အမ်ိဳးသမီးေတြ ၿပီးတယ္ဆိုတာ… 

ဆရာ အတၱေက်ာ္ဘေလာက္ကေန ျပန္ယူထားတာပါ.. ဖုိမေရးရာ ကိစၥစိတ္မ၀င္စား ရင္ သုိ့မဟုတ္ ရုိင္းတယ္ထင္ရင္ ..ဆက္မဖတ္ပါနဲ႔လုိ႔ေျပာထားပါတယ္…သည္ဘေလာ့ကို ဖတ္ရတာ အသိ ဗဟုသုတ တိုးပါတယ္။ ။

ၿပီးျခင္း မၿပီးျခင္းဆိုတာ ဘာလဲ မသိဘူး…??? မသိလို႔ ေမးတာပါ။

ပထမဆံုးက အေျဖရက်ပ္ဆို ႏွာေခ်တာ၊ ဒါမွမဟုတ္ သမ္းေ၀တာနဲ႔ ႏိႈင္းလိုက္ရင္ အေျဖရက်ပ္တယ္ဆိုတာ ရွင္းသြားမွာပါ။ ႏွာေခ်ခ်င္တဲ့အခါ ဟတ္ခ်ိဳးလို႔ ေခ်လိုက္ရခ်ိန္မွာ ဘယ္လို ခံစားရလဲလို႔ ေမးရင္ ဘယ္သူ ေျဖႏိုင္မလဲ။ ကိုယ္ခႏၵာမွာ အဲဒီ့အခ်ိန္ ဘယ္လိုျဖစ္သလဲ၊ ဘာလဲ၊ ႏွာေခ်တယ္ဆိုတာ ဘာလဲ။ ေျဖၾကည့္ေစခ်င္ပါတယ္။ လူတိုင္း ေခ်ဖူးေပမယ့္ ႏွာေခ်တယ္ဆိုတာ ဘယ္လိုေလးပါလို႔ အင္မတန္ အေျပာရ ခက္ပါတယ္။ သမ္းလိုက္တာလည္း အတူတူပါပဲ။ ပါးစပ္ကို အားရပါးရ ဟၿပီး ၀ါးခနဲ သမ္းလိုက္တာေတာ့ မွန္တယ္။ အဲဒါ ဘာလဲ၊ ဘယ္လို ခံစားရလဲဆိုတာ အလြန္ အေျဖရခက္လွပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ ၿပီးတယ္ဆိုတာလည္း အလားတူပါပဲ၊ အေျဖရ က်ပ္လွပါတယ္။

အမ်ိဳးသားတစ္ေယာက္အတြက္က်ေတာ့ သူ႔ငယ္ပါကေန သုက္ရည္ေတြ ထြက္ကုန္တာကို ၿပီးတယ္လို႔ အျပတ္အသား ေျပာႏိုင္ပါတယ္။ အမ်ိဳးသမီးမွာက်ေတာ့ အဲလို ႐ုပ္လကၡဏာနဲ႔ လက္ဆုပ္လက္ကိုင္ ျပစရာ ဘာမွ မရိွဘူး။

ေနာက္တစ္ခ်က္က အေနာက္တိုင္း သုေတသနမ်ားအရ အမ်ိဳးသမီး ၂၅ % သာလွ်င္ ခ်စ္တင္းေႏွာရင္း (၀ါ) လိင္ဆက္ဆံရင္းနဲ႔ ၿပီးႏိုင္ပါတယ္။ ေယာက္်ားက်ေတာ့ ၉၀ % ေက်ာ္ျဖစ္ေနတာနဲ႔ကို ဒါဟာ အင္မတိ အင္မတန္ ျဖစ္ေတာင့္ျဖစ္ခဲဆိုတာ ေသခ်ာေနပါတယ္။

မၾကာေသးခင္က ၾကံဳခဲ့ဖူးတာ တစ္ခုရိွပါတယ္။ အသက္ ၆၀ ေက်ာ္ မိတ္ေဆြသစ္တစ္ဦးနဲ႔ ခရီးအတူသြားျဖစ္ၾကရင္း ရင္းႏွီးလာလို႔ သည္ကိစၥေတြ ေျပာျဖစ္ၾကတဲ့အခါ သူက အမ်ိဳးသမီးေတြ မၿပီးဘူးလားလို႔ တအံ့တၾသ ေမးလာပါတယ္။ တကယ္ေတာ့ သူဟာ ေျမးရေနၿပီျဖစ္တဲ့ ကေလးသံုးေယာက္ ဖခင္ပါ။ ဒါနဲ႔ ကၽြန္ေတာ္လည္း သူ႔ကို ေမးမိတယ္။ “ဘာလဲ အစ္ကိုႀကီးက အစ္ကိုႀကီး မိန္းမကို ၿပီးလားလို႔ ေမးတတ္တယ္ မဟုတ္လား”ဆိုေတာ့ ဟုတ္တယ္လို႔ သူက ေျဖပါတယ္။ ဒါနဲ႔ “ဟိုကလည္း ေခါင္းညိတ္တယ္၊ ဒါမွမဟုတ္ ၿပီးတယ္လို႔ ေျပာတာခ်ည္းပဲ မဟုတ္လား”ဆိုေတာ့ သူက ဟုတ္တယ္တဲ့။ ကၽြန္ေတာ့္မွာ တအား ရယ္ခ်င္သြားေပမယ့္ သူ႔ကိုေရာ သူ႔မိန္းမ အမယ္ႀကီးကိုပါ သနားမိသြားပါတယ္။ ကၽြန္ေတာ္တို႔မွာက သည္လိုအေၾကာင္းအရာေတြကို လူသိရွင္ၾကား ခ်ျပေဆြးေႏြးလို႔ မရတာမို႔ အမ်ားစုဟာ ထင္တစ္လံုးနဲ႔ ရမ္းႀကိတ္ေနၾကပါတယ္။ သူလို အမ်ိဳးသားေတြက ကၽြန္ေတာ္တို႔ ပတ္၀န္းက်င္မွာ ၉၀ % မက ရိွေနမွာလည္း အေသအခ်ာပါပဲ။

ကိုင္း… အေမးရိွေတာ့ အေျဖရိွလာပါၿပီ။

ပထမဆံုး လိင္ဆက္ဆံမႈ မစတင္ခင္ အပ်ိဳးကာလက အေရးႀကီးပါတယ္။ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြနဲ႔ မတူပါဘူး။ အမ်ိဳးသားေတြကေတာ့ “ဆင္လိုက္တုန္းေတာင္ ငယ္ပါတင္းႏိုင္ၾကသူမ်ား”ျဖစ္ေပမယ့္ အမ်ိဳးသမီးေတြက ဆင္လိုက္တာ ေ၀းစြ၊ စိတ္ထဲမွာ တစ္ခုခု ေၾကာင့္ၾကေနမိတာနဲ႔ လိင္စိတ္ႏိုးၾကားဖို႔ အင္မတန္ ခက္ခဲပါတယ္။ ကိုယ္ေရာစိတ္ပါ က်န္းမာေနေပမယ့္ အမ်ိဳးသမီးေတြရဲ႕ အေတြးထဲမွာ မိသားစုကိစၥေတြ၊ စီးပြားေရးကိစၥေတြ၊ လူမႈေရးကိစၥေတြက လႊမ္းမိုးထားစျမဲပါ။ ဒါ့ေၾကာင့္ အပ်ိဳးကာလနဲ႔ သူတို႔ကို စိတ္ေျပာင္းေအာင္ လုပ္ေပးဖို႔ လိုပါတယ္။

အပ်ိဳးမွာ အဆင့္ဆင့္ရိွပါတယ္။ ပထမဆံုးက လင္ကိုမယား စိတ္လက္ ၾကည္ၾကည္သာသာနဲ႔ ၾကည္ၾကည္ႏူးႏူး ရိွေအာင္ လုပ္ဖို႔ လိုပါလိမ့္မယ္။ လက္ကေလး ကိုင္တာ၊ ပါးကေလးနမ္းတာ၊ ဆံပင္ကေလး နမ္းတာေလးေတြဟာ တကယ့္ အပ်ိဳးပါပဲ။ အိမ္ေထာင္သက္ ႏွစ္ေပါင္း ၃၀ ပဲ ရိွေနေန မပ်က္မကြက္ လုပ္ေဆာင္ရမယ့္အထဲမွာ အဲဒါေတြ ပါပါတယ္။

အဲဒီ့ကမွတစ္ဆင့္ အရိွန္ေလး နည္းနည္း ရၿပီဆိုရင္ ျပင္သစ္အနမ္း၊ အနမ္းစို စသျဖင့္ ေခၚတဲ့ ႏႈတ္ခမ္းခ်င္း နမ္းတာက ဆက္လာရပါေတာ့မယ္။ သည္မွာလည္း လင္ရယ္ မယားရယ္ျဖစ္လာမွေတာ့ တစ္ေယာက္တစ္ေယာက္ ရြံေနလို႔ မရေတာ့ပါဘူး။ ဒါ့အျပင္ ျမန္မာ အမ်ိဳးသမီးအေတာ္မ်ားမ်ားက အဲဒီ့အနမ္းကို မတံု႔ျပန္တတ္ဘူး။ ရြံ႕ေနတတ္တယ္။ အဲေတာ့ အမ်ိဳးသားက သင္ေပးဖို႔ လိုပါတယ္။ အမ်ိဳးသားကလည္း တတ္ဖို႔ လိုတာေပါ့ဗ်ာ။ ျပင္သစ္အနမ္း ဋီကာကို ေနာက္က်ေတာ့မွ တစ္ပုဒ္ သတ္သတ္ ေရးေပးမယ္။ ဟုတ္ၿပီလား။

အဲဒီ့အဆင့္ကေန ေနာက္တစ္ဆင့္ တက္ရာမွာလည္း မေလာရပါဘူး။ ေယာက္်ားအမ်ားစု မွားတတ္တဲ့ အမွားက နမ္းရင္းနဲ႔ သူ႔လက္ႀကီးက အမ်ိဳးသမီးရဲ႕ ရင္သားဆီ တန္းေရာက္သြားတတ္တာပဲ။ ဟား… အလြဲႀကီး ခင္ဗ်။

အမ်ိဳးသမီးေတြရဲ႕ ကိုယ္ခႏၵာမွာ အာ႐ံုႏိုးတဲ့ေနရာေတြ မ်ားစြာ ရိွေပမယ့္ ရင္သားကို တန္းသြားတာႀကီးက ေနရာမက်ဘူးခင္ဗ်။ ဖက္ထားရင္းကေန လက္ေမာင္းေလး ပြတ္၊ ေက်ာေလးပြတ္ လုပ္ရတယ္။ ရင္ခုန္လာေအာင္ ႏွဴးရတယ္။ သူ႔လက္ႀကီးက ငါ့ရင္သားဆီ ေရာက္လာေတာ့မွာ… ေဟာ… ေရာက္ေတာ့မယ္… ဟင္… ဟုတ္လဲ ဟုဘ္ဘူး… အဲဒီ့ ေရႊလက္က ဘယ္ေရာက္သြားရျပန္တာလဲ ေမာင္ရယ္… ဟင့္… ဆိုတာမ်ိဳး ျဖစ္လာေအာင္ စိတ္ရွည္လက္ရွည္ လုပ္ႏိုင္ေလ အေျခအေန ေကာင္းေလေလပါပဲ။

အဲလိုနဲ႔ ရင္သားေတြကို ညင္ညင္သာသာ ထိေတြ႕ေပးရပါတယ္။ ခ်ိဳလံုးေလးေတြကိုလည္း အတူတူေပါ့။ ညင္သာဖို႔ လိုပါတယ္။ အမ်ိဳးသမီးအေနနဲ႔ သူ႔ကို ခ်စ္တယ္၊ ျမတ္ႏိုးတယ္၊ ယုယတယ္ဆိုတဲ့ ခံစားမႈ ရလာေအာင္ လုပ္ရမွာပါ။ ႏႈတ္ခမ္းခ်င္း ဂေဟဆက္ထားတာလည္း မပ်က္ေစဘဲ လက္က ရင္သား၊ ေျခေထာက္က ေျခေထာက္ခ်င္း ပြတ္သီးပြတ္သပ္ ကယုကယင္ ေနေပးႏိုင္ရင္ေတာ့ အေကာင္းဆံုးပါပဲ။

အဲဒီ့ကမွ အရိွန္ေလး ေတာ္ေတာ္ရၿပီဆိုရင္ေတာ့ ႏႈတ္ခမ္းကို ေနရာ ေရႊ႕လို႔ ရပါၿပီ။ သည္ေနရာမွာ ပစ္မွတ္က ခ်ိဳလံုးေတြ ျဖစ္ေပမယ့္ အဲဒါကိုလည္း အေလာတႀကီး မဟုတ္ဘဲ သိုင္းသိုင္း၀ိုင္း၀ိုင္း ဖြဲ႕ဖြဲ႕ႏြဲ႕ႏြဲ႕ေလး လုပ္ေပးတတ္ဖို႔ လိုျပန္ပါတယ္။ လုပ္တတ္ရင္ အမ်ိဳးသမီးဘက္က အေတာ့္ကို အဆင္သင့္ျဖစ္လာပါၿပီ။

ပါးစပ္က ေနရာေရြ႕သြားေတာ့ လက္က အားေနတယ္၊ ဘာလုပ္ရမလဲလို႔ ေမးရင္ အေျဖရိွပါတယ္။ လက္က ဗိုက္သား၊ ဆီးခံု၊ ေပါင္၊ ဒူး စတာေတြကို ညင္သာစြာ ထိေတြ႕ေပးေနႏိုင္ပါတယ္။ သည္မွာလည္း ဦးတည္ခ်က္က ေယာနိျဖစ္ေပမယ့္ ရင္သားမွာတုန္းကလိုပဲ အမ်ိဳးသမီးက အလိုခ်င္ အေတာင့္တဆံုး အေျခအေန ျဖစ္လာတဲ့အထိ ရစ္သီ ရစ္သီနဲ႔ အရစ္ရွည္ႏိုင္ေလ အက်ိဳးရိွေလပါ။ တကယ္လို႔ အဲဒီ့ေနရာကို လက္နဲ႔ မဟုတ္ဘဲ ပါးစပ္နဲ႔ပဲ စခန္းသြားလိုေသးတယ္ဆိုရင္လည္း လက္က ေယာနိကလြဲလို႔ ခါးေအာက္ပိုင္း က်န္တဲ့ ေနရာအႏွံ႔ကို ထိေတြ႕ထားႏိုင္ပါတယ္။

ပါးစပ္နဲ႔ ထိေတြ႕ဖို႔ ၾကံရင္လည္း ခ်က္ခ်င္း တန္းမသြားသင့္ေသးဘူး။ အမ်ိဳးသမီး သိပ္လိုခ်င္လာေအာင္ ရစ္သီရစ္သီ လုပ္ေပးဖို႔ လိုတယ္ခင္ဗ်။

ဒါဟာ အပ်ိဳးကာလပါပဲ။ အေတြ႕အၾကံဳ နည္းသူ အမ်ိဳးသမီးမ်ားအတြက္ အဲဒီ့ အပ်ိဳးကာလဟာ နာရီ၀က္ ၄၅ မိနစ္ေလာက္ အခ်ိန္ယူဖို႔ လိုပါတယ္။ အိမ္ေထာင္သက္ ရင့္ေနတယ္ဆိုရင္ေတာင္မွ အပ်ိဳးကို အဖ်င္းဆံုး မိနစ္ ၂၀ ေလာက္ အခ်ိန္ယူရပါမယ္။ ၾကာေလ၊ အခ်ိန္ဆြဲႏိုင္ေလ၊ အမ်ိဳးသမီးအတြက္ အရိွန္တက္ေလပါ။

အဲလို အရိွန္တက္လာတဲ့အခါမွာေတာ့ အမ်ိဳးသမီးဟာ မသိမသာေလး ေႏြးလာပါလိမ့္မယ္။ စိတ္ဆႏၵေတြ တက္ၾကြလာပါလိမ့္မယ္။ သူ႔ကိုယ္ခႏၵာက ေသြးေတြကလည္း ေယာနိနဲ႔ ေယာနိထိပ္က အေၾကာဆိုင္ အဖုအထံုး (အေစ့ေလး)ဆီကို တိုးေနပါၿပီ။ သည္အခ်ိန္မွာ ေယာနိအတြင္းပိုင္းနံရံကလည္း တျဖည္းျဖည္းနဲ႔ ေခၽြးသီးေခၽြးေပါက္မ်ားက်သလို စိမ့္ရာက နစ္လာပါေတာ့မယ္။ သည္အခ်ိန္မွာမွ လိင္ဆက္ဆံမႈ လုပ္ရေတာ့မွာပါ။

အဲလိုနဲ႔ အာ႐ံုက ဆင့္ကာ ဆင့္ကာ ႏိုးလာတဲ့အခါမွာေတာ့ ေသြးက တင္ပါးဆံု႐ိုးတ၀ိုက္မွာ ဆက္ၿပီး တိုးေနပါတယ္။ အသက္ရွဴလည္း ျပင္းလာတယ္။ ႏွလံုးခုန္ႏႈန္းလည္း တက္လာပါၿပီ။ ေယာနိရဲ႕ အတြင္းပိုင္းကလဲ ငယ္ပါကို ဆုပ္ညႇစ္ဖို႔အတြက္ က်ဥ္းသြားသလို အျပင္ပိုင္းကက်ျပန္ေတာ့ ငယ္ပါကို ႀကိဳဆိုဖို႔အတြက္ က်ယ္လာပါတယ္။

အားလံုး အဆင္ေျပေနၿပီ၊ အေႏွာင့္အယွက္ ကင္းေနၿပီ၊ ဖုန္းလည္း ထမျမည္ဘူး၊ ကိုယ့္ခင္ပြန္းကလည္း အေျခအေနကို ဆက္ထိန္းထားႏိုင္မယ္ဆိုရင္ေတာ့ လိင္အဂၤါေတြ၊ တင္ပါးဆံုေတြ၊ တင္ပါးေတြ၊ ဆီးခံုေတြနဲ႔ ေပါင္ေတြဆီက အာ႐ံုေၾကာမ်ားနဲ႔ ၾကြက္သားမ်ားဟာ တျဖည္းျဖည္း တင္းသထက္ တင္းလာပါေတာ့မယ္။ တင္းရင္းတင္းရင္းကေန ဟာခနဲ ျဖစ္သြားၿပီး သာယာမႈအေပါင္း ခေညာင္းစြာ အားလံုး ပြင့္ထြက္သြားသလို ခံစားလိုက္ရပါမယ္။ အဲဒါ ၿပီးတာပါပဲ။

အဲသလို ၿပီးလိုက္ခ်ိန္မွာ သားအိမ္၊ ေယာနိနဲ႔ စအိုတို႔က ၀.၈ စကၠန္႔မွာ တစ္ႀကိမ္ႏႈန္းေလာက္နဲ႔ ၾကံဳ႕ၾကံဳ႕သြားပါလိမ့္မယ္။ သိပ္ ျပင္းျပင္းထန္ထန္ ၿပီးတာ မဟုတ္ဘဲ ေတာ္႐ံုၿပီးတာဆိုရင္ အဲလို ၾကံဳ႕တာက သံုးႀကိမ္မွ ငါးႀကိမ္ေလာက္သာ ျဖစ္ပါတယ္။ တကယ့္ကို အျပင္းထန္ဆံုး ၿပီးတယ္ဆိုရင္ေတာ့ ၁၀ ႀကိမ္မွ ၁၅ ႀကိမ္အထိ ျဖစ္တတ္ပါတယ္။ အဲဒါမွ ၿပီးတာ အစစ္ပါ။

အဲလို ၿပီးျခင္းဟာ အေစ့ကို တိုက္႐ိုက္ လံႈ႔ေဆာ္လို႔ေသာ္လည္းေကာင္း၊ ေယာနိကို လံႈ႔ေဆာ္လို႔ေသာ္လည္းေကာင္း၊ ႏွစ္ခုလံုး ေပါင္း႐ံုးထားတဲ့ အေပၚမွာေသာ္လည္းေကာင္း မူတည္ေနတတ္သလို အမ်ိဳးသမီး တစ္ေယာက္နဲ႔ တစ္ေယာက္လည္း မတူပါဘူး။

တခ်ိဳ႕အမ်ိဳးသမီးေတြက်ေတာ့ ၿပီးခ်ိန္မွာ တျခားကိုယ္ခႏၵာအစိတ္အပိုင္းေတြ ျဖစ္တဲ့ ေျခဖ်ားေတြပါ ကုပ္သြားတတ္သလို မ်က္ႏွာမွာလည္း မဲ့႐ံႈ႕သြားတတ္တယ္။ တခ်ိဳ႕က်ေတာ့ ထူးဆန္းတဲ့ အသံေတြနဲ႔ ညည္းညဴတယ္။ အမ်ားစုကေတာ့ ႐ုတ္တရက္ နာက်င္သြားသလို မ်က္ႏွာထားမ်ိဳးနဲ႔ ျဖစ္သြားတတ္ပါတယ္။ အမွန္ေတာ့ နာက်င္တာ မဟုတ္ပါဘူး။

နယ္သာလန္ႏိုင္ငံ တကၠသိုလ္တစ္ခုရဲ႕ ေနာက္ဆံုးေတြ႕ရိွခ်က္အရဆိုရင္ေတာ့ သည္အခ်ိန္မွာ အမ်ိဳးသမီးေတြရဲ႕ ဦးေႏွာက္ထဲက ေၾကာက္ရြံ႕မႈနဲ႔ ခံစားမႈမ်ားကို ထိန္းခ်ဳပ္ေနတဲ့ အစိတ္အပိုင္းေတြ ရပ္ဆိုင္းသြားတယ္လို႔ ဆုိပါတယ္။ ႐ုတ္တရက္ သတိလက္လြတ္ ျဖစ္သြားတယ္ေပါ့။

သိပ္ေသခ်ာတဲ့ အခ်က္တစ္ခ်က္က အမ်ိဳးသမီးအမ်ားစုအတြက္က အေစ့ကို မျပတ္ လံႈ႔ေဆာ္ မေပးႏိုင္ဘူးဆိုရင္ ၿပီးဖို႔ အင္မတန္ ခဲယဥ္းတယ္ဆိုတဲ့ အခ်က္ပါပဲ။ ဒါ့ေၾကာင့္ အမ်ိဳးသမီးေတြ လိင္ဆက္ဆံရင္းနဲ႔ ၿပီးခ်င္ရင္၊ ၿပီးေစခ်င္ရင္ အမ်ိဳးသမီးက အေပၚကေနတဲ့ ကိုယ္ေနဟန္ထားက အသင့္ေတာ္ဆံုးပါပဲ။ ဒါမွ သူ႔ကိစၥအတြက္ သူ႔ဘာသာ လိုသလို ခ်ိန္ညႇိလို႔ ရႏိုင္သလို အေစ့နဲ႔ အမ်ိဳးသားရဲ႕ ငယ္ပါအရင္း ဆီးခံုေအာက္နားက အသားနဲ႔ မျပတ္ထိေတြ႕ေအာင္လည္း ၾကံေဆာင္ႏိုင္ပါလိမ့္မယ္။

သည္ေလာက္ဆိုရင္ အမ်ိဳးသမီး ၿပီးတယ္ဆိုတာနဲ႔ ပတ္သက္လို႔ လိုတာထက္ ပိုၿပီး အေတာ္ေလး ျပည့္ျပည့္စံုစံု ရွင္းျပႏိုင္ခဲ့ၿပီလို႔ ယူဆပါတယ္။

စာၾကြင္း – တကယ္ သည္ကိစၥေတြကို ေလ့လာ သိရိွထားတဲ့ ေယာက္်ားဆိုရင္ ကိုယ့္ဇနီးကိုယ္ “ၿပီးလား”လို႔ ေမးစရာ မလိုပါဘူး။ မေမးဘဲ သိႏိုင္ပါတယ္။ ေမးၿပီဆိုကတည္းက အဲဒီ့ေယာက္်ားသားဟာ အျပာစာအုပ္ေတြ၊ အျပာ႐ုပ္ရွင္ေတြရဲ႕ သြန္သင္မႈ အလြဲအမွားေတြကိုသာ ႏွလံုးသြင္းထားေလတဲ့ “ငတံုး”လို႔သာ မွတ္ၾကပါခင္ဗ်ား။

အတၱေက်ာ္

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

————————————————————————————–

ဆရာ အတ္တကျော်ဘလောက်ကနေ ပြန်ယူထားတာပါ.. ဖိုမရေးရာ ကိစ္စစိတ်မဝင်စား ရင် သို့မဟုတ် ရိုင်းတယ်ထင်ရင် ..ဆက်မဖတ်ပါနဲ့လို့ပြောထားပါတယ်…

သည်ဘလော့ကို ဖတ်ရတာ အသိ ဗဟုသုတ တိုးပါတယ်။ အခုလို ဖော်ပြပေးတဲ့ ဆရာ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးခြင်း မပြီးခြင်းဆိုတာ ဘာလဲ မသိဘူး…??? မသိလို့ မေးတာပါ။

ပထမဆုံးက အဖြေရကျပ်ဆို နှာချေတာ၊ ဒါမှမဟုတ် သမ်းဝေတာနဲ့ နှိုင်းလိုက်ရင် အဖြေရကျပ်တယ်ဆိုတာ ရှင်းသွားမှာပါ။ နှာချေချင်တဲ့အခါ ဟတ်ချိုးလို့ ချေလိုက်ရချိန်မှာ ဘယ်လို ခံစားရလဲလို့ မေးရင် ဘယ်သူ ဖြေနိုင်မလဲ။ ကိုယ်ခန္ဒာမှာ အဲဒီ့အချိန် ဘယ်လိုဖြစ်သလဲ၊ ဘာလဲ၊ နှာချေတယ်ဆိုတာ ဘာလဲ။ ဖြေကြည့်စေချင်ပါတယ်။ လူတိုင်း ချေဖူးပေမယ့် နှာချေတယ်ဆိုတာ ဘယ်လိုလေးပါလို့ အင်မတန် အပြောရ ခက်ပါတယ်။ သမ်းလိုက်တာလည်း အတူတူပါပဲ။ ပါးစပ်ကို အားရပါးရ ဟပြီး ဝါးခနဲ သမ်းလိုက်တာတော့ မှန်တယ်။ အဲဒါ ဘာလဲ၊ ဘယ်လို ခံစားရလဲဆိုတာ အလွန် အဖြေရခက်လှပါတယ်။ အမျိုးသမီးတစ်ယောက် ပြီးတယ်ဆိုတာလည်း အလားတူပါပဲ၊ အဖြေရ ကျပ်လှပါတယ်။

အမျိုးသားတစ်ယောက်အတွက်ကျတော့ သူ့ငယ်ပါကနေ သုက်ရည်တွေ ထွက်ကုန်တာကို ပြီးတယ်လို့ အပြတ်အသား ပြောနိုင်ပါတယ်။ အမျိုးသမီးမှာကျတော့ အဲလို ရုပ်လက္ခဏာနဲ့ လက်ဆုပ်လက်ကိုင် ပြစရာ ဘာမှ မရှိဘူး။

နောက်တစ်ချက်က အနောက်တိုင်း သုတေသနများအရ အမျိုးသမီး ၂၅ % သာလျှင် ချစ်တင်းနှောရင်း (ဝါ) လိင်ဆက်ဆံရင်းနဲ့ ပြီးနိုင်ပါတယ်။ ယောက်ျားကျတော့ ၉၀ % ကျော်ဖြစ်နေတာနဲ့ကို ဒါဟာ အင်မတိ အင်မတန် ဖြစ်တောင့်ဖြစ်ခဲဆိုတာ သေချာနေပါတယ်။

မကြာသေးခင်က ကြုံခဲ့ဖူးတာ တစ်ခုရှိပါတယ်။ အသက် ၆၀ ကျော် မိတ်ဆွေသစ်တစ်ဦးနဲ့ ခရီးအတူသွားဖြစ်ကြရင်း ရင်းနှီးလာလို့ သည်ကိစ္စတွေ ပြောဖြစ်ကြတဲ့အခါ သူက အမျိုးသမီးတွေ မပြီးဘူးလားလို့ တအံ့တဩ မေးလာပါတယ်။ တကယ်တော့ သူဟာ မြေးရနေပြီဖြစ်တဲ့ ကလေးသုံးယောက် ဖခင်ပါ။ ဒါနဲ့ ကျွန်တော်လည်း သူ့ကို မေးမိတယ်။ “ဘာလဲ အစ်ကိုကြီးက အစ်ကိုကြီး မိန်းမကို ပြီးလားလို့ မေးတတ်တယ် မဟုတ်လား”ဆိုတော့ ဟုတ်တယ်လို့ သူက ဖြေပါတယ်။ ဒါနဲ့ “ဟိုကလည်း ခေါင်းညိတ်တယ်၊ ဒါမှမဟုတ် ပြီးတယ်လို့ ပြောတာချည်းပဲ မဟုတ်လား”ဆိုတော့ သူက ဟုတ်တယ်တဲ့။ ကျွန်တော့်မှာ တအား ရယ်ချင်သွားပေမယ့် သူ့ကိုရော သူ့မိန်းမ အမယ်ကြီးကိုပါ သနားမိသွားပါတယ်။ ကျွန်တော်တို့မှာက သည်လိုအကြောင်းအရာတွေကို လူသိရှင်ကြား ချပြဆွေးနွေးလို့ မရတာမို့ အများစုဟာ ထင်တစ်လုံးနဲ့ ရမ်းကြိတ်နေကြပါတယ်။ သူလို အမျိုးသားတွေက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ၉၀ % မက ရှိနေမှာလည်း အသေအချာပါပဲ။

ကိုင်း… အမေးရှိတော့ အဖြေရှိလာပါပြီ။

ပထမဆုံး လိင်ဆက်ဆံမှု မစတင်ခင် အပျိုးကာလက အရေးကြီးပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ မတူပါဘူး။ အမျိုးသားတွေကတော့ “ဆင်လိုက်တုန်းတောင် ငယ်ပါတင်းနိုင်ကြသူများ”ဖြစ်ပေမယ့် အမျိုးသမီးတွေက ဆင်လိုက်တာ ဝေးစွ၊ စိတ်ထဲမှာ တစ်ခုခု ကြောင့်ကြနေမိတာနဲ့ လိင်စိတ်နိုးကြားဖို့ အင်မတန် ခက်ခဲပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာနေပေမယ့် အမျိုးသမီးတွေရဲ့ အတွေးထဲမှာ မိသားစုကိစ္စတွေ၊ စီးပွားရေးကိစ္စတွေ၊ လူမှုရေးကိစ္စတွေက လွှမ်းမိုးထားစမြဲပါ။ ဒါ့ကြောင့် အပျိုးကာလနဲ့ သူတို့ကို စိတ်ပြောင်းအောင် လုပ်ပေးဖို့ လိုပါတယ်။

အပျိုးမှာ အဆင့်ဆင့်ရှိပါတယ်။ ပထမဆုံးက လင်ကိုမယား စိတ်လက် ကြည်ကြည်သာသာနဲ့ ကြည်ကြည်နူးနူး ရှိအောင် လုပ်ဖို့ လိုပါလိမ့်မယ်။ လက်ကလေး ကိုင်တာ၊ ပါးကလေးနမ်းတာ၊ ဆံပင်ကလေး နမ်းတာလေးတွေဟာ တကယ့် အပျိုးပါပဲ။ အိမ်ထောင်သက် နှစ်ပေါင်း ၃၀ ပဲ ရှိနေနေ မပျက်မကွက် လုပ်ဆောင်ရမယ့်အထဲမှာ အဲဒါတွေ ပါပါတယ်။

အဲဒီ့ကမှတစ်ဆင့် အရှိန်လေး နည်းနည်း ရပြီဆိုရင် ပြင်သစ်အနမ်း၊ အနမ်းစို စသဖြင့် ခေါ်တဲ့ နှုတ်ခမ်းချင်း နမ်းတာက ဆက်လာရပါတော့မယ်။ သည်မှာလည်း လင်ရယ် မယားရယ်ဖြစ်လာမှတော့ တစ်ယောက်တစ်ယောက် ရွံနေလို့ မရတော့ပါဘူး။ ဒါ့အပြင် မြန်မာ အမျိုးသမီးအတော်များများက အဲဒီ့အနမ်းကို မတုံ့ပြန်တတ်ဘူး။ ရွံ့နေတတ်တယ်။ အဲတော့ အမျိုးသားက သင်ပေးဖို့ လိုပါတယ်။ အမျိုးသားကလည်း တတ်ဖို့ လိုတာပေါ့ဗျာ။ ပြင်သစ်အနမ်း ဋီကာကို နောက်ကျတော့မှ တစ်ပုဒ် သတ်သတ် ရေးပေးမယ်။ ဟုတ်ပြီလား။

အဲဒီ့အဆင့်ကနေ နောက်တစ်ဆင့် တက်ရာမှာလည်း မလောရပါဘူး။ ယောက်ျားအများစု မှားတတ်တဲ့ အမှားက နမ်းရင်းနဲ့ သူ့လက်ကြီးက အမျိုးသမီးရဲ့ ရင်သားဆီ တန်းရောက်သွားတတ်တာပဲ။ ဟား… အလွဲကြီး ခင်ဗျ။

အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဒာမှာ အာရုံနိုးတဲ့နေရာတွေ များစွာ ရှိပေမယ့် ရင်သားကို တန်းသွားတာကြီးက နေရာမကျဘူးခင်ဗျ။ ဖက်ထားရင်းကနေ လက်မောင်းလေး ပွတ်၊ ကျောလေးပွတ် လုပ်ရတယ်။ ရင်ခုန်လာအောင် နှူးရတယ်။ သူ့လက်ကြီးက ငါ့ရင်သားဆီ ရောက်လာတော့မှာ… ဟော… ရောက်တော့မယ်… ဟင်… ဟုတ်လဲ ဟုဘ်ဘူး… အဲဒီ့ ရွှေလက်က ဘယ်ရောက်သွားရပြန်တာလဲ မောင်ရယ်… ဟင့်… ဆိုတာမျိုး ဖြစ်လာအောင် စိတ်ရှည်လက်ရှည် လုပ်နိုင်လေ အခြေအနေ ကောင်းလေလေပါပဲ။

အဲလိုနဲ့ ရင်သားတွေကို ညင်ညင်သာသာ ထိတွေ့ပေးရပါတယ်။ ချိုလုံးလေးတွေကိုလည်း အတူတူပေါ့။ ညင်သာဖို့ လိုပါတယ်။ အမျိုးသမီးအနေနဲ့ သူ့ကို ချစ်တယ်၊ မြတ်နိုးတယ်၊ ယုယတယ်ဆိုတဲ့ ခံစားမှု ရလာအောင် လုပ်ရမှာပါ။ နှုတ်ခမ်းချင်း ဂဟေဆက်ထားတာလည်း မပျက်စေဘဲ လက်က ရင်သား၊ ခြေထောက်က ခြေထောက်ချင်း ပွတ်သီးပွတ်သပ် ကယုကယင် နေပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

အဲဒီ့ကမှ အရှိန်လေး တော်တော်ရပြီဆိုရင်တော့ နှုတ်ခမ်းကို နေရာ ရွှေ့လို့ ရပါပြီ။ သည်နေရာမှာ ပစ်မှတ်က ချိုလုံးတွေ ဖြစ်ပေမယ့် အဲဒါကိုလည်း အလောတကြီး မဟုတ်ဘဲ သိုင်းသိုင်းဝိုင်းဝိုင်း ဖွဲ့ဖွဲ့နွဲ့နွဲ့လေး လုပ်ပေးတတ်ဖို့ လိုပြန်ပါတယ်။ လုပ်တတ်ရင် အမျိုးသမီးဘက်က အတော့်ကို အဆင်သင့်ဖြစ်လာပါပြီ။

ပါးစပ်က နေရာရွေ့သွားတော့ လက်က အားနေတယ်၊ ဘာလုပ်ရမလဲလို့ မေးရင် အဖြေရှိပါတယ်။ လက်က ဗိုက်သား၊ ဆီးခုံ၊ ပေါင်၊ ဒူး စတာတွေကို ညင်သာစွာ ထိတွေ့ပေးနေနိုင်ပါတယ်။ သည်မှာလည်း ဦးတည်ချက်က ယောနိဖြစ်ပေမယ့် ရင်သားမှာတုန်းကလိုပဲ အမျိုးသမီးက အလိုချင် အတောင့်တဆုံး အခြေအနေ ဖြစ်လာတဲ့အထိ ရစ်သီ ရစ်သီနဲ့ အရစ်ရှည်နိုင်လေ အကျိုးရှိလေပါ။ တကယ်လို့ အဲဒီ့နေရာကို လက်နဲ့ မဟုတ်ဘဲ ပါးစပ်နဲ့ပဲ စခန်းသွားလိုသေးတယ်ဆိုရင်လည်း လက်က ယောနိကလွဲလို့ ခါးအောက်ပိုင်း ကျန်တဲ့ နေရာအနှံ့ကို ထိတွေ့ထားနိုင်ပါတယ်။

ပါးစပ်နဲ့ ထိတွေ့ဖို့ ကြံရင်လည်း ချက်ချင်း တန်းမသွားသင့်သေးဘူး။ အမျိုးသမီး သိပ်လိုချင်လာအောင် ရစ်သီရစ်သီ လုပ်ပေးဖို့ လိုတယ်ခင်ဗျ။

ဒါဟာ အပျိုးကာလပါပဲ။ အတွေ့အကြုံ နည်းသူ အမျိုးသမီးများအတွက် အဲဒီ့ အပျိုးကာလဟာ နာရီဝက် ၄၅ မိနစ်လောက် အချိန်ယူဖို့ လိုပါတယ်။ အိမ်ထောင်သက် ရင့်နေတယ်ဆိုရင်တောင်မှ အပျိုးကို အဖျင်းဆုံး မိနစ် ၂၀ လောက် အချိန်ယူရပါမယ်။ ကြာလေ၊ အချိန်ဆွဲနိုင်လေ၊ အမျိုးသမီးအတွက် အရှိန်တက်လေပါ။

အဲလို အရှိန်တက်လာတဲ့အခါမှာတော့ အမျိုးသမီးဟာ မသိမသာလေး နွေးလာပါလိမ့်မယ်။ စိတ်ဆန္ဒတွေ တက်ကြွလာပါလိမ့်မယ်။ သူ့ကိုယ်ခန္ဒာက သွေးတွေကလည်း ယောနိနဲ့ ယောနိထိပ်က အကြောဆိုင် အဖုအထုံး (အစေ့လေး)ဆီကို တိုးနေပါပြီ။ သည်အချိန်မှာ ယောနိအတွင်းပိုင်းနံရံကလည်း တဖြည်းဖြည်းနဲ့ ချွေးသီးချွေးပေါက်များကျသလို စိမ့်ရာက နစ်လာပါတော့မယ်။ သည်အချိန်မှာမှ လိင်ဆက်ဆံမှု လုပ်ရတော့မှာပါ။

အဲလိုနဲ့ အာရုံက ဆင့်ကာ ဆင့်ကာ နိုးလာတဲ့အခါမှာတော့ သွေးက တင်ပါးဆုံရိုးတဝိုက်မှာ ဆက်ပြီး တိုးနေပါတယ်။ အသက်ရှူလည်း ပြင်းလာတယ်။ နှလုံးခုန်နှုန်းလည်း တက်လာပါပြီ။ ယောနိရဲ့ အတွင်းပိုင်းကလဲ ငယ်ပါကို ဆုပ်ညှစ်ဖို့အတွက် ကျဉ်းသွားသလို အပြင်ပိုင်းကကျပြန်တော့ ငယ်ပါကို ကြိုဆိုဖို့အတွက် ကျယ်လာပါတယ်။

အားလုံး အဆင်ပြေနေပြီ၊ အနှောင့်အယှက် ကင်းနေပြီ၊ ဖုန်းလည်း ထမမြည်ဘူး၊ ကိုယ့်ခင်ပွန်းကလည်း အခြေအနေကို ဆက်ထိန်းထားနိုင်မယ်ဆိုရင်တော့ လိင်အင်္ဂါတွေ၊ တင်ပါးဆုံတွေ၊ တင်ပါးတွေ၊ ဆီးခုံတွေနဲ့ ပေါင်တွေဆီက အာရုံကြောများနဲ့ ကြွက်သားများဟာ တဖြည်းဖြည်း တင်းသထက် တင်းလာပါတော့မယ်။ တင်းရင်းတင်းရင်းကနေ ဟာခနဲ ဖြစ်သွားပြီး သာယာမှုအပေါင်း ခညောင်းစွာ အားလုံး ပွင့်ထွက်သွားသလို ခံစားလိုက်ရပါမယ်။ အဲဒါ ပြီးတာပါပဲ။

အဲသလို ပြီးလိုက်ချိန်မှာ သားအိမ်၊ ယောနိနဲ့ စအိုတို့က ၀.၈ စက္ကန့်မှာ တစ်ကြိမ်နှုန်းလောက်နဲ့ ကြုံ့ကြုံ့သွားပါလိမ့်မယ်။ သိပ် ပြင်းပြင်းထန်ထန် ပြီးတာ မဟုတ်ဘဲ တော်ရုံပြီးတာဆိုရင် အဲလို ကြုံ့တာက သုံးကြိမ်မှ ငါးကြိမ်လောက်သာ ဖြစ်ပါတယ်။ တကယ့်ကို အပြင်းထန်ဆုံး ပြီးတယ်ဆိုရင်တော့ ၁၀ ကြိမ်မှ ၁၅ ကြိမ်အထိ ဖြစ်တတ်ပါတယ်။ အဲဒါမှ ပြီးတာ အစစ်ပါ။

အဲလို ပြီးခြင်းဟာ အစေ့ကို တိုက်ရိုက် လှုံ့ဆော်လို့သော်လည်းကောင်း၊ ယောနိကို လှုံ့ဆော်လို့သော်လည်းကောင်း၊ နှစ်ခုလုံး ပေါင်းရုံးထားတဲ့ အပေါ်မှာသော်လည်းကောင်း မူတည်နေတတ်သလို အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက်လည်း မတူပါဘူး။

တချို့အမျိုးသမီးတွေကျတော့ ပြီးချိန်မှာ တခြားကိုယ်ခန္ဒာအစိတ်အပိုင်းတွေ ဖြစ်တဲ့ ခြေဖျားတွေပါ ကုပ်သွားတတ်သလို မျက်နှာမှာလည်း မဲ့ရှုံ့သွားတတ်တယ်။ တချို့ကျတော့ ထူးဆန်းတဲ့ အသံတွေနဲ့ ညည်းညူတယ်။ အများစုကတော့ ရုတ်တရက် နာကျင်သွားသလို မျက်နှာထားမျိုးနဲ့ ဖြစ်သွားတတ်ပါတယ်။ အမှန်တော့ နာကျင်တာ မဟုတ်ပါဘူး။

နယ်သာလန်နိုင်ငံ တက္ကသိုလ်တစ်ခုရဲ့ နောက်ဆုံးတွေ့ရှိချက်အရဆိုရင်တော့ သည်အချိန်မှာ အမျိုးသမီးတွေရဲ့ ဦးနှောက်ထဲက ကြောက်ရွံ့မှုနဲ့ ခံစားမှုများကို ထိန်းချုပ်နေတဲ့ အစိတ်အပိုင်းတွေ ရပ်ဆိုင်းသွားတယ်လို့ ဆိုပါတယ်။ ရုတ်တရက် သတိလက်လွတ် ဖြစ်သွားတယ်ပေါ့။

သိပ်သေချာတဲ့ အချက်တစ်ချက်က အမျိုးသမီးအများစုအတွက်က အစေ့ကို မပြတ် လှုံ့ဆော် မပေးနိုင်ဘူးဆိုရင် ပြီးဖို့ အင်မတန် ခဲယဉ်းတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါ့ကြောင့် အမျိုးသမီးတွေ လိင်ဆက်ဆံရင်းနဲ့ ပြီးချင်ရင်၊ ပြီးစေချင်ရင် အမျိုးသမီးက အပေါ်ကနေတဲ့ ကိုယ်နေဟန်ထားက အသင့်တော်ဆုံးပါပဲ။ ဒါမှ သူ့ကိစ္စအတွက် သူ့ဘာသာ လိုသလို ချိန်ညှိလို့ ရနိုင်သလို အစေ့နဲ့ အမျိုးသားရဲ့ ငယ်ပါအရင်း ဆီးခုံအောက်နားက အသားနဲ့ မပြတ်ထိတွေ့အောင်လည်း ကြံဆောင်နိုင်ပါလိမ့်မယ်။

သည်လောက်ဆိုရင် အမျိုးသမီး ပြီးတယ်ဆိုတာနဲ့ ပတ်သက်လို့ လိုတာထက် ပိုပြီး အတော်လေး ပြည့်ပြည့်စုံစုံ ရှင်းပြနိုင်ခဲ့ပြီလို့ ယူဆပါတယ်။

စာကြွင်း – တကယ် သည်ကိစ္စတွေကို လေ့လာ သိရှိထားတဲ့ ယောက်ျားဆိုရင် ကိုယ့်ဇနီးကိုယ် “ပြီးလား”လို့ မေးစရာ မလိုပါဘူး။ မမေးဘဲ သိနိုင်ပါတယ်။ မေးပြီဆိုကတည်းက အဲဒီ့ယောက်ျားသားဟာ အပြာစာအုပ်တွေ၊ အပြာရုပ်ရှင်တွေရဲ့ သွန်သင်မှု အလွဲအမှားတွေကိုသာ နှလုံးသွင်းထားလေတဲ့ “ငတုံး”လို့သာ မှတ်ကြပါခင်ဗျား။

အတ္တကျော်

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

————————————————————————————–

 

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%