ဇနီးသည်အဖြစ်ရွေးချယ်သင့်တဲ့ ချစ်သူမိန်းကလေးတစ်ယောက်ရဲ့ အရည်အသွေးများ

သင့်အနေနဲ့ အိမ်ထောင်ပြုဖို့ စဉ်းစားနေပြီဆိုရင် လက်ရှိတွဲနေတဲ့ ချစ်သူမိန်းကလေးက အိမ်ထောင်ဖက် ဇနီးကောင်းတစ်ယောက်ဖြစ်နိုင်မလားဆိုတာပါ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ အချစ်တစ်ခုထဲနဲ့ ဆုံးဖြတ်ချင်ရင်လည်း သင့်သဘောပါပဲ။ ဒါပေမယ့် အခုဖော်ပြမယ့် အရည်အသွေးတွေကတော့ သင့်ရဲ့ အိမ်ထောင်ရေး ပျော်ရွှင်ခိုင်မြဲစေမယ့် ဇနီးကောင်းတစ်ယောက်မှာ တွေ့ရမယ့် လက္ခဏာတွေပဲ ဖြစ်ပါတယ်။

၁။ သူမက အမြဲတမ်းမှီခိုမနေတတ်ဘူး။

အမှီအခိုကင်းတဲ့၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်စွမ်း ရှိတဲ့ အမျိုးသမီးတစ်ယောက်က သူမကို ဂရုစိုက်ပေးဖို့ ဒါမှမဟုတ် သူမရဲ့ ကာမပိုင်တစ်ယောက်အနေနဲ့ ရပ်တည်ပေးဖို့သာ သင့်ကို လိုအပ်ပါတယ်။ ဒီလို မိန်းကလေးမျိုးက သင့်ကို လိုအပ်လို့ လက်တွဲမယ့်သူမျိုးမဟုတ်ပါဘူး။ သင့်ကို လိုချင်လို့ လက်တွဲတာ ဖြစ်ပါတယ်။ အမြဲတမ်း အာရုံစိုက်ခံရဖို့၊ အနားမှာရှိနေဖို့၊ အချိန်ပေးဖို့ တောင်းဆိုနေမှာမဟုတ်ပါဘူး။ ယုံကြည်မှုရှိရှိနဲ့ အခြေအနေတစ်ခုခုကြောင့် တစ်ယောက်ထဲ သွားရလာရ၊ နေရထိုင်ရမယ်ဆိုရင်လည်း ကြောက်ရွံ့နေမှာ မဟုတ်ဘူး။ ဒီလို အမှီအခိုနည်းပါးတဲ့ မိန်းကလေးတစ်ယောက်က စိတ်ခံစားမှုပိုင်းဆိုင်ရာ အထောက်အပံ့ကိုပဲ အိမ်ထောင်ဖက်ဆီက မျှော်လင့်တတ်ကြပါတယ်။

၂။ တည်ငြိမ်ရင့်ကျက်တဲ့ စိတ်နေသဘောထားရှိတယ်။

စိတ်ဖိစီးစရာ၊ စိတ်ရှုပ်စရာ အခြေအနေတွေမှာ တည်တည်ငြိမ်ငြိမ်နေနိုင်တဲ့ အမျိုးသမီးတွေကို ရှာပါ။ ဘာမဟုတ်တဲ့ အသေးအမွှားကိစ္စလေးအတွက် ဂယောက်ဂယက်ဖြစ်မနေပဲ တည်ငြိမ်ရင့်ကျက်စွာ ရင်ဆိုင်ဖြေရှင်းတတ်တဲ့ မိန်းကလေးမျိုးပါ။ ဒီလို မိန်းကလေးမျိုးက သင့်ရဲ့အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေကိုလည်း အကောင်းဆုံးကူညီအဖြေရှာပေးနိုင်တဲ့ ပါရမီဖြည့်ဖက်ကောင်းဖြစ်မှာပါ။

၃။ ပြင်ဆင်မှု နည်းတယ်။

ပြင်ဆင်မှုနည်းတယ်လို့ ဆိုရာမှာ သူမကိုယ်သူမ လုံးဝဂရုမစိုက်ပဲ ဖြစ်ချင်ရာဖြစ် ပစ်ထားတတ်တဲ့ မိန်းကလေးမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါချိန်းတွေ့ဖို့ အလှပြင်တာ၊ အင်္ကျီအဝတ်အစားရွေးတာ နာရီနဲ့ချီပြီး မကြာတတ်တဲ့ မိန်းကလေးမျိုးဖြစ်ပါတယ်။ ပြင်ဆင်မှုနည်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ ချစ်သူဖြစ်နေရင် ဒါဟာ သူမရဲ့အရှိအတိုင်းကိုပဲ ချစ်နေမိတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သူမအနေနဲ့လည်း ရှိရင်းစွဲပုံစံကို ဂုဏ်ယူတတ်သူဖြစ်ပြီး မိမိကိုယ်ကို ယုံကြည်မှုရှိသူတစ်ယောက် ဖြစ်ပါတယ်။ ပြင်ဆင်မှုများတဲ့ မိန်းကလေးတွေက သူတို့ရဲ့ စရိတ်စကတွေကို သင်မတတ်နိုင်ချိန်မှာ ပြဿနာအကြီးကြီးတွေ ရှိလာနိုင်ပါတယ်။

၄။ သင့်ရဲ့ ရည်မှန်းချက်ကို ပံ့ပိုးပေးတယ်။

အိမ်ထောင်ပြုလိုက်တာနဲ့ နှစ်ဦးစလုံးနဲ့ သက်ဆိုင်သွားတဲ့ အရာတွေထဲမှာ သင့်ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေ မပါပါဘူး။ နှစ်ယောက်စလုံးမှာ ရည်မှန်းချက် ကိုယ်စီရှိနိုင်သလို ဒီရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာဖို့ အပြန်အလှန် အားပေးကူညီမှု ရှိရမှာဖြစ်ပါတယ်။ သင့်ရဲ့ အိမ်ထောင်ဖက်က သင့်ရဲ့ အမာခံပရိတ်သတ်တစ်ယောက်ဖြစ်သင့်ပါတယ်။ ရည်မှန်းချက်အတွက် အားသွန်ခွန်စိုက်ကြိုးစားနေချိန်မှာ သူမအတွက် အချိန်မပေးနိုင်လို့ ပြဿနာလုပ်မနေပဲ လိုအပ်သလို ပံ့ပိုးပေးတတ်သူ ဖြစ်ဖို့ လိုပါတယ်။

၅။ သူမကိုယ်တိုင်အတွက် မဟုတ်မခံစိတ်ရှိတယ်။

မိန်းကလေးတစ်ယောက်ဟာ သူမအပေါ်မှာ ဆိုးဆိုးဝါးဝါးဆက်ဆံလာသူရှိရင် ရဲရဲဝံ့ဝံ့ရင်ဆိုင်တုံ့ပြန်ရဲတဲ့ သတ္တိရှိဖို့ လိုပါတယ်။ သူစိမ်းတစ်ယောက်ကပဲဖြစ်ဖြစ်၊ မိသားစုဝင်တစ်ယောက်ကပဲဖြစ်ဖြစ်၊ သင်ကိုယ်တိုင် အပါအဝင် သူမအပေါ် လွန်လွန်ကျူးကျူးဆက်ဆံလာရင် အနိုင်ကျင့်မခံပဲ ယုံကြည်မှုရှိရှိနဲ့ ပြန်လည်ရင်ဆိုင်ရဲသူ ဖြစ်သင့်ပါတယ်။ သူမကို အနိုင်ကျင့်တာ၊ နှိမ်ချတာ၊ အရေးမပါသလိုလုပ်တာတွေ အားလုံးကို ပြန်တွန်းလှန်ရဲတဲ့ မိန်းကလေးမျိုးကို ရွေးချယ်ပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine

Related Posts

%%footer%%