အဝတ်အစားတွေကို မီးပူတိုက်ဝတ်သင့်တဲ့ အကြောင်းရင်းများ

အင်္ကျီအဝတ်အစားတွေကို မီးပူတိုက်ရတာကို သဘောမကျဘူးလား။ ဒါဆိုရင်တော့ အဝတ်အစားတွေကို မီးပူတိုက်ဝတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို မသိသေးလို့ ဖြစ်ပါလိမ့်မယ်။ အင်္ကျီအဝတ်အစားတွေကို မီးပူတိုက်ဝတ်ဆင်ခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

၁။ ပိုးမွှားတွေကို သေစေနိုင်တယ်။

သင့်ရဲ့ အဝတ်အစားတွေကို လျှော်ဖွတ်လိုက်ရုံနဲ့ အဝတ်အထည်တွေမှာ ကပ်ညိနေတဲ့ ပိုးမွှားတွေ အားလုံးကို မရှင်းလင်းပေးနိုင်ပါဘူး။ ဒါ့အပြင် လျှော်ဖွတ်ပြီးသားအဝတ်တွေကို အပြင်ဖက်မှာ ထုတ်လှမ်းပြီးအခြောက်ခံတဲ့အခါမှာ နောက်ထပ် ပိုးမွှားနဲ့ ဘက်တီးရီးယားတွေ ကပ်ငြိလာနိုင်ပါတယ်။ ဒီပိုးမွှားတွေ အားလုံးရှင်းသွားစေဖို့ အကောင်းဆုံးနည်းလမ်းက မီးပူတိုက်ခြင်းပဲ ဖြစ်ပါတယ်။

၂။ အဝတ်အထည်တွေကို ကျုံ့မသွားစေဘူး။

အဝတ်အစားတွေကို မလျှော်ခင်မှာ အမျိုးအစားအလိုက် လျှော်ဖွတ်သင့်တဲ့ နည်းလမ်းနဲ့ မီးပူတိုက်သင့်မတိုက်သင့်ကို လေဘယ်မှာ သေချာလေ့လာသင့်ပါတယ်။ လူအများစုက ဒီအချက်ကို သေချာမဖတ်ပဲ လျှော်ဖွတ်မီးပူတိုက်မိတဲ့အခါ အဝတ်အထည်တွေ ကျုံ့သွားတာ၊ ကျယ်သွားတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အထည်အမျိုးအစားအလိုက် မီးပူတိုက်သင့် မတိုက်သင့် အညွှန်းကို သေချာဖတ်ပါ။

၃။ အဝတ်အစားတွေကို ပိုပြီးကြည့်ကောင်းသပ်ရပ်စေတယ်။

အင်္ကျီအဝတ်အစားတွေကို မီးပူတိုက်ပြီးဝတ်တာက ပိုပြီးသပ်ရပ်ကြည့်ကောင်းသလို စတိုင်လည်း ကျစေနိုင်ပါတယ်။ တွန့်ကြေနေတဲ့ အဝတ်အစားတွေက သင့်ကို အပျင်းကြီးသူတစ်ယောက်အဖြစ် ပြောပြနေသလိုပါပဲ။ ဒါ့ကြောင့် မီးပူတိုက်ပြီး သပ်ရပ်စွာ ဝတ်ဆင်သင့်ပါတယ်။

၄။ အဝတ်အစားတွေကို ကြာရှည်ခံစေတယ်။

မီးပူတိုက်ခြင်းရဲ့ နောက်ထပ် အကျိုးကျေးဇူးတစ်ခုက သင့်ရဲ့အဝတ်အစားတွေကို ကြာရှည်ခံစေတာပဲ ဖြစ်ပါတယ်။ မီးပူလိုက်ခြင်းအားဖြင့် ချုပ်ရိုးတွေနဲ့ ချည်သားကို ပိုမိုတင်းရင်းပုံကျစေပြီး ရာသီဥတုဒဏ်နဲ့ သာမန်ထိခိုက်မှုတွေကို ခံနိုင်ရည်ရှိသွားစေပါတယ်။

၅။ အနံ့ဆိုးတွေကို ဖယ်ရှားပေးတယ်။

အဝတ်အစားတွေကို မီးပူတိုက်လိုက်ခြင်းအားဖြင့် အနံ့အသက်ပိုကောင်းသွားစေတာကို သတိထားမိပါသလား။ အပူချိန်က အနံ့ဆိုတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် မီးပူတိုက်ရာမှာ သုံးတဲ့ အမွှေးရည်ကလည်း သင့်အဝတ်အစားတွေရဲ့ အနံ့အသက်ကို ကောင်းမွန်စေနိုင်ပါတယ်။

၆။ လူတွေရဲ့ အမြင်ကို ကောင်းစေတယ်။

အဝတ်အစားကို သပ်သပ်ရပ်ရပ်နဲ့ စတိုင်ကျကျဝတ်ဆင်တတ်သူတိုင်းက မီးပူတိုက်ပြီးမှ ဝတ်ကြပါတယ်။ အင်္ကျီအဝတ်အစားတွေကို မီးပူတိုက်ဝတ်ခြင်းက သင့်အပေါ် လူတွေရဲ့ အမြင်ကို ကောင်းမွန်စေပြီး ဘယ်အချိန်ဖြစ်ဖြစ် သပ်ရပ်ကြည့်ကောင်းနေစေနိုင်ပါတယ်။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

အခြားစိတ်ဝင်စားစရာဆောင်းပါးအလန်းစား အကြမ်းစားတွေကို

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%