ကမ္ဘာ့ပထမဆုံး ကျားအင်္ဂါ အစားထိုးကုသမှု အောင်မြင် (Zawgyi) ————————————————————– တောင်အာဖရိက ကိပ်တောင်းဆေးရုံတစ်ရုံမှာ ကမ္ဘာ့ပထမဆုံးကျားအင်္ဂါ အစားထိုးကုသမှုကို အောင်မြင်ခဲ့ပါတယ်။ လူနာက အသက် ၂၁ နှစ်အရွယ်ပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ က ခွဲစိတ်ခဲ့တာ ဖြစ်ပြီး ခွဲစိတ်ကုသချိန် ၁၁ နာရီ ကြာခဲ့ပါတယ်။
ကိုယ်အရပ်မောင်းနဲ့ ရှိသင့်တဲ့ အလေးချိန် ပြဇယား ———————————————————မေးထားသူတွေရှိလို့ တင်ပေးလိုက်ပါတယ်……. လူတယောက်ရဲ့ အရပ်အမြင့်နဲ့ အလေးချိန်ဟာ ကိုက်ညီနေဖို့လိုအပ်ပါတယ်။. ဒါမှလဲ ကြည့်ကောင်းမယ် စမတ်ကျမယ်….ကျန်းမာရေးနဲ့ညီညွတ်မယ်…ခုပြထားတဲ့ ဇယားမှာ Small ကအနည်းဆုံး ရှိရမယ် အလေးချိန်ကို ဆိုလိုပါတယ်၊ Medium ကရှိသင့် အလေးချိန်ကိုပြတာပါ။ Largeကတော့ သင့် အလေးချိန်
တချို့တွေအတွက်တော့ တပတ်တာရဲ့အလုပ်နားရက်တွေဟာ နေ့စဉ်အလုပ်တွေကနေ ကင်းလွတ်ခွင့်ရတဲ့ အခိုက်အတန့်တွေဖြစ်ပြီး တစ်ချို့တွေအတွက်ကတော့ ယှဉ်ပြိုင်မှုမှာ ရှေ့ကနေဦးဆောင်နိုင်ဖို့ အလုပ်နားရက် တွေမှာတောင်မှ မနားမနေအလုပ်တွေလုပ်နေကြရတတ်ပါတယ်။ ဒီတော့ အလုပ်နားရက်တွေကို ကုန်ဆုံးပုံ နည်းလမ်းမှန်မမှန်ဆိုတာကို သိနိုင်ဖို့အတွက် အောင်မြင်ကျော်ကြားသူတွေ သူတို့ရဲ့အလုပ်နားရက်ကို ဘယ်လိုကုန်ဆုံးကြသလဲဆိုတာကို လေ့လာကြည့်နိုင်ဖို့ တင်ပြလိုက်ပါတယ်။Elon Musk SpaceX နဲ့ Tesla
အသစ်အသစ်တွေကို အမြန်လေ့လာနိုင်ဖို့ နည်းလမ်း ၁၀ ခု ———————————————————— အမြန်လေ့လာသင်ကြားနိုင်မှုဟာ စွမ်းရည်တစ်ခုပါပဲ။ အခုလိုမျိုး တစ်နှစ်နဲ့ တစ်နှစ် ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ လေ့လာနိုင်စွမ်း မြင့်မားဖို့ လိုအပ်ပါတယ်။ ပညာတစ်ခုကို အတတ်လွယ်သူတွေက ဘယ်လိုနည်းစနစ်တွေကို သုံးကြပါသလဲ။ လေ့လာနိုင်စွမ်းမြင့်မားစေမယ့် အိုင်ဒီယာတစ်ချို့ကို ကျွန်တော်တို့ ရွေးထားပါတယ်။ အောက်မှာ ဖတ်ကြည့်ပါ။
စီးပွားရေးလောကထဲမှာ ယုံကြည်မှုဆိုတာ အံ့ဩစရာကိစ္စတွေကို လုပ်ပေးနိုင်ပါတယ်။ လူတစ်ယောက်ကို လုပ်ငန်းရှင်တစ်ယောက်အဖြစ် စီးပွားရေးလုပ်ငန်းတွေကို တိုးတက်အောင် လုပ်ပေးနိုင်ပါတယ်။ အခြားတစ်ဖက်မှာတော့ အဆိုးမြင်ယုံကြည်မှုတွေဟာ သင့်အောင်မြင်မှုကို ဖျက်ဆီးပစ်နိုင်ပါတယ်။ အဲဒိထဲမှာမှ အဆိုးရွားဆုံး ယုံကြည်မှု လေးခုကို ဖော်ပြလိုက်ပါတယ်။ ၁. ဒါမဖြစ်နိုင်ပါဘူးကွာ အဆိုးမြင်တာတွေထဲမှာ ဒါမဖြစ်နိုင်ပါဘူးကွာ ဆိုတာလောက် ဆိုးတာ မရှိပါဘူး။
အချစ်နဲ့ မကင်းသူများအတွက် အရေးပါတဲ့ အမှန်တရားများ (အပိုင်း၁) —————————————————————- အသက်နှစ်ဆယ်ကျော်အရွယ်ရောက်ပြီဆိုတာနဲ့ ချစ်မှုရေးရာကိစ္စတွေ ကြုံတွေ့လာရမှာဖြစ်ပြီး အချစ်နဲ့ ပတ်သက်တဲ့ အရေးပါတဲ့အမှန်တရာတွေကို သဘောပေါက်လာပါလိမ့်မယ်။ ဒါ့ကြောင့် အချစ်၊ ဘ၀နဲ့ ချစ်မှုရေးရာကိစ္စတွေနဲ့ပတ်သက်ပြီး အမျိုးသားတိုင်းသိဖို့လိုအပ်တဲ့ အမှန်တရား(၂၂)ခုကို ဖော်ပြလိုက်ပါတယ်။ ၁။ ချစ်သူရည်းစားတစ်ယောက်ရပြီဆိုတာနဲ့ သူမကိုပေးရတဲ့အချိန်က သူငယ်ချင်းတွေနဲ့အတူရှိနေချိန်တွေထက် ပိုများလာတတ်ပါတယ်။
လျှပ်စစ် မုတ်ဆိတ်ရိတ်စက် သုံးမလား၊ ဘလိတ်ဓား သုံးမလား (ZawGyi) ———————————————————————– မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွှေးကို သန့်သန့်ရှင်းရှင်း ထားဖို့ဟာ ယောက်ျားတွေရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် အရမ်းအရေးကြီးပါတယ်။ အကောင်းဆုံး ပုံစံရဖို့ မုတ်ဆိတ်ရိတ်ရာမှာ သုံးတဲ့ ပစ္စည်းဟာ အရေးကြီးပါတယ်။ မုတ်ဆိတ်ရိတ်ဖို့ သင်တုန်းဓားကနေ ဘလိတ်ဓား၊ အဲဒိကနေ
တစ်ကိုယ်ရည် အာသာဖြေခြင်းရဲ့ အကျိုး ၅ ခု (အမျိုးသားကျန်းမာရေး) —————————————————————————— တစ်ကိုယ်ရည် အာသာဖြေခြင်းမှာ သိပ္ပံနည်းကျ အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ “အာသာဖြေခြင်းဟာ ကျန်းမာတဲ့ လိင်ဆက်ဆံမှုဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ သူဟာ လုံခြုံစိတ်ချရပြီး အန္တရာယ်မရှိပါဘူး။ နေ့တိုင်းသွားတိုက်တာထက်တောင် ကျန်းမာရေးအတွက် ပိုကောင်းပါသေးတယ်။” လို့ လိင်ပိုင်းဆိုင်ရာကျန်းမာရေး
ဟောက်လွန်းလို့ စိတ်ညစ်နေပါသလား ဟောက်တာအတွက် ကုသနည်းလမ်းတစ်ခု ရှာတွေ့ပါပြီ။ လျှာနဲ့ ပါးစပ်လေ့ကျင့်ခန်းတွေဟာ ဟောက်တဲ့အကြိမ်အရေအတွက်နဲ့ အသံကျယ်တာကို လျှော့ချပေးနိုင်ပါတယ်။ ဟောက်တယ်ဆိုတာ ပါးစပ် လျှာနဲ့ အာခေါင်က ကြွက်သားတွေဟာ သင့်ရဲ့ အသက်ရှုလမ်းကြောင်းကို ပိတ်တဲ့အထိ ပြေလျော့သွားလို့ပါ။ ဟောက်သံဟာ စိတ်ညစ်ဖို့ကောင်းပါတယ်။ တခါတစ်လေမှာဆိုရင် အသက်ရှုမဝလွန်းလို့ အိပ်ရာက လန့်နိုးတဲ့အထိ
ပျမ်းမျှအားဖြင့်ဇနီးမယားတွေ သူတို့ လင်ယောက်ျားမသိအောင် လျို့ဝှက်ထားတတ်တဲ့ အရာ ၅ ခု ——————————————————————– လက်ထပ်ပြီးနောက်မှာ သူ့ဘဝ ကိုယ့်ဘဝ မခွဲခြားပဲ ပစ္စည်းတွေကို အတူတူသုံးစွဲတာ၊ လျှို့ဝှက်ချက် မထားတာဟာ ဘဝပျော်ရွှင်ဖို့ အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် အရမ်းချစ်တဲ့ ချစ်သူဆီကတောင် မိန်းကလေးတွေ လျှို့ဝှက်ထားတတ်တာတွေ ရှိပါတယ်။
သင့်အနေနဲ့ အလုပ်တစ်ခုကို ပျင်းစရာကောင်းတယ်၊ ဒါမှမဟုတ် ခက်ခဲတယ်လို့ ထငပြီး အာရုံစိုက်လုပ်ဖို့ အခက်တွေနေပါသလား။ အလုပ်ကို စိတ်အာရုံမရှိပဲ တခြားကိုပဲပျံ့လွင့်နေပါသလား။ အချိန်တွေဆွဲပြီး မလုပ်ချင်မကိုင်ဖြစ်နေပါသလား။ ဒါတွေဖြစ်နေပြီဆိုရင်တော့ သင့်ရဲ့စိတ်စွမ်းအားကို ပြန်လည်မြှင့်တင်ဖို့ လိုအပ်နေပြီ ဆိုတဲ့သဘောပဲဖြစ်ပါတယ်။ စိတ်စွမ်းအားဟာ သင့်အတွက်အင်အားဖြစ်စေနိုင်သလို စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့၊ နောက်ကောက်ကျ မကျန်ခဲ့စေဖို့ နဲ့