ပန္းေသပန္းညႇိဳးေရာဂါ ကာကြယ္ဖို႔ နည္းလမ္း ၁၀ ခု

တစ္ခါတစ္ေလမွာ ေထာင္မတ္မလာတာက ပန္းေသပန္းညႇိဳးေရာဂါေၾကာင့္ မဟုတ္ပါဘူး။ အဲဒါဟာ ကပ္ပယ္အိတ္ ပင္ပန္းသြားလို႔၊ ဒါမွမဟုတ္ စိတ္ဖိစီးမႈ မ်ားလို႔ ျဖစ္တာပါ။ ဒါေပမယ့္ အျမဲလိုလိုျဖစ္ေနမယ္ဆိုရင္ေတာ့ အဲဒါဟာ ပန္းေသပန္းညႇိဳး ျဖစ္ႏိုင္ပါတယ္။ တစ္ႏွစ္ကို အေမရိကန္က ေယာက္်ားေပါင္း ၁၅ သန္းကေန သန္း ၃၀ အထိ ဒီေရာဂါကို ခံစားေနရပါတယ္။ အသက္ႀကီးလာတာနဲ႔ ပန္းေသပန္းညႇိဳးျဖစ္ဖို႔ မ်ားလာေပမယ့္ အဲဒါဟာ ေ႐ွာင္လႊဲလို႔ မရတာေတာ့ မဟုတ္ပါဘူး။ ပန္းေသပန္းညႇိဳးေရာဂါကို ေ႐ွာင္လႊဲႏိုင္ဖို႔ လိုက္နာရမယ့္ အခ်က္ ၁၀ ခ်က္ကို ေအာက္မွာ ေဖာ္ျပထားပါတယ္။

၁. ကိုယ္အေလးခ်ိန္ ထိန္းပါ

ကိုယ္အေလးခ်ိန္ကို က်န္းမာေနေအာင္ ထိမ္းသိမ္းတာဟာ လိင္အဂၤါ ေတာင့္တင္းေစဖို႔နဲ႔ ေသြးေၾကာေတြ ေကာင္းမြန္ေနေအာင္ ကာကြယ္ဖို႔အတြက္ အေရးႀကီးပါတယ္။ ေသြးေၾကာေတြမေကာင္းလို႔ ေသြးလံုေလာက္ေအာင္ မရရင္ လိင္တံ ေတာင့္တင္းဖို႔ ခက္ခဲလာေစပါတယ္။ အဝလြန္ျခင္းနဲ႔ ဆက္စပ္ေနတဲ့ ဆီးခ်ိဳေရာဂါဟာလဲ လိင္တံက အာရံုေၾကာေတြကို ထိခိုက္ေစပါတယ္။

၂. ေလ့က်င့္ခန္း လုပ္ပါ

သင္ ကိုယ္အေလးခ်ိန္ ပံုမွန္ဆိုရင္ေတာင္ ေလ့က်င့္ခန္း လုပ္တာဟာ သင့္ရဲ႕ လိင္မႈ စြမ္းေဆာင္ရည္ကို တိုးတက္ေစပါတယ္။ ေလ့က်င့္ခန္းလုပ္သူေတြမွာ ပန္းေသပန္းညႇိဳးျဖစ္ဖို႔နည္းေၾကာင္း ေလ့လာေတြ႕႐ွိရပါတယ္။ ေလ့က်င့္ခန္းဟာ စိတ္ဖိစီးမႈကို ေလ်ာ့က်ေစၿပီး လိင္ကိစၥမွာ စိတ္ေက်နပ္မႈ ပိုရေစပါတယ္။

၃. အစားအေသာက္ ဆင္ျခင္ပါ

ပန္းေသပန္းညႇိဳးျဖစ္မွာ စိုးရိမ္တဲ့ ေယာက္်ားေတြဟာ ႏွလံုးအတြက္ ေကာင္းမြန္တဲ့ အစာ အာဟာရကို စားေပးသင့္ပါတယ္။ ေသြးလွည့္စနစ္ဟာ လိင္အဂၤါအတြက္ အေရးႀကီးလို႔ပါ။ သစ္သီးေတြ၊ ဟင္းသီးဟင္းရြက္ေတြ၊ အဆီမပါတဲ့ အသားေတြဟာ အရမ္းအေထာက္အကူျပဳပါတယ္။

၄. အိပ္ေရးဝဝအိပ္ပါ

အိပ္ေရးမဝျခင္းဟာ လိင္တံေထာင္မတ္ေနမႈကို ေလ်ာ့နည္းေစတာ ေတြ႕ရပါတယ္။ လိင္တံဟာ အိပ္ေရးဝၿပီး အားျပည့္ေနတဲ့ အခ်ိန္မွာ အေထာင္မတ္ဆံုးပါ။ မနက္ပိုင္းအခ်ိန္မွာ လိင္ဆက္ဆံေပးရင္ ပိုေက်နပ္မႈ ရေစမွာပါ။

၅. စိတ္ဖိစီးမႈကို ေ႐ွာင္က်ဥ္ပါ

စိတ္ဖိစီးမႈဟာ လိင္မႈကိစၥနဲ႔ လိင္တံ ေထာင္မတ္ေနေစဖို႔ိကုိ အမ်ားႀကီး ဆိုးက်ိဳးသက္ေရာက္ေစပါတယ္။ စိတ္ဖိစီးမႈဟာ အသက္အရြယ္တိုင္းမွာ ျဖစ္ေပၚႏိုင္လို႔ လူငယ္ေတြလဲ လူႀကီးေတြလို ပန္းညႇိဳးႏိုင္တာပါ။ တရားထိုင္ျခင္း၊ ေယာဂနဲ႔ အႏွိပ္ခံျခင္းတို႔ဟာ စိတ္ဖိစီးမႈကို ေျဖေဖ်ာက္ႏိုင္ၿပီး ပန္းညႇိဳးမႈကို ေလ်ာ့က်ေစပါတယ္။

၆. ႂကြက္သားႀကီးထြားေစတဲ့ စတီးရြိဳက္ေဆးေတြ မသံုးပါနဲ႔

စတီးရိြဳက္ေဆးေတြဟာ ျမံဳျခင္း၊ သုတ္ေကာင္အေရအတြက္ ေလ်ာ့နည္းျခင္းနဲ႔ တက္စတိုစတီ႐ုန္းေဟာ္မုန္းလယ္ဗယ္ေတြကို ကေမာက္ကမ ျဖစ္ေစႏိုင္ပါတယ္။ သံုးစြဲတာ အခ်ိန္ၾကာလာတာနဲ႔အမ်ွ တက္စတိုစတီ႐ုန္းေဟာ္မုန္းထြက္႐ွိမႈ ေလ်ာ့နည္းသြားၿပီး ပန္းညႇိဳးေစပါတယ္။ အလံုးစုံ ျပန္ေကာင္းဖို႔ လူအေပၚနဲ႔ ေသာက္ခဲ့တဲ့ ပမာဏအေပၚ မူတည္ၿပီး ၃ လကေန ၁၂ လ အခ်ိန္ယူရပါတယ္။

၇. အရက္ ၾကည့္ေသာက္ပါ

အရက္မူးေနရင္ လိင္ေကာင္းေကာင္းမဆက္ဆံႏိုင္ပါဘူး။ အရက္ကို ထိန္းၿပီး ေသာက္ျခင္းဟာ အႏၱရာယ္ မ႐ွိေပမယ့္ အရက္ကိုမဆင္မျခင္ အရမ္းေသာက္ရင္ အသည္းျပသနာေတြနဲ႔ အာရံုေၾကာစနစ္ကို ထိခိုက္ေစၿပီး ပန္းေသပန္းညႇိဳး ျဖစ္ပြားေစပါတယ္။

၈. ေဆးလိပ္ျဖတ္ပါ

ေဆးလိပ္ဟာ လိင္တံက်န္းမာေရးရဲ႕ အဓိကရန္သူပါ။ ေဆးလိပ္ေသာက္ျခင္းဟာ လိင္တံေထာင္မတ္ဖို႔ အဓိကလိုအပ္တဲ့ ေသြးေၾကာမ်ွင္ေလးေတြကို က်ဥ္းသြားေစပါတယ္။ ေဆးလိပ္မေသာက္တဲ့သူေတြမွာ ပိုၿပီးမာေၾကာသန္မာတဲ့ လိင္တံေတြ႐ွိၿပီး ပိုၿပီး စြမ္းေဆာင္ႏိုင္ၾကပါတယ္။

၉. တက္စတိုစတီ႐ုန္း ေလ်ာ့နည္းမႈကို သတိျပဳၾကည့္ပါ

တက္စတိုစတီ႐ုန္းဟာ လိင္တံေတာင္မတ္ေစတဲ့ ေယာက္်ားေဟာ္မုန္းပါ။ သင့္ရဲ႕ တက္စတိုစတီ႐ုန္းလယ္ဗယ္ေတြ ေလ်ာ့နည္းေနရင္ ပန္းေသပန္းညႇိဳးျဖစ္ေစႏိုင္ပါတယ္။ ပင္ပန္းလာတာ၊ အေမႊးအမ်ွင္ေတြ ေလ်ာ့နည္းလာတာ၊ ႂကြက္သားေလ်ာ့နည္းလာတာနဲ႔ လိင္ကိစၥမွာ စိတ္ဝင္စားမႈ ေလ်ာ့နည္းလာတာေတြက တက္စတိုစတီ႐ုန္း ေလ်ာ့နည္းေနတဲ့ လကၡဏာေတြပါ။

၁၀. ၾကမ္းတမ္းတဲ့ လိင္ဆက္ဆံပံုကို ေ႐ွာင္က်ဥ္ပါ

လိင္တံဟာ က်ိဳးႏိုင္ပါတယ္။ လိင္တံမွာ အ႐ိုးမပါေပမယ့္ ေကြးလိုက္ရင္ စုတ္ျပဲသြားႏိုင္တဲ့ ရာဘာလို အရြတ္ ၂ ခုနဲ႔ ထိန္းထားတာပါ။ မိန္းမက အေပၚမွာေနတဲ့ ပံုစံနဲ႔ ေဒၚဂီစတိုင္ေတြမွာ ေကြးမိသြားတာ အမ်ားဆံုးပါ။ လိင္တံ ေတာင္မတ္မႈ ေလ်ာ့နည္းေနရင္လည္း လိင္ဆက္ဆံတဲ့ အခါမွာ ေကြးတတ္ပါတယ္။ အဲဒါဟာ အရမ္းနာက်င္ၿပီးေတာ့ လိင္တံကို ဒဏ္ရာရေစပါတယ္။ ျပန္ေကာင္းသြားရင္လည္း က်န္ခဲ့တဲ့ အနာရြတ္ေတြေၾကာင့္ လိင္တံ ေကာင္းေကာင္းေသြးမေလ်ွာက္ေတာ့ရင္ ပန္းေသပန္းညႇိဳး ျဖစ္ေစႏိုင္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ပန်းသေပန်းညှိုးရောဂါ ကာကွယ်ဖို့ နည်းလမ်း ၁၀ ခု

တစ်ခါတစ်လေမှာ ထောင်မတ်မလာတာက ပန်းသေပန်းညှိုးရောဂါကြောင့် မဟုတ်ပါဘူး။ အဲဒါဟာ ကပ်ပယ်အိတ် ပင်ပန်းသွားလို့၊ ဒါမှမဟုတ် စိတ်ဖိစီးမှု များလို့ ဖြစ်တာပါ။ ဒါပေမယ့် အမြဲလိုလိုဖြစ်နေမယ်ဆိုရင်တော့ အဲဒါဟာ ပန်းသေပန်းညှိုး ဖြစ်နိုင်ပါတယ်။ တစ်နှစ်ကို အမေရိကန်က ယောက်ျားပေါင်း ၁၅ သန်းကနေ သန်း ၃၀ အထိ ဒီရောဂါကို ခံစားနေရပါတယ်။ အသက်ကြီးလာတာနဲ့ ပန်းသေပန်းညှိုးဖြစ်ဖို့ များလာပေမယ့် အဲဒါဟာ ရှောင်လွှဲလို့ မရတာတော့ မဟုတ်ပါဘူး။ ပန်းသေပန်းညှိုးရောဂါကို ရှောင်လွှဲနိုင်ဖို့ လိုက်နာရမယ့် အချက် ၁၀ ချက်ကို အောက်မှာ ဖော်ပြထားပါတယ်။

၁. ကိုယ်အလေးချိန် ထိန်းပါ

ကိုယ်အလေးချိန်ကို ကျန်းမာနေအောင် ထိမ်းသိမ်းတာဟာ လိင်အင်္ဂါ တောင့်တင်းစေဖို့နဲ့ သွေးကြောတွေ ကောင်းမွန်နေအောင် ကာကွယ်ဖို့အတွက် အရေးကြီးပါတယ်။ သွေးကြောတွေမကောင်းလို့ သွေးလုံလောက်အောင် မရရင် လိင်တံ တောင့်တင်းဖို့ ခက်ခဲလာစေပါတယ်။ အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့ ဆီးချိုရောဂါဟာလဲ လိင်တံက အာရုံကြောတွေကို ထိခိုက်စေပါတယ်။

၂. လေ့ကျင့်ခန်း လုပ်ပါ

သင် ကိုယ်အလေးချိန် ပုံမှန်ဆိုရင်တောင် လေ့ကျင့်ခန်း လုပ်တာဟာ သင့်ရဲ့ လိင်မှု စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။ လေ့ကျင့်ခန်းလုပ်သူတွေမှာ ပန်းသေပန်းညှိုးဖြစ်ဖို့နည်းကြောင်း လေ့လာတွေ့ရှိရပါတယ်။ လေ့ကျင့်ခန်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး လိင်ကိစ္စမှာ စိတ်ကျေနပ်မှု ပိုရစေပါတယ်။

၃. အစားအသောက် ဆင်ခြင်ပါ

ပန်းသေပန်းညှိုးဖြစ်မှာ စိုးရိမ်တဲ့ ယောက်ျားတွေဟာ နှလုံးအတွက် ကောင်းမွန်တဲ့ အစာ အာဟာရကို စားပေးသင့်ပါတယ်။ သွေးလှည့်စနစ်ဟာ လိင်အင်္ဂါအတွက် အရေးကြီးလို့ပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အဆီမပါတဲ့ အသားတွေဟာ အရမ်းအထောက်အကူပြုပါတယ်။

၄. အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးမဝခြင်းဟာ လိင်တံထောင်မတ်နေမှုကို လျော့နည်းစေတာ တွေ့ရပါတယ်။ လိင်တံဟာ အိပ်ရေးဝပြီး အားပြည့်နေတဲ့ အချိန်မှာ အထောင်မတ်ဆုံးပါ။ မနက်ပိုင်းအချိန်မှာ လိင်ဆက်ဆံပေးရင် ပိုကျေနပ်မှု ရစေမှာပါ။

၅. စိတ်ဖိစီးမှုကို ရှောင်ကျဉ်ပါ

စိတ်ဖိစီးမှုဟာ လိင်မှုကိစ္စနဲ့ လိင်တံ ထောင်မတ်နေစေဖိို့ကို အများကြီး ဆိုးကျိုးသက်ရောက်စေပါတယ်။ စိတ်ဖိစီးမှုဟာ အသက်အရွယ်တိုင်းမှာ ဖြစ်ပေါ်နိုင်လို့ လူငယ်တွေလဲ လူကြီးတွေလို ပန်းညှိုးနိုင်တာပါ။ တရားထိုင်ခြင်း၊ ယောဂနဲ့ အနှိပ်ခံခြင်းတို့ဟာ စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်ပြီး ပန်းညှိုးမှုကို လျော့ကျစေပါတယ်။

၆. ကြွက်သားကြီးထွားစေတဲ့ စတီးရွိုက်ဆေးတွေ မသုံးပါနဲ့

စတီးရွိုက်ဆေးတွေဟာ မြုံခြင်း၊ သုတ်ကောင်အရေအတွက် လျော့နည်းခြင်းနဲ့ တက်စတိုစတီရုန်းဟော်မုန်းလယ်ဗယ်တွေကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ သုံးစွဲတာ အချိန်ကြာလာတာနဲ့အမျှ တက်စတိုစတီရုန်းဟော်မုန်းထွက်ရှိမှု လျော့နည်းသွားပြီး ပန်းညှိုးစေပါတယ်။ အလုံးစုံ ပြန်ကောင်းဖို့ လူအပေါ်နဲ့ သောက်ခဲ့တဲ့ ပမာဏအပေါ် မူတည်ပြီး ၃ လကနေ ၁၂ လ အချိန်ယူရပါတယ်။

၇. အရက် ကြည့်သောက်ပါ

အရက်မူးနေရင် လိင်ကောင်းကောင်းမဆက်ဆံနိုင်ပါဘူး။ အရက်ကို ထိန်းပြီး သောက်ခြင်းဟာ အန္တရာယ် မရှိပေမယ့် အရက်ကိုမဆင်မခြင် အရမ်းသောက်ရင် အသည်းပြသနာတွေနဲ့ အာရုံကြောစနစ်ကို ထိခိုက်စေပြီး ပန်းသေပန်းညှိုး ဖြစ်ပွားစေပါတယ်။

၈. ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်ဟာ လိင်တံကျန်းမာရေးရဲ့ အဓိကရန်သူပါ။ ဆေးလိပ်သောက်ခြင်းဟာ လိင်တံထောင်မတ်ဖို့ အဓိကလိုအပ်တဲ့ သွေးကြောမျှင်လေးတွေကို ကျဉ်းသွားစေပါတယ်။ ဆေးလိပ်မသောက်တဲ့သူတွေမှာ ပိုပြီးမာကြောသန်မာတဲ့ လိင်တံတွေရှိပြီး ပိုပြီး စွမ်းဆောင်နိုင်ကြပါတယ်။

၉. တက်စတိုစတီရုန်း လျော့နည်းမှုကို သတိပြုကြည့်ပါ

တက်စတိုစတီရုန်းဟာ လိင်တံတောင်မတ်စေတဲ့ ယောက်ျားဟော်မုန်းပါ။ သင့်ရဲ့ တက်စတိုစတီရုန်းလယ်ဗယ်တွေ လျော့နည်းနေရင် ပန်းသေပန်းညှိုးဖြစ်စေနိုင်ပါတယ်။ ပင်ပန်းလာတာ၊ အမွှေးအမျှင်တွေ လျော့နည်းလာတာ၊ ကြွက်သားလျော့နည်းလာတာနဲ့ လိင်ကိစ္စမှာ စိတ်ဝင်စားမှု လျော့နည်းလာတာတွေက တက်စတိုစတီရုန်း လျော့နည်းနေတဲ့ လက္ခဏာတွေပါ။

၁၀. ကြမ်းတမ်းတဲ့ လိင်ဆက်ဆံပုံကို ရှောင်ကျဉ်ပါ

လိင်တံဟာ ကျိုးနိုင်ပါတယ်။ လိင်တံမှာ အရိုးမပါပေမယ့် ကွေးလိုက်ရင် စုတ်ပြဲသွားနိုင်တဲ့ ရာဘာလို အရွတ် ၂ ခုနဲ့ ထိန်းထားတာပါ။ မိန်းမက အပေါ်မှာနေတဲ့ ပုံစံနဲ့ ဒေါ်ဂီစတိုင်တွေမှာ ကွေးမိသွားတာ အများဆုံးပါ။ လိင်တံ တောင်မတ်မှု လျော့နည်းနေရင်လည်း လိင်ဆက်ဆံတဲ့ အခါမှာ ကွေးတတ်ပါတယ်။ အဲဒါဟာ အရမ်းနာကျင်ပြီးတော့ လိင်တံကို ဒဏ်ရာရစေပါတယ်။ ပြန်ကောင်းသွားရင်လည်း ကျန်ခဲ့တဲ့ အနာရွတ်တွေကြောင့် လိင်တံ ကောင်းကောင်းသွေးမလျှောက်တော့ရင် ပန်းသေပန်းညှိုး ဖြစ်စေနိုင်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%