သင့်အပေါ် လူတွေရဲ့ လေးစားမှုပျောက်ဆုံးစေမည့် အရာများ

ဘယ်သူမဆို လေးစားမှုကို လိုချင်တတ်ကြပါတယ်။ လေးစားခံရခြင်းဟာ မိမိကိုယ်ကိုယ့် ကျေနပ်မှုကို ဖြစ်စေတာကြောင့်ပါ။ ဒါပေမယ့် သင့်ရဲ့ လုပ်ဆောင်ချက်၊ ဆက်ဆံပုံတချို့ကြောင့် လူတွေရဲ့ လေးစားမှုကို ဆုံးရှုံးရနိုင်ပါတယ်။ ဘယ်လိုအကြောင်းအရာတွေလဲဆိုတာ သိရှိဆင်ခြင်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ အကျိုးအမြတ်ပေါ်အခြေခံပြီး လူတွေကို ဆက်ဆံတာ

သင့်အနေနဲ့ တစ်ခုခုလိုအပ်တာရှိမှ လူတွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံတာမျိုး မလုပ်သင့်ပါဘူး။ အကူအညီလိုအပ်ချိန်မှ မျက်နှာချိုသွေးတာကို လူတွေက လက်မခံနိုင်ကြပါဘူး။ ဒီလို အခွင့်အရေးအတွက် ဆက်ဆံတတ်သူ၊ တစ်ကိုယ်ကောင်းဆန်သူတွေဟာ လူတွေရဲ့ လေးစားမှုကို ဆုံးရှုံးရတတ်ပါတယ်။

၂။ မိမိကိုယ်ကိုယ် ကြော်ငြာလွန်းတာ

ကြော်ငြာတွေဟာ လူတွေစိတ်ထဲမှာ အမုန်းဆုံးအရာတစ်ခုပါပဲ။ Youtube ပေးမှာ ရီစရာကောင်းတဲ့ ဗီဒီယိုလေးတစ်ခု ကြည့်နေချိန်မှာ ကြော်ငြာခဏလေးဝင်လာရင်တောင် မကြိုက်ကြပါဘူး။ ဒီလိုပါပဲ။ လူအများနဲ့ တွေ့ဆုံပွဲတွေမှာ ကိုယ့်အကြောင်းတွေကိုယ် ထုတ်ဖော်ကြွားဝါးနေတာကို လူတွေက မကြိုက်ကြပါဘူး။ တဖက်သူက မေးလာရင်တောင်မှ လိုအပ်တာထက်ပိုပြီး မပြောသင့်ပါဘူး။ မဟုတ်ရင် သင့်ကို ဂုဏ်ဖော်လွန်းသူတစ်ယောက်အဖြစ်သတ်မှတ်ပြီး ဘယ်သူကမှ လေးစားမှာမဟုတ်ပါဘူး။

၃။ မကောင်းတာတွေချည်းပဲ ပြောတာ

အခုခေတ်မှာ လူအများစုက လုပ်ငန်းတာဝန်တွေ များပြားပြီး စိတ်ဖိစီးမှုတွေ များတာကြောင့် သူတို့ရဲ့ စိတ်ကို ရွှင်လန်းတက်ကြွစေမယ့် အကောင်းမြင်စိတ်များသူတွေကို ပိုပြီးတွေ့ဆုံခင်မင်ချင်ကြပါတယ်။။ အချိန်တိုင်း မကောင်းတဲ့အကြောင်းအရာတွေ၊ စိတ်ညစ်စရာ၊ စိတ်ဆင်းရဲစရာတွေပဲ ပြောနေတတ်သူကို ဘယ်သူကမျှ လေးစားခင်မင်ချင်မှာ မဟုတ်ပါဘူး။

၄။ အမြဲတမ်းအသာစီးလိုချင်တာ

သူတို့ကိုယ်သူတို့ အခြားသူတွေထက် ပိုတော်၊ ပိုတတ်တယ်လို့ ထင်နေတတ်သူတွေကို တွေ့ဖူးမှာပါ။ ဒီလိုလူတွေက တဖက်သူရဲ့ ထင်မြင်ယူဆချက်၊ ခံစားချက်ကို ဘယ်တော့မှ ထည့်မတွေးပဲ နှိမ်ချဆက်ဆံဖို့ပဲ ကြိုးစားတတ်ကြပါတယ်။ သူတို့ရှေ့မှာ တစ်ယောက်ယောက် ချီးကျူးခံရပြီဆိုတာနဲ့ သူတို့ကိုယ်တိုင် ဒါမှမဟုတ် သူတို့နဲ့အလျင်းသင့်တဲ့ အခြားတစ်ယောက်နဲ့ နှိုင်းယှဉ်ပြီး ချီးကျူးခံရသူကို သိမ်ငယ်အောင် လုပ်လေ့ရှိပါတယ်။ ဒီလိုလူမျိုးတွေကလည်း လူလေးစားခံရမှု ဆုံးရှုံးတတ်ပါတယ်။

၅။ ကြားဖြတ်စကားပြောတာ

တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါ တဖက်သူကို လုံးဝပြောခွင့်မပေးပဲ ကိုယ်ကချည်းပဲ ပြောနေတာ၊ တဖက်သူပြောနေတာကို နားမထောင်ပဲ ဖြတ်ဖြတ်ပြောတာတွေက လေးစားစရာအမူအကျင့်တွေ မဟုတ်ပါဘူး။ လူတွေရဲ့ လေးစားမှုကို လိုချင်ရင် သူတို့ပြောတာကို ဂရုတစိုက်နားထောင်ပေးတတ်ဖို့ လိုပါတယ်။

၆။ ရိုးသားမှုမရှိတာ

မရိုးမသားနဲ့ လိမ်ညာတတ်သူတွေကို ဘယ်သူကမှ သည်းမခံနိုင်ပါဘူး။ သင့်အနေနဲ့ မဟုတ်မမှန်တာတစ်ခုခုကို လိမ်ပြောလိုက်မိမယ်ဆိုရင် အဖြစ်မှန်ကို သိသွားတဲ့အခါ သင့်အပေါ် ယုံကြည်လေးစားမှု ပြန်ရဖို့ မလွယ်တော့ပါဘူး။ သူတို့စိတ်ထဲမှာ သင့်ကို မရိုးသားသူတစ်ယောက်အဖြစ်နဲ့ သတ်မှတ်ထားလိုက်ပြီဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်တိုင်း ရိုးသားပါ။ ဘယ်တော့ မုသားမသုံးပါနဲ့။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine

Related Posts

%%footer%%