အသက္(၃၀)ထိ ေအာင္ျမင္မႈမရခဲ့သည့္ စြန္႔ဦးလုပ္ငန္းရွင္မ်ား

အသက္(၃၀)ထိ ေအာင္ျမင္မႈမရခဲ့သည့္ စြန္႔ဦးလုပ္ငန္းရွင္မ်ား

ေအာင္ျမင္တဲ့လုပ္ငန္းတစ္ခုကို တည္ေဆာက္ႏိုင္ဖို႔ အသက္အရြယ္ငယ္ေနဖို႔ မလိုပါဘူး။ အခုေဖာ္ျပမယ့္ စြန္႔ဦးလုပ္ငန္းရွင္ (၁၀)ဦးဟာဆိုရင္ သူတို႔အသက္ (၃၀)ေက်ာ္သည္အထိ ဘာမွစြမ္းေဆာင္ေအာင္ျမင္ခဲ့တာမ်ိဳး မရွိခဲ့ပါဘူး။

၁။ Jack Dorsey (Twitter)

Jack Dorsey ဟာ သူ႔အသက္ (၂၀)ေက်ာ္အခ်ိန္က စကိတ္သမားတစ္ေယာက္အျဖစ္ပဲ ရွိပါေသးတယ္။ သူ႔ရဲ႕ ပထမဆံုးလုပ္ငန္းကို နယူးေယာက္ၿမိဳ႕မွာ စတင္လုပ္ေဆာင္ခဲ့ၿပီး အငွားယာဥ္၀န္ေဆာင္မႈလုပ္ငန္းတစ္ခု ျဖစ္ပါတယ္။ ဒီလုပ္ငန္းမေအာင္ျမင္တဲ့အခါမွာ နည္းပညာလုပ္ငန္းတစ္ခုကို လုပ္ကိုင္ေနတဲ့ Ev Williams နဲ႔ ဆက္သြယ္ၿပီး instant messaging ၀န္ေဆာင္မႈစိတ္ကူးကို ခ်ျပခဲ့ပါတယ္။ ဒီစိတ္ကူးကို Williams ကလည္း သေဘာက်ၿပီး Dorsey နဲ႔ပူးေပါင္းအေကာင္အထည္ေဖာ္ခဲ့ရကေန Twitter ဆိုတာျဖစ္လာခဲ့ပါတယ္။ Twitter မွာ Dorsey ကို CEO ခန္႔အပ္ခ်ိန္မွာ သူ႔အသက္က (၃၀)ျဖစ္ေနပါၿပီ။

၂။ Tim Westergren (Pandora)

Tim Westergren ဟာ Pandora အသက္(၃၅)ႏွစ္မွာမွ စတင္ထူေထာင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အခ်ိန္ႏွစ္ႏွစ္ေလာက္ၾကာတဲ့အထိ လစာမေပးႏိုင္ခဲ့ပါဘူး။ Pandora ကို မတည္ေထာင္ခင္မွာ Tim Westergren ဟာ နာမည္မေက်ာ္ၾကားတဲ့ ဂီတသမား၊ သီခ်င္းေရးဆရာတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ Pandora ကို စတင္ထူေထာင္ခဲ့ခ်ိန္မွာ hardware ကုမၸဏီအေနနဲ႔စတင္ခဲ့တာျဖစ္ၿပီး ၀န္ထမ္းေတြကို အခ်ိန္ႏွစ္ႏွစ္ၾကာသည္အထိ လစာမေပးႏိုင္ခဲ့ပါဘူး။ သူ႔အသက္(၃၇)ႏွစ္ေရာက္မွာသာ Pandora ဟာ အြန္လုိင္းေရဒီယိုခ်န္နယ္လ္တစ္ခုအေနနဲ႔ ေအာင္ျမင္လာတာျဖစ္ပါတယ္။

၃။ Jan Koum (WhatsApp)

WhatsApp ကို မဖန္တီးခင္မွာ Jan Koum ဟာ Facebook မွာအလုပ္လုပ္ဖို႔ ေလွ်ာက္ထားခဲ့ရာမွာ အပယ္ခံခဲ့ရပါတယ္။ Jan Koum ဟာ သူ႔ရဲ႕ အသက္(၃၃)ႏွစ္ေျမာက္ေမြးေန႔မွာ WhatsApp ကို စတင္ထူေထာင္ခဲ့ပါတယ္။

၄။ Jack Ma (Alibaba)

Jack Ma အေနနဲ႔ ပထမဆံုးကြန္ပ်ဴတာကို စတင္အသံုးျပဳခ်ိန္က အသက္(၃၀)ေက်ာ္ေနၿပီျဖစ္ပါတယ္။ အခုခ်ိန္မွာ သူ႔ရဲ႕ပိုင္ဆိုင္မႈက ေဒၚလာ(၂၂.)ဘီလီယံေက်ာ္ေနၿပီျဖစ္ေပမယ့္ အသက္(၃၀)ေက်ာ္ဘ၀ကို အ႐ႈံးေတြနဲ႔ ျဖတ္သန္းခဲ့ရသူျဖစ္ပါတယ္။ ေကာလိပ္၀င္ခြင့္စာေမးပြဲကို သံုးႀကိမ္တိုင္တိုင္က်႐ႈံးခဲ့သလို KFC အပါအ၀င္အလုပ္ကိုင္ေတာ္ေတာ္မ်ားမ်ားကို ေလွ်ာက္ထားရမွာလည္း ပယ္ခ်ခံခဲ့ရပါတယ္။ အသက္(၃၁)ႏွစ္မွာ China Yellow Pages ကုမၸဏီကို စတင္ထူေထာင္ခဲ့ၿပီး သံုးႏွစ္အတြင္း ေဒၚလာ()သိန္းေလာက္၀င္ေငြရရွိခဲ့ပါတယ္။ အသက္(၃၅)ႏွစ္ေရာက္တဲ့အခ်ိန္မွာမွ Alibaba ကုမၸဏီကို စတင္ထူေထာင္ခဲ့တာျဖစ္ပါတယ္။

၅။ Ben Horowitz (LoudCloud)

Ben ဟာ အသက္(၃၃)ႏွစ္မွာ သူ႔ရဲ႕ပထမဆံုးကုမၸဏီကို စတင္ထူေထာင္ခဲ့ၿပီး ေဒ၀ါလီခံလုမတတ္ျဖစ္ခဲ့ပါတယ္။ ၁၉၈၈ ခုႏွစ္မွာ ဘြဲ႕ရခဲ့ၿပီး အခ်ိန္()ႏွစ္ၾကာေအာင္ အလုပ္တစ္ခုၿပီးတစ္ခုေျပာင္းေနခဲ့ပါတယ္။ အသက္(၂၉)ႏွစ္မွာ Ben ဟာ Netscape ကုမၸဏီမွာ Product manager အျဖစ္အလုပ္လုပ္ခဲ့ပါတယ္။ ေနာက္ပိုင္း (၁၉၉၉)ခုႏွစ္မွာေတာ့ Netscape တည္ေထာင္သူ Marc Andreessen နဲ႔ပူးေပါင္းၿပီး LoudCloud ကို စတင္ခဲ့ပါတယ္။ ဒီအခ်ိန္မွာ သူ႔အသက္က (၃၃)ႏွစ္ရွိေနပါၿပီ။

၆။ Sam Walton (WalMart)

Sam Walton ဟာ WalMart ကို မတည္ေထာင္ခင္မွာ ေယာကၡမျဖစ္သူနဲ႔အတူ စတိုးဆိုင္အေသးစားေလးတစ္ခုကိုပဲ ပိုင္ဆိုင္ခဲ့ပါတယ္။ ၁၉၄၅ ခုႏွစ္မွာ ေယာကၡမျဖစ္သူထံက ေဒၚလာ(၂၀၀၀၀)ကို ေခ်းၿပီး Ben Franklin ကုန္စံုဆိုင္လုပ္ပိုင္ခြင့္ကို ၀ယ္ယူခဲ့ပါတယ္။ ေနာက္သံုးႏွစ္ၾကာေတာ့ မိုင္(၂၂၀)အကြာက Ben Franklin ဆိုင္တစ္ဆိုင္ကို ထပ္မံ၀ယ္ယူခဲ့ေပမယ့္ ၀န္ထမ္းေတြကို လစာေပးဖို႔ေတာင္ အႏိုင္ႏိုင္ျဖစ္ေနခဲ့ပါတယ္။ ၁၉၄၅ ခုႏွစ္ေႏွာင္းပိုင္းမွာေတာ့ အသက္ (၄၄)ႏွစ္ရွိေနၿပီျဖစ္တဲ့ Sam Walton ဟာ သူရဲ႕စီးပြားေရး အေတြ႕အၾကံဳေတြကို အေျခခံၿပီး WalMart အေရာင္းဆိုင္တစ္ခုကို စတင္ဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။

၇။ Peter Thiel (PayPal)

Peter Thiel ဟာ PayPal ကို မတည္ေထာင္ခင္က ဘ၀အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ေရွ႕ေနတစ္ဦးျဖစ္ပါတယ္။ ေရွ႕ေနအလုပ္ကို စြန္႔လႊတ္ခဲ့ၿပီး ()လအၾကာမွာ Credit Suisse ကုမၸဏီအတြက္ အလုပ္လုပ္ေပးခဲ့ၿပီးေနာက္ထပ္()ႏွစ္အၾကာ အသက္(၃၁)ႏွစ္အရြယ္မွာမွ PayPalကို စတင္တည္ေထာင္ခဲ့တာ ျဖစ္ပါတယ္။ ေနာက္ေလးႏွစ္အၾကာမွာ PayPal ကို e-bay က ေဒၚလာ(.)ဘီလီယံနဲ႔ ၀ယ္ယူသြားခဲ့ၿပီး သူ႔ရဲ႕ ပိုင္ဆိုင္မႈရွယ္ယာတန္ဖိုးက ေဒၚလာသန္း(၅၀)ေလာက္အထိ ရွိေနပါတယ္။

၈။ Reed Hastings (Pure Software)

Reed Hastings ဟာ အသက္(၂၀)ေက်ာ္အရြယ္ကို ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕အတြင္းမွာ ကုန္ဆံုးခဲ့ပါတယ္။ သူ႔အေနနဲ႔ Netflix ကို မစတင္မွီက ေအာင္ျမင္တဲ့လုပ္ငန္းရွင္တစ္ေယာက္ျဖစ္လာလိမ့္မယ္လို႔ ဘယ္သူကမွ ထင္မထားပါဘူး။ ၁၉၉၁ ခုႏွစ္ သူ႔အသက္(၃၁)ႏွစ္မွာ Hastings ဟာ Pure Software ကုမၸဏီကို စတင္ထူေထာင္ခဲ့တာျဖစ္ပါတယ္။

၉။ Henry Ford (Ford Motor Company)

Henry Ford ဟာ အသက္(၄၀)မွာ Ford ကုမၸဏီကို မတည္ေထာင္ခင္က ေမာ္ေတာ္ကားေရွ႕ေျပးပံုစံေတြနဲ႔ အ႐ႈံးေတြ တစ္ခုၿပီးတစ္ခုရင္ဆိုင္ေနခဲ့ရတာျဖစ္ပါတယ္။ လူသားသမိုင္းေၾကာင္းတစ္ေလွ်ာက္ ေဒၚလာ(၁၉၉)ဘီလီယံအထိ ခ်မ္းသာၾကြယ္၀မလာခင္က သူ႔ရဲ႕ပထမဆံုးကုမၸဏီႏွစ္ခုကို ေဒ၀ါလီခံခဲ့ရပါတယ္။ Ford ဟာ ကားေတြနဲ႔ပတ္သက္လာရင္ အေသးစိတ္ကအထိ ၿပီးျပည့္စံုမႈကို လိုခ်င္တာေၾကာင့္ အၿပီးသတ္ရမယ့္အခ်ိန္ေတြကို လြဲေခ်ာ္ခဲ့ၿပီး က်႐ႈံးခဲ့တာျဖစ္ပါတယ္။


အသက်(၃၀)ထိ အောင်မြင်မှုမရခဲ့သည့် စွန့်ဦးလုပ်ငန်းရှင်များ

အောင်မြင်တဲ့လုပ်ငန်းတစ်ခုကို တည်ဆောက်နိုင်ဖို့ အသက်အရွယ်ငယ်နေဖို့ မလိုပါဘူး။ အခုဖော်ပြမယ့် စွန့်ဦးလုပ်ငန်းရှင် (၁၀)ဦးဟာဆိုရင် သူတို့အသက် (၃၀)ကျော်သည်အထိ ဘာမှစွမ်းဆောင်အောင်မြင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။

၁။ Jack Dorsey (Twitter)
Jack Dorsey ဟာ သူ့အသက် (၂၀)ကျော်အချိန်က စကိတ်သမားတစ်ယောက်အဖြစ်ပဲ ရှိပါသေးတယ်။ သူ့ရဲ့ ပထမဆုံးလုပ်ငန်းကို နယူးယောက်မြို့မှာ စတင်လုပ်ဆောင်ခဲ့ပြီး အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဒီလုပ်ငန်းမအောင်မြင်တဲ့အခါမှာ နည်းပညာလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတဲ့ Ev Williams နဲ့ ဆက်သွယ်ပြီး instant messaging ဝန်ဆောင်မှုစိတ်ကူးကို ချပြခဲ့ပါတယ်။ ဒီစိတ်ကူးကို Williams ကလည်း သဘောကျပြီး Dorsey နဲ့ပူးပေါင်းအကောင်အထည်ဖော်ခဲ့ရကနေ Twitter ဆိုတာဖြစ်လာခဲ့ပါတယ်။ Twitter မှာ Dorsey ကို CEO ခန့်အပ်ချိန်မှာ သူ့အသက်က (၃၀)ဖြစ်နေပါပြီ။

၂။ Tim Westergren (Pandora)
Tim Westergren ဟာ Pandora အသက်(၃၅)နှစ်မှာမှ စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အချိန်နှစ်နှစ်လောက်ကြာတဲ့အထိ လစာမပေးနိုင်ခဲ့ပါဘူး။ Pandora ကို မတည်ထောင်ခင်မှာ Tim Westergren ဟာ နာမည်မကျော်ကြားတဲ့ ဂီတသမား၊ သီချင်းရေးဆရာတစ်ယောက်ဖြစ်ခဲ့ပါတယ်။ Pandora ကို စတင်ထူထောင်ခဲ့ချိန်မှာ hardware ကုမ္ပဏီအနေနဲ့စတင်ခဲ့တာဖြစ်ပြီး ဝန်ထမ်းတွေကို အချိန်နှစ်နှစ်ကြာသည်အထိ လစာမပေးနိုင်ခဲ့ပါဘူး။ သူ့အသက်(၃၇)နှစ်ရောက်မှာသာ Pandora ဟာ အွန်လိုင်းရေဒီယိုချန်နယ်လ်တစ်ခုအနေနဲ့ အောင်မြင်လာတာဖြစ်ပါတယ်။

၃။ Jan Koum (WhatsApp)
WhatsApp ကို မဖန်တီးခင်မှာ Jan Koum ဟာ Facebook မှာအလုပ်လုပ်ဖို့ လျှောက်ထားခဲ့ရာမှာ အပယ်ခံခဲ့ရပါတယ်။ Jan Koum ဟာ သူ့ရဲ့ အသက်(၃၃)နှစ်မြောက်မွေးနေ့မှာ WhatsApp ကို စတင်ထူထောင်ခဲ့ပါတယ်။

၄။ Jack Ma (Alibaba)
Jack Ma အနေနဲ့ ပထမဆုံးကွန်ပျူတာကို စတင်အသုံးပြုချိန်က အသက်(၃၀)ကျော်နေပြီဖြစ်ပါတယ်။ အခုချိန်မှာ သူ့ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ(၂၂.၅)ဘီလီယံကျော်နေပြီဖြစ်ပေမယ့် အသက်(၃၀)ကျော်ဘဝကို အရှုံးတွေနဲ့ ဖြတ်သန်းခဲ့ရသူဖြစ်ပါတယ်။ ကောလိပ်ဝင်ခွင့်စာမေးပွဲကို သုံးကြိမ်တိုင်တိုင်ကျရှုံးခဲ့သလို KFC အပါအဝင်အလုပ်ကိုင်တော်တော်များများကို လျှောက်ထားရမှာလည်း ပယ်ချခံခဲ့ရပါတယ်။ အသက်(၃၁)နှစ်မှာ China Yellow Pages ကုမ္ပဏီကို စတင်ထူထောင်ခဲ့ပြီး သုံးနှစ်အတွင်း ဒေါ်လာ(၈)သိန်းလောက်ဝင်ငွေရရှိခဲ့ပါတယ်။ အသက်(၃၅)နှစ်ရောက်တဲ့အချိန်မှာမှ Alibaba ကုမ္ပဏီကို စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။

၅။ Ben Horowitz (LoudCloud)
Ben ဟာ အသက်(၃၃)နှစ်မှာ သူ့ရဲ့ပထမဆုံးကုမ္ပဏီကို စတင်ထူထောင်ခဲ့ပြီး ဒေဝါလီခံလုမတတ်ဖြစ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဘွဲ့ရခဲ့ပြီး အချိန်(၇)နှစ်ကြာအောင် အလုပ်တစ်ခုပြီးတစ်ခုပြောင်းနေခဲ့ပါတယ်။ အသက်(၂၉)နှစ်မှာ Ben ဟာ Netscape ကုမ္ပဏီမှာ Product manager အဖြစ်အလုပ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်း (၁၉၉၉)ခုနှစ်မှာတော့ Netscape တည်ထောင်သူ Marc Andreessen နဲ့ပူးပေါင်းပြီး LoudCloud ကို စတင်ခဲ့ပါတယ်။ ဒီအချိန်မှာ သူ့အသက်က (၃၃)နှစ်ရှိနေပါပြီ။

၆။ Sam Walton (WalMart)
Sam Walton ဟာ WalMart ကို မတည်ထောင်ခင်မှာ ယောက္ခမဖြစ်သူနဲ့အတူ စတိုးဆိုင်အသေးစားလေးတစ်ခုကိုပဲ ပိုင်ဆိုင်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်မှာ ယောက္ခမဖြစ်သူထံက ဒေါ်လာ(၂၀၀၀၀)ကို ချေးပြီး Ben Franklin ကုန်စုံဆိုင်လုပ်ပိုင်ခွင့်ကို ဝယ်ယူခဲ့ပါတယ်။ နောက်သုံးနှစ်ကြာတော့ မိုင်(၂၂၀)အကွာက Ben Franklin ဆိုင်တစ်ဆိုင်ကို ထပ်မံဝယ်ယူခဲ့ပေမယ့် ဝန်ထမ်းတွေကို လစာပေးဖို့တောင် အနိုင်နိုင်ဖြစ်နေခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်နှောင်းပိုင်းမှာတော့ အသက် (၄၄)နှစ်ရှိနေပြီဖြစ်တဲ့ Sam Walton ဟာ သူရဲ့စီးပွားရေး အတွေ့အကြုံတွေကို အခြေခံပြီး WalMart အရောင်းဆိုင်တစ်ခုကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

၇။ Peter Thiel (PayPal)
Peter Thiel ဟာ PayPal ကို မတည်ထောင်ခင်က ဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ရှေ့နေတစ်ဦးဖြစ်ပါတယ်။ ရှေ့နေအလုပ်ကို စွန့်လွှတ်ခဲ့ပြီး (၇)လအကြာမှာ Credit Suisse ကုမ္ပဏီအတွက် အလုပ်လုပ်ပေးခဲ့ပြီးနောက်ထပ်(၃)နှစ်အကြာ အသက်(၃၁)နှစ်အရွယ်မှာမှ PayPalကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ နောက်လေးနှစ်အကြာမှာ PayPal ကို e-bay က ဒေါ်လာ(၁.၅)ဘီလီယံနဲ့ ဝယ်ယူသွားခဲ့ပြီး သူ့ရဲ့ ပိုင်ဆိုင်မှုရှယ်ယာတန်ဖိုးက ဒေါ်လာသန်း(၅၀)လောက်အထိ ရှိနေပါတယ်။

၈။ Reed Hastings (Pure Software)
Reed Hastings ဟာ အသက်(၂၀)ကျော်အရွယ်ကို ငြိမ်းချမ်းရေးတပ်ဖွဲ့အတွင်းမှာ ကုန်ဆုံးခဲ့ပါတယ်။ သူ့အနေနဲ့ Netflix ကို မစတင်မှီက အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်မထားပါဘူး။ ၁၉၉၁ ခုနှစ် သူ့အသက်(၃၁)နှစ်မှာ Hastings ဟာ Pure Software ကုမ္ပဏီကို စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။

၉။ Henry Ford (Ford Motor Company)
Henry Ford ဟာ အသက်(၄၀)မှာ Ford ကုမ္ပဏီကို မတည်ထောင်ခင်က မော်တော်ကားရှေ့ပြေးပုံစံတွေနဲ့ အရှုံးတွေ တစ်ခုပြီးတစ်ခုရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။ လူသားသမိုင်းကြောင်းတစ်လျှောက် ဒေါ်လာ(၁၉၉)ဘီလီယံအထိ ချမ်းသာကြွယ်ဝမလာခင်က သူ့ရဲ့ပထမဆုံးကုမ္ပဏီနှစ်ခုကို ဒေဝါလီခံခဲ့ရပါတယ်။ Ford ဟာ ကားတွေနဲ့ပတ်သက်လာရင် အသေးစိတ်ကအထိ ပြီးပြည့်စုံမှုကို လိုချင်တာကြောင့် အပြီးသတ်ရမယ့်အချိန်တွေကို လွဲချော်ခဲ့ပြီး ကျရှုံးခဲ့တာဖြစ်ပါတယ်။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%