Facebook ေပၚမွာ ခ်စ္သူစုံတြဲမ်ားအၾကား သတိျပဳေရွာင္ရွားစရာမ်ား

ယေန႕ေခတ္မွာ လူမႈကြန္ယက္တစ္ခုျဖစ္တ့ဲ Facebook ဟာ ေန႔စဥ္ဘ၀ရဲ႕ အဓိကအခန္းက႑ကေန ပါ၀င္လ်က္ရွိၿပီး ခ်စ္သူစုံတြဲေတြအၾကား ဆက္ဆံေရးကို ေကာင္းတ့ဲဖက္ကေရာ ဆိုးတ့ဲဖက္ကပါ သက္ေရာက္မႈေတြရွိေနပါတယ္။ တခ်ိဳ႕ေတြဆိုရင္ ဘာရယ္မဟုတ္ တင္လိုက္မိတ့ဲ အေၾကာင္းအရာေလးတစ္ခု ဒါမွမဟုတ္ ဓာတ္ပုံတစ္ပုံေၾကာင့္ အခ်င္းမ်ားရန္ျဖစ္ေနၾကရတာေတြလည္း ရွိပါတယ္။ လြန္ခ့ဲတ့ဲ ၁၀ ႏွစ္ေလာက္က ခ်စ္သူရည္းစားေတြအၾကား ရန္ျဖစ္တာက လူသိပ္မသိၾကေပမယ့္ အခုအခ်ိန္မွာေတာ့ အရာအားလုံးကို အြန္လိုင္းေပၚတင္တတ္ၾကတ့ဲအတြက္ ႏွစ္ကိုယ္ၾကားကိစၥေတြက လူသိရွင္ၾကားေတြျဖစ္လာရပါတယ္။ ဒါ့ေၾကာင့္ ခ်စ္သူရည္းစားႏွစ္ေယာက္စလုံး facebook သုံးတ့ဲ စုံတြဲေတြအတြက္ သတိျပဳေရွာင္က်ဥ္ရမယ္အခ်က္ (၆)ခုကို ေဖာ္ျပလိုက္ပါတယ္။

၆။ ႏွစ္ဦးသားအဆင္မေျပၾကတဲ့ကိစၥေတြကို မတင္ပါနဲ႔၊

ဒီလို ႏွစ္ဦးသား အခ်င္းမ်ားရန္ျဖစ္တ့ဲ ကိစၥေတြ၊ တစ္ဖက္ဖက္ေၾကာင့္ ထိခိုက္ခံစားရတာေတြကို တင္တာက သင့္တို႔ရဲ႕ဆက္ဆံေရးကို အဆိုး၀ါးဆုံးထိခခိုက္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဒီလိုကိစၥေတြကို facebook ေပၚမတင္ပါနဲ႔။ တျခားသူေတြ သိၾကတ့ဲအခါမွာလည္း ဘယ္လိုျဖစ္ၾကတာလည္း သိခ်င္ၾက႐ုံကလြဲၿပီး ဘာမွ ကူညီႏိုင္ၾကတာ မဟုတ္ပါဘူး။ တကယ္လို႔ ဖြင့္ထုတ္လိုက္ရမွ ေက်နပ္မယ္ဆိုရင္လည္း မေက်နပ္တဲ့အေၾကာင္းကို သက္ဆိုင္သူဆီကိုသာ တိုက္႐ိုက္ဆက္သြယ္ေျပာဆိုတာ အေကာင္းဆုံးပါပဲ။

၅။ ႏွစ္ဦးသားရင္းႏွီးကၽြမ္း၀င္မႈအတိုင္းအတာကို မတင္ပါနဲ႕။

ဒီကိစၥကို လူအမ်ားစု လုပ္တတ္ၾကပါတယ္။ တကယ္ေတာ့ ခ်စ္သူရည္းစားႏွစ္ဦးၾကား ဘယ္လိုဘယ္ပုံ ဘယ္အတိုင္းအတာအထိ ရင္းႏွီးကၽြမ္း၀င္ၾကတယ္ဆိုတာက ထုတ္ေဖာ္ဂုဏ္ယူေနသင့္တ့ဲ ကိစၥမဟုတ္ပါဘူး။ ႏွစ္ကိုယ္ၾကားကိစၥျဖစ္တ့ဲအတြက္ အမ်ားသိေအာင္ မလုပ္သင့္ပါဘူး။ အမ်ားသိေအာင္ facebook လို လူမႈကြန္ယက္ေတြမွာ တင္တာက အခန္႔မသင့္ရင္ ႏွစ္ဦးသား စကားမ်ားစရာေတြျဖစ္လာႏိုင္ပါတယ္။

၄။ ရည္းစားေဟာင္းရဲ႕ account ကို လိုက္ၾကည့္မေနပါနဲ႕။

လူအမ်ားစုဟာ facebook ေပၚမွာ ရည္းစားေဟာင္းရဲ႕ account ကို လိုက္လံရွာေဖြၾကည့္႐ႈေလ့ရွိပါတယ္။ ဒီလိုၾကည့္ဖို႔ အေၾကာင္းျပခ်က္ေတြကိုလည္း အမ်ိဳးမ်ိဳးေပးတတ္ၾကပါတယ္။ တကယ္ေတာ့ ရည္းစားေဟာင္းအေၾကာင္း လိုက္ၾကည့္ေနေတာ့လည္း ဘာမ်ားေကာင္းတာရွိလို႔လဲ။ မရွိဘူးဆိုတာေသခ်ာပါတယ္။ လက္ရွိသင့္ခ်စ္သူက ဒီအေၾကာင္းကို သိသြားခ့ဲမယ္ဆိုရင္ သူ႕အတြက္နာက်ဥ္ခံစားရေစမွာေတာ့ အမွန္ပါပဲ။

၃။ ရည္းစားေဟာင္းနဲ႔ friend ျဖစ္မေနပါနဲ႔။

ငါတို႔ျပတ္သြားၿပီ၊ ဒါေပမယ့္ facebook ေပၚမွာ friend ျဖစ္ေနတုန္းပဲ။ အဆင္ေျပပါတယ္လို႔ ေတာ္ေတာ္မ်ားမ်ားက ေျပာတတ္ၾကပါတယ္။ တကယ္ေတာ့ ရည္းစားေဟာင္းနဲ႔ အျပင္ေလာကမွာပဲျဖစ္ျဖစ္ အြန္လိုင္းေပၚမွာပဲျဖစ္ျဖစ္ ခင္မင္ရင္းႏွီးေနေသးတယ္ဆိုတာ ေကာင္းတ့ဲကိစၥေတာ့မဟုတ္ပါဘူး။ ျပႆနာေတြအမ်ားႀကီး ျဖစ္လာႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူငယ္ခ်င္းမိတ္ေဆြေတြအျဖစ္ရွိေနတယ္ဆိုၿပီး တစ္ေယာက္ကိစၥေတြကို တစ္ေယာက္ အသိေပးေ၀မွ်ေနတာဟာ မျပတ္သားႏိုင္ၾက ေသးတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒီလိုရည္းစားေဟာင္းနဲ႔ မျပတ္သားႏိုင္ေသးတာဟာ လက္ရွိခ်စ္သူနဲ႔ ဆက္ဆံေရးကိုထိခိုက္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ရည္းစားေဟာင္းကို အတိတ္မွာထားခ့ဲႏိုင္ဖို႔လိုပါတယ္။

၂။ ခ်စ္သူရည္းစား account ကို ေစာင့္ၾကည့္ေထာက္လွမ္းတာေတြ မလုပ္ပါနဲ႔၊

ခ်စ္သူရဲ႕ account ထဲ၀င္ၿပီး ဘာေတြတင္တယ္၊ ဘာေတြကို like ထားတယ္၊ ဘယ္လို comment ေပးတယ္ စသျဖင့္ လိုက္စုံစမ္းေနတာမ်ိဳးမလုပ္သင့္ပါဘူး။ တခ်ိဳ႕ေတြဆို ကိုယ့္ခ်စ္သူရဲ႕ profile ထဲကို အေသးစိတ္ထိ၀င္ၾကည့္ၿပီး သံသယနဲ႔ ေစာင့္ၾကည့္ေနတတ္ၾကပါတယ္။ ဒီလိုလုပ္မယ့္အစား သင့္ရဲ႕စိတ္မခ်မႈကို သင့္ခ်စ္သူကို ဖြင့္ေျပာတိုင္ပင္ညိွႏိႈင္းသင့္ပါတယ္။

၁။ Facebook ေပၚမွာပဲ ခ်စ္ျပမေနပါနဲ႔။

စုံတြဲေတာ္ေတာ္မ်ားမ်ားက facebook ေပၚမွာ အရမ္းခ်စ္ျပတတ္ၾကၿပီး တကယ့္လက္ေတြ႔ဘ၀မွာေတာ့ တျခားစီျဖစ္ေနတတ္ၾကပါတယ္။ Facebook ေပၚမွာေတာ့ တစ္ေယာက္ wall ေပၚမွာ တစ္ေယာက္ အရမ္းခ်စ္ၾကတ့ဲ ဓာတ္ပုံေတြ၊ စာသားေတြ တင္တတ္ၾကၿပီး အျပင္မွာေတာ့ ဆက္ဆံေရးက ေအးစက္ေနတာမ်ိဳးေတြကို ဆိုလိုတာပါ။ ဒါ့ေၾကာင့္ facebook ေပၚမွာ ႏွစ္ဦးသားဆက္ဆံေရး ဘယ္ေလာက္ေပ်ာ္စရာေကာင္းတယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္ေလာက္ခ်စ္ၾကတယ္ဆိုတာကို အမ်ားသိေအာင္ေဖာ္ျပခ်င္ရင္ အျပင္ေလာကမွာလည္း တကယ္ခ်စ္ခင္ၾကင္နာၾကဖို႔လိုအပ္ပါတယ္။

အခုေဖာ္ျပခ်က္ေတြက အၾကံျပဳခ်က္သက္သက္ပါ။ Facebook ဟာ လူမႈဆက္သြယ္ေရးကြန္ယက္တစ္ခုသာ ျဖစ္ပါတယ္။ Facebook ကို ရံဖန္ရံခါသာ သုံးၿပီး in a relationship မလုပ္ထားေပမယ့္ တကယ္ဆက္ဆံေရးမွာ ေပ်ာ္ရႊင္ျပည့္စုံေနတ့ဲ စုံတြဲေတြလည္း အမ်ားႀကီးရွိပါတယ္။ Facebook ေပၚမွာ အရမ္းခ်စ္ၿပီး အျပင္မွာ တျခားစီျဖစ္ေနတ့ဲ စုံတြဲေတြလည္း ရွိပါတယ္။ ဒါ့ေၾကာင့္ ျဖစ္လာသမွ်အက်ိဳးဆက္ေတြကို ေက်ေက်နပ္လက္ခံႏိုင္မယ္ဆိုရင္ေတာ့ သင့္တို႔ႏွစ္ဦးၾကားဆက္ဆံေရးနဲ႔ပတ္သက္ၿပီး သင္စိတ္ထဲရွိသေလာက္ေဖာ္ျပႏိုင္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

Facebook ပေါ်မှာ ချစ်သူစုံတွဲများအကြား သတိပြုရှောင်ရှားစရာများ

ယနေ့ခေတ်မှာ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Facebook ဟာ နေ့စဉ်ဘဝရဲ့ အဓိကအခန်းကဏ္ဍကနေ ပါ၀င်လျက်ရှိပြီး ချစ်သူစုံတွဲတွေအကြား ဆက်ဆံရေးကို ကောင်းတဲ့ဖက်ကရော ဆိုးတဲ့ဖက်ကပါ သက်ရောက်မှုတွေရှိနေပါတယ်။ တချို့တွေဆိုရင် ဘာရယ်မဟုတ် တင်လိုက်မိတဲ့ အကြောင်းအရာလေးတစ်ခု ဒါမှမဟုတ် ဓာတ်ပုံတစ်ပုံကြောင့် အချင်းများရန်ဖြစ်နေကြရတာတွေလည်း ရှိပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ချစ်သူရည်းစားတွေအကြား ရန်ဖြစ်တာက လူသိပ်မသိကြပေမယ့် အခုအချိန်မှာတော့ အရာအားလုံးကို အွန်လိုင်းပေါ်တင်တတ်ကြတဲ့အတွက် နှစ်ကိုယ်ကြားကိစ္စတွေက လူသိရှင်ကြားတွေထြစ်လာရပါတယ်။ ဒါ့ကြောင့် ချစ်သူရည်းစားနှစ်ယောက်စလုံး facebook သုံးတဲ့ စုံတွဲတွေအတွက် သတိပြုရှောင်ကျဉ်ရမယ်အချက် (၆)ခုကို ဖော်ပြလိုက်ပါတယ်။

၆။ နှစ်ဦးသားအဆင်မပြေကြတဲ့ကိစ္စတွေကို မတင်ပါနဲ့၊
ဒီလို နှစ်ဦးသား အချင်းများရန်ဖြစ်တဲ့ ကိစ္စတွေ၊ တစ်ဖက်ဖက်ကြောင့် ထိခိုက်ခံစားရတာတွေကို တင်တာက သင့်တို့ရဲ့ဆက်ဆံရေးကို အဆိုးဝါးဆုံးထိခခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုကိစ္စတွေကို facebook ပေါ်မတင်ပါနဲ့။ တခြားသူတွေ သိကြတဲ့အခါမှာလည်း ဘယ်လိုဖြစ်ကြတာလည်း သိချင်ကြရုံကလွဲပြီး ဘာမှ ကူညီနိုင်ကြတာ မဟုတ်ပါဘူး။ တကယ်လို့ ဖွင့်ထုတ်လိုက်ရမှ ကျေနပ်မယ်ဆိုရင်လည်း မကျေနပ်တဲ့အကြောင်းကို သက်ဆိုင်သူဆီကိုသာ တိုက်ရိုက်ဆက်သွယ်ပြောဆိုတာ အကောင်းဆုံးပါပဲ။

၅။ နှစ်ဦးသားရင်းနှီးကျွမ်းဝင်မှုအတိုင်းအတာကို မတင်ပါနဲ့။
ဒီကိစ္စကို လူအများစု လုပ်တတ်ကြပါတယ်။ တကယ်တော့ ချစ်သူရည်းစားနှစ်ဦးကြား ဘယ်လိုဘယ်ပုံ ဘယ်အတိုင်းအတာအထိ ရင်းနှီးကျွမ်းဝင်ကြတယ်ဆိုတာက ထုတ်ဖော်ဂုဏ်ယူနေသင့်တဲ့ ကိစ္စမဟုတ်ပါဘူး။ နှစ်ကိုယ်ကြားကိစ္စဖြစ်တဲ့အတွက် အများသိအောင် မလုပ်သင့်ပါဘူး။ အများသိအောင် facebook လို လူမှုကွန်ယက်တွေမှာ တင်တာက အခန့်မသင့်ရင် နှစ်ဦးသား စကားများစရာတွေဖြစ်လာနိုင်ပါတယ်။

၄။ ရည်းစားဟောင်းရဲ့ account ကို လိုက်ကြည့်မနေပါနဲ့။
လူအများစုဟာ facebook ပေါ်မှာ ရည်းစားဟောင်းရဲ့ account ကို လိုက်လံရှာဖွေကြည့်ရှုလေ့ရှိပါတယ်။ ဒီလိုကြည့်ဖို့ အကြောင်းပြချက်တွေကိုလည်း အမျိုးမျိုးပေးတတ်ကြပါတယ်။ တကယ်တော့ ရည်းစားဟောင်းအကြောင်း လိုက်ကြည့်နေတော့လည်း ဘာများကောင်းတာရှိလို့လဲ။ မရှိဘူးဆိုတာသေချာပါတယ်။ လက်ရှိသင့်ချစ်သူက ဒီအကြောင်းကို သိသွားခဲ့မယ်ဆိုရင် သူ့အတွက်နာကျဉ်ခံစားရစေမှာတော့ အမှန်ပါပဲ။

၃။ ရည်းစားဟောင်းနဲ့ friend ဖြစ်မနေပါနဲ့။
ငါတို့ပြတ်သွားပြီ၊ ဒါပေမယ့် facebook ပေါ်မှာ friend ဖြစ်နေတုန်းပဲ။ အဆင်ပြေပါတယ်လို့ တော်တော်များများက ပြောတတ်ကြပါတယ်။ တကယ်တော့ ရည်းစားဟောင်းနဲ့ အပြင်လောကမှာပဲဖြစ်ဖြစ် အွန်လိုင်းပေါ်မှာပဲဖြစ်ဖြစ် ခင်မင်ရင်းနှီးနေသေးတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ပြဿနာတွေအများကြီး ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းမိတ်ဆွေတွေအဖြစ်ရှိနေတယ်ဆိုပြီး တစ်ယောက်ကိစ္စတွေကို တစ်ယောက် အသိပေးဝေမျှနေတာဟာ မပြတ်သားနိုင်ကြ သေးတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုရည်းစားဟောင်းနဲ့ မပြတ်သားနိုင်သေးတာဟာ လက်ရှိချစ်သူနဲ့ ဆက်ဆံရေးကိုထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ရည်းစားဟောင်းကို အတိတ်မှာထားခဲ့နိုင်ဖို့လိုပါတယ်။

၂။ ချစ်သူရည်းစား account ကို စောင့်ကြည့်ထောက်လှမ်းတာတွေ မလုပ်ပါနဲ့၊
ချစ်သူရဲ့ account ထဲဝင်ပြီး ဘာတွေတင်တယ်၊ ဘာတွေကို like ထားတယ်၊ ဘယ်လို comment ပေးတယ် စသဖြင့် လိုက်စုံစမ်းနေတာမျိုးမလုပ်သင့်ပါဘူး။ တချို့တွေဆို ကိုယ့်ချစ်သူရဲ့ profile ထဲကို အသေးစိတ်ထိ၀င်ကြည့်ပြီး သံသယနဲ့ စောင့်ကြည့်နေတတ်ကြပါတယ်။ ဒီလိုလုပ်မယ့်အစား သင့်ရဲ့စိတ်မချမှုကို သင့်ချစ်သူကို ဖွင့်ပြောတိုင်ပင်ညှိနှိုင်းသင့်ပါတယ်။

၁။ Facebook ပေါ်မှာပဲ ချစ်ပြမနေပါနဲ့။
စုံတွဲတော်တော်များများက facebook ပေါ်မှာ အရမ်းချစ်ပြတတ်ကြပြီး တကယ့်လက်တွေ့ဘဝမှာတော့ တခြားစီဖြစ်နေတတ်ကြပါတယ်။ Facebook ပေါ်မှာတော့ တစ်ယောက် wall ပေါ်မှာ တစ်ယောက် အရမ်းချစ်ကြတဲ့ ဓာတ်ပုံတွေ၊ စာသားတွေ တင်တတ်ကြပြီး အပြင်မှာတော့ ဆက်ဆံရေးက အေးစက်နေတာမျိုးတွေကို ဆိုလိုတာပါ။ ဒါ့ကြောင့် facebook ပေါ်မှာ နှစ်ဦးသားဆက်ဆံရေး ဘယ်လောက်ပျော်စရာကောင်းတယ်၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်ကြတယ်ဆိုတာကို အများသိအောင်ဖော်ပြချင်ရင် အပြင်လောကမှာလည်း တကယ်ချစ်ခင်ကြင်နာကြဖို့လိုအပ်ပါတယ်။

အခုဖော်ပြချက်တွေက အကြံပြုချက်သက်သက်ပါ။ Facebook ဟာ လူမှုဆက်သွယ်ရေးကွန်ယက်တစ်ခုသာ ဖြစ်ပါတယ်။ Facebook ကို ရံဖန်ရံခါသာ သုံးပြီး in a relationship မလုပ်ထားပေမယ့် တကယ်ဆက်ဆံရေးမှာ ပျော်ရွှင်ပြည့်စုံနေတဲ့ စုံတွဲတွေလည်း အများကြီးရှိပါတယ်။ Facebook ပေါ်မှာ အရမ်းချစ်ပြီး အပြင်မှာ တခြားစီဖြစ်နေတဲ့ စုံတွဲတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ဖြစ်လာသမျှအကျိုးဆက်တွေကို ကျေကျေနပ်လက်ခံနိုင်မယ်ဆိုရင်တော့ သင့်တို့နှစ်ဦးကြားဆက်ဆံရေးနဲ့ပတ်သက်ပြီး သင်စိတ်ထဲရှိသလောက်ဖော်ပြနိုင်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%