ခန္ဓာကိုယ်အချိုးအစားကျစေရန် အထောက်အကူဖြစ်စေမည့် အချက်များ

သင့်ခန္ဓာကိုယ်မှာ အဆီနဲ့ ကြွက်သားမျှတပြီး ကျစ်လစ်လှပချင်တယ်ဆိုရင် အခုဖော်ပြမယ့်အချက်တွေက အကူအညီဖြစ်မှာ သေချာပါတယ်။

၁။ ခန္ဓာကိုယ်ရဲ့ အဆီပမာဏကို လျှော့ချပါ။

ခန္ဓာကိုယ်အချိုးအစားကျစေဖို့ အဆီပမာဏကို ထိန်းချုပ်ခြင်းက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ခန္ဓာကိုယ်က အဆီပမာဏကို လျှော့ချလိုက်တာနဲ့ ပိန်သွယ်သွားစေသလို ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ပိုမိုကောင်းမွန်လာစေပါတယ်။ ကြွက်သားတွေတည်ဆောက်နိုင်ဖို့ကိုလည်း အထောက်အကူဖြစ်စေပါတယ်။ အဆီပမာဏကို လျှော့ချနိုင်ဖို့ နေ့စဉ်ဘဝမှာ ပြောင်းလဲမှုအနည်းငယ်လုပ်ဆောင်ရုံပါပဲ။ အချိုတွေ၊ စည်သွပ်ဘူးနဲ့ ကြာရှည်ခံအောင်စီမံထားတဲ့ စားစရာတွေကို မစားပါနဲ့။ ကိုယ်လက်လှုပ်ရှားမှုများတဲ့ အားကစားနည်းတွေကို လုပ်ဆောင်ပါ။

၂။ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။

နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်တာက ကြွက်သားတည်ဆောက်မှုကို အားပေးပြီး အဆီလောင်ကျွမ်းမှုကို မြှင့်တင်ပေးပါတယ်။ အနည်းဆုံး သီတင်းတစ်ပတ်ကို သုံးကြိမ်လောက် လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ပါ။

၃။ အစားအသောက်ဆင်ခြင်ပါ။

စားချင်သောက်ချင်စိတ်တွေဖြစ်နေတာဟာ သင့်ခန္ဓာကိုယ်က မျှတတဲ့ အဟာရမရတဲ့ လက္ခဏာတစ်ခုပါပဲ။ ဒါမှဟုတ် သင့်အနေနဲ့ ရေဆာနေတာ၊ ပင်ပန်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် တစ်ခုခုမစားခင်မှာ ရေအရင်သောက်ကြည့်ပါ။ ရေသောက်လိုက်လို့ စားသောက်ချင်စိတ်ပျောက်သွားတယ်ဆိုရင် ဘာမှထပ်မစားမိအောင် ကြိုးစားပါ။ အစားအသောက်တွေကို စားသုံးရာမှာလည်း အဆီအစိမ့်နဲ့ အချိုတွေ၊ အငန်ဓာတ်များတာတွေကို ရှောင်ပါ။ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ များများစားသုံးပေးပါ။

၄။ ခန္ဓာကိုယ် ကျစ်လစ်လှပဖို့ သန္နဌာန်ချထားပါ။

ခန္ဓာကိုယ် ပြောင်းလဲမှုတွေဟာ စိတ်ဓာတ်ကြံ့ခိုင်မှုပေါ်မှာ မူတည်ပါတယ်။ သင့်အနေနဲ့ လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားမရမချင်း ကြိုးစားဖို့ ဆုံးဖြတ်ချက်ချထားပါ။ မိမိကိုယ်ကိုယ် ဖြစ်အောင်လုပ်နိုင်တယ်လို့ ယုံကြည်ထားဖို့ လိုပါတယ်။

၅။ သင့်တင့်မျှတတဲ့ အိပ်စက်မှုပုံစံ ရှိပါစေ။

အိပ်ရေးပျက်ခြင်းက ခန္ဓာကိုယ်ကို အားနည်းစေပြီး ပျင်းရိလွယ်စေပါတယ်။ အိပ်ရေးဝနေမယ်ဆိုရင်တော့ လန်းလန်းဆန်ဆန်းနဲ့ ခွန်အားပြည့်နေမှာ ဖြစ်ပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်ပြောင်းလဲမှု ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ခွန်အားပြည့်ဝပြီး စိတ်ဓာတ်တက်ကြွနေဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို အိပ်ချိန်အနည်းဆုံး ၆ နာရီကနေ ၈ နာရီလောက်ထိ ရှိအောင် ဂရုစိုက်ပါ။

၆။ ရေဓာတ်ဖြည့်တင်းပေးပါ။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ဆောင်တာက ချွေးကနေတဆင့် လိုအပ်တဲ့အဟာရဓာတ်တွေ လျော့နည်းသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပြီး ရေဓာတ်ပြန်လည်ဖြည့်တင်းပေးဖို့ လိုပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%