သား တို႔ဖတ္ဖို႔ ဖခင္တစ္ဦး၏ အိတ္ဖြင့္ေပးစာ

သား တို့ဖတ်ဖို့ ဖခင်တစ်ဦး၏ အိတ်ဖွင့်ပေးစာ

သား တို႔ဖတ္ဖို႔ ဖခင္တစ္ဦး၏ အိတ္ဖြင့္ေပးစာ

သား ေရ

မင္း ေက်ာင္းမွာ ေကာင္မေလးတစ္ေယာက္နဲ႔ မက္ေဆ့ဂ်္ေတြ အျပန္အလွန္ပို႔ၿပီး ခ်ိန္းေတြ႕ဖို႔ စီစဥ္ေနတယ္လို႔ ေျပာတယ္ေနာ္။ အေဖ့အေနန႔ဲ မင္းကို ေမးခ်င္တာေတြေတာ့ ရွိတယ္။ မင္း ေကာင္မေလးက ဘယ္လိုေနလဲ။ သူမက လွရဲ႕လား၊ ေတာ္ရဲ႕လား။ သူမက ဘယ္လိုေတးဂီတမ်ိဳး နားေထာင္ေလ့ရွိလဲ။ သူမက အေမတူသမီးလား စသျဖင့္ေပါ့။

ဒီလိုၾကားရတာ အေဖ့အတြက္ ကိစၥတစ္ခုကို အမွတ္ရသြားေစတယ္။ ဒီကိစၥက ခလုတ္တစ္ခုနဲ႔ မတူဘူးလား။ မိန္းကေလးေတြက စိတ္၀င္စားစရာေကာင္းတယ္လို႔ ေတြးမိလိုက္တာနဲ႔ မင္းအေနနဲ႔ သူတို႔နားမွာပဲ ရစ္၀ဲေနခ်င္ေတာ့တာပဲ မဟုတ္လား။ ဒါနဲ႔ အဲဒီခလုတ္က ဘယ္တုန္းက ပြင့္သြားရတာလဲ။ မင္းဘယ္အခ်ိန္က မိန္းကေလးေတြကို စိတ္၀င္စားသေဘာက်တတ္သြားတာလဲ။

တကယ္ေတာ့ ဒီကိစၥက ဘယ္လိုပဲျဖစ္ျဖစ္ ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ အေရးမႀကီးပါဘူး။ အခုအေရးႀကီးတာက မင္းအေနနဲ႔ သူမကိုေတြ႕ၿပီးတဲ့အခါမွာ ဘယ္လိုျပဳမူသလဲဆိုတာပဲ။

မင္းက အခုမွ ဆယ္ေက်ာ္သက္အရြယ္ပဲရွိေသးတယ္ သားေရ။ ၿပီးေတာ့ မင္းနဲ႔သင့္ေတာ္တဲ့ တစ္ေယာက္ေယာက္နဲ႔ အိမ္ေထာင္မျပဳခင္အထိ မိန္းကေလးေတြအမ်ားႀကီးနဲ႔ ေတြ႕ရဆံုရႏိုင္ေသးတယ္။ ဒီေတာ့ မင္းအေနနဲ႔ မိန္းကေလးေတြနဲ႔ ဆက္ဆံရာမွာ အမွားေတြမလုပ္မိေစဖို႔ အေတြ႕အၾကံဳရွိ ကၽြမ္းက်င္သူ တစ္ေယာက္ေယာက္ဆီက ေလ့လာသင္ယူသင့္တယ္။ ဒီလိုလူမ်ိဳးကို မင္းအေ၀းႀကီးရွာေနစရာ မလိုပါဘူး။ မင္း အေဖ ငါ ကိုယ္တိုင္မင္းကို လမ္းညႊန္ေပးႏိုင္ပါတယ္။

မင္းရဲ႕ သူငယ္ခ်င္းေတြဆီက အၾကံဉာဏ္ယူမလို႔လား။ မလုပ္နဲ႔ေလ။ မသိတဲ့လူကို မတတ္တဲ့လူက အၾကံေပးသလိုျဖစ္ၿပီး ဒုကၡေရာက္မွာ ေသခ်ာတယ္။ ဒီေတာ့ မင္းအေဖ ငါ ကိုယ္တိုင္လုပ္ခဲ့မိတဲ့ အမွားေတြ မင္း မမွားမိေအာင္ သိထားသင့္တာေတြကို ေျပာျပမယ္။

ဘာကို ၾကည့္ၿပီး ေရြးခ်ယ္မလဲ ?

မင္းထက္ သာတဲ့တစ္ေယာက္ေယာက္ကို ရွာပါ။ တကယ္ေတာ့ ဒီကိစၥက လြယ္ပါတယ္။ မိန္းကေလးတစ္ေယာက္ကို သူမရဲ႕အလွအပတစ္ခုတည္းေၾကာင့္ မဟုတ္ပဲ သူမရဲ႕ ဦးေႏွာက္၊ စိတ္ေနစိတ္ထား၊ မိသားစုနဲ႔ သူငယ္ခ်င္းေတြကို ဘယ္လိုဆက္ဆံတတ္သလဲဆိုတာေတြကို ၾကည့္ၿပီး မင္း ႏွစ္သက္ျမတ္ႏိုးရသူကို ရွာဖို႔ပါပဲ။

မင္းထက္ သာ တဲ့တစ္ေယာက္ေယာက္ကို မင္းေတြ႕ၿပီဆိုတာနဲ႔ မင္းကိုယ္တိုင္လည္း သူမအနားမွာ ရွိေနခ်ိန္မွာ ပိုေတာ္တဲ့လူတစ္ေယာက္ အလိုလိုျဖစ္ခ်င္လာမွာ ေသခ်ာတယ္။ သူမအတြက္ ပိုေတာ္တဲ့လူတစ္ေယာက္ျဖစ္ဖို႔ ႀကိဳးစားရင္း မင္းကိုယ္မင္းတိုးတက္ေအာင္ လုပ္ေဆာင္ၿပီးသားျဖစ္သြားလိမ့္မယ္။

အျခားကိစၥေတြက သိပ္ေတာ့အေရးမႀကီးပါဘူး။ သူမ ဘာလူမ်ိဳးလဲ၊ သူငယ္ခ်င္းမိတ္ေဆြ ဘယ္ႏွစ္ေယာက္ရွိလဲ၊ Instagram မွာ Like ဘယ္ေလာက္မ်ားမ်ားရလဲ၊ သူမရဲ႕ လူမႈေရးအေျခအေနနဲ႔ ဘာသာေရးအထိ သိပ္အေရးႀကီးတဲ့ ကိစၥေတြ မဟုတ္ပါဘူး။ မင္းကိုယ္မင္း ေမးရမယ့္ ေမးခြန္းတစ္ခုက ဒီေကာင္မေလးက ငါ့ကို ပိုေတာ္တဲ့လူတစ္ေယာက္ျဖစ္ေစႏိုင္သလား ဆိုတာပဲ။ အေျဖက Yes ဆိုရင္ေတာ့ မင္းနဲ႔ သင့္ေတာ္သူကို ေတြ႕ၿပီလို႔ ဆိုႏိုင္တယ္။

ဘယ္လို ျပဳမူဆက္ဆံမလဲ (ေဆာင္ရန္မ်ား)

လူႀကီးလူေကာင္းဆန္ဖို႔လိုတယ္ သား ေရ။ မင္းအျမဲတမ္း ျမင္ေနေတြ႕ေနက်ကိစၥေတြပါပဲကြာ။ တံခါးဖြင့္ေပးတာ၊ ပစၥည္းေတြ ၀ိုင္းသယ္ေပးတာ၊ ထုိင္ဖို႔ ခံုျပင္ေပးတာ၊ ေအးေနတဲ့အခ်ိန္မွာ အေပၚအက်ၤီျခံဳေပးတာ စသျဖင့္ အားလံုးပဲေပါ့။ ဒါေပမယ့္ မင္းတို႔ေခတ္မွာ တိမ္ျမဳပ္ေပ်ာက္ကြယ္ေနတဲ့ ကိစၥတခ်ိဳ႕လည္း ရွိေနတယ္။ အဲဒါေတြကေတာ့

၁။ စားေသာက္ဆိုင္မွာ သူမက အရင္မွာခြင့္ေပးပါ။ သူမ မွာထားတာေရာက္လာတဲ့အထိ မင္းမစားပဲေနပါ။

၂။ သူမ ဘယ္ေလာက္လွလဲဆိုတာကို ေျပာေပးပါ။

၃။ သူမရဲ႕ မိဘေတြေရွ႕မွာ ေလးစားသမႈနဲ႔ေနပါ။ ေလးစားခံရေအာင္ ေနပါ။ ႐ုိရိုေသေသေျပာဆို ဆက္ဆံပါ။

၄။ သူမရဲ႕ မိဘေတြအနားမွာမရွိရင္ေတာင္ သူတို႔ကို အ႐ုိအေသမတန္ပါေစနဲ႔။ သူမကိုယ္တိုင္က မိဘေတြကို စိတ္ဆိုးေနရင္ေတာင္ မင္းရဲ႕ေလးစားမႈကို ဆက္ထိန္းထားပါ။

၅။ ဘာအေၾကာင္းမွမရွိပဲနဲ႔လည္း သူမကုိ အံ့ၾသေပ်ာ္ရႊင္ရေအာင္ ဖန္တီးေပးပါ။ ဥပမာပန္းစည္း၀ယ္ေပး တာလိုမ်ိဳးေပါ့။

၆။ သူမ ေနအိမ္ကို ေဘးကင္းကင္းနဲ႔ ျပန္ေရာက္ေအာင္ လိုက္ပို႔ေပးပါ။

၇။ သူမနဲ႔ အတူလမ္းေလွ်ာက္တဲ့အခါတိုင္းမွာ ပလက္ေဖာင္းအျပင္ဘက္ လမ္းဘက္ျခမ္းကေနေလွ်ာက္ပါ။

၈။ သူမ ရယ္ေမာေပ်ာ္ရႊင္ရေအာင္ လုပ္ေဆာင္ပါ။

ေနာက္ထပ္ တကယ့္ကို အေရးႀကီးတာေတြကေတာ့

၉။ သူမကို အျမင့္ကိုတက္လွမ္းႏိုင္ေအာင္ အားေပးပါ။

၁၀။ အေတြ႕အၾကံဳသစ္ေတြကို ႀကိဳးစားစမ္းသပ္ၾကည့္ဖို႔ စိန္ေခၚပါ။ ဒီနည္းလမ္းနဲ႔ သူမရဲ႕ တစ္ကိုယ္ရည္စြမ္းရည္ကို တိုးတက္လာေစႏိုင္တယ္ေလ။

၁၁။ သူမရဲ႕ ထင္ျမင္ယူဆခ်က္နဲ႔ ဆံုးျဖတ္ခ်က္ေတြကို ေလးေလးစားစားနဲ႔ စဥ္းစားေပးပါ။

အခုေျပာတဲ့အခ်က္ေတြထဲက (၈၀)ရာခိုင္ႏႈန္းေလာက္ကို မင္းလုပ္ႏိုင္မယ္ဆိုရင္ သူမက မင္းကို ခ်စ္မွာေသခ်ာတယ္။ (၁၀၀)ရာခိုင္ႏႈန္းလုပ္ႏိုင္မယ္ဆိုရင္ေတာ့ မင္းကို ခ်စ္႐ုံမက ယုံၾကည္ကိုးစားလာမွာ ေသခ်ာတယ္။

ဘယ္လို ျပဳမူဆက္ဆံမလဲ (ေရွာင္ရန္မ်ား)

မလုပ္ပဲေရွာင္ရွားရမယ့္ ကိစၥေတြကေတာ့

၁။ အရမ္းအစအေနာက္မလြန္ပါေစနဲ႔။ မင္းေကာင္မေလးကို ဘယ္လိုနည္းလမ္းနဲ႔မွ ထိခိုက္နာက်ဥ္ရေလာက္တဲ့ အထိ မစမေနာက္ပါနဲ႔။ YouTube ေပၚမွာ ဒီလိုစေနာက္တာမ်ိဳးေတြကို မင္းေတြ႕ရင္ေတြ႕လိမ့္မယ္။ ဒါေပမယ့္ မင္းလိုက္မလုပ္နဲ႔လို႔ အၾကံေပးခ်င္တယ္။

၂။ ရည္ရြယ္ခ်က္ရွိရွိနဲ႔ ေလလည္တာမ်ိဳးလည္း မလုပ္ပါနဲ႔။ အေပါင္းအသင္းေတြ အခ်င္းခ်င္းစေနာက္ရင္းနဲ႔ တစ္ေယာက္ေလလည္တဲ့အနံ႔ကို ႐ႈခိုင္းေစတာမ်ိဳး မလုပ္မိပါေစနဲ႔။ ဒီကိစၥက အ႐ုိအေသတန္ေစတယ္။

၃။ ဘာသာေရးကို ထိပါေစာ္ကားတာမ်ိဳးလည္း ေရွာင္ပါ။ မင္းေကာင္မေလး ဒါမွမဟုတ္ သူမရဲ႕မိသားစု၊ သူငယ္ခ်င္းေတြကို ဘာသာေရးအရတိုက္ခိုက္ေစာ္ကားတာမ်ိဳးေတြ မလုပ္ပါနဲ႔။ သူမ ေရွ႕မွာပဲျဖစ္ျဖစ္ ေနာက္ကြယ္မွာပဲျဖစ္ျဖစ္ မလုပ္မိဖို႔ အေရးႀကီးပတယ္။

၄။ ကတိမပ်က္ပါေစနဲ႔။ တစ္ေနရာရာသြားၿပီး တစ္ခုခုလုပ္ဖို႔ ေျပာထားရင္ ေသခ်ာေပါက္လုပ္ပါ။ ကတိမပ်က္ပါေစနဲ႔။ မိန္းကေလးေတြက ကိုယ့္စကားကိုယ္ တန္ဖိုးထားတတ္တဲ့ ေယာကၤ်ားေကာင္းေတြကိုပဲ သေဘာက်တတ္တယ္။

၅။ ဖုန္းကိုလည္း ကလိမေနပါနဲ႔ သူမနဲ႔အတူရွိေနတဲ့အခ်ိန္မွာ မင္းမ်က္လံုးေတြက သူမဆီမွာပဲ ရွိေနရမွာ။ ဖုန္းကို အာ႐ုံေရာက္ေနရမွာ မဟုတ္ဘူး။

၆။ လိမ္ညာဖုံးကြယ္တာမ်ိဳး မလုပ္ပါနဲ႔။ အမွားတစ္ခုခုလုပ္မိရင္ ၀န္ခံလိုက္ပါ။ အမွန္ကို ျပင္ပါ။ အမွားကို ၀န္ခံၿပီး အမွန္ကို ျပင္ႏိုင္ရင္ သူမဘက္က ခြင့္လႊတ္ေပးမွာ ေသခ်ာပါတယ္။

၇။ အရွက္ရေအာင္ အထင္အျမင္ေသးတာမ်ိဳး မလုပ္ပါနဲ႔။ မင္းလိုပဲ သူမလည္း အမွားလုပ္မိႏိုင္တယ္။ ဒီအခါမွာ နားလည္ခြင့္လႊတ္ေပးတတ္ဖို႔ လိုတယ္။ အညွိဳးအေတးထားၿပီး အရွက္ရစရာျဖစ္ေအာင္ အထင္ေသးအျမင္ေသး ဆက္ဆံတာမိ်ဳးေတြ လုံး၀မရွိသင့္ဘူး။

၈။ တျခားလူေတြအေၾကာင္း အတင္းမေျပာနဲ႔။ သူမက ေျပာလာရင္ေတာင္ နားပဲေထာင္ေပးလိုက္ပါ။ ၀င္မေျပာပါနဲ႔။ ဒီလို သူမ်ားအေၾကာင္း မေျပာဖို႔လည္း မတားပါနဲ႔။ သူမေျပာတာကို အသိအမွတ္ျပဳ နားေထာင္ေပးရင္ လုံေလာက္ပါၿပီ။ ပထမပိုင္းေတာ့ မင္းကို စိတ္ဆိုးခ်င္ဆိုးလိမ့္မယ္။ ေရရွည္မွာေတာ့ မင္းကို ေလးစားစရာေကာင္းတယ္လို႔ ျမင္လာလိမ့္မယ္။

အခုလက္ရွိ မင္းရဲ႕ ရည္းစားေကာင္မေလးက မင္းရဲ႕ အိမ္သူဇနီးမယားျဖစ္လာမယ္လို႔ တထစ္ခ်ေျပာလို႔ မရႏိုင္ဘူး။ ဒါေပမယ့္ အခုလိုကၽြမ္းက်င္သူတစ္ေယာက္ဆီက အၾကံဉာဏ္ေတြနဲ႔ဆိုရင္ေတာ့ ဘ၀တစ္သက္လံုး လက္တြဲသြားလို႔ရမယ့္ ဆက္ဆံေရးမ်ိဳးကို တည္ေဆာက္ႏိုင္လိမ့္မယ္။

အခ်စ္ဆိုတာ သည္းခံၾကင္နာတတ္ရတယ္။ အခ်စ္မွာ မလိုမုန္းထားမႈေတြ ႐ိုင္းစိုင္းမႈေတြ မရွိဘူး။ အခ်စ္က အမွားေတြနဲ႔ ေပ်ာ္ရႊင္ေနဖို႔ထက္ အမွန္တရားနဲ႔ ေက်နပ္ေနႏိုင္ဖို႔ လိုတယ္လို႔ ေျပာခ်င္တယ္ သားေရ။

ခ်စ္လွစြာေသာ

အေဖ


သား တို့ဖတ်ဖို့ ဖခင်တစ်ဦး၏ အိတ်ဖွင့်ပေးစာ

သား ရေ

မင်း ကျောင်းမှာ ကောင်မလေးတစ်ယောက်နဲ့ မက်ဆေ့ဂ်ျတွေ အပြန်အလှန်ပို့ပြီး ချိန်းတွေ့ဖို့ စီစဉ်နေတယ်လို့ ပြောတယ်နော်။ အဖေ့အနေနဲ့ မင်းကို မေးချင်တာတွေတော့ ရှိတယ်။ မင်း ကောင်မလေးက ဘယ်လိုနေလဲ။ သူမက လှရဲ့လား၊ တော်ရဲ့လား။ သူမက ဘယ်လိုတေးဂီတမျိုး နားထောင်လေ့ရှိလဲ။ သူမက အမေတူသမီးလား စသဖြင့်ပေါ့။

ဒီလိုကြားရတာ အဖေ့အတွက် ကိစ္စတစ်ခုကို အမှတ်ရသွားစေတယ်။ ဒီကိစ္စက ခလုတ်တစ်ခုနဲ့ မတူဘူးလား။ မိန်းကလေးတွေက စိတ်ဝင်စားစရာကောင်းတယ်လို့ တွေးမိလိုက်တာနဲ့ မင်းအနေနဲ့ သူတို့နားမှာပဲ ရစ်ဝဲနေချင်တော့တာပဲ မဟုတ်လား။ ဒါနဲ့ အဲဒီခလုတ်က ဘယ်တုန်းက ပွင့်သွားရတာလဲ။ မင်းဘယ်အချိန်က မိန်းကလေးတွေကို စိတ်ဝင်စားသဘောကျတတ်သွားတာလဲ။

တကယ်တော့ ဒီကိစ္စက ဘယ်လိုပဲဖြစ်ဖြစ် ဘယ်အချိန်မှာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ အခုအရေးကြီးတာက မင်းအနေနဲ့ သူမကိုတွေ့ပြီးတဲ့အခါမှာ ဘယ်လိုပြုမူသလဲဆိုတာပဲ။

မင်းက အခုမှ ဆယ်ကျော်သက်အရွယ်ပဲရှိသေးတယ် သားရေ။ ပြီးတော့ မင်းနဲ့သင့်တော်တဲ့ တစ်ယောက်ယောက်နဲ့ အိမ်ထောင်မပြုခင်အထိ မိန်းကလေးတွေအများကြီးနဲ့ တွေ့ရဆုံရနိုင်သေးတယ်။ ဒီတော့ မင်းအနေနဲ့ မိန်းကလေးတွေနဲ့ ဆက်ဆံရာမှာ အမှားတွေမလုပ်မိစေဖို့ အတွေ့အကြုံရှိ ကျွမ်းကျင်သူ တစ်ယောက်ယောက်ဆီက လေ့လာသင်ယူသင့်တယ်။ ဒီလိုလူမျိုးကို မင်းအဝေးကြီးရှာနေစရာ မလိုပါဘူး။ မင်း အဖေ ငါ ကိုယ်တိုင်မင်းကို လမ်းညွှန်ပေးနိုင်ပါတယ်။

မင်းရဲ့ သူငယ်ချင်းတွေဆီက အကြံဉာဏ်ယူမလို့လား။ မလုပ်နဲ့လေ။ မသိတဲ့လူကို မတတ်တဲ့လူက အကြံပေးသလိုဖြစ်ပြီး ဒုက္ခရောက်မှာ သေချာတယ်။ ဒီတော့ မင်းအဖေ ငါ ကိုယ်တိုင်လုပ်ခဲ့မိတဲ့ အမှားတွေ မင်း မမှားမိအောင် သိထားသင့်တာတွေကို ပြောပြမယ်။

ဘာကို ကြည့်ပြီး ရွေးချယ်မလဲ ?

မင်းထက် သာတဲ့တစ်ယောက်ယောက်ကို ရှာပါ။ တကယ်တော့ ဒီကိစ္စက လွယ်ပါတယ်။ မိန်းကလေးတစ်ယောက်ကို သူမရဲ့အလှအပတစ်ခုတည်းကြောင့် မဟုတ်ပဲ သူမရဲ့ ဦးနှောက်၊ စိတ်နေစိတ်ထား၊ မိသားစုနဲ့ သူငယ်ချင်းတွေကို ဘယ်လိုဆက်ဆံတတ်သလဲဆိုတာတွေကို ကြည့်ပြီး မင်း နှစ်သက်မြတ်နိုးရသူကို ရှာဖို့ပါပဲ။

မင်းထက် သာ တဲ့တစ်ယောက်ယောက်ကို မင်းတွေ့ပြီဆိုတာနဲ့ မင်းကိုယ်တိုင်လည်း သူမအနားမှာ ရှိနေချိန်မှာ ပိုတော်တဲ့လူတစ်ယောက် အလိုလိုဖြစ်ချင်လာမှာ သေချာတယ်။ သူမအတွက် ပိုတော်တဲ့လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားရင်း မင်းကိုယ်မင်းတိုးတက်အောင် လုပ်ဆောင်ပြီးသားဖြစ်သွားလိမ့်မယ်။

အခြားကိစ္စတွေက သိပ်တော့အရေးမကြီးပါဘူး။ သူမ ဘာလူမျိုးလဲ၊ သူငယ်ချင်းမိတ်ဆွေ ဘယ်နှစ်ယောက်ရှိလဲ၊ Instagram မှာ Like ဘယ်လောက်များများရလဲ၊ သူမရဲ့ လူမှုရေးအခြေအနေနဲ့ ဘာသာရေးအထိ သိပ်အရေးကြီးတဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ မင်းကိုယ်မင်း မေးရမယ့် မေးခွန်းတစ်ခုက ဒီကောင်မလေးက ငါ့ကို ပိုတော်တဲ့လူတစ်ယောက်ဖြစ်စေနိုင်သလား ဆိုတာပဲ။ အဖြေက Yes ဆိုရင်တော့ မင်းနဲ့ သင့်တော်သူကို တွေ့ပြီလို့ ဆိုနိုင်တယ်။

ဘယ်လို ပြုမူဆက်ဆံမလဲ (ဆောင်ရန်များ)
လူကြီးလူကောင်းဆန်ဖို့လိုတယ် သား ရေ။ မင်းအမြဲတမ်း မြင်နေတွေ့နေကျကိစ္စတွေပါပဲကွာ။ တံခါးဖွင့်ပေးတာ၊ ပစ္စည်းတွေ ဝိုင်းသယ်ပေးတာ၊ ထိုင်ဖို့ ခုံပြင်ပေးတာ၊ အေးနေတဲ့အချိန်မှာ အပေါ်အင်္ကျီခြုံပေးတာ စသဖြင့် အားလုံးပဲပေါ့။ ဒါပေမယ့် မင်းတို့ခေတ်မှာ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ကိစ္စတချို့လည်း ရှိနေတယ်။ အဲဒါတွေကတော့ –
၁။ စားသောက်ဆိုင်မှာ သူမက အရင်မှာခွင့်ပေးပါ။ သူမ မှာထားတာရောက်လာတဲ့အထိ မင်းမစားပဲနေပါ။
၂။ သူမ ဘယ်လောက်လှလဲဆိုတာကို ပြောပေးပါ။
၃။ သူမရဲ့ မိဘတွေရှေ့မှာ လေးစားသမှုနဲ့နေပါ။ လေးစားခံရအောင် နေပါ။ ရိုရိုသေသေပြောဆို ဆက်ဆံပါ။
၄။ သူမရဲ့ မိဘတွေအနားမှာမရှိရင်တောင် သူတို့ကို အရိုအသေမတန်ပါစေနဲ့။ သူမကိုယ်တိုင်က မိဘတွေကို စိတ်ဆိုးနေရင်တောင် မင်းရဲ့လေးစားမှုကို ဆက်ထိန်းထားပါ။
၅။ ဘာအကြောင်းမှမရှိပဲနဲ့လည်း သူမကို အံ့ဩပျော်ရွှင်ရအောင် ဖန်တီးပေးပါ။ ဥပမာ – ပန်းစည်းဝယ်ပေး တာလိုမျိုးပေါ့။
၆။ သူမ နေအိမ်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်အောင် လိုက်ပို့ပေးပါ။
၇။ သူမနဲ့ အတူလမ်းလျှောက်တဲ့အခါတိုင်းမှာ ပလက်ဖောင်းအပြင်ဘက် လမ်းဘက်ခြမ်းကနေလျှောက်ပါ။
၈။ သူမ ရယ်မောပျော်ရွှင်ရအောင် လုပ်ဆောင်ပါ။
နောက်ထပ် တကယ့်ကို အရေးကြီးတာတွေကတော့ –
၉။ သူမကို အမြင့်ကိုတက်လှမ်းနိုင်အောင် အားပေးပါ။
၁၀။ အတွေ့အကြုံသစ်တွေကို ကြိုးစားစမ်းသပ်ကြည့်ဖို့ စိန်ခေါ်ပါ။ ဒီနည်းလမ်းနဲ့ သူမရဲ့ တစ်ကိုယ်ရည်စွမ်းရည်ကို တိုးတက်လာစေနိုင်တယ်လေ။
၁၁။ သူမရဲ့ ထင်မြင်ယူဆချက်နဲ့ ဆုံးဖြတ်ချက်တွေကို လေးလေးစားစားနဲ့ စဉ်းစားပေးပါ။
အခုပြောတဲ့အချက်တွေထဲက (၈၀)ရာခိုင်နှုန်းလောက်ကို မင်းလုပ်နိုင်မယ်ဆိုရင် သူမက မင်းကို ချစ်မှာသေချာတယ်။ (၁၀၀)ရာခိုင်နှုန်းလုပ်နိုင်မယ်ဆိုရင်တော့ မင်းကို ချစ်ရုံမက ယုံကြည်ကိုးစားလာမှာ သေချာတယ်။

ဘယ်လို ပြုမူဆက်ဆံမလဲ (ရှောင်ရန်များ)

မလုပ်ပဲရှောင်ရှားရမယ့် ကိစ္စတွေကတော့ –
၁။ အရမ်းအစအနောက်မလွန်ပါစေနဲ့။ မင်းကောင်မလေးကို ဘယ်လိုနည်းလမ်းနဲ့မှ ထိခိုက်နာကျဉ်ရလောက်တဲ့ အထိ မစမနောက်ပါနဲ့။ YouTube ပေါ်မှာ ဒီလိုစနောက်တာမျိုးတွေကို မင်းတွေ့ရင်တွေ့လိမ့်မယ်။ ဒါပေမယ့် မင်းလိုက်မလုပ်နဲ့လို့ အကြံပေးချင်တယ်။

၂။ ရည်ရွယ်ချက်ရှိရှိနဲ့ လေလည်တာမျိုးလည်း မလုပ်ပါနဲ့။ အပေါင်းအသင်းတွေ အချင်းချင်းစနောက်ရင်းနဲ့ တစ်ယောက်လေလည်တဲ့အနံ့ကို ရှုခိုင်းစေတာမျိုး မလုပ်မိပါစေနဲ့။ ဒီကိစ္စက အရိုအသေတန်စေတယ်။

၃။ ဘာသာရေးကို ထိပါစော်ကားတာမျိုးလည်း ရှောင်ပါ။ မင်းကောင်မလေး ဒါမှမဟုတ် သူမရဲ့မိသားစု၊ သူငယ်ချင်းတွေကို ဘာသာရေးအရတိုက်ခိုက်စော်ကားတာမျိုးတွေ မလုပ်ပါနဲ့။ သူမ ရှေ့မှာပဲဖြစ်ဖြစ် နောက်ကွယ်မှာပဲဖြစ်ဖြစ် မလုပ်မိဖို့ အရေးကြီးပတယ်။

၄။ ကတိမပျက်ပါစေနဲ့။ တစ်နေရာရာသွားပြီး တစ်ခုခုလုပ်ဖို့ ပြောထားရင် သေချာပေါက်လုပ်ပါ။ ကတိမပျက်ပါစေနဲ့။ မိန်းကလေးတွေက ကိုယ့်စကားကိုယ် တန်ဖိုးထားတတ်တဲ့ ယောင်္ကျားကောင်းတွေကိုပဲ သဘောကျတတ်တယ်။

၅။ ဖုန်းကိုလည်း ကလိမနေပါနဲ့ ။ သူမနဲ့အတူရှိနေတဲ့အချိန်မှာ မင်းမျက်လုံးတွေက သူမဆီမှာပဲ ရှိနေရမှာ။ ဖုန်းကို အာရုံရောက်နေရမှာ မဟုတ်ဘူး။

၆။ လိမ်ညာဖုံးကွယ်တာမျိုး မလုပ်ပါနဲ့။ အမှားတစ်ခုခုလုပ်မိရင် ဝန်ခံလိုက်ပါ။ အမှန်ကို ပြင်ပါ။ အမှားကို ဝန်ခံပြီး အမှန်ကို ပြင်နိုင်ရင် သူမဘက်က ခွင့်လွှတ်ပေးမှာ သေချာပါတယ်။

၇။ အရှက်ရအောင် အထင်အမြင်သေးတာမျိုး မလုပ်ပါနဲ့။ မင်းလိုပဲ သူမလည်း အမှားလုပ်မိနိုင်တယ်။ ဒီအခါမှာ နားလည်ခွင့်လွှတ်ပေးတတ်ဖို့ လိုတယ်။ အညှိုးအတေးထားပြီး အရှက်ရစရာဖြစ်အောင် အထင်သေးအမြင်သေး ဆက်ဆံတာမျိုးတွေ လုံးဝမရှိသင့်ဘူး။

၈။ တခြားလူတွေအကြောင်း အတင်းမပြောနဲ့။ သူမက ပြောလာရင်တောင် နားပဲထောင်ပေးလိုက်ပါ။ ဝင်မပြောပါနဲ့။ ဒီလို သူများအကြောင်း မပြောဖို့လည်း မတားပါနဲ့။ သူမပြောတာကို အသိအမှတ်ပြု နားထောင်ပေးရင် လုံလောက်ပါပြီ။ ပထမပိုင်းတော့ မင်းကို စိတ်ဆိုးချင်ဆိုးလိမ့်မယ်။ ရေရှည်မှာတော့ မင်းကို လေးစားစရာကောင်းတယ်လို့ မြင်လာလိမ့်မယ်။

အခုလက်ရှိ မင်းရဲ့ ရည်းစားကောင်မလေးက မင်းရဲ့ အိမ်သူဇနီးမယားဖြစ်လာမယ်လို့ တထစ်ချပြောလို့ မရနိုင်ဘူး။ ဒါပေမယ့် အခုလိုကျွမ်းကျင်သူတစ်ယောက်ဆီက အကြံဉာဏ်တွေနဲ့ဆိုရင်တော့ ဘဝတစ်သက်လုံး လက်တွဲသွားလို့ရမယ့် ဆက်ဆံရေးမျိုးကို တည်ဆောက်နိုင်လိမ့်မယ်။

အချစ်ဆိုတာ သည်းခံကြင်နာတတ်ရတယ်။ အချစ်မှာ မလိုမုန်းထားမှုတွေ ရိုင်းစိုင်းမှုတွေ မရှိဘူး။ အချစ်က အမှားတွေနဲ့ ပျော်ရွှင်နေဖို့ထက် အမှန်တရားနဲ့ ကျေနပ်နေနိုင်ဖို့ လိုတယ်လို့ ပြောချင်တယ် သားရေ။

ချစ်လှစွာသော
အဖေ

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%