ေပ်ာ္ရႊင္ေသာ ခ်စ္သူဘ၀အတြက္ လိုအပ္ခ်က္ (၄)ခု

ေပ်ာ္ရႊင္ေသာ ခ်စ္သူဘ၀အတြက္ လိုအပ္ခ်က္ (၄)ခု (Zaw Gyi)

ခ်စ္သူစံုတြဲေတြအၾကားမွာ ေပ်ာ္ရႊင္သာယာခ်မ္းေျမ႕တဲ့ ဆက္ဆံေရးကို တည္ေဆာက္ႏိုင္ဖို႔အတြက္ ဘာေတြလိုအပ္တယ္လို႔ ထင္ပါသလဲ။ သိပ္အမ်ားႀကီး စဥ္းစားမေနပါနဲ႔။ အခုေဖာ္ျပမယ့္ အခ်က္ေလးခ်က္ ကိုက္ညီရင္ ေပ်ာ္ရႊင္ခ်မ္းေျမ႕ ခ်စ္သူဘ၀ကို တည္ေဆာက္ႏိုင္မွာ ျဖစ္ပါတယ္။

၁။ ကနဦးဆြဲေဆာင္မႈ
အေျခခံက်ၿပီး ႐ုိးရွင္းေပမယ့္ မရွိမျဖစ္လိုအပ္ပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာဆြဲေဆာင္မႈသာမရွိခဲ့ရင္ ဆက္ဆံေရးက အျခားအေရးႀကီးတဲ့ စံခ်ိန္စံညႊန္းေတြအထိ ခရီးဆက္ႏိုင္စရာ အေၾကာင္းမရွိပါဘူး။ ဒီကိစၥနဲ႔ ပတ္သတ္ၿပီး အမ်ားႀကီးေတာ့ ေျပာစရာမရွိပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ဆြဲေဆာင္မႈ ရွိသြားဖို႔ပဲ လိုအပ္တာျဖစ္ပါတယ္။

၂။ ဓာတုသေဘာတရား

တစ္ေယာက္ေယာက္ကိုၾကည့္ၿပီး ဆြဲေဆာင္မႈရွိတာကို ျမင္လိုက္႐ုံနဲ႔ ခံစားခ်က္ေတြ ျပင္းထန္လာတတ္တာကို ဆိုလိုပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ နီးနီးကပ္ကပ္ေနခ်င္စိတ္အျပင္းအထန္ခံစားလာရခ်ိန္မွာ ဒီအခ်က္ကို နားလည္သြားပါလိမ့္မယ္။ ဒီကိစၥက တစ္ေယာက္နဲ႔ တစ္ေယာက္ခ်စ္မိသြားခ်ိန္မွာ ျဖစ္တတ္ပါတယ္။ ဒီလို သေဘာသက္ေရာက္မႈသာမရွိဘူးဆိုရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ခံစားမႈပိုင္းမွာပါ စြဲလမ္းမႈနည္းၿပီး ေ၀းကြာသြားေစႏိုင္ပါတယ္။ ဒီလို ဓာတုသေဘာတရားေၾကာင့္ တစ္ေယာက္အတြက္ တစ္ေယာက္က ႀကိဳးစားေပးခ်င္စိတ္ေတြ ေပၚလာမယ္၊ အျပန္အလွန္ေပ်ာ္ရႊင္ေစခ်င္လာမယ္၊ အတူတကြ ရယ္ေမာဖို႔၊ ငိုေကၽြးဖို႔ စသျဖင့္ အရာရာကို ေ၀မွ်ခံစားခ်င္စိတ္ေတြ ျဖစ္ေပၚလာတာျဖစ္ပါတယ္။

၃။ သေဘာထားခ်င္းတိုက္ဆိုင္မႈ

ဒီအခ်က္က အားလံုးသိၿပီးသားျဖစ္ႏိုင္ေပမယ့္ အေရးႀကီးပါတယ္။ တစ္ဦးနဲ႔ တစ္ဦးအျပန္အလွန္ သေဘာထားခ်င္း တိုက္ဆိုင္မႈ၊ ခံယူခ်က္ခ်င္း ကိုက္ညီမႈမရွိဘူးဆိုရင္ ပဋိပကၡေတြ ျဖစ္လာႏိုင္ပါတယ္။ ႏွစ္ဦးစလံုး တူညီတဲ့လမ္းကိုေလွ်ာက္လွမ္းႏိုင္ဖို႔က ႏွစ္ဦးသားအတူတကြေရွ႕ဆက္ႏိုင္ဖို႔ အေရးအႀကီးဆံုး အခ်က္တစ္ခုျဖစ္ပါတယ္။

၄။ ခ်ိန္သားကိုက္မႈ

ဘ၀မွာ အရာရာခ်ိန္သားကိုက္ဖို႔ လိုအပ္သလို ခ်စ္သူႏွစ္ဦးၾကားဆက္ဆံေရးကလည္း ခ်ိန္သားကိုက္ဖို႔ လိုပါတယ္။ တစ္ဖက္က ဘယ္ေလာက္ပဲျပည့္စံုေနပါေစ၊ ဘယ္ေလာက္အထိ ခ်စ္ေနပါေစ၊ တစ္ဖက္အတြက္ အဆင္သင့္မျဖစ္ေသးရင္ အရာေရာက္မွာ မဟုတ္ပါဘူး။ ဆက္ဆံေရးတစ္ခု တည္ျမဲဖို႔ ခ်ိန္သားကိုက္ဖို႔ အေရးႀကီးပါတယ္။ ဒါေပမယ့္လည္း တစ္ခ်ိဳ႕အရာေတြကို ထိန္းခ်ဳပ္လို႔မရႏိုင္တာေၾကာင့္ ခ်ိန္သားကိုက္ဖို႔က ခက္ခဲေနတတ္ပါတယ္။

GM ရဲ႕ တျခားေဆာင္းပါး ေတြ မလြတ္တမ္းဖတ္ခ်င္တယ္ဆိုုရင္ေတာ့ 

https://www.facebook.com/myanmargentleman ကိုု Like လုုပ္ထားပါ

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

======================================================================================

ပျော်ရွှင်သော ချစ်သူဘဝအတွက် လိုအပ်ချက် (၄)ခု (Zaw Gyi)

ချစ်သူစုံတွဲတွေအကြားမှာ ပျော်ရွှင်သာယာချမ်းမြေ့တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့အတွက် ဘာတွေလိုအပ်တယ်လို့ ထင်ပါသလဲ။ သိပ်အများကြီး စဉ်းစားမနေပါနဲ့။ အခုဖော်ပြမယ့် အချက်လေးချက် ကိုက်ညီရင် ပျော်ရွှင်ချမ်းမြေ့ ချစ်သူဘဝကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

၁။ ကနဦးဆွဲဆောင်မှု
အခြေခံကျပြီး ရိုးရှင်းပေမယ့် မရှိမဖြစ်လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုသာမရှိခဲ့ရင် ဆက်ဆံရေးက အခြားအရေးကြီးတဲ့ စံချိန်စံညွှန်းတွေအထိ ခရီးဆက်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အများကြီးတော့ ပြောစရာမရှိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ဆွဲဆောင်မှု ရှိသွားဖို့ပဲ လိုအပ်တာဖြစ်ပါတယ်။

၂။ ဓာတုသဘောတရား

တစ်ယောက်ယောက်ကိုကြည့်ပြီး ဆွဲဆောင်မှုရှိတာကို မြင်လိုက်ရုံနဲ့ ခံစားချက်တွေ ပြင်းထန်လာတတ်တာကို ဆိုလိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်နေချင်စိတ်အပြင်းအထန်ခံစားလာရချိန်မှာ ဒီအချက်ကို နားလည်သွားပါလိမ့်မယ်။ ဒီကိစ္စက တစ်ယောက်နဲ့ တစ်ယောက်ချစ်မိသွားချိန်မှာ ဖြစ်တတ်ပါတယ်။ ဒီလို သဘောသက်ရောက်မှုသာမရှိဘူးဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ခံစားမှုပိုင်းမှာပါ စွဲလမ်းမှုနည်းပြီး ဝေးကွာသွားစေနိုင်ပါတယ်။ ဒီလို ဓာတုသဘောတရားကြောင့် တစ်ယောက်အတွက် တစ်ယောက်က ကြိုးစားပေးချင်စိတ်တွေ ပေါ်လာမယ်၊ အပြန်အလှန်ပျော်ရွှင်စေချင်လာမယ်၊ အတူတကွ ရယ်မောဖို့၊ ငိုကျွေးဖို့ စသဖြင့် အရာရာကို ဝေမျှခံစားချင်စိတ်တွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

၃။ သဘောထားချင်းတိုက်ဆိုင်မှု

ဒီအချက်က အားလုံးသိပြီးသားဖြစ်နိုင်ပေမယ့် အရေးကြီးပါတယ်။ တစ်ဦးနဲ့ တစ်ဦးအပြန်အလှန် သဘောထားချင်း တိုက်ဆိုင်မှု၊ ခံယူချက်ချင်း ကိုက်ညီမှုမရှိဘူးဆိုရင် ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။ နှစ်ဦးစလုံး တူညီတဲ့လမ်းကိုလျှောက်လှမ်းနိုင်ဖို့က နှစ်ဦးသားအတူတကွရှေ့ဆက်နိုင်ဖို့ အရေးအကြီးဆုံး အချက်တစ်ခုဖြစ်ပါတယ်။

၄။ ချိန်သားကိုက်မှု

ဘဝမှာ အရာရာချိန်သားကိုက်ဖို့ လိုအပ်သလို ချစ်သူနှစ်ဦးကြားဆက်ဆံရေးကလည်း ချိန်သားကိုက်ဖို့ လိုပါတယ်။ တစ်ဖက်က ဘယ်လောက်ပဲပြည့်စုံနေပါစေ၊ ဘယ်လောက်အထိ ချစ်နေပါစေ၊ တစ်ဖက်အတွက် အဆင်သင့်မဖြစ်သေးရင် အရာရောက်မှာ မဟုတ်ပါဘူး။ ဆက်ဆံရေးတစ်ခု တည်မြဲဖို့ ချိန်သားကိုက်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့်လည်း တစ်ချို့အရာတွေကို ထိန်းချုပ်လို့မရနိုင်တာကြောင့် ချိန်သားကိုက်ဖို့က ခက်ခဲနေတတ်ပါတယ်။
GM ရဲ့ တခြားဆောင်းပါး တွေ မလွတ်တမ်းဖတ်ချင်တယ်ဆိုရင်တော့

https://www.facebook.com/myanmargentleman ကို Like လုပ်ထားပါ

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

======================================================================================

 

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%