သူမအတွက် တစ်ကြိမ်ထက်ပိုတဲ့ သာယာမှုတွေ ပေးစွမ်းနိုင်ဖို့…

 Warning : အရွယ်ရောက်ပြီးအမျိုးသားများအတွက်သာ ရည်ရွယ်သောဆောင်းပါးဖြစ်ပါသည်။ 

ချစ်တင်းနှောတဲ့အခါမှာ မိန်းကလေးတွေဟာ ယောက်ျားတွေလို ကိစ္စတစ်ခါပြီးသွားတိုင်း အချိန်ကြာကြာပြန်စောင့်စရာမလိုဘူးဆိုတာ သိပါသလား။

သင့်ပါတနာ မိန်းကလေးတွေက် တစ်ကြိမ်တစ်ခါထက်ပိုတဲ့ ကာမဆန္ဒပြည့်ဝမှုတွေ ပေးစွမ်းချင်တယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ မိန်းကလေးတွေက ကာမဆန္ဒတစ်ခါပြည့်ဝပြီးနောက် အချိန်တစ်မိနစ်မပြည့်ခင်အတွင်းမှာပဲ နောက်တစ်ခါ ပြန်ပြီး ကိစ္စပြီးနိုင်ချေရှိပါတယ်။

ဒီတော့ သူမအတွက် အထွဋ်အထိပ်ခံစားမှုကို တစ်ကြိမ်ထက်မက ခံစားစေချင်တယ်ဆိုရင် အခုဖော်ပြမယ့်အချက်လေးတွေကို လုပ်ကြည့်ပါ။

စိတ်နိုးကြားတက်ကြွအောင် လုပ်ထားပါ

စိတ်ဆန္ဒဟာ ဆာလောင်မှုနဲ့ တူပါတယ်။ ဗိုက်ဆာနေရင် ပိုစားမိသလိုပဲ အတူနေချစ်တင်းနှောချင်စိတ်တွေ များများရှိလေလေ၊ ခံစားသက်ဝင်မှု ပိုကောင်းလေပါပဲ။ ဒါ့ကြောင့် ညခင်းမှ ချစ်ပွဲဝင်မယ်ဆိုရင် မနက်ခင်းကတည်းက လိင်စိတ်ကို လှုံ့ဆော်နိုးကြားစေမယ့် စာတွေပို့တာ၊ လူအလစ်မှာ ထိတွေ့တာတွေက သူမရဲ့ ခံစားမှုကို နှိုးဆွထားနိုင်မှာပါ။ ဒီလိုဆိုရင် အိပ်ရာထဲရောက်တဲ့အခါ ပုံမှန်ထက်ပိုပြီး သာယာကျေနပ်မှုကို ခံစားနိုင်သလို တစ်ကြိမ်ထက်ပိုပြီး ကာမဆန္ဒပြည့်ဝသွားနိုင်ပါတယ်။

အနားယူချိန်ပေးပါ

သူမအတွက် ပထမတစ်ကြိမ် ကိစ္စပြီးသွားပြီဆိုရင် ပန်းဖူး (Clitoris) က ဆတ်ဆတ်ထိမခံနိုင်လောင်အောင် ဖြစ်နေမှာကြောင့် ခဏအနားပေးဖို့ လိုပါတယ်။ ဒီအချိန်က သူမရဲ့ ခန္ဓာကိုယ်က အခြားသောအစိတ်အပိုင်းတွေကို အသားပေးရမယ့်အချိန်ပါပဲ။ ရင်သား၊ တင်ပါးနဲ့ အခြားသာယာမှုကို ဖြစ်စေနိုင်တဲ့နေရာမှန်သမျှကို ထိတွေ့ချော့မြူပြီး လိင်စိတ်နိုးကြားမှုကို ထိန်းထားပါ။ သူမရဲ့ နားနားကို လေသံလေးနဲ့ ကပ်ပြီး နောက်တစ်ချီ ဘယ်လိုလုပ်မယ်ဆိုတာ ပြောနေပါ။

ဒုတိယအချီအတွက် နှိုးဆွပါ

သူမရဲ့ ကိုယ်ပိုင်နေရာလေးကို နောက်တစ်ကြိမ်ကျူးကျော်ဝင်ရောက်ဖို့ အဆင်သင့်ဖြစ်အောင် လိင်စိတ်နိုးကြားမှု လျော့နည်းမသွားစေဖို့ လိုပါတယ်။ လိင်အသားပေးတဲ့စကားတွေပြောပေးတာ၊ သူမရဲ့ ခန္ဓာကိုယ်ကို ချီးကျူးစကားတွေပြောရင်း ကိုယ်ပိုင်နေရာလေးကို ဖြည်းဖြည်းချင်း နှိုးဆွပေးပါ။

မတူညီတာတွေ လုပ်ကြည့်ပါ

ချစ်တင်းနှောတဲ့ ပုံစံအသစ်တွေ လုပ်ကြည့်တာ၊ လိင်စိတ်နိုးကြားစေနိုင်တဲ့နေရာအသစ်တွေကို ထိတွေ့တာ စသဖြင့် ပထမအခေါက်နဲ့ မတူညီတာတွေကို ကြိုးစားကြည့်ပါ။ သူမအတွက် မတူညီတဲ့ အထိအတွေ့နဲ့ ခံစားချက်တွေကို ပေးနိုင်ရင် နောက်တစ်ကြိမ် ကာမဆန္ဒပြည့်ဝဖို့ ပိုမိုလွယ်ကူသွားစေနိုင်ပါတယ်။

အခုဖော်ပြခဲ့တာကတော့ ချစ်သူမိန်းကလေးကို တစ်ကြိမ်တစ်ခါထက်ပိုပြီး သာယာကျေနပ်မှု ပေးစွမ်းချင်သူတွေအတွက် သိထားသင့်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။

ချစ်တင်းနှောတဲ့အခါ နှစ်ဦးနှစ်ဖက်စလုံး သာယာကျေနပ်မှုရှိဖို့ လိုအပ်သလို ဘေးကင်းစိတ်ချရဖို့လည်း လိုအပ်ပါတယ်။

ဘေးကင်းစိတ်ချရဖို့ ဆိုရာမှာ လိင်ကတဆင့်ကူးစက်ရောဂါတွေ ကူးစက်မခံရဖို့နဲ့ အချိန်မတန်သေးပဲ ကိုယ်ဝန်ဆောင်ရတာတွေကို ကာကွယ်နိုင်ဖို့ အကာအကွယ် ကွန်ဒုံးသုံးဖို့ အကြံပြုချင်ပါတယ်။

ကွန်ဒုံးမှာဆိုရင်တော့ အလွှာပါးပြီး ကမ္ဘာခြားသလိုမဖြစ်စေမယ့် သာမာန်ကွန်ဒုံးတွေထက် ထက်ဝက်ခန့် ပိုမိုပါးလွှာပြီး ခံစားမှုအကောင်းဆုံးပေးနိုင်တဲ့ sheerlon သား (a special form of natural rubber latex) နဲ့ ပြုလုပ်ထားသလို ကွန်ဒုံးတစ်ခုချင်းစီကို ခေတ်မီစက်တွေနဲ့ စမ်းသပ် စစ်ဆေး ထားတာကြောင့် ပေါက်ပြဲသွားမှာ လုံးဝမစိုးရိမ်ရပဲ အရည်အသွေးပိုင်းလုံး၀ စိတ်ချရတဲ့ Japan နိုင်ငံမှာ နံပါတ်တစ် ရောင်းအားအကောင်းဆုံး Okamoto ကွန်ဒုံးတွေကို ရွေးချယ်ဖို့ ညွှန်းဆိုပေးချင်ပါတယ်။

ခံစားမှုအကောင်းဆုံး Okamoto အမှတ်တံဆိပ် ကွန်ဒုံးတွေအကြောင်း အသေးစိတ်သိချင်ရင်ပဲဖြစ်ဖြစ်၊ မှာကြားဝယ်ယူချင်ရင်ပဲဖြစ်ဖြစ် Okamoto Myanmar Facebook Page မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine

Related Posts

%%footer%%