ငွေစုဖို့အတွက် အကောင်းဆုံးနည်းလမ်း (၆)ခု

ကျွန်တော်တို့အားလုံး ငွေကြေးစုဆောင်းရမယ်ဆိုတာ သိကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အဖတ်တင်အောင် စုဆောင်းဖြစ်တဲ့ ငွေကြေးက ပြောပလောက်အောင် မရှိပါဘူး။ ဒီလိုဖြစ်နေရတာဟာ ငွေကြေးစုဆောင်းပုံနည်းစနစ် မမှန်လို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ငွေကြေးစုဆောင်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်း (၁၀)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ အကြွေးတွေ အရင်ရှင်းပါ

ငွေကြေးစုဆောင်းဖို့ ကြိုးစားတော့မယ်ဆိုရင် ပေးစရာရှိတဲ့အကြွေးတွေကို အရင်ပေးလိုက်တာ အကောင်းဆုံးပါပဲ။ အကြွေးပေးစရာတွေ အကုန်ပေးဆပ်ပြီးမှသာ ငွေစုဆောင်းသင့်ပါတယ်။ အကြွေးနဲ့ အတိုးတွေမရှိတော့တဲ့အခါ ငွေစုဆောင်းရတာ ပိုလွယ်လာပါလိမ့်မယ်။ ဒါ့ကြောင့် ပေးစရာအကြွေးတွေ ပေးဆပ်ဖို့ အရင်ကြိုးစားပါ။

၂။ ငွေစုဆောင်းဖို့ ရည်မှန်းချက်တွေ ချမှတ်ပါ

ငွေစုဆောင်းဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ ဘာအတွက်ငွေစုမယ်ဆိုတာကို စိတ်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ နောက်သုံးနှစ်အတွင်း အိမ်အရစ်ကျဝယ်ဖို့၊ ကားဝယ်ဖို့၊ အိမ်ထောင်ပြုဖို့ စသဖြင့် ရည်မှန်းချက်တစ်ခုခု ထားပြီး ငွေစုရင် ပိုလွယ်ပါတယ်။ သင့်မှာ ရည်မှန်းချက်တစ်ခု ရှိနေမယ်ဆိုရင် လစဉ်ငွေပမာဏ ဘယ်လောက်စုရမယ်ဆိုတာကို သိလာပါလိမ့်မယ်။။

၃။ မိမိကိုယ်ကို အရင်ပေးပါ

သင့်ဝင်ငွေရဲ့ တစိတ်တဒေသက သင့်အတွက်ဖြစ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့ဝင်ငွေအလုံးစုံက သင်ကိုယ်တိုင်အတွက် မဟုတ်ပဲ မဖြစ်မနေပေးရမယ့် ကုန်ကျစရိတ်တွေ ရှိနေပါတယ်။ ဥပမာ မီတာခ၊ ရေဖိုး အခွန်အခတွေနဲ့ စားဝတ်နေရေးအသုံးစရိတ်တွေဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ လစဉ်ဝင်ငွေရဲ့ ၁၀ ပုံပုံ ၁ ပုံကို တနည်းအားဖြင့် ၁၀ ရာခိုင်နှုန်းကို သင့်ရဲ့ကိုယ်ပိုင်ငွေဖြစ်ဖို့ ဖယ်ထားသင့်ပါတယ်။ ဒီပမာဏက အသုံးစရိတ်ကို ထိခိုက်လောက်အောင် မများသလို ရေရှည်မှာ အကျိုးရှိစေမှာ သေချာပါတယ်။

၄။ ဆေးလိပ် အရက်ဖြတ်ပါ

သင်က ဆေးလိပ် အရက် သောက်တတ်စားတတ်သူတစ်ယောက်ဖြစ်မယ်ဆိုရင် ဖြတ်ဖို့ ကြိုးစားသင့်ပါတယ်။ ဒီအရာတွေက အကျိုးမရှိပဲ ငွေကုန်ကြေးကျများစေသလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကျန်းမာရေးထိခိုက်တဲ့အခါမှာ ကုသစရိတ်ကြောင့် ငွေကုန်ကြေးကျများနိုင်ပါတယ်။ ဒါ့ကြောင့် အသောက်အစားလျှော့ပြီးကျန်းမာရေးကို ဂရုစိုက်ပါ။ တစ်ခုခုဖြစ်မှ ကုသတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာက ပိုကောင်းပါတယ်။

၅။ Staycation သွားပါ

Staycation ဆိုတာကတော့ Vacation ခရီးရှည်ကြီးတွေလို အကုန်အကျမများပဲ အနားယူနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ ဒါ့ကြောင့် လေယာဉ်လက်မှတ်၊ ကားလက်မှတ်ဖိုးတွေ အများကြီး အကုန်ခံပြီး Vacation သွားမယ့်အစား အိမ်နဲ့အနီးအနားက သာယာတဲ့နေရာတစ်ခုမှာ သွားအနားယူပါ။

၆။ နေ့လယ်စာ ထမင်းဘူးထည့်ပါ

ဒီအချိန်က ငွေကြေးကို ချွေတာနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ သင့်ရဲ့ နေ့လည်စာကို အပြင်ကနေ ဝယ်စားမယ့်အစား အိမ်ကနေ ချက်သွားတာက ကျန်းမာရေးနဲ့လည်း ညီညွတ်သလို အကုန်အကျလည်း သက်သာစေပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%