စိတ်ရှိတိုင်း လျှောက်မဝယ်မိအောင် ထိန်းနိုင်မယ့်နည်းလမ်းများ

တစ်ခုခုလိုချင်တာရှိလာတိုင်း မဆင်မခြင်ဝယ်ယူတတ်တဲ့ အကျင့်က အလေ့အကျင့်ကောင်းတစ်ခု မဟုတ်ပါဘူး။ ငွေဖြုန်းတီးရာလည်း ရောက်သလို အမှန်တကယ်လိုအပ်တာတွေအတွက် အခက်အခဲဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် လိုချင်စိတ်ပေါ်လာတိုင်း မဝယ်မိအောင် ထိန်းချုပ်နိုင်မယ့် နည်းလမ်းကောင်းတချို့ကို ဖော်ပြလိုကပါတယ်။

၁။ အသုံးစရိတ်အစီအစဉ်ရေးဆွဲပြီး အတိအကျလိုက်နာပါ

သင့်အတွက် လစဉ်အသုံးစရိတ်အစီအစဉ်ကို ရေးဆွဲပါ။ ဘယ်လိုအကြောင်းအရာအတွက် ဘယ်လောက်သုံးစွဲမလဲဆိုတာ အတိအကျသတ်မှတ်ထားပြီး သေချာလိုက်နာပါ။ သင့်ရဲ့ အသုံးစရိတ်အစီအစဉ်ထဲမှာ မပါဝင်တာတွေအတွက် မသုံးမိပါစေနဲ့။ ရိုးရှင်းလွယ်ကူတယ်ထင်ရပေမယ့် လက်တွေ့လုပ်ဆောင်ဖို့ ခက်ခဲပါတယ်။ ကြိုးစားကြည့်ပါ။

၂။ တန်ဖိုးကို တွက်ဆပါ။

သင့်အနေနဲ့ လိုချင်တာတစ်ခုခု ရှိလာရင် ပေးရမယ့်တန်ဖိုးအတွက် ဘယ်လောက်ထိ အလုပ်လုပ်ခဲ့ရလဲဆိုတာကို တွက်ကြည့်ပါ။ ဥပမာ သင့်အနေနဲ့ တစ်သိန်းတန် လက်ပတ်နာရီတစ်လုံး ဝယ်ချင်တယ်ဆိုရင် ငွေတစ်သိန်းရဖို့ သင်ဘယ်လောက်ထိ အလုပ်လုပ်ရမလဲဆိုတာနဲ့ ချင့်ချိန်ကြည့်ပါ။ ဒါကိုမှ ဝယ်ချင်သေးတယ်ဆိုရင် နောက်တချက်ကို သုံးကြည့်ပါ။

၃။ အချိန်ဆွဲပါ။

သင်လိုချင်တဲ့ အရာတစ်ခုခုကို ချက်ချင်းမဝယ်ပဲ နောက်နေ့မှ ဒါမှမဟုတ် နောက်လမှ ဝယ်မယ်ဆိုတာမျိုး အချိန်ဆွဲလိုက်ပါ။ အခုချိန်မှာ သင်အရမ်းလိုချင်တဲ့အရာတစ်ခုက နောက်ရက်အနည်းငယ်ကြာရင် မေ့ရင်မေ့သွားနိုင်ပါတယ်။ သင့်ကိုယ်သင် တကယ်လိုချင်တာ ဟုတ်မဟုတ် ဆန်းစစ်ဖို့ အချိန်ပေးပါ။

၄။ ဈေးဝယ်ထွက်ရင် လိုအပ်သလောက်ငွေကြေးသာ ယူသွားပါ။

လက်ထဲမှာ ငွေပိုငွေလျှံရှိနေမယ်ဆိုရင် မျက်လုံးထဲမှာ တွေ့သမျှ လိုချင်စရာလေးတွေကို ဝယ်မိနိုင်ပါတယ်။ ဒါ့ကြောင့် ဈေးဝယ်ထွက်တဲ့အခါတိုင်း သင်ဝယ်ယူမယ့် ပစ္စည်းစာရင်းကို ကြိုလုပ်ပြီး လိုအပ်တဲ့ ငွေပမာဏလောက်သာ ဆောင်သွားတာအကောင်းဆုံးပါပဲ။

၅။ စိတ်ခံစားမှုတစ်ခုခုရှိနေချိန်မှာ ဈေးဝယ်မထွက်ပါနဲ့။

သင့်အနေနဲ့ တစ်ခုခုကို ဒေါသထွက်နေတဲ့အချိန်၊ ခံစားနေရချိန်တွေမျာ ဈေးဝယ်ထွက်တာက မလိုအပ်တာတွေ လျှောက်ဝယ်မိနိုင်ချေ ပိုများပါတယ်။ ဒါ့ကြောင့် စိတ်ခံစားမှုတွေ များနေချိန်မှာ ဈေးဝယ်မထွက်မိအောင် သတိပြုဆင်ခြင်ပါ။

၆။ ဆိုရှယ်မီဒီယာတွေကို သတိထားပါ။

အခုခေတ်မှာ ဆိုရှယ်မီဒီယာတွေကတဆင့် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုကြော်ငြာတွေက မလိုအပ်တာတွေ ဝယ်ချင်စိတ်ဖြစ်အောင် လှုံ့ဆော်နေပါတယ်။ ဒါ့ကြောင့် ဆိုရှယ်မီဒီယာသုံးတဲ့အခါမျာ Online Shopping Page နဲ့ Website တွေကို မမြင်ရအောင် Unfollow ဒါမှမဟုတ် Hide လုပ်ထားပါ။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%