သင့်အနေနဲ့ လက်ပတ်နာရီအကောင်းစားတစ်လုံးဝယ်ဖို့ တွန့်ဆုတ်နေပါသလား။ ဒါဆိုရင်တော့ လက်ပတ်နာရီပတ်သင့်တဲ့ အကြောင်းရင်းတွေကို မသိသေးလို့ပဲ ဖြစ်ပါလိမ့်မယ်။ အမျိုးသားတွေအနေနဲ့ လက်ပတ်နာရီအကောင်းစားပတ်သင့်တဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အများကြားမှာ ထင်ရှားကွဲပြားစေတယ်။
လက်ပတ်နာရီဟာ သင့်ရဲ့ စတိုင်နဲ့ ဖက်ရှင်ကို ထူးခြားကွဲထွက်လာအောင် ပံ့ပိုးပေးနိုင်တဲ့ Accessories တစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ အဝတ်အစားနဲ့ လိုက်ဖက်တဲ့ နာရီကောင်းကောင်းတစ်လုံးက အများကြားမှာကွဲပြားပြီး အာရုံစိုက်မိအောင် ကူညီပေးနိုင်ပါတယ်။
၂။ သင့်ကိုယ်သင်နဲ့ သင့်ရဲ့ ရုပ်ရည်သွင်ပြင်ကို ဂရုစိုက်ရာရောက်တယ်။
လက်ပတ်နာရီတစ်လုံးဝယ်မယ်ဆိုရင် အချိန်ပေးပြီး သေချာဂရုတစိုက်ရွေးချယ်ဝယ်ယူဖို့ လိုပါတယ်။ ဒါဟာ သင့်ကိုယ်သင်နဲ့ သင့်ရဲ့ ရုပ်ရည်သွင်ပြင်ကို ဂရုစိုက်တာပါပဲ။
၃။ ပျော်စရာကောင်းတယ်။
ဖုန်းအသစ်တစ်လုံး၊ ကားအသစ်တစ်စီး ဝယ်တဲ့အခါ ပျော်ရွှင်ရသလိုပဲ နာရီအကောင်းစားတစ်လုံး ဝယ်ရတာကလဲ ပျော်စရာကောင်းပါတယ်။
၄။ သင် ဘယ်လိုလူလဲ ဖော်ပြရာရောက်တယ်။
နာရီပုံစံ၊ အမျိုးအစားနဲ့ ဒီဇိုင်းတွေအများကြီးရှိတာကြောင့် သင့်ရဲ့ရွေးချယ်မှုက သင်ဘယ်လိုလူလဲဆိုတာကို ဖော်ပြပေးနိုင်ပါတယ်။ ခန့်ညားတဲ့ပုံစံလား၊ အားကစားသုံးလား၊ တောက်တောက်ပပပုံစံလား သင့်အကြိုက်က သင် ဘယ်လိုလူလဲဆိုတာကို လူတွေခန့်မှန်းမိစေပါတယ်။
၅။ မိမိကိုယ်ကိုယ် ယုံကြည်မှုကို တည်ဆောက်ပေးတယ်။
နာရီကောင်းကောင်းတစ်လုံး ဝတ်ထားခြင်းကြောင့် ရရှိနိုင်တဲ့ ယုံကြည်မှုကို ဝတ်ဖူးတဲ့သူတိုင်း သိပါတယ်။
၆။ နာရီတွေကို ချစ်တတ်လာတယ်။
တန်ဖိုးကြီး အကောင်းစား လက်ပတ်နာရီတစ်လုံးမှာ ထူးခြားတဲ့ လက်ရာနဲ့ တီထွင်ဆန်းသစ်မှုတွေ ပါဝင်ပါတယ်။ ဒီအချက်တွေကြောင့် နာရီတစ်လုံးချင်းစီရဲ့ ထူးခြားမှုတွေကို တန်ဖိုးထား မြတ်နိုးတတ်လာပါလိမ့်မယ်။
၇။ လူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်တယ်။
နာရီအကောင်းစားတစ်လုံးဟာ လူတွေရဲ့ အကြည့်ကို ဖမ်းစားနိုင်စွမ်းရှိပါတယ်။ ပေးရတဲ့ တန်ဖိုးနဲ့ ထိုက်တန်တဲ့ အရည်အသွေးက မြင်ရသူတိုင်းကို သိသာခံစားမိစေပါတယ်။ သင့်ရဲ့ ဝတ်စားဆင်ယင်မှုကို ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးတဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်ခုလို့ ဆိုနိုင်ပါတယ်။
၈။ အရင်းနှီးဆုံး ကိုယ်ပိုင်အသုံးအဆောင်တစ်ခုဖြစ်လာတယ်။
လက်ပတ်နာရီ အကောင်းစားတွေက တာရှည်ခံအောင် ပြုလုပ်ထားတာဖြစ်တဲ့အတွက် သင်နဲ့ အတူအချိန်အကြာကြီးရှိနေပြိး အရင်းနှီးဆုံးအသုံးအဆောင်တစ်ခု ဖြစ်လာပါတယ်။ ဒါ့အပြင် ဆွေစဉ်မျိုးဆက် အမွေပေးနိုင်တဲ့ အမှတ်တရပစ္စည်းတစ်ခုလည်း ဖြစ်လာနိုင်ပါသေးတယ်။
မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine