ခေါင်းလိမ်းဆီ၊ ဂျယ်၊ Wax ၊ Spray တစ်ခုခုသုံးဖြစ်တယ်ဆိုရင် ဒီပစ္စည်းတစ်ခုချင်းဆီရဲ့ အသုံးဝင်ပုံနဲ့ သုံးပုံသုံးနည်းတွေကို သိထားဖို့ လိုပါတယ်။
ဒါ့ကြောင့် အမျိုးသားသုံး ခေါင်းလိမ်းဆီအမျိုးအစားတွေနဲ့ အသုံးပြုသင့်တဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ Gel (ဆံပင်တွေကို တောင့်တင်းတောက်ပစေတယ်)
Gel တွေက အမျိုးသားအများစုအသုံးပြုလေ့ရှိတဲ့ ဆံပင်ပုံသွင်းပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဆံပင်အတွက် အသုံးပြုတဲ့ Gel တွေက ဆံပင်ကို တောင့်တောင့်တင်းတင်းနဲ့ တစ်နေ့လုံးပုံမပျက်အောင် ထိန်းထားပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် Gel တွေသုံးတဲ့နေရာမှာ သတိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။ ဆံပင်ကို Gel လိမ်းတာများရင် Gel အကြွင်းအကျန်တွေက ဆံပင်တွေနဲ့ ဦးရေပြားကြားမှာ ကျန်နေခဲ့နိုင်ပါတယ်။ ဒါ့အပြင် ဦးရေပြားခြောက်သွေ့မှုကို ဖြစ်စေပြီး ဦးရေပြားယားယံမှုနဲ့ ဗောက်တွေကို ဖြစ်စေနိုင်ပါတယ်။ ဆံသားကို ဖွာစေပြီး Gel မသုံးချိန်မှာ ပုံသွင်းရခက်စေပါတယ်။ အသုံးများရင် ဦးခေါင်းထက်မှာ ဂျပ်ခဲကြီးဖြစ်နေပြီး နေရခက်စေပါတယ်။
၂။ Wax (အတန်အသင့်တောင့်တင်းစေပြီး တောက်ပစေတယ်)
Wax တွေကတော့ ဆံပင်ပုံစံအမျိုးမျိုးအတွက် အသုံးဝင်တဲ့ ခေါင်းလိမ်းဆီတစ်မျိုးဖြစ်ပါတယ်။ အိပ်ရာထစ ရှုပ်ပွနေတဲ့ ဆံပင်ပုံစံကနေ သပ်ရပ်တဲ့ပုံစံအထိအမျိုးမျိုး ပုံဖော်နိုင်ပါတယ်။ အထူးသဖြင့် ဆံပင်ဖြောင့်သူတွေနဲ့ အနည်းငယ်လှိုင်းထသူတွေအတွက် သင့်တော်ပါတယ်။ ဆံပင်ကောက်သူတွေအတွက်တော့ Wax တွေ မသုံးသင့်ပါဘူး။ Wax တွေက Gel လောက် ဆံပင်တွေကို တောင့်တင်ပုံကျစေမှာမဟုတ်ပဲ အချိန်ကြာလာတာနဲ့ ပင်ကိုယ်ပုံစံအတိုင်းဖြစ်သွားတာကြောင့်ပါ။
၃။ Pomade (အတန်အသင့်တောင့်တင်းစေပြီး တောက်ပစေတယ်)
Pomade တွေကတော့ ရေနံထွက်ကုန်တွေကို အခြေခံထုတ်လုပ်ထားပြီး သင့်ရဲ့ဆံပင်တွေကို ရှင်းလင်းတောက်ပါစေနိုင်ပါတယ်။ Gel တွေနဲ့ မတူတာက Pomade သုံးတဲ့အခါ ဆံသားခြောက်သွေ့တာမျိုးမရှိပဲ တစ်နေကုန် ဆံပင်ပုံမပျက်အောင် ထိန်းသိမ်းထားနိုင်ပါတယ်။ Pomade တွေကို အဆီအခြေခံထုတ်ထားတာနဲ့၊ ရေဓာတ်ကိုအခြေခံထုတ်ထားတာဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ အဆီအခြေခံထုတ်ကုန်တွေက ဆံသားကို စေးကပ်စေပြီး ဦးရေပြားချွေးပေါက်တွေကို ပိတ်စေနိုင်တာကြောင့် ခေါင်းမျာ ဝက်ခြံပေါက်တာမျိုး ဖြစ်နိုင်ပါတယ်။ ရေဓာတ်ကို အခြေခံထုတ်ထားတဲ့ Pomade တွေကတော့ စေးကပ်မှုနည်းပြီး ဆံသားကို ပျော့ပျော့ပျောင်းပျာင်းရှိစေတာကြောင့် ပုံပြန်သွင်းဖို့ တော့လိုပါတယ်။
၄။ Clay (တောင့်တင်းစေပြီး တောက်ပမှုနည်းတယ်)
Clay ဆိုတာကတော့ Pomade တွေထက် ပိုပြိး စေးပစ်တဲ့ ဆံပင်လိမ်းဆီတစ်မျိုးဖြစ်ပါတယ်။ ဆံပင်ကို ထူထဲပြိး အလေးချိန်ရှိစေနိုင်သလို Gel တွေလို အကြွင်းအကျန်မရှိပဲ ခေါင်းလျှောက်လိုက်ရုံနဲ့ အလွယ်တကူ သန့်ရှင်းနိုင်ပါတယ်။ ဆံပင်ကို အုံကြွစေပြီး အလေးချိန်မစီးစေချင်သူတွေအတါက် Clay ကို သုံးသင့်ပါတယ်။
၅။ Cream (တောင့်တင်းမှု နည်းပြီး အတန်အသင့်တောက်ပစေတယ်)
Cream အမျိုးအစားခေါင်းလိမ်းဆီတွေကတော့ Gel, Wax နဲ့ Pomade တို့လို့ တောင့်တင်းမှုကို မဖြစ်စေပဲ ဆံသားကို ပျော့ပျော့ပျောင်းပျောင်းနဲ့ တောက်ပတဲ့ပုံစံဖော်နိုင်ပါတယ်။ အထူးသဖြင့် ဆံပင်ထူပြီး လှိုင်းရှိသူတွေအတွက် သင့်တော့ပါတယ်။ စေးကပ်မှုမဖြစ်ပဲ ဆံပင်တွေ ဖွာလန်ကျဲမနေအောင် ထိန်းထားနိုင်ပါတယ်။
၆။ Spray (အဆုံးသတ်အနေနဲ့ သုံးသင့်)
ဆံပင်မှာ ဖြန်းတဲ့ စပရေးတွေက Pomade ဒါမှမဟုတ် Wax တို့နဲ့ တွဲသုံးသင့်ပါတယ်။ Pomade ဒါမှမဟုတ် Wax တို့ကို အရင်သုံးပြီး စိတ်တိုင်းကျပုံစံရမှ Spray ဖြန်းသင့်ပါတယ်။ Spray တွေက သင့်ဆံပင်ပုံစံ မပျက်အောင် ကာကွယ်ပေးထားတဲ့ အကာအကွယ်မျိုးသုံးနိုင်ပါတယ်။ ပုံဖော်ထားတဲ့ ဆံပင်ရဲ့အပေါ်ယံအလွှာကို တစ်သားထဲဖြစ်စေပြီး ပုံမပျက်အောင် ထိန်းပေးထားနိုင်တာကြောင့် ဖြစ်ပါတယ်။
မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine