအပ်တဲ့မေးခွန်းတွေ မေးပါ။
မေးခွန်းမေးခြင်းက သင့်အတွက် လိုအပ်တဲ့ အချက်အလက်တွေ ရရှိစေရုံသာမက တဖက်သူပြောတဲ့အကြောင်းအရာပေါ်မှာ စိတ်ဝင်စားမှုရှိကြောင်းလည်း ဖော်ပြနိုင်ပါတယ်။ ဒါ့ကြောင့် မေးခွန်းမေးဖို့ လိုအပ်တယ်ထင်ရင် မေးဖို့ တွန့်ဆုတ်မနေပါနဲ့။ တစ်ခုသတိထားရမှာက အဓိပ္ပါယ်ရှိတဲ့ မေးခွန်းကောင်းတွေ ဖြစ်ဖို့နဲ့ မေးခွန်းမေးသင့်တဲ့အချိန်ကို စောင့်ဖို့ပါပဲ။
မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine