ကွင်းထိုးဖိနပ်၊ ကြိုးသိုင်းဖိနပ်တွေဟာ သေချာစီးတတ်မယ်ဆိုရင် စတိုင်ကျ ကြည့်ကောင်းခြင်းကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါပေမယ့် အစီးမတတ်ရင်တော့ စတိုင်ဂွမ်းသွားနိုင်တာကြောင့် ကွင်းထိုးဖိနပ်တွေ၊ ကြိုးသိုင်းဖိနပ်တွေ စီးမယ်ဆိုရင် သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် တချို့ကို ဖော်ပြလိုက်ပါတယ်။ ၁။ ခြေထောက်ကို သေချာဂရုစိုက်သန့်ရှင်းရေးလုပ်ပါ ကွင်းထိုးဖိနပ်၊ ကြိုးသိုင်းဖိနပ်တွေက ခြေညှပ်ဖိနပ်တွေလိုပဲ သင့်ခြေထောက်နဲ့ ခြေချောင်းလေးတွေကို

Read More

ချစ်တင်းနှောရာမှာ နှစ်ဦးစလုံးအတွက် ပထမဆုံးအကြိမ်ဖြစ်မယ်ဆိုရင် လိင်မှုကိစ္စအပေါ် စိတ်ပျက်စရာလို့ မြင်မသွားစေဖို့ အမျိုးသားတစ်ယောက်မှာ အထူးတာဝန်ရှိပါတယ်။ ဒါ့ကြောင့် လိင်မှုကိစ္စ လက်တွေ့အတွေ့အကြုံမရှိသေးပဲ အခြေအနေပေးလို့ ဖောင်းဒိုင်းလုပ်ရတော့မယ်ဆိုရင် ဘာတွေသိထားသင့်လဲ၊ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာ ဖော်ပြလိုက်ပါတယ်။ ပထမဆုံးအကြိမ်အတွက် စိတ်လှုပ်ရှားမနေပါနဲ့ ဒီအချက်က ပြောရလွယ်ပေမယ့် စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုက ထိန်းသိမ်းရခက်ပါတယ်။ အဆင်ပြေပါ့မလား၊ ဘာမှမလုပ်ရသေးပဲ

Read More

လူတွေအများကြီးနဲ့ တွေ့ဆုံပြောဆိုဆက်ဆံရတာက သင့်အတွက် စိတ်ဝင်စားစရာမကောင်းပဲ ပျင်းစရာကောင်းနေပါသလား။ အသိအကျွမ်းမဟုတ်တဲ့သူတွေ၊ သူစိမ်းတွေနဲ့ စကားပြောချင်စိတ်မရှိဖြစ်နေပါသလား။ တစ်ယောက်တည်းသီးသန့်နေရတာကို ကြိုက်ပြီး၊ ဘယ်သူနဲ့မှ ပြောဆိုဆက်ဆံမနေပဲ စာအုပ်ဖတ်နေရတာ၊ ဂိမ်းကစားနေရတာ၊ စိတ်ပါဝင်စားတာတစ်ခုခုကိုလုပ်နေရရင် ကျေနပ်ပျော်ရွှင်နေပါသလား။ အများနဲ့ ပူးပေါင်းဆောင်ရွက်ရတာထက် တစ်ယောက်တည်းလုပ်ရတဲ့ အလုပ်တွေ၊ အားကစားတွေကို သဘောကျနေမိပါသလား။ အတွေးတွေကို စိတ်ထဲမှာပဲထားလေ့ရှိပြီး ဘယ်တော့မှထုတ်မပြောပဲနေတတ်ပါသလား။

Read More

မိမိကိုယ်ကိုယ် ယုံကြည်မှုဆိုတာ ကိုယ်ပိုင်အရည်အချင်းတွေအပေါ်မှာ ယုံကြည်ကိုးစားမှုရှိခြင်းကို ဆိုလိုပါတယ်။ မိမိကိုယ်ကိုယ် လေးစားတန်ဖိုးထားသူတိုင်း မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ လိုပါတယ်။ သန့်ရှင်းသပ်ရပ်တဲ့ အဝတ်အစားတစုံကြောင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက်လူကြီးရဲ့ ချီးမွမ်းခံရတဲ့အခါ တစ်နေ့လုံး ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီး ယုံကြည်မှုရှိနေတာကို ခံစားဖူးပါသလား။ ဒီလို ယုံကြည်မှုရှိနေတဲ့အခါ အရာအားလုံးကို စွမ်းဆောင်အောင်မြင်နိုင်တဲ့ အစွမ်းတွေ

Read More

လက်တွေ့ဘဝရဲ့ အချစ်ရေးဟာ ပုံပြင်တွေထဲကလို “ချစ်သူနှစ်ဦး ညားကြလေသတည်း” ဆိုပြီး ပျော်ရွှင်စွာဇာတ်သိမ်းသွားတာ မဟုတ်ပါဘူ။ ချစ်သူနှစ်ဦး လက်ထပ်ထိမ်းမြားပြီး အိမ်ထောင်တစ်ခု ထူထောင်ရာမှာ ပျော်ရွှင်ခိုင်မြဲတဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်ဖို့ ကြိုတင်စဉ်းစားတိုင်ပင်ထားသင့်တဲ့ အကြောင်းအရာတချို့ရှိနေပါတယ်။ ဒီအကြောင်းအရာတွေကို သေချာဆွေးနွေးပြီး နှစ်ဦးသဘောတူညီမှု ရယူထားမယ်ဆိုရင် “ညားကြလေသတည်း”နောက်ပိုင်း အိမ်ထောင်ရေးမှာလည်း ပျော်ရွှင်နေနိုင်မှာဖြစ်ပါတယ်။ ၁။ စိတ်ပိုင်းဖြတ်မှု

Read More

ကြီးချင်..ရှည်ချင်သူများအတွက် သဘာ၀ နည်းလမ်း ၅ ခု(စာကိုဆုံးအောင်ဖတ်ပါ… သတိထားရမယ့်အချက်တွေ အောက်ဆုံးမှာပါတယ်) လိင်တံအရွယ်အစားက အမျိုးသားတွေအတွက် ဘယ်လောက်ထိ အရေးပါလဲ?ဒီမေးခွန်းက ကမ္ဘာတလွှားက အမျိုးသားထုကြီးအတွက် ကူးစက်ရောဂါတစ်ခုလို ပျံ့နှံနေတဲ့ မေးခွန်းဖြစ်ပါတယ်။ အမျိုးသားအများစုက လက်ရှိလိင်တံအရွယ်အစားကို အားမလိုအားမရဖြစ်နေကြပြီး ဒီထက်ပိုကြီး ပိုရှည်မှသာ ပြီးပြည့်စုံတဲ့ လိင်မှုဘဝကိုရမယ်လို့ ထင်နေကြသလို လိင်ဆက်ဆံရာမှာလည်း

Read More

သင့်ကိုယ်သင် မကောင်းမြင်စိတ်တွေ များပြီး စိတ်မကောင်းဖြစ်နေရပါသလား။ ဒီနေ့ခေတ်ကာလမှ အရည်အချင်းရှိပြီး စိတ်ကူးကောင်းတွေ ပိုင်ဆိုင်ထားသူ အများစုဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှု အားနည်းတာကြောင့် အရည်အချင်းတွေကို ထုတ်ဖော်ပြသခွင့် မရကြပါဘူး။ သူတို့ကိုယ်တိုင်က သူတို့ရဲ့စိတ်ကူးတွေအပေါ် ယုံကြည်မှုမရှိသလို လုံလောက်အောင် ကောင်းမွန်မှုမရှိသေးဘူးလို့ ထင်နေကြပါတယ်။ ဒီလိုလူတွေရဲ့ စိတ်ထဲမှာ အဆိုးမြင်အတွေးအခေါ်တွေနဲ့ ပြည့်နှက်နေတာကြောင့်

Read More

အမှားတွေကနေ သင်ခန်းစာယူသင့်တဲ့ အကြောင်းရင်းများ အအောင်မြင်ဆုံးပုဂ္ဂိုဟ်တွေဟာ သူတို့ရဲ့အောင်မြင်မှုအကြောင်းတွေကိုပဲ ပြောလေ့ရှိပြီး အဆင်မပြေကျရှုံးခဲ့တာတွေကို ဘာကြောင့်မပြောတာလဲလို့ တွေးမိပါသလား။ ဒါကလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးက အောင်မြင်မှုကိုပဲ ဦးစားပေးတတ်တာကြောင့် ဖြစ်ပါတယ်။ တကယ်ဆိုရင် လက်ရှိမှာ အောင်မြင်နေတဲ့ ပုဂ္ဂိုဟ်တွေအားလုံးကလည်း အမှန်တွေကိုချည်းပဲ လုပ်ခဲ့တာမဟုတ်သလို အမှားတွေမရှိခဲ့တာလည်း မဟုတ်ပါဘူး။ အရေးကြီးဆုံးအချက်ကတော့

Read More

ဘားမသွားခင် သိထားသင့်တဲ့ အချက်များ (Zawgyi) ၁။ ဘာပဲသောက်သောက် ချင့်ချိန်ပြီးသောက်ပါ။ ဘားကို ရောက်ပြီဆိုရင် စကားတစ်ပြောပြောနဲ့ တစ်ခွက်ပြီးတစ်ခွက် ဘယ်နှစ်ခွက်မှန်းမသိအောင် သောက်မိဖို့ လွယ်ပါတယ်။ ဒါပေမယ့် တစ်ခါသောက်ရင် ၁၀ ပက် သို့မဟုတ် ၁၀ ခွက်အောက်ပဲ သောက်သုံးသင့်တယ်လို့ အဟာရပညာရှင်တွေက အကြံပြုထားပါတယ်။ ဘာကြောင့်လဲဆိုရင်

Read More

ပရဟိတ လုပ်ဆောင်ခြင်းရဲ့ အကျိုးကျေးဇူးများ (Zawgyi) စေတနာ့ဝန်ထမ်းအဖြစ် ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်ခြင်း တနည်းအားဖြင့် လုပ်အားပေးခြင်း (Volunteering) ဆိုတာကတော့ လူတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုအတွက် အကျိုးအမြတ်ရယူခြင်းမရှိပဲ ၀န်ဆောင်မှုပေးတာ၊ လုပ်ငန်းလုပ်ဆောင်ပေးတာကို ဆိုလိုပါတယ်။ Volunteering (စေတနာ့ဝန်ထမ်း)ဆိုတဲ့ စကားလုံးကတော့ ၁၈၅၁ ခုနှစ် အမေရိကန်ပြည်တွင်းစစ်ပွဲကာလမှာ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

Read More

ဘ၀မှာပျော်ရွှင်ချင်ရင် ဒီအလေ့အကျင့်တွေကို စွန့်လွှတ်လိုက်ပါ (Zawgyi) ၁။ အလွန်အကျွံအလုပ်လုပ်ခြင်း ဟုတ်ပါတယ်။ အချိန်ပိုလုပ်ရင် ငွေပိုရတာ မှန်ပါတယ်။ ဒါပေမယ့် ဘ၀မှာပျော်ရွှင်ချင်တယ်ဆိုရင်တော့ အလုပ်ချည်းပဲ လုပ်နေလို့မဖြစ်ပါဘူး။ အလုပ်တွေပဲ တောက်လျှောက်လုပ်နေခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ်။ စိတ်ကျဝေဒနာနဲ့ စိုးရိမ်သောကတွေ များလာစေပါတယ်။ အလုပ်နဲ့ ဘ၀ကို မျှတနေဖို့ လိုပါတယ်။

Read More
%%footer%%