အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး လုပ်ဆောင်သင့်တဲ့အရာများ

ချစ်တင်းနှောလိင်ဆက်ဆံရာမှာ ကွန်ဒုံးမသုံးမိလို့သော်လည်းကောင်း၊ ကွန်ဒုံးပေါက်ပြဲသွားခဲ့လို့သော်လည်းကောင်း အကာအကွယ်အတွက် စိတ်မချရဘူးဆိုရင် ဒီအတိုင်းမနေသင့်ပါဘူး။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဟာ အဆင်သင့်မဖြစ်သေးပဲ ကိုယ်ဝန်ရနိုင်ချေရှိသလို လိင်ကတဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေလည်း အများကြီးရှိပါတယ်။ ဒါ့ကြောင့် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးရင် သတိပြုလုပ်ဆောင်သင့်တဲ့ အချက်တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ မိနစ် ၃၀ အတွင်း – ဆီးသွားပါ။

အကာအကွယ်မဲ့လိင်ဆက်ဆံပြီး မိနစ် ၃၀ အတွင်းမှာ လုပ်ဆောင်သင့်တာက ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကာကွယ်ဖို့ပါပဲ။ ကိစ္စပြီးပြီးချင်း ဆီးသွားတာက ဘက်တီးရီးယားတွေကို ဆီးနဲ့အတူသန့်ရှင်းသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပြီး ဆီးသွားနိုင်အောင် ကြိုးစားပါ။

၂။ ၇၂ နာရီ အတွင်း – အရေးပေါ်သန္ဓေတားဆေးသုံးပါ။

အကာအကွယ်မဲ့လိင်ဆက်ဆံမှုဟာ ကိုယ်ဝန်ရနိုင်ချေများတာကြောင့် အဆင်သင့်မဖြစ်သေးဘူးဆိုရင် အရေးပေါ်သန္ဓေတားဆေးသုံးဖို့ လိုပါတယ်။ အရေးပေါ်သန္ဓေတားဆေးတွေက အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ၇၂ နာရီ (၃ ရက်)အတွင်း သောက်သုံးမှသာ အစွမ်းအာနိသင်ရှိတာကြောင့် ၇၂ နာရီအတွင်း သောက်သုံးဖို့ လိုပါတယ်။

၃။ ၂ ပတ်ကြာပြီးနောက် – ကူးစက်ရောဂါစစ်ဆေးမှုများ လုပ်ဆောင်ပါ။

သင့်အနေနဲ့ ရောဂါလက္ခဏာ ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ၊ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး သီတင်းနှစ်ပတ်ကြာပြီးနောက်မျာ လိင်ကတဆင့်ကူးစက်ရောဂါတွေ ကူးစက်ခံရမှုရှိမရှိကို စစ်ဆေးမှုခံယူသင့်ပါတယ်။

လိင်ကတဆင့်ကူးစက်နိုင်တဲ့ ကူးစက်ရောဂါတွေရဲ့သဘာဝ နဲ့ ဗီဇလက္ခဏာ တွေဟာ တစ်ခုနဲ့တစ်ခု မတူညီကြတဲ့ အလျောက် incubation period လို့ခေါ်တဲ့ ကူးစက်မှုအစပျိုးချိန်တွေဟာလည်း တစ်ခုနဲ့ တစ်ခု မတူညီကြပါ။ ဒါ့ကြောင့် စစ်ဆေးမှုခံယူမယ်ဆိုရင်တောင်မျ တစ်နေ့တည်း တစ်ချိန်တည်းမှာ အားလုံးကို စစ်ဆေးကြည့်လို့ အဆင်မပြေနိုင်ပါဘူး။ ဘယ်ရောဂါပိုးတွေ က ဘယ်အချိန်တွေမှာ စစ်ဆေးမှ အဖြေမှန်ပေါ်နိုင်မလဲဆိုတဲ့ အသေးစိတ်ကို အောက်မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။

Bacterial infections (ဘက်တီးရီးယားပိုးမွှားများ)ဖြစ်တဲ့ Chalamydia, Gonorrhoea(ဆီးပူညောင်းကျ), Mycoplasma, Ureplasma တို့ အတွက် incubation period ကတော့ ၇ ရက် ဖြစ်ပါတယ်။

Syphilis (ဆစ်ဖလစ်ပိုး)၊ အသည်းရောင်အသားဝါ B ပိုး နဲ့ Herpes simplex (ရေယုန်) ပိုးတွေကတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိတဲ့ အချိန်ကစပြီး ၆ ပတ် အတွင်းဟာ incubation period ဖြစ်ပါတယ်။ ဆိုလိုတာက သင်ဟာ ရောဂါပိုးကူးစက်ခံရခြင်းရှိမရှိကို ၆ပတ်ကျော်တွင်စစ်တဲ့အခါမှာ အဖြေမှန်ရရှိမှာ ဖြစ်ပါတယ်။

အသည်းရောင်အသားဝါ C ပိုး ကတော့ ၉ပတ်ခန့် ကြာမြင့်ပါတယ်။

HIV ရောဂါပိုး ကတော့ စစ်ဆေးနည်းပေါ်မူတည်ပြီး နှစ်မျိုးကွဲပါတယ်။

ELISA test – ယခုလက်ရှိမှာ တွင်တွင်ကျယ်ကျယ် လွယ်လွယ်ကူကူ အသုံးပြုနေတဲ့ နည်းဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်ပြီးနောက် ခန္ဓာကိုယ်မှာထွက်လာတဲ့ antibodies (ပဋိပစ္စည်း) ကို စစ်ဆေးတဲ့နည်းပါ။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၃လ ကနေ ၆လ အတွင်းမှာ စစ်ဆေးနိုင်ပါတယ်။

PCR test (polymerase chain reaction test)- သွေးထဲမှာ ဗိုင်းရပ်စ်ပိုးရှိမရှိကို တိုက်ရိုက်စစ်တဲ့နည်းဖြစ်တဲ့အတွက် အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီး ၉ရက်ကနေ ၁၁ရက်‌လောက်ဆို စစ်ဆေးလို့ရပါပြီ။ အဆင့်မြင့်ဓာတ်ခွဲခန်းတွေမှာပဲ စစ်ဆေးလို့ရမှာဖြစ်ပြီး ပထမနည်းနဲ့ ယှဉ်ရင် ငွေကုန်ကြေးကျပိုများပါတယ်။

၄။ ၃ ပတ်ကြာပြီးနောက် – ကိုယ်ဝန်ရှိမရှိ စစ်ဆေးပါ။

အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် အချိန်သုံးပတ်ကြာပြီးရင် ကိုယ်ဝန်ရှိမရှိ စစ်ဆေးသင့်ပါတယ်။ ဒီအချိန်ဟာ သင့်ခန္ဓာကိုယ်အတွင်း ကိုယ်ဝန်ရှိချိန်မှာ ထွက်ပေါ်တတ်တဲ့ hCG ဟော်မုန်းတွေ လုံလောက်စွာ ထွက်နိုင်တာကြောင့် ကိုယ်ဝန်ရှိမရှိကို စစ်ဆေးနိုင်ပြီဖြစ်ပါတယ်။

အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်ရနိုင်ချေနဲ့ ကူးစက်ရောဂါတွေ ကူးစက်နိုင်ချေများတာကြောင့် အဆင်သင့်မဖြစ်သေးချိန်မှာဆိုရင် အကာအကွယ်ကွန်ဒုံးအသုံးပြုတာက အကောင်းဆုံးဖြစ်ပါတယ်။

ကွန်ဒုံးသုံးမယ်ဆိုရင် အလွှာပါးပေမယ့်လည်း လုံခြုံစိတ်ချရတဲ့ ကာကွယ်မှုကို အပြည့်အဝပေးနိုင်တဲ့ Okamoto အမှတ်တံဆိပ်ကွန်ဒုံးတွေကို သုံးကြည့်ဖို့ ညွှန်းဆိုပေးချင်ပါတယ်။

Okamoto အမှတ်တံဆိပ် ကွန်ဒုံးတွေဟာ သာမန်ကွန်ဒုံးတွေထက် ထက်ဝက်ခန့် ပိုမိုပါးလွှာပြီး ခံစားမှုအကောင်းဆုံးပေးနိုင်သော sheerlon သား (a special form of natural rubber latex) ဖြင့်ပြုလုပ်ထားသလို ကွန်ဒုံးတစ်ခုချင်းစီကို ခေတ်မီစက်တွေနဲ့ စမ်းသပ် စစ်ဆေး ထားသောကြောင့် အရည်အသွေးပိုင်းလုံး၀ စိတ်ချရပါတယ်။ Japan နိုင်ငံတွင် နံပါတ်တစ် ရောင်းအားအကောင်းဆုံး ကွန်ဒုံးလည်း ဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။


မိန်းကလေးတိုင်း တောင့်တပြီး ယောကျ်ားလေးတိုင်း အားကျစေဖို့
Gentleman Magazine

Related Posts

%%footer%%