သင့်ဘဝထဲကို မှန်ကန်တဲ့သူတွေရောက်လာအောင် ဆွဲဆောင်နိုင်ဖို့ နည်းလမ်းများ

လူတွေဟာ လူမှုရေးနဲ့ မကင်းနိုင်ကြပါဘူး။ ဘယ်လောက်ပဲ သီးခြားနေချင်နေပါစေ အပေါင်းအသင်းကောင်းတွေကို အမြဲရှာဖွေနေတတ်ကြပါတယ်။ ဒါပေမယ့် ဘယ်သူမဆို ပုံစံချင်းတူတဲ့ အပေါင်းအသင်းတွေကိုပဲ လိုချင်တတ်ကြပါတယ်။ ဒါ့ကြောင့် သင့်ဘဝမှာလည်း သင်လိုချင်တဲ့ပုံစံ၊ မှန်ကန်တဲ့ အပေါင်းအသင်းမိတ်ဆွေတွေရရှိနိုင်ဖို့ ဆွဲဆောင်နိုင်တဲ့ နည်းလမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ သင့်ကိုယ်သင် ဘယ်လိုလူမျိုးလဲ သိထားပါ။

ကျွန်တော်တို့အများစုက များသောအားဖြင့် ပတ်ဝန်းကျင်ရဲ့ အကြိုက်ကို လိုက်ပြီးနေတတ်ကြပါတယ်။ ကိုယ်ဖြစ်ချင်တဲ့အတိုင်း မနေတတ်ကြပါဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ ဘယ်လိုလူမျိုးဖြစ်ချင်လဲဆိုတာကို မေ့လျော့နေတတ်ကြပါတယ်။ ဒီလိုမဟုတ်ပဲ သင်ဖြစ်ချင်တဲ့အတိုင်း ဖြစ်အောင်နေပါ။ ဒါမှသာ သင်နဲ့ ပုံစံတူ၊ အမြင်ချင်းတူ၊ ရည်ရွယ်ချက်ချင်းတူတဲ့ သူတွေကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။

၂။ ဘယ်လိုလူမျိုးတွေကို လိုချင်တာလဲ သတ်မှတ်ထားပါ။

သင့်ရဲ့ဘဝထဲမှာ ဘယ်လိုလူမျိုးတွေ ရှိစေချင်တာလဲဆိုတာကို တတ်နိုင်သမျှ တိတိကျကျ သတ်မှတ်ထားသင့်ပါတယ်။ အချိန်လေးစားတတ်သူလား၊ အလုပ်ကြိုးစားတတ်သူလား၊ လူမှုရေးကောင်းသူလား၊ အမျှော်အမြင်ရှိသူလား စသဖြင့် သင်လိုချင်တဲ့ အရည်အချင်းတွေကို သတ်မှတ်ထားပါ။ ဒီသတ်မှတ်ချက်တွေအတိုင်း လိုက်ဖက်မယ့်သူတွေကို ရွေးချယ်ပါ။

၃။ လူတွေကို ငြင်းဆိုပါ။

သင့်အနေနဲ့ လူတိုင်းကို သဘောကျကျေနပ်အောင် မလုပ်ပေးနိုင်ဘူးဆိုတာ သတိရပါ။ ဒါ့ကြောင့် သင့်အတွက် မလိုအပ်တဲ့အရာတွေကို ငြင်းဆိုတတ်ဖို့ လိုပါတယ်။ ဒါဆိုရင် သင့်ရဲ့ ပုံစံနဲ့ မကိုက်ညီတဲ့သူတွေကို အလိုလိုဖယ်ရှားပြီးသားဖြစ်သလို ကိုက်ညီသူတွေကို ဆွဲဆောင်ပြီးသားဖြစ်စေပါတယ်။

၄။ သင့်ကိုယ်သင် ရှာဖွေတွေ့ရှိခံရအောင် နေပါ။

အခန်းထောင့်လေးထဲမှာ တစ်ယောက်ထဲ ထိုင်နေရုံနဲ့ သင့်အတွက် စစ်မှန်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေက အလိုလိုရောက်လာမှာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ရှာဖွေတွေ့ရှိခံရအောင် နေဖို့ လိုပါတယ်။ လူသစ်တွေနဲ့ တွေ့ဆုံပါ။ သူတို့နဲ့ တွေ့ဆုံပြောဆို သွားလာပါ။ သင်ဘယ်လိုလူလဲဆိုတာ သိအောင် ဖော်ပြသလို သူတို့အကြောင်းလဲ လေ့လာပါ။

၅။ တံခါးတွေ ဖွင့်ထားပါ။

သင်နဲ့ တွေ့ဆုံဆက်ဆံရသူတိုင်းအတွက် တံခါးတွေဖွင့်ထားမယ်ဆိုရင် သင့်ဘဝအတွက် စစ်မှန်တဲ့ မိတ်ဆွေတွေကို တွေ့ရနိုင်ပါတယ်။ မိတ်ဆွေစစ်တွေကို မတွေ့ရလည်း သင်ခန်းစာကောင်းတွေကို ရရှိနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဘဝထဲကို လူတွေဝင်လာစေဖို့ အခွင့်အလမ်းတေါ ဖွင့်ထားပေးပါ။ သင်ဘယ်လိုလူလဲဆိုတာ ပွင့်ပွင့်လင်းလင်း ဖော်ပြပါ။

၆။ လက်ရှိအချိန်မှာ ရှင်သန်ပါ။

လက်ရှိပစ္စုပ္ပန်မှာ မရှင်သန်ဘူးဆိုရင် အနာဂတ်က ရှိလာမှာမဟုတ်ပါဘူး။ သင့်ဘဝထဲကို မှန်ကန်တဲ့လူတွေ ရောက်လာဖို့ ထိုင်စောင့်မနေပါနဲ့။ လက်ရှိအချိန်ကိုအကောင်းဆုံးအသုံးချပြီး လူသစ်တွေနဲ့ တွေ့ဆုံပါ။ သူစိမ်းတွေနဲ့ စကားပြောကြည့်ပါ။ သူတို့က သင့်ရဲ့တစ်သက်စာ မိတ်ဆွေကောင်းတွေ ဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

အခြားစိတ်ဝင်စားစရာဆောင်းပါးအလန်းစား အကြမ်းစားတွေကို

Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%