အချစ်ရေးတစ်ခုမှာ ချစ်သူမိန်းကလေးတစ်ယောက်ရဲ့ မျှော်လင့်ချက်တွေက ချရေးမယ်ဆိုရင် မဆုံးနိုင်အောင် ရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီထဲက အရေးအကြီးဆုံး (၅)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ အချိန်
ဒီအချက်က အရေးမကြီးဘူးထင်ရပေမယ့် တကယ်လိုအပ်ချက်တစ်ခုပါပဲ။ လူတစ်ယောက်ဟာ သူ့ရဲ့အချိန်ကို ပေးခြင်းက သူ့ဘဝရဲ့ တစိတ်တပိုင်းကို ပေးခြင်းပဲ ဖြစ်ပါတယ်။ သင့်ကောင်မလေးကိုလည်း အချိန်ပေးဖို့ လိုပါတယ်။ သူမကို အချိန်ပေးခြင်းက သူမကို ဦးစားပေးတဲ့သဘော သက်ရောက်ပါတယ်။ မိန်းကလေးတွေကလည်း ချစ်သူကောင်လေးက အချိန်ပေးတာကို လိုလားတောင့်တကြပါတယ်။
၂။ သစ္စာရှိမှု
သစ္စာရှိမှုဆိုတာ သင့်ကောင်မလေးကလွဲပြီး အခြားတစ်ယောက်ယောက်နဲ့ ဇယားမရှုပ်တာတစ်ခုထဲမဟုတ်ပါဘူး။ သင့်ကောင်မလေး လိုအပ်ချိန်မှာ တတ်နိုင်သမျှ ပံ့ပိုးကူညီပေးဖို့ အဆင်သင့်ရှိနေဖို့လည်း လိုပါတယ်။
၃။ စိတ်အားထက်သန်မှု
မိန်းကလေးတစ်ယောက်ဟာ တစ်ခုခုကို စိတ်အားထက်သန်မှုအပြည့်ရှိတဲ့ ယောက်ျားလေးတွေကို သဘောကျပါတယ်။ သင့်အနေနဲ့ စိတ်ပါဝင်စားမှု အပြည့်၊ စိတ်ရောကိုယ်ပါနှစ်မြုပ်ပြီးလုပ်တတ်တဲ့ အလုပ်တစ်ခုခု ရှိတာကို လိုချင်ပါလိမ့်မယ်။
၄။ နားလည်မှု
မိန်းကလေးတွေရဲ့ သဘောကိုက ရှုပ်ထွေးတတ်တာကြောင့် နားလည်မှုတွေ အများကြီးရှိနေဖို့ လိုပါတယ်။ သင့်ကောင်မလေးက သင့်ကို ဘယ်လောက်ပဲ ချစ်နေပါစေ၊ တစ်ခါတစ်လေမှာ မဆီမဆိုင်၊ မရင့်မကျက်နဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အပြူအမူ၊အပြောအဆိုတွေ လုပ်ပါလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ နားလည်ပေးနိုင်စွမ်းကို မိန်းကလေးတိုင်းက လိုချင်ကြပါတယ်။
၅။ ရှေ့ရေးအစီအစဉ်များ
သင်တို့နှစ်ဦးရဲ့ ရှေ့ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအစီအစဉ်တွေ ရှိလဲဆိုတာကိုလည်း သင့်ကောင်မလေးက မျှော်လင့်တတ်ပါတယ်။ အနာဂတ်အတွက် ဘာအစီအစဉ်မှမရှိတဲ့ ယောက်ျားတစ်ယောက်ကို ဘယ်မိန်းကလေးကမှ ယုံကြည်ရဲမှာ မဟုတ်ပါဘူး။
မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine