ပက်လက် (Missionary)
ဒေါ့ဂီ (Doggy)
အိပ်လျက် (Woman on top)
ပွေ့ဖက် (spooning)
မတ်တပ် (standing)
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
လိင်ဆက်ဆံပုံနဲ့ စိတ်နေသဘောထား
တချို့ယောကျ်ားတွေက ပက်လက် အနေအထားကို ကြိုက်ပါတယ်။ တစ်ချို့က ဒေါ့ဂီစတိုင်ပါ။ တချို့က အောက်မှာနေရတာကိုကြိုက်ပြီး တချို့က ထိုင်လျက်ပါ။ သင့်ရဲ့ အကြိုက်ဆုံး အနေအထားက သင့်ကို အကောင်းဆုံးခံစားရစေလို့ပါ။ ဒါပေမယ့် သင့်ရဲ့ အကြိုက်ဆုံးအနေအထားက သင့်အကြောင်းကို တစ်စိတ်တစ်ဒေသဖော်ပြနေပါတယ်။
ပက်လက် (Missionary)
ပက်လက်အနေအထားကတော့ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးပါ။ ကျွန်တော်တို့ လိင်ကိစ္စ စလုပ်တဲ့ပုံစံပါ။ အပြာဇာတ်လမ်းတွေထဲမှာလဲ အများဆုံးတွေ့ရပါတယ်။ ဒီပုံစံကြိုက်တဲ့သူတွေဟာ မလုံခြုံသလို ခံစားနေတတ်ရပြီး သူတို့အဖော် ကောင်းနေတာကို မြင်နေမှ စိတ်လုံခြံုပါတယ်။ လိင်ကိစ္စမှာ ထိန်းချုပ်နေရတာကို ကြိုက်တတ်ပြီးတော့ အကောင်းဆုံး ဆောင့်အားကို ပေးတတ်ပါတယ်။ သူတို့ဟာ တခြားပုံစံတွေကို သုံးလို့ အစွမ်းမပြနိုင်မှာ ကြောက်နေတတ်ကြပါတယ်။
အပြောင်းအလဲ အနေနဲ့ တခြား ပိုပြီးကြမ်းတဲ့ ပုံစံတွေကို သုံးကြည့်ပါ။ တကယ်လို့ သင်က ပက်လက်အနေအထားမှာပဲ ပြီးအောင်လုပ်နိုင်မယ်ဆိုရင်တော့ ပြသနာ နည်းနည်းရှိပါတယ်။ သင့်ရဲ့ ဆက်ဆံပုံကို နည်းနည်း ပြောင်းလဲရပါမယ်။ အမျိုးသမီးကို အပေါ်မှာနေစေပြီးစမ်းကြည့်ပါ။ အဆင်ပြေနိုင်ပါတယ်။ သူလည်း စိတ်တိုင်းကျနေလို့ရတာပေါ့။
ဒေါ့ဂီ (Doggy)
ဒီပုံစံကို မကြိုက်တဲ့ယောက်ျား မရှိပါဘူး။ ဒီပုံစံဟာ နည်းနည်း ကြမ်းတမ်းပါတယ်။ အရိုင်းဆန်ပါတယ်။ ဒီပုံစံသုံးတဲ့သူတွေဟာ သူတို့ ရိုမန်တစ် မဆန်မှာ ကြောက်တတ်ကြပါတယ်။ သူမရဲ့ နားရွက်နားလေး ကပ်ပြီး စကားလေးတွေ ပြောချင်တာနဲ့ မသွင်းဖြစ်တော့ပါဘူး။
ဒီပုံစံက အထဲကို အနက်ရှိုင်းဆုံး ဝင်စေပါတယ်။ အနက်ရှိုင်းဆုံး ဝင်စေတော့ အထိအတွေ့အချို့ကို ဆုံးရှံုးလိုက်ရပါတယ်။ အဲဒိအတွက် မကြာခဏ ထိုင်လျက်ပြောင်းလုပ်ပေးပါ။ ထိုင်လျက် ပွေ့ဖက်ပြီး လုပ်ပေးတာက သင့်ရဲ့ အမျိုးသမီးအတွက် ရိုမန်တစ်ဆန်ပါတယ်။
အိပ်လျက် (Woman on top)
ဒီနည်းလမ်းရဲ့ အရသာကတော့ လုပ်နည်းအများကြီးရှိပါတယ်။ အကုန်လုံး သူမသဘောပါ။ အမျိုးသမီးတွေကို အပေါ်မှာ နေစေတဲ့ သူတွေဟာ သူတို့ အမျိုးသမီး ကောင်းစေဖို့ အဓိကထားတတ်သူတွေပါ။ သူက လုပ်ပေးနိုင်ပြီး အလုပ်ပေးလဲ ခံနိုင်ပါတယ်။ နှစ်ယောက်တူတူ ပြီးဆုံးစေချင်တဲ့ သူတွေပါ။
အောက်ကနေပြီး ကောင်မလေးကို ပြန်ကြည့်ရတာ လူတိုင်းကြိုက်ပါတယ်။ ဒါပေမယ့် အပေါ်တစ်ပြန် အောက်တစ်ပြန် နေပေးပါ။ သူမက တစ်ယောက်တစ်လှည့်စီ စိတ်ကြိုက်လုပ်တာကို ပိုနှစ်သက်ပါလိမ့်မယ်။ အပေါ်ကနေ ကိုယ့်ကောင်မလေးကောင်းနေတာ ပြန်ကြည့်ရတာလဲ မဆိုးပါဘူး။
ပွေ့ဖက် (spooning)
ပွေ့ဖက်ပြီး ထိုင်လျက် လုပ်ပေးတာဟာ ရိုမန်တစ်အဆန်ဆုံး ပုံစံပါ။ ပျော့ပြောင်းနူးညံ့တဲ့ ယောက်ျားလေးတွေ ဒီပုံစံကို ကြိုက်တတ်ပါတယ်။ တချို့သူတွေကျ ကိုယ့်ချစ်သူကို အကောင်းဆုံး ဖြေဖျော်ပေးချင်လို့ပါ။
ရိုမန်တစ်ဆန်တာ ကြိုက်ကြပေမယ့် အပြောင်းအလဲ အနေနဲ့ ကြမ်းကြမ်းလေး တစ်လှည့်လုပ်ပေးသင့်ပါတယ်။ ပွေ့ဖက်နေလျက်မှာပဲ ကလစ်ကို ကစားပေးလို့ရပါတယ်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေနိုင်တဲ့ ပက်လက်ပုံစံလေးနဲ့ အထဲကို ပိုထိအောင် ပေးလို့ရပါတယ်။
မတ်တပ် (standing)
တံခါးအဝနားမှာဖြစ်ဖြစ် မီးဖိုချောင်ထဲမှာဖြစ်ဖြစ် ရေတူတူချိုးရင်းဖြစ်ဖြစ် မတ်တပ်တကြောင်းလောက်ဆွဲလိုက်ချင်သူတွေဟာ စွန့်စားရတာကြိုက်ပြီး နောက်တီးနောက်တောက် ဆန်သူတွေပါ။ လူမိသွားမှာ စိုးရိမ်ရင်းနဲ့ အရသာခံပြီး အကျိုးအကြောင်းကို သိပ်စဉ်းစားလေ့ မရှိတတ်ပါဘူး။
အပြောင်းအလဲတွေဟာဟာ သင့် လိင်ဆက်ဆံမှုကို ပျော်စရာကောင်းစေပါတယ်။ အဲဒါကြောင့် တစ်ခါလာလဲ ဒီနေရာမှာ မတ်တပ်ပဲ လုပ်မနေပါနဲ့တော့။ နေရာပြောင်းပါ။ ပုံစံပြောင်းပါ။ စားပွဲပေါ်မှာ မှောက်ရက်လေး နေခိုင်းကြည့်ပါ။ ပိုပြီး ပျော်စရာ ကောင်းလာမှာပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
Related Posts
Discover more from Gentleman Magazine
Subscribe now to keep reading and get access to the full archive.
Continue reading
%%footer%%