အချစ်ရေးတစ်ခုမှာ ရိုးသားရမယ့် အကြောင်းအရာ (၆)ခု

ချစ်သူနှစ်ဦးကြားဆက်ဆံရေးမှာ ရိုးသာမှုမရှိရင် ဆက်ဆံရေးခိုင်မြဲမှုမရှိဘူးဆိုတာ သိပြီးသားဖြစ်မှာပါ။ ရိုးသားပွင့်လင်းမှုမရှိတဲ့ အချစ်ရေးတစ်ခုဟာ ရေရှည်မတည်မြဲနိုင်ပါဘူး။ အခုဖော်ပြမယ့်အချက်တွေကတော့ ချစ်သူနှစ်ဦးကြားမှာ ဘယ်တော့မှ မလိမ်မညာ၊ မသိုမဝှက်ပဲ အမြဲတမ်း ရိုးသားပွင့်လင်းစွာ ပြောဆိုဝေမျှရမယ့် အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

၁။ တစ်ဦးအပေါ်တစ်ဦး မျှော်လင့်ချက်။

အချစ်ရေးတစ်ခုမှာ အပြန်အလှန်မျှော်လင့်ချက်တွေ ရှိတတ်ကြပါတယ်။ ဒါက သဘာဝပါပဲ။ ဒီ မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီး အလုံးစုံရိုးသားပွင့်လင်ဖို့ လိုပါတယ်။ သင့်အနေနဲ့ သင့်ကောင်မလေးကို ဘာတွေဖြစ်စေချင်တယ်၊ သူမဆီက ဘာတွေ ပြန်ရချင်တယ်ဆိုတာကို သေချာပြောဆိုထားဖို့ လိုပါတယ်။ ဒါမှသာ တဖက်က တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယုတ္တိရှိပြီးဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေဖြစ်ဖို့တော့ လိုပါတယ်။

၂။ နှစ်ဦးသားလိင်မှုဘဝ။

လက်ရှိပါတနာဖြစ်သူနဲ့ လိင်မှုဘဝအခြေအနေကလည်း ကွယ်ဝှက်မထားသင့်တဲ့ ကိစ္စတစ်ခုပါပဲ။ သာယာကျေနပ်မှုကို ဟန်ဆောင်နေရတာလား၊ တကယ်မသာယာပဲ ဟန်လုပ်နေတာက နည်းလမ်းမကျပါဘူး။ နှစ်ယောက်စလုံး ပွင့်ပွင့်လင်းလင်း တိုင်ပင်ညှိနှိုင်းပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမှာပါ။

၃။ အနာဂတ်ရည်မှန်းချက်။

ဘယ်လောက်ပဲ နှစ်ယောက်တစ်ဘဝလို့ ပြောနေပါစေ၊ ကိုယ်ပိုင်ရည်မှန်းချက်တွေ ကိုယ်စီရှိကြမှာပါပဲ။ သင့်အနာဂတ် သင်ဘာဖြစ်ချင်လဲ၊ ဘာလိုချင်လဲဆိုတာ ရိုးသားဖို့ လိုပါတယ်။ ဒါမှသာ အပြန်အလှန်အားပေးကူညီမှုနဲ့ ရည်မှန်းချက်ကိုယ်စီအကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

၄။ ငွေကြေးအခြေအနေ။

ငွေသုံးစွဲတဲ့အလေ့အကျင့်ကနေ ကြွေးမြီကိစ္စတွေအထိ ချစ်သူ ဒါမှမဟုတ် အိမ်ထောင်ဖက်အပေါ်မှာ ရိုးသားဖို့ လိုပါတယ်။ ငွေကြေးကိစ္စဟာ ချစ်သူနှစ်ဦးကြား ပဋိပက္ခတွေ ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ငွေကြေးနဲ့ပတ်သက်ပြီး ပွင့်လင်းရိုးသားပါ။

၅။ ကျန်းမာရေးအခြေအနေ။

ဒီအချက်က နှစ်ဦးစလုံးနဲ့ဆိုင်ပါတယ်။ တစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေကို တစ်ယောက်က အသေးစိတ်အထိ သိထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ လိုအပ်ချိန်မှာ ကူညီပေးနိုင်မှာဖြစ်ပါတယ်။

၆။ ပျော်လား… မပျော်ဘူးလား။

အချစ်ရေးတစ်ခုမှာ ပျော်ရွှင်နေလား၊ မပျော်ရွှင်ရဘူးလားဆိုတာ သင်ကိုယ်တိုင်ပဲ သိနိုင်ပါတယ်။ မပျော်ရွှင်ရဘူးဆိုရင် သင့်ပါတနာကို ပွင့်ပွင့်လင်းလင်းပြောဖို့ လိုပါတယ်။ မပျော်ရွှင်ရတဲ့အချစ်ရေးကို ဘယ်လိုပြင်ဆင်နိုင်မလဲ၊ ပြင်ဆင်နိုင်ဦးမှာလား၊ အဆုံးသတ်လိုက်မှာလား စသဖြင့် ဆွေးနွေးညှိနှိုင်းသင့်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%