ဘ၀မွာ မလုပ္သင့္တဲ့ အရာမ်ား

ဘ၀မွာ မလုပ္သင့္တဲ့ အရာမ်ား 

ဘဝမှာ မလုပ်သင့်တဲ့ အရာများ

၁။ မပ်င္းပါနဲ႔

ပ်င္းရိေနတာက အခ်ိန္ကုန္ေစပါတယ္။ စိတ္ကူးယဥ္မေနပါနဲ႔။ လုပ္စရာရွိတာ အခုပဲ ထလုပ္လိုက္ပါ။

၂။ ဘ၀ရဲ႕စိန္ေခၚမႈေတြကို ေရွာင္ဖို႔မႀကိဳးစားပါနဲ႔

ဘ၀ကို ပံုျပင္စာအုပ္တစ္အုပ္လို႔ သေဘာထားပါ။ တစ္ခ်ိဳ႕စာမ်က္ႏွာေတြ မရွိဘူးဆိုရင္ အဓိပၸါယ္ရွိမွာ မဟုတ္ပါဘူး။ ဘာကိုမွ မေက်ာ္ပဲ တစ္မ်က္ႏွာခ်င္းလွန္ဖတ္သြားရင္ ဘ၀ရဲ႕ရသကို ခံစားရမွာပါ။

၃။ တသမတ္တည္း မေလွ်ာက္လွမ္းပါနဲ႔

အသံရင္းျမစ္ ျဖစ္ဖို႔ႀကိဳးစားပါ။ ပဲ့တင္သံအျဖစ္ကို ေက်နပ္မေနပါနဲ႔။ ကိုယ္ပိုင္စိတ္ကူးအိပ္မက္အသစ္ေတြကို ေဖာ္ေဆာင္ဖို႔ သတိၱေမြးပါ။

၄။ အခ်ိန္ေကာင္းကို ေစာင့္မေနပါနဲ႔

အခ်ိန္နဲ႔အမွ် ျဖစ္ခ်င္တာေတြေရာ မျဖစ္ခ်င္တာေတြပါ ျဖစ္ပ်က္ေနၾကတာျဖစ္ပါတယ္။ အခ်ိန္ေကာင္းကို ေစာင့္မေနပါနဲ႔။ ၿပီးျပည့္စုံတဲ့ အခ်ိန္ဆိုတာ မရွိပါဘူး။ လုပ္စရာရွိတာကို လုပ္ျဖစ္ေအာင္လုပ္ပါ။

၅။ ဟန္မေဆာင္ပါနဲ႔

လူေတြဘယ္လိုထင္ျမင္ယူဆမလဲဆိုတာကို ေတြးပူၿပီး ကိုယ့္ကိုယ္ကို လိမ္ညာဟန္ေဆာင္မေနပါနဲ႔။ ဒီလိုစိုးရိမ္ေနမယ္ဆိုရင္ သင္ဟာ သင္မဟုတ္ေတာ့ပါဘူး။ ပတ္၀န္းက်င္က ပံုသြင္းတာကို လက္မခံပါနဲ႔။ ကိုယ္ပိုင္ယုံၾကည္ခ်က္နဲ႔ ရပ္တည္ပါ။

၆။ ပင္ကိုယ္စ႐ုိက္ကုိ မဖုံးကြယ္ပါနဲ႔

တစ္ခါတရံမွ က်င့္၀တ္သိကၡာေတြကို ဂရုစိုက္ေနမယ့္အစား ပင္ကိုယ္စ႐ုိက္ကို ေဖာ္ထုတ္ျပတတ္ဖို႔လိုပါတယ္။ ဒါက လူသားေတြရဲ႕ သဘာ၀ပါ။

၇။ အရာအားလံုးကို မတတ္သာလို႔ လုပ္ေနရတာမ်ိဳး မျဖစ္ပါေစနဲ႔

ဘ၀ဆိုတာ ရေတာင့္ရခဲအခြင့္ထူးတစ္ခုပါ။ ဘ၀အတြက္လုပ္ေဆာင္ရမွာေတြကို အာ႐ုံစိုက္တတ္မယ္ဆိုရင္ ေပ်ာ္ရႊင္မႈနဲ႔ အက်ိဳးသက္ေရာက္မႈေတြကို ရရွိမွာျဖစ္ပါတယ္။

၈။ အားလံုးကိုတစ္ခါတည္းနဲ႔ ေအာင္ႏိုင္ဖို႔ မႀကိဳးစားပါနဲ႔

မိုင္ေထာင္ခ်ီေ၀းတဲ့ခရီးကို ေျခတစ္လွမ္းနဲ႔ စရတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တစ္လွမ္းစီပဲ လွမ္းႏိုင္ဖို႔ ႀကိဳးစားပါ။

၉။ အတိတ္ျပႆနာေတြကို အာ႐ုံစိုက္မေနပါနဲ႔

အတိတ္ကို အတိတ္မွာပဲထားခဲ့ပါ။ ဘ၀မွာ စမ္းသပ္မႈကို ေက်ာ္ျဖတ္ၿပီးမွ သင္ခန္းစာကို သိႏိုင္တာျဖစ္ပါတယ္။ အတိတ္ကအမွားကို သင္ခန္းစာယူႏိုင္ရင္ လုံေလာက္ပါၿပီ။

၁၀။ ဘာျဖစ္ႏိုင္မလဲ သိပ္မေတြးပါနဲ႔

အခြင့္အလမ္းေတြက ျဖစ္ခ်ိန္တန္ရန္ ျဖစ္လာပါလိမ့္မယ္။ ေတြးပူမေနပါနဲ။

၁၁။ အေရးမပါတဲ့ကိစၥေတြေၾကာင့္ အာ႐ုံေနာက္မခံပါနဲ႔

ေကာင္းတာေတြရရွိၾကံဳေတြ႔ဖို႔ အခ်ိန္ေစာင့္ရတာကို သိထားပါ။ အေကာင္းဆံုးပဲလုပ္ပါ။ ေျခလွမ္းတိုင္းကို အသိအမွတ္ျပဳပါ။ က်န္တာအားလံုးကို ေမ့ထားပါ။

၁၂။ ဘာကိုမွ စြဲျမဲဆုပ္ကိုင္ထားဖို႔ မႀကိဳးစားပါနဲ႔

ဘ၀က ေျပာင္းလဲေနပါတယ္။ ဘယ္အရာမွမတည္ျမဲဘူးဆိုတာ အမွတ္ရပါ။

၁၃။ လက္ရွိေပ်ာ္ရႊင္မႈကို လစ္လ်ဴမ႐ႈပါနဲ႔

အခုရွိေနတာကိုမွ အသိအမွတ္မျပဳရင္ လမ္းဆံုးရင္လည္း ရြာေတြမွာမဟုတ္ပါဘူး။ အနာဂတ္ကို အမ်ားႀကီး ေမွ်ာ္လင့္ၿပီး လက္ရွိဘ၀ကို အလဟႆမျဖစ္ပါေစနဲ႔။

၁၄။ အယူခ်ည္းပဲမျဖစ္ပါေစနဲ႔

ေငြေၾကးဥစၥာပစၥည္းအရမ္းရွိတယ္ဆိုရင္ ခ်မ္းသာမႈကို ေ၀မွ်ပါ။ မရွိဘူးဆိုရင္ ႏွလံုးသားကို ေ၀မွ်ပါ။ ေပးႏိုင္သမွ် ေပးကမ္းစြန္႔ၾကဲပါ။

၁၅။ တစ္စုံတစ္ေယာက္က ကိုယ္စားလုပ္ေပးတာကို ေစာင့္မေနပါနဲ႔

ဘယ္သူ႔ကိုမွ အားကိုးေနစရာမလိုပါဘူး။ ေျပာစရာရွိတာေျပာပါ။ လုပ္စရာရွိတာလုပ္ပါ။ အေတြးနဲ႔ ခံစားခ်က္ေတြကို ဖံုးကြယ္မထားပါနဲ႔။

၁၆။ အမွန္ျဖစ္ဖို႔ အျမဲႀကိဳးစားမေနပါနဲ႔

အမွန္တရားဆီကို လမ္းေၾကာင္းေတြအမ်ားႀကီးရွိပါတယ္။ တစ္ခါတစ္ရံ အမွန္ကိုသက္ေသျပဖို႔ထက္ အ႐ႈံးေပးလိုက္တာက ႏွလံုးေအးပါတယ္။

၁၇။ မသိေသးပဲ အကဲမျဖတ္ပါနဲ႔

အျခားလူေတြကို ႐ုပ္ရည္သြင္ျပင္နဲ႔ အမူအက်င့္ကိုၾကည့္ၿပီး ကိုယ့္အေတြးနဲ႔ကိုယ္ အကဲျဖတ္တာကို ေလွ်ာ့ပါ။ ပိုခ်စ္ခင္တတ္ေအာင္ ႀကိဳးစားပါ။

၁၈။ အမုန္းကိုလည္း စြဲျမဲမေနပါေစနဲ႔

တစ္ခုခု ဒါမွမဟုတ္ တစ္ေယာက္ေယာက္ကို ေမ့လိုက္ခ်င္ရင္ မမုန္းလုိက္မိပါေစနဲ႔။ မုန္းမိတဲ့အရာဟာ ႏွလံုးသားကို အခိ်န္တိုင္းထုိးဆြေနတတ္ပါတယ္။ မမုန္းပါနဲ႔။ ခြင့္လႊတ္လိုက္ပါ။

၁၉။ အခ်စ္ကိစၥေတြမွာ အဓိပၸါယ္မဲ့တာေတြ သိပ္မေတြးပါနဲ႔

ဘယ္လိုအေျခအေနမ်ိဳးပဲျဖစ္ျဖစ္ အၾကြင္းမဲလက္ခံေပးတာကို အားလံုးက လိုခ်င္ၾကပါတယ္။ ျပန္ေပးဖို႔ေတာ့ ဘာေၾကာင့္ ခက္ေနၾကတာပါလဲ။ အမ်ားႀကီးမစဥ္းစားပါနဲ႔။ ေပ်ာ္ရႊင္မႈခ်င္းထပ္တူက်ရင္ အခ်စ္စစ္ပါပဲ။

၂၀။ အရင္းႏီွးဆံုးမိတ္ေဆြေတြကို ပစ္မထားပါနဲ႔

အျမဲတမ္းဆက္သြယ္ေနပါ။ သူတို႔အတြက္ တိုက္ခိုက္ပါ။ သူတို႔ကလည္း သင့္အတြက္ တိုက္ခိုက္ေပးပါလိမ့္မယ္။ အရင္းႏွီးဆံုးမိတ္ေဆြေတြဟာ ဘ၀နဲ႔ ယုံၾကည္မႈကို တြဲကပ္ေပးႏုိင္တဲ့ ေကာ္တစ္မ်ိဳးျဖစ္ပါတယ္။


ဘဝမှာ မလုပ်သင့်တဲ့ အရာများ

၁။ မပျင်းပါနဲ့

ပျင်းရိနေတာက အချိန်ကုန်စေပါတယ်။ စိတ်ကူးယဉ်မနေပါနဲ့။ လုပ်စရာရှိတာ အခုပဲ ထလုပ်လိုက်ပါ။

၂။ ဘဝရဲ့စိန်ခေါ်မှုတွေကို ရှောင်ဖို့မကြိုးစားပါနဲ့

ဘဝကို ပုံပြင်စာအုပ်တစ်အုပ်လို့ သဘောထားပါ။ တစ်ချို့စာမျက်နှာတွေ မရှိဘူးဆိုရင် အဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး။ ဘာကိုမှ မကျော်ပဲ တစ်မျက်နှာချင်းလှန်ဖတ်သွားရင် ဘဝရဲ့ရသကို ခံစားရမှာပါ။

၃။ တသမတ်တည်း မလျှောက်လှမ်းပါနဲ့

အသံရင်းမြစ် ဖြစ်ဖို့ကြိုးစားပါ။ ပဲ့တင်သံအဖြစ်ကို ကျေနပ်မနေပါနဲ့။ ကိုယ်ပိုင်စိတ်ကူးအိပ်မက်အသစ်တွေကို ဖော်ဆောင်ဖို့ သတ္တိမွေးပါ။

၄။ အချိန်ကောင်းကို စောင့်မနေပါနဲ့

အချိန်နဲ့အမျှ ဖြစ်ချင်တာတွေရော မဖြစ်ချင်တာတွေပါ ဖြစ်ပျက်နေကြတာဖြစ်ပါတယ်။ အချိန်ကောင်းကို စောင့်မနေပါနဲ့။ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ မရှိပါဘူး။ လုပ်စရာရှိတာကို လုပ်ဖြစ်အောင်လုပ်ပါ။

၅။ ဟန်မဆောင်ပါနဲ့

လူတွေဘယ်လိုထင်မြင်ယူဆမလဲဆိုတာကို တွေးပူပြီး ကိုယ့်ကိုယ်ကို လိမ်ညာဟန်ဆောင်မနေပါနဲ့။ ဒီလိုစိုးရိမ်နေမယ်ဆိုရင် သင်ဟာ သင်မဟုတ်တော့ပါဘူး။ ပတ်ဝန်းကျင်က ပုံသွင်းတာကို လက်မခံပါနဲ့။ ကိုယ်ပိုင်ယုံကြည်ချက်နဲ့ ရပ်တည်ပါ။

၆။ ပင်ကိုယ်စရိုက်ကို မဖုံးကွယ်ပါနဲ့

တစ်ခါတရံမှ ကျင့်ဝတ်သိက္ခာတွေကို ဂရုစိုက်နေမယ့်အစား ပင်ကိုယ်စရိုက်ကို ဖော်ထုတ်ပြတတ်ဖို့လိုပါတယ်။ ဒါက လူသားတွေရဲ့ သဘာဝပါ။

၇။ အရာအားလုံးကို မတတ်သာလို့ လုပ်နေရတာမျိုး မဖြစ်ပါစေနဲ့

ဘဝဆိုတာ ရတောင့်ရခဲအခွင့်ထူးတစ်ခုပါ။ ဘဝအတွက်လုပ်ဆောင်ရမှာတွေကို အာရုံစိုက်တတ်မယ်ဆိုရင် ပျော်ရွှင်မှုနဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိမှာဖြစ်ပါတယ်။

၈။ အားလုံးကိုတစ်ခါတည်းနဲ့ အောင်နိုင်ဖို့ မကြိုးစားပါနဲ့

မိုင်ထောင်ချီဝေးတဲ့ခရီးကို ခြေတစ်လှမ်းနဲ့ စရတာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်လှမ်းစီပဲ လှမ်းနိုင်ဖို့ ကြိုးစားပါ။

၉။ အတိတ်ပြဿနာတွေကို အာရုံစိုက်မနေပါနဲ့

အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။ ဘဝမှာ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးမှ သင်ခန်းစာကို သိနိုင်တာဖြစ်ပါတယ်။ အတိတ်ကအမှားကို သင်ခန်းစာယူနိုင်ရင် လုံလောက်ပါပြီ။

၁၀။ ဘာဖြစ်နိုင်မလဲ သိပ်မတွေးပါနဲ့

အခွင့်အလမ်းတွေက ဖြစ်ချိန်တန်ရန် ဖြစ်လာပါလိမ့်မယ်။ တွေးပူမနေပါနဲ။

၁၁။ အရေးမပါတဲ့ကိစ္စတွေကြောင့် အာရုံနောက်မခံပါနဲ့

ကောင်းတာတွေရရှိကြုံတွေ့ဖို့ အချိန်စောင့်ရတာကို သိထားပါ။ အကောင်းဆုံးပဲလုပ်ပါ။ ခြေလှမ်းတိုင်းကို အသိအမှတ်ပြုပါ။ ကျန်တာအားလုံးကို မေ့ထားပါ။

၁၂။ ဘာကိုမှ စွဲမြဲဆုပ်ကိုင်ထားဖို့ မကြိုးစားပါနဲ့

ဘဝက ပြောင်းလဲနေပါတယ်။ ဘယ်အရာမှမတည်မြဲဘူးဆိုတာ အမှတ်ရပါ။

၁၃။ လက်ရှိပျော်ရွှင်မှုကို လစ်လျူမရှုပါနဲ့

အခုရှိနေတာကိုမှ အသိအမှတ်မပြုရင် လမ်းဆုံးရင်လည်း ရွာတွေမှာမဟုတ်ပါဘူး။ အနာဂတ်ကို အများကြီး မျှော်လင့်ပြီး လက်ရှိဘဝကို အလဟဿမဖြစ်ပါစေနဲ့။

၁၄။ အယူချည်းပဲမဖြစ်ပါစေနဲ့

ငွေကြေးဥစ္စာပစ္စည်းအရမ်းရှိတယ်ဆိုရင် ချမ်းသာမှုကို ဝေမျှပါ။ မရှိဘူးဆိုရင် နှလုံးသားကို ဝေမျှပါ။ ပေးနိုင်သမျှ ပေးကမ်းစွန့်ကြဲပါ။

၁၅။ တစ်စုံတစ်ယောက်က ကိုယ်စားလုပ်ပေးတာကို စောင့်မနေပါနဲ့

ဘယ်သူ့ကိုမှ အားကိုးနေစရာမလိုပါဘူး။ ပြောစရာရှိတာပြောပါ။ လုပ်စရာရှိတာလုပ်ပါ။ အတွေးနဲ့ ခံစားချက်တွေကို ဖုံးကွယ်မထားပါနဲ့။

၁၆။ အမှန်ဖြစ်ဖို့ အမြဲကြိုးစားမနေပါနဲ့

အမှန်တရားဆီကို လမ်းကြောင်းတွေအများကြီးရှိပါတယ်။ တစ်ခါတစ်ရံ အမှန်ကိုသက်သေပြဖို့ထက် အရှုံးပေးလိုက်တာက နှလုံးအေးပါတယ်။

၁၇။ မသိသေးပဲ အကဲမဖြတ်ပါနဲ့

အခြားလူတွေကို ရုပ်ရည်သွင်ပြင်နဲ့ အမူအကျင့်ကိုကြည့်ပြီး ကိုယ့်အတွေးနဲ့ကိုယ် အကဲဖြတ်တာကို လျှော့ပါ။ ပိုချစ်ခင်တတ်အောင် ကြိုးစားပါ။

၁၈။ အမုန်းကိုလည်း စွဲမြဲမနေပါစေနဲ့

တစ်ခုခု ဒါမှမဟုတ် တစ်ယောက်ယောက်ကို မေ့လိုက်ချင်ရင် မမုန်းလိုက်မိပါစေနဲ့။ မုန်းမိတဲ့အရာဟာ နှလုံးသားကို အချိန်တိုင်းထိုးဆွနေတတ်ပါတယ်။ မမုန်းပါနဲ့။ ခွင့်လွှတ်လိုက်ပါ။

၁၉။ အချစ်ကိစ္စတွေမှာ အဓိပ္ပါယ်မဲ့တာတွေ သိပ်မတွေးပါနဲ့

ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အကြွင်းမဲလက်ခံပေးတာကို အားလုံးက လိုချင်ကြပါတယ်။ ပြန်ပေးဖို့တော့ ဘာကြောင့် ခက်နေကြတာပါလဲ။ အများကြီးမစဉ်းစားပါနဲ့။ ပျော်ရွှင်မှုချင်းထပ်တူကျရင် အချစ်စစ်ပါပဲ။

၂၀။ အရင်းနှီးဆုံးမိတ်ဆွေတွေကို ပစ်မထားပါနဲ့

အမြဲတမ်းဆက်သွယ်နေပါ။ သူတို့အတွက် တိုက်ခိုက်ပါ။ သူတို့ကလည်း သင့်အတွက် တိုက်ခိုက်ပေးပါလိမ့်မယ်။ အရင်းနှီးဆုံးမိတ်ဆွေတွေဟာ ဘဝနဲ့ ယုံကြည်မှုကို တွဲကပ်ပေးနိုင်တဲ့ ကော်တစ်မျိုးဖြစ်ပါတယ်။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%