ဘာလုပ်ရမှန်းမသိရင် ဘာလုပ်မလဲ?

သင် ဒီလိုမျိုး ခံစားဖူးပါသလား?

ဒီကမ္ဘာကြီးပေါ်မှာ သင်လုပ်နိုင်တာ ဘာတစ်ခုမှမရှိတော့သလိုမျိုး၊ ဘာမှအဖိုးမတန်သလိုနဲ့ ဆက်လက်ရှင်သန်ဖို့ ရည်ရွယ်ချက် ရှာမတွေ့တာမျိုး ခံစားရဖူးပါသလား။

ဒီလို ခံစားချက်မျိုးနဲ့ ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေတာမျိုးက အသက်အရွယ်မရွေး ခံစားရနိုင်ပါတယ်။ အထူးသဖြင့် သင့်ရဲ့အနာဂတ်က မရေမရာ ဝေဝါးနေချိန်မျိုးမှာ ပိုသိသာပါတယ်။

ဒီခံစားချက်နဲ့ ရှင်သန်နေလို့ ဘာမှဖြစ်မလာဘူးဆိုတာတော့ သတိရပါ။ ဒါ့ကြောင့် သင့်ဘဝမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့အခါ လုပ်သင့်တဲ့အရာတွေကို အကြံပေးချင်ပါတယ်။

၁။ အနာဂတ်အတွက် အစီအစဉ်ဆွဲပါ။

သင့်ဘဝအတွက် အနာဂတ်အစီအစဉ်တွေမရှိရင် လမ်းပျောက်သလို ခံစားချက်က ပိုပြင်းထန်လာတတ်ပါတယ်။ ဒါပေမယ့် ဘဝဆိုတာကလည်း မနက်ဖြန်မှာ ဘာတွေကြုံတွေ့ရမယ်ဆိုတာ မသိရလောက်အောင် အချိုးအကွေ့၊ အလှည့်အပြောင်းတွေ များလှပါတယ်။ ဒါပေမယ့် ဘာကိုပဲကြည့်တွေ့ရသည်ဖြစ်စေ သင့်အတွက် ပျော်ရွှင်စရာတွေကို ရှာဖွေဖို့က သင့်တာဝန်ပါပဲ။ သင့်ရဲ့ဝါသနာ၊ သင့်ကိုပျော်ရွှင်စေတဲ့ အရာတွေကို အခြေခံပြီး အစီအစဉ်ဆွဲပါ။ သင်လိုချင်တဲ့ ဘဝတစ်ခုကို ပုံစံချပြီး တဆင့်ချင်းကြိုးစား အကောင်အထည်ဖော်ကြည့်ပါ။

၂။ အဆင်မပြေတာတွေကို ညှိနှိုင်းပါ။

ဘဝခရီးက ပန်းခင်းလမ်းမဟုတ်တာကြောင့် အခက်အခဲတွေက ကြုံရမှာပါပဲ။ ဒါပေမယ့် အခက်အခဲကြုံရတိုင်း လက်လျှော့လိုက်ဖို့ တွေးမနေပါနဲ့။ သင့်ရဲ့ Comfort Zone ထဲက ထွက်ပြီး ကျော်ဖြတ်နိုင်အောင် ကြိုးစားပါ။ ခက်ခဲတယ်လို့ ထင်ရရုံနဲ့ လက်လျှော့မနေပါနဲ့။

၃။ စေတနာ့ဝန်ထမ်းလုပ်ပါ။

သင့်ဘဝမှာ ဘာလုပ်ရမှန်းမသိ ရည်ရွယ်ချက်ပျောက်နေရင် စေတနာ့ဝန်ထမ်း(လုပ်အားပေး)ဝင်လုပ်တာက အကောင်းဆုံးပါပဲ။ စေတနာ့ဝန်ထမ်းလုပ်ဆောင်ခြင်းက သင့်ရဲ့ ဝါသနာနဲ့ စိတ်အားထက်သန်ရာက ဘာလဲဆိုတာကို ဖော်ထုတ်ပေးနိုင်ပါတယ်။ ဘယ်နေရာတွေမှာ သင် အရည်အချင်းရှိလဲ၊ ပါရမီပါလဲဆိုတာကိုလည်း သိရှိနိုင်စေပါတယ်။ နယ်ပယ်စုံက အတွေ့အကြုံကောင်းတွေ ရရှိစေနိုင်ပြီး သင့်အိပ်မက်ကို အကောင်အထည်ဖော်ရမှာလည်း အသုံးဝင်လာမှာ ဖြစ်ပါတယ်။

၄။ တက်တက်ကြွကြွနေပါ။

နေ့စဉ်ရည်မှန်းချက်သေးသေးလေးတွေ ချမှတ်လုပ်ဆောင်ခြင်းက သင့်ကို တက်ကြွစေနိုင်ပါတယ်။ ဘာမှလုပ်စရာမရှိဘူးဆိုပြီး နေမြင့်အောင် အိပ်နေမယ့်အစား မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်ဖို့ ရည်မှန်းထားပါ။ ဒီနေ့မှာ အခါ ၅၀ ဒိုက်ထိုးနိုင်ရင် နောက်နေ့မှာ ၆၀ ထိုးနိုင်ဖို့ ရည်မှန်းထားပါ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေမှ မဟုတ်ပါဘူး။ စိတ်ပါဝင်စားတဲ့ ပညာရပ်တစ်ခုခု၊ ဘာသာစကားတစ်ခုခု လေ့လာတာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒီအတိုင်းအချိန်ကုန်မသွားစေပဲ တက်တက်ကြွကြွရှိနေဖို့က အဓိကပါ။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

အခြားစိတ်ဝင်စားစရာဆောင်းပါးအလန်းစား အကြမ်းစားတွေကို

Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%