ပြဿနာကို အခွင့်အလမ်းအဖြစ်ပြောင်းလဲနိုင်ဖို့ နည်းလမ်း (၃)ခု

ဘဝက သံပုရာသီးပေးလာရင် သံပုရာရည်ဖျော်သောက်လိုက်ပါ ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဒီစကားရဲ့ ဆိုလိုရင်းက ပြဿနာနဲ့ အခက်အခဲတွေ ကြုံတွေ့ရရင် အခွင့်အရေးတစ်ခုအဖြစ်အသုံးချနိုင်ဖို့ တိုက်တွန်းတဲ့ သဘောဖြစ်ပါတယ်။ အောင်မြင်မှုလမ်းခရီးကို လျှောက်လှမ်းရာမျာ ပြဿနာနဲ့ အခက်အခဲတွေက မလွှဲမသေ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒီအချိန်မျာ ပြဿနာတွေကို အခွင့်အလမ်းအဖြစ်ပြောင်းလဲအသုံးချတတ်ဖို့ လိုပါတယ်။

ဒါဆို ပြဿနာနဲ့ အခက်အခဲတွေ ကြုံတွေ့လာရင် အခွင့်အလမ်းအဖြစ်ပြောင်းလဲအသုံးချနိုင်မယ့် နည်းလမ်း (၃)ခု ကို ဖော်ပြလိုက်ပါတယ်။

၁။ အခြေအနေကိုလက်ခံပါ။

ပြဿနာတွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲခြင်းဟာ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ စိတ်တည်ငြိမ်မှု၊ ရှင်းလင်းစွာ တွေးခေါ်နိုင်မှု၊ အာရုံစူးစိုက်မှုနဲ့ လက်ခံနိုင်မှုတွေကတဆင့် လေ့ကျင့်ရယူနိုင်ပါတယ်။ ပြဿနာ ဒါမှမဟုတ် အခက်အခဲတစ်ခု ရင်ဆိုင်ရပြီဆိုရင် အခြေအနေမှန်ကို အရင်ဆုံးလက်ခံနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ မှန်ကန်တဲ့ နည်းလမ်းနဲ့ တုံ့ပြန်နိုင်မှာ ဖြစ်ပြီး ပြဿနာကို ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။ သင် ထိန်းချုပ်စီမံနိုင်တဲ့ အရာတွေကို အာရုံစိုက်ပါ။ ဖြစ်နိုင်ချေအလားအလာတွေကို တွက်ချက်ပြီး သင့်အတွက် အခွင့်အရေးကို ဆန်းစစ်ပါ။ ပြဿနာကို တိုက်ရိုက်ဖြေရှင်းဖို့ထက် သင်ထိန်းချုပ်နိုင်တဲ့အခြေအနေအဖြစ်ပြောင်းလဲနိုင်ဖို့ ကြိုးစားပါ။

၂။ ပြဿနာထက် ဖြေရှင်းမှုကို အာရုံစိုက်ပါ။

ပြဿနာကို အာရုံစိုက်နေမယ်ဆိုရင် အဖြေကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ ပြဿနာက သင့်ကို စိတ်ဖိစီးမှုကလွဲပြီး ဘာမှ မပေးနိုင်ပါဘူး။ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို အာရုံစိုက်ထားတာက အရင်က သတိမထားမိခဲ့တဲ့ နည်းလမ်းနဲ့ အခွင့်အလမ်းတွေကို တွေ့ရှိလာနိုင်ပါတယ်။

၃။ ရွေးချယ်စရာတွေကို ဆန်းစစ်ပါ။

ပြဿနာတစ်ခု ကြုံရပြီဆိုရင် သင် ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ပါ။ သင့်အတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ချရေးပါ။ ဒီထဲကနေ အဆင်ပြေဆုံးဖြစ်နိုင်မယ့် နည်းလမ်း တစ်ခု ဒါမှမဟုတ် နည်းလမ်းတချို့ကို ရွေးချယ်ပါ။ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် ရှေ့ဆက်နိုင်ဖို့ကို ဦးစားပေးပါ။ ပြဿနာကြောင့် စိတ်ညစ်မနေပဲ ဖြေရှင်းပြီး ပိုကောင်းတဲ့အခွင့်အလမ်းတွေ ရယူဖို့ ဆုံးဖြတ်ထားပါ။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%