အချစ်ရဆုံးသူက လျစ်လျူရှုနေရင် ဘာလုပ်မလဲ?

တစ်ခါတစ်လေမှာ သင့်ဘဝအတွက် အရေးကြီးဆုံးအချစ်ရဆုံးလူတစ်ယောက် သင့်ကို လျစ်လျူရှုထားသလို ဆက်ဆံတာမျိုး ကြုံဖူးပါလိမ့်မယ်။ ဒီလိုကြုံရပြီဆိုရင် တချို့တွေက မနေတတ်မထိုင်တတ်ဖြစ်ကြသလို တစ်ချို့က စိတ်ဆိုးဒေါသထွက်ကြပါတယ်။ သင်လည်း ဒီလိုအခြေအနေမျိုးကြုံရပြီဆိုရင် ဘာလုပ်သင့်လဲဆိုတာ နည်းလမ်းတချို့ဖော်ပြလိုက်ပါတယ်။

၁။ သူ့အတွက် ကိုယ်ပိုင်နေရာပေးလိုက်ပါ။

တစ်ခါတစ်လေမှာ အားလုံးနဲ့အဝေးကို သွားပြီး၊ ဘယ်သူနဲ့မှ မပတ်သက်ပဲ တစ်ယောက်ထဲရှိနေချင်စိတ်တွေ ပေါ်လာတတ်ပါတယ်။ သင်ကိုယ်တိုင် ဒီလိုစိတ်မျိုးဖြစ်နေချိန်မှာ တစ်ယောက်ယောက်က ဖုန်းတွေတောက်လျှောက်ဆက်နေမယ်၊ စာတွေပို့နေမယ်ဆိုရင် ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်ပါ။ စိတ်ဆိုးမိမှာပါပဲ။ ဒါ့ကြောင့် သင့်ချစ်သူက ရှောင်ဖယ်ဖယ်လုပ်နေတယ်လို့ ခံစားမိရင် ခဏလောက် အဆက်အသွယ်မလုပ်ပဲ တစ်ယောက်ထဲ ရှိနေချိန်ပေးလိုက်ပါ။

၂။ လျစ်လျူရှုခံရတာသေချာလား ဆုံးဖြတ်ပါ။

များသောအားဖြင့် ချစ်သူက လျစ်လျူရှုထားတယ်လို့ ခံစားရသူတွေဟာ သူတို့စိတ်ကူးသက်သက်သာ ဖြစ်နေတတ်ပါတယ်။ တကယ်တော့ သူတို့ရဲ့ ချစ်သူက အလုပ်များလို့သော်လည်းကောင်း၊ အခြားအာရုံစိုက်စရာ အရေးကြီးကိစ္စတစ်ခုခုရှိလို့သော်လည်းကောင်း သူတို့ကို ဂရုမစိုက်မိရုံသာဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် သင့်ကို တကယ်လျစ်လျူရှုနေပြီလားဆိုတာ သေချာအောင် ဆုံးဖြတ်ဖို့ လိုပါတယ်။

၃။ လျစ်လျူရှုထားရတဲ့ အကြောင်းရင်းကို ရှာပါ။

ချစ်သူက သင့်အပေါ်ကို လျစ်လျူရှုနေတာ သေချာပြီဆိုရင် ဘာကြောင့် ဒီလိုလုပ်နေရတာလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ရမှာဖြစ်ပါတယ်။ ဒီလိုရှာဖွေဖို့အတွက် အဆင့်နှစ်ခု ရှိပါတယ်။ ပထမအဆင့်က မကြာသေးခင်က အဖြစ်အပျက်တွေကို ပြန်စဉ်းစားပါ။ သူမအပေါ်ကို ဘယ်လိုသက်ရောက်မှုတွေ ရှိစေလဲ ပြန်သုံးသပ်ပါ။ နောက်တဆင့်က သူမနေရာကဝင်ပြီး အဖြစ်အပျက်တိုင်း၊ စကားလုံးတိုင်းက ဘယ်လိုခံစားရမလဲဆိုတာ ခံစားကြည့်ပါ။

၄။ အလွန်အကျွံမတုံ့ပြန်ပါနဲ့။

ချစ်သူရဲ့ လျစ်လျုရှုခံရတဲ့အခါမှာ ဘယ်လိုပဲ ခံစားနေရပါစေ၊ အလွန်အကျွံမတုံ့ပြန်မိဖို့ အရေးကြီးပါတယ်။ သင့်ဖက်က တုံ့ပြန်မှုလွန်ကဲမှသာ အခြေအနေက ပိုဆိုးသွားနိုင်တာပါ။ များသောအားဖြင့် လျစ်လျူရှုတာတွေက ခဏတာပဲ ဖြစ်ပြီး သိပ်မကြာခင်မှာ အရင်အတိုင်းပြန်ဖြစ်သွားတတ်ပါတယ်။

၅။ အလုပ်ရှုပ်နေလိုက်ပါ။

ချစ်သူရဲ့ လျစ်လျူရှုမှုကြောင့် ထိခိုက်ခံစားမှုတွေ မဖြစ်ချင်ဘူးဆိုရင် လုပ်စရာရှိတာတွေ သိမ်းကျုံးလုပ်နေလိုက်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဝါသနာပါတဲ့အလုပ်တွေ ပိုလုပ်နေလိုက်ပါ။ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ပါ။ သင့်ရဲ့စိတ်ကို အလုပ်ရှုပ်နေစေမယ့်အရာမှန်သမျှ လုပ်နေလိုက်ပါ။

၆။ မျက်နှာချင်းဆိုင်တွေ့ဖို့ ကြိုးစားပါ။

တချို့သော ကိစ္စတွေက မျက်နှာချင်းဆိုင်တွေ့လိုက်ရင် ပြေလည်သွားတတ်ပါတယ်။ ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်၊ စာပို့ပြီးတော့ပဲ ဖြစ်ဖြစ် ပြောနေတာထက် မျက်နှာနဲ့ ခန္ဓာဗေဒအမူအယာတွေ မြင်တွေ့ရနိုင်တဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ မျက်နှာချင်းဆိုင်တွေ့တဲ့အခါ သူမက သင့်ကို တကယ်လျစ်လျူရှုထားပြီလား၊ သင်တစ်ယောက်ထဲ ခံစားနေရတာလား ဆိုတာ သဲသဲကွဲကွဲ သိလာပါလိမ့်မယ်။

၇။ တောင်းပန်ဖို့ ဝန်မလေးပါနဲ့။

သင် လုပ်ခဲ့တဲ့ အကြောင်းအရာတစ်ခုကြောင့် သူမဖက်က လျစ်လျူရှုနေတာဆိုရင် တောင်းပန်ဖို့ ဝန်မလေးပါနဲ့။ ဒီနေရာမှာ သင့်ရဲ့အတ္တကို ရှေ့တန်းတင်လိုက်ရင် အခြေအနေပိုဆိုးသွားနိုင်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%