ဒီအကြောင်းကိုမရေးခင်ကျွန်တော်စဉ်းစားပါသေးတယ်၊မရေးတော့ဘူးလို့၊ ဒါပေမယ့်အချိန်သေသေချာချာပေးပြီးရေးလိုက်ပါတယ်။ MLM, NM သမား တွေပြောပြောနေကြတဲ့၊ရေလိုက်လွဲနေကြတဲ့ Network ကြီးကိုပဲပြောမှာပါ။ ပထမဦးဆုံး MLM, NM မဟုတ်တဲ့အပြင်လုပ်ငန်းတွေအားလုံးဟာ စားသုံးသူကပဲပိုက်ဆံပေးရတယ်၊စားသုံးသူကဘာမှပြန်မရဘူး၊ ကြော်ငြာခ၊သယ်ယူပို့ဆောင်ခ..အစရှိတဲ့စားရိတ်တွေအားလုံးကို စားသုံးသူကပေးရပြီး ပိုင်ရှင် က အမြတ် ၁၀၀% ယူသွားတယ်၊ချမ်းသာသွားတယ်ပေါ့၊ MLM, NMအလုပ် တွေမှာတော့ MLM Company
Category: Money
မနက်ဖြန်အထိ စောင့်မနေပါနဲ့ (Zawgyi) အကြောင်းကိစ္စတစ်ခုခုကို လုပ်ဆောင်ဖို့အတွက် မနက်ဖြန်ကိုရောက်တဲ့အထိ အချိန်ဆွဲလေ့ရှိတဲ့ ပြဿနာအကြောင်း စဉ်းစားကြည့်ဖို့ လိုနေပါပြီ။ တကယ်တော့ ဒီနေ့ဆိုတာကလည်း မနေ့ကရဲ့ မနက်ဖြန်ဖြစ်ပါတယ်။ လုပ်မယ်လို့ ရည်စူးထားတဲ့ မနက်ဖြန်ကို ရောက်လာပေမယ့် မလုပ်ဖြစ်ကြတာက များနေတတ်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့ဟာ မနက်ဖြန်တွေ၊ မနေ့တွေရော ဒီနေ့တွေကိုပါ
ကျွန်တော်တို့ အားလုံးက အခြားသူတွေထက် သာချင်ကြသူတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင့်အနေနဲ့ အလုပ်ထဲမှာ မှန်မှန်ကန်ကန်ကြိုးစားမယ်၊ အလုပ်ချိန်နောက်ကျတာ၊ ခွင့်ယူတာတွေ မရှိပဲ၊ အလုပ်တွေကိုလည်း အမြဲတမ်းပြီးစီးအောင်လုပ်နိုင်ပေမယ့် ရာထူးလစာတိုးမြှင့်ခံရဖို့ အလှမ်းဝေးနေတာမျိုး ဖြစ်ဖူးပါသလား ??? သင့်အနေနဲ့ အကောင်းဆုံးလုပ်ဆောင်ခဲ့ပေမယ့် ထိုက်သင့်တဲ့ဆုလာဘ်အကျိုးခံစားခွင့်မရတာ ဘာကြောင့်လို့ ထင်ပါသလဲ။ အဖြေကတော့ ရိုးရှင်းပါတယ်။
သင့်က ဈေးကွက်သစ်ထွင်လုပ်ငန်းရှင်တစ်ယောက်လား၊ ဒါမှမဟုတ် လုပ်ငန်းရှင်ဖြစ်ချင်တာလား။ သင့်ကို တွန်းအားပေးတဲ့အရာက ဘာလဲ။ သင့်ရဲ့စိတ်အားထက်သန်မှုလား၊ အကျိုးအမြတ်လား ? လုပ်ချင်တာကိုလုပ်ပြီး အကျိုးအမြတ်လည်းရမယ်ဆိုရင်ရော ? ၀ါသနာပါရာကို အခြေခံပြီးလုပ်တဲ့ လုပ်ငန်းက ဒီနှစ်ခုစလုံးကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ သင်နေချင်တဲ့ ဘ၀မျိုးမှာ လုပ်ချင်တာတွေကို လုပ်နေရပြီး ၀င်ငွေလည်း ရရှိနေမှာဖြစ်ပါတယ်။ ဒီလို
ဘ၀မှာ အောင်မြင်မှုတွေ ရယူပိုင်ဆိုင်ချင်ပါသလား။ လက်ရှိအောင်မြင်သူတို့ရဲ့ စဉ်းစားတွေးခေါ်ပုံတွေနဲ့ အလေ့အကျင့်တွေကို အတုယူလုပ်ဆောင်မယ်ဆိုရင် သင်လည်းပဲ အောင်မြင်သူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင် အောင်မြင်သူတွေရဲ့ အရည်အသွေးတွေက ဘာတွေလဲဆိုတာကို လေ့လာကြည့်သင့်ပါတယ်။ ၁။ သူတို့က ရည်မှန်းချက်ကြီးကြတယ်။ အောင်မြင်သူအများစုဟာ ဘာကိုပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်မယ်လို့ယုံကြည်ထားတတ်ကြတယ်။ ဒီအချက်က သာမန်လူတွေအတွက် အလေးအနက်စဉ်းစားစရာတစ်ခုပါပဲ။ သာမန်လူအများစုဟာ
စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်တာဟာ စိန်ခေါ်မှုအများဆုံး အလုပ်တစ်ခု ဖြစ်ပါတယ်။ အခက်ခဲဆုံးအပိုင်းကတော့ သင့်အနေနဲ့ ပိုက်ဆံအများကြီးမရှာနိုင်ချိန်မှာ ဘာကြောင့် အလုပ်တွေကြိုးကြိုးစားစားလုပ်နေရလဲဆိုတာကို နားမလည်တဲ့ လူတွေနဲ့ ဆက်ဆံရတာပဲဖြစ်ပါတယ်။ ဒီလိုလူတွေက သူတို့နဲ့အချိန်မဖြုန်းပဲ ဘာကြောင့် အလုပ်ပဲအာရုံစိုက်နေတာလဲဆိုတာကို နားမလည်နိုင်ကြပါဘူး။ သူတို့က သင့်ရဲ့စိတ်အားတက်ကြွမှုကို ချိုးနှိမ်လိုက်နိုင်ပါတယ်။ သင့်ရဲ့စိတ်ကူးက အလုပ်မဖြစ်နိုင်ဘူးလို့ ပြောကြမှာဖြစ်သလို သင့်ရဲ့ကြိုးစားအားထုတ်မှုကိုတောင်
ဈေးကွက်သစ်ထွင် စွန့်ဦးလုပ်ငန်းရှင်တစ်ယောက် အနေနဲ့ စီးပွားရေး အောင်မြင်မှု အိပ်မက်တွေအမှန်တကယ်ဖြစ်လာစေ ဂရုစိုက်လုပ်ဆောင်သင့်တဲ့ နည်းလမ်း (၇)ခုရှိပါတယ်။ ၁။ လူမှုဆက်ဆံရေးရဲ့ အရေးပါမှုကို အလေးထားပါ။ ဒီအချက်တော့ အရမ်းကိုအခြေခံကျတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ သင့်စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ပံ့ပိုးကူညီပေးနိုင်သူတွေနဲ့ များများတွေ့ဆုံရလေလေ သင့်အိပ်မက် အမှန်တကယ်ဖြစ်လာဖို့ နီးစပ်လေပါပဲ။ တွေ့ရုံနဲ့တော့လည်း မပြီးသေးပါဘူး။
ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် စားသုံးသူ ဖောက်သည်တွေကို ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ ပုံမှန် စားသုံးသူ ဖောက်သည်တွေများများရှိလာတာနဲ့အမျှ လုပ်ငန်းလည်ပတ်လုပ်ကိုင်ရတာလည်း ပိုမိုအဆင်ပြေလာမှာ ဖြစ်ပါတယ်။ စားသုံးသူတွေအနေနဲ့ သင့်ရဲ့ ထုတ်ကုန် ဒါမှမဟုတ် ၀န်ဆောင်မှုတစ်ခုခုကို လိုလိုလားလား သုံးစွဲနေပြီး သစ္စာရှိဖောက်သည်တွေအဖြစ် ထိန်းထားနိုင်မယ့် နည်းလမ်း (၂)ခုရှိပါတယ်။ ၁။ စားသုံးသူတွေ သဘောကျတဲ့
၂၁ ရာစုအစောပိုင်းက လူငယ်တွေကို ကိုယ်ကျိုးကြည့် တကိုယ်ကောင်းဆန်တဲ့ မျိုးဆက်အဖြစ်နဲ့ အများစုက သတ်မှတ်ထားတတ်ကြပါတယ်။ ဒါပေမယ့် ဒီလို အသက်အရွယ် ဒါမှမဟုတ် အခြားအကြောင်းရင်းတစ်ခု ပေါ်မှာ မူတည်ပြီး အုပ်စုတစ်ခုလုံးကိုသိမ်းပြီး တံဆိပ်ကပ်တာက အဓိပ္ပါယ်မရှိလှပါဘူး။ မှန်တယ်ဆိုရင်တောင်မှ မဖြစ်သင့်တဲ့ကိစ္စပါ။ တကယ်တမ်းလက်တွေ့မှာက မိမိကိုယ်ကို ပဓာနထားခြင်းက ဘ၀အတွက် ခွန်အားဖြည့်ပေးနိုင်တဲ့
သင့်ကို အောင်မြင်စေဖို့ လှုံ့ဆော်မှုက ဘာလဲ။ လူတိုင်းက ကျရှုံးမှုကို သဘောမကျပါဘူး။ လူတိုင်း အနိုင်လိုချင်ကြပါတယ်။ သင့်အနေနဲ့ လစ်လျူရှု ခံရမယ်။ သင့်ရဲ့ကြိုးစားအားထုတ်မှုတွေ အလကားဖြစ်သွားမယ်။ သင်ကိုယ်တိုင်လည်း ဘာလုပ်ရမှန်းမသိတော့ဘူးဆိုရင် သင့်ရွေးချယ်မှုက အဆုံးအဖြတ်ပေးနိုင်မယ့် အခိုက်အတန့်ဖြစ်လာပါလိမ့်မယ်။ အကြောင်းအမျိုးမျိုးကြောင့် သင့်ရဲ့ထုတ်ကုန်က ရောင်းမထွက်ခဲ့ရင် ဒါမှမဟုတ် ရင်းနှီးမြုပ်နှံသူတွေ၊ မိတ်ဖက်လုပ်ငန်းတွေက
ဈေးကွက်သစ်ထွင် စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်ဟာ နောက်ဆုံးပေါ်အဆင်မြင့်ထုတ်ကုန်တစ်ခုကို ဖန်တီးပြီး ဈေးကွက်သစ်တစ်ခုကို စတင်နိုင်ရမယ်လို့ ပြောလေ့ရှိကြပါတယ်။ ပြောရရင် ဒီအဆိုက မှားယွင်းနေပါတယ်။ ဈေးကွက်သစ်ထွင် လုပ်ငန်းရှင်တစ်ယောက်ဟာ ဒေါ်လာဘီလံယံချီတဲ့ နည်းပညာသစ်တစ်ခုနဲ့ ကမ္ဘာကြီးကို ပြောင်းလဲစေပြီး စီးပွားရေးကဏ္ဍသစ်တစ်ခုကို ဖန်တီးနိုင်ဖို့ဆိုတာ ရှိတော့ရှိပေမယ့် အရမ်းကို ရှားပါတယ်။ စတင်တည်ထောင်တဲ့ လုပ်ငန်းအားလုံးထဲက အချို့ပဲ အခုချိန်မှာ