အမျိုးသမီးများ သဘောမကျသည့် အမျိုးသားတို့၏ ဝတ်စားဆင်ယင်မှုအမှားများ

ကောင်းမွန်သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားတဲ့ အမျိုးသားတစ်ယောက်အနေနဲ့ အမျိုးသမီးတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ဖို့ မခက်ခဲပါဘူး။ မိမိရုပ်ရည်သွင်ပြင်နဲ့ ဝတ်စားဆင်ယင်မှုကို ဂရုစိုက်တတ်တဲ့ အမျိုးသားတွေကို မိန်းမတွေက သဘောကျတတ်ကြပါတယ်။ ဒါပေမယ့် မိန်းမတွေ သဘောမကျတဲ့ ဝတ်စားဆင်ယင်မှုပုံစံတွေလည်း ရှိပါတယ်။

၁။ ကျပ်လွန်းတဲ့ အဝတ်အစားတွေ ဝတ်တာ။

သင့်အနေနဲ့ ခန္ဓာကိုယ်ကြွက်သားတွေ သိသာထင်ရှားလာအောင် အချိန်ပေးလေ့ကျင့်ထားရတာ မှန်ပေမယ့် နေရာတကာ အကျပ်တွေဝတ်ပြီး ကြွက်သားပြနေလို့ မရပါဘူး။ သင့်အနေနဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန် ဒါမှမဟုတ် စက်ဘီးနင်းနေတဲ့အချိန်မဟုတ်ပဲ အကျပ်ဝတ်တာက ကြည့်မကောင်းပါဘူး။

၂။ အရောင်ရွေးချယ်မှု ညံ့တာ။

အဝတ်အစားဝတ်ဆင်တဲ့အခါမှာ အရောင်တွေကို တွဲဖက်ဝတ်ဆင်ရတာက ထင်ထားသလောက် မလွယ်ဘူးဆိုတာ သိပြီးသားဖြစ်မှာပါ။ လိုက်ဖက်လျော်ညီမှုမရှိတဲ့ အရောင်တွေကို တွဲဝတ်မယ်ဆိုရင် မြင်ရသူတွေရဲ့ မျက်လုံးထဲမှာ ကြောင်တောင်တောင်ဖြစ်နေနိုင်ပါတယ်။ အကောင်းဆုံးကတော့ အခြေခံအရောင်တွေဖြစ်တဲ့ အနက်၊ အဖြူ၊ ခဲရောင်၊ မီးခိုးရောင်၊ နေဗီပြာ၊ နက်ပြာ စတာတွေကိုပဲ ရွေးချယ်သင့်ပါတယ်။

၃။ တွန့်ကျေနေတဲ့ အဝတ်အစားတွေ ဝတ်တာ။

ရုပ်ရည်သွင်ပြင်နဲ့ ဝတ်စားဆင်ယင်မှုကို ဂရုစိုက်တဲ့အမျိုးသားတိုင်း အဝတ်အစားကို မီးပူတိုက်ကြပါတယ်။ ဟုတ်ပါတယ်။ မီးပူတိုက်ရတာက လုပ်ချင်စရာမကောင်းတဲ့ အလုပ်တစ်ခုပါပဲ။ ဒါပေမယ့် အဝတ်အစားကို တွန့်ကြေမနေအောင် သပ်သပ်ရပ်ရပ်မီးပူတိုက်ပြီးဝတ်လေ့ရှိတဲ့ အမျိုးသားတစ်ယောက်ကို အမျိုးသမီးတွေက အထင်ကြီးလေးစားပြီး သဘောကျတတ်ပါတယ်။

၄။ ခန္ဓာကိုယ်အချိုးအစားနဲ့ မကိုက်တဲ့ အဝတ်တွေဝတ်တာ။

အင်္ကျီပဲဖြစ်ဖြစ်၊ ဘောင်းဘီပဲဖြစ်ဖြစ် အဝတ်အစားဝတ်တဲ့အခါမှာ ခန္ဓာကိုယ်တိုင်းနဲ့ ကိုက်ညီဖို့က စတိုင်ကျကြည့်ကောင်းချင်သူတိုင်း လိုက်နာရမယ့် နံပါတ်တစ် စည်းမျဉ်းဖြစ်ပါတယ်။ ပွလွန်းတဲ့ အင်္ကျီ၊ ဘောင်းဘီတွေက ဖိုသီဖတ်သီနဲ့ ကြည့်ရဆိုးစေပါတယ်။

၅။ အသက်အရွယ်နဲ့ မလိုက်ဖက်တာတွေ ဝတ်တာ။

ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်လာရင် အသက်အရွယ်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ လူငယ်တစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုစတိုင်တွေက လူငယ်တစ်ယောက်နဲ့ပဲ လိုက်ဖက်ကြည့်ကောင်းနိုင်ပါတယ်။ အရွယ်ရောက်ပြီးအမျိုးသားတစ်ယောက်အနေနဲ့ လူငယ်တစ်ယောက်လို ပေါ့ပါးလွတ်လပ်တဲ့စတိုင်မျိုးတွေထက် တည်ကြည်ခန့်ညားတဲ့ အသွင်ကိုပေါ်လွင်စေမယ့် စတိုင်မျိုးကို ရွေးချယ်သင့်ပါတယ်။

၆။ ခေတ်စားတဲ့ အဝတ်အစားတွေ လိုက်ဝတ်တာ။

ခေတ်စားတဲ့ အဝတ်အစားတွေကို လိုက်ဝတ်တိုင်း ကြည့်ကောင်းမယ်လို့ မထင်ပါနဲ့။ တချို့သော နောက်ဆုံးပေါ် စတိုင်နဲ့ ဖက်ရှင်တွေက သင့်အတွက် မလိုက်ဖက်တာမျိုးဖြစ်နိုင်ပါတယ်။ မိန်းကလေးတွေက ဖက်ရှင်နဲ့ စတိုင်ကို အလေးထားကြတယ်ဆိုပေမယ့် သင်နဲ့မလိုက်ဖက်တဲ့ စတိုင်ကို ဝတ်စားထားရင်တော့ သဘောကျမှာ မဟုတ်ပါဘူး။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine

Related Posts

%%footer%%