လိင်မှုဘဝကို ဒုက္ခပေးမည့် စားစရာ များ
၂. ဆေးသကြား
၃. စည်သွတ် အစားအစာများ
၎. Microwave ပေါက်ပေါက်ဆုပ်
၅. အနီရောင် အသား
၇. ပဲပိစပ်
၈. အရက်
၉ f. ဆိုဒီယမ် (ဆား)
© Gentleman Magazine 🄶🄼
Cyan Calyx
လေ့လာမှုတွေမှာ Diet Soda နဲ့ Popcorn လို စျေးပေါပေါ စားစရာမျိုးတွေကို ရေရှည်စွဲစားသောက်မှုဟာ ကလေးမြုံခြင်း၊ ပန်းသေခြင်း၊ ပန်းညှိုးခြင်းတွေနဲ့ ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။ အဲဒိ ခါးအောက်ပိုင်းပြသနာတွေ မဖြစ်ပွားချင်ရင် ဒီအစာ ဆယ်မျိုးကို အကျင့်မလုပ်ပါနဲ့တော့။
၁. ဆိုဒါ (Coke, Pepsi, Sprite, ….)
ဆိုဒါတွေမှာ အချိုဓာတ်အဖြစ် အသုံးပြုကြတဲ့ Fructose corn syrup နဲ့ သန့်စင်ထားတဲ့ သကြားတွေဟာ ကိုလက်စထရော မြင့်မားစေပြီး သွေးကြောနံရံတွေကို ပျက်စီးစေကာ ပန်းသေခြင်းကို ဖြစ်စေနိုင်ပါတယ်။
၂. ဆေးသကြား
ဆေးသကြားဟာ လိင်ကိစ္စနဲ့ သင့်ကို ပျော်ရွှင်စေဖို့ စွမ်းဆောင်ပေးတဲ့ ဆီရိုတိုနင်နဲ့ ဒိုပါမင်းဟော်မုန်းထွက်ရှိမှုကို လျော့ကျစေပါတယ်။
၃. စည်သွတ် အစားအစာများ
အလူမီနီယံ စည်သွတ်ဘူးတွေဟာ BPA လို့ခေါ်တဲ့ လိင်ကိစ္စကို ထိခိုက်စေတဲ့ ဓာတ်ပစ္စည်းတစ်ခုနဲ့ သုတ်လိမ်းထားတတ်ပါတယ်။ BPA ဟာ လိင်ရမက်ကို လျော့ကျစေပြီး လိင်မှုဘဝကျေနပ်မှုကို ထိခိုက်စေပါတယ်။ လတ်လတ်ဆတ်ဆတ် ဝယ်လို့မရရင် ပလတ်စတစ်၊ ဖန်ဘူးနဲ့ ထည့်ထားတဲ့ စားစရာတွေကိုသာ စားပါ။
၄. Microwave ပေါက်ပေါက်ဆုုပ်
Popcorn ဘူးတွေနဲ့ တက်ဖလွန်ပစ္စည်းတွေမှာ တွေ့ရတဲ့ Perfluorooctanoic Acid ဟာ ခန္ဓာကိုယ်ထဲက ဟော်မုန်းလယ်ဗယ်တွေကို လျော့ကျစေတဲ့ လူလုပ်ဓာတ်ပစ္စည်းတစ်မျိုးပါ။
၅. အနီရောင် အသား
အနီရောင်အသားမှာပါဝင်တဲ့ ပြည့်ဝဆီတွေဟာ LDL ကိုလက်စထရောလယ်ဗယ်ကို အကျိုးသက်ရောက်စေပြီး ယောက်ျားမိန်းမ နှစ်မျိုးစလုံးမှာ လိင်မှုခွန်အား လျော့နည်းစေပါတယ်။
၆. နို့ထွက်ပစ္စည်းများ
နို့နဲ့ ဒိန်ခဲမှာ xenoestrogen လို့ခေါ်တဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝဟော်မုန်းထုတ်လုပ်မှုကို ကမောက်ကမ ဖြစ်စေနိုင်တဲ့ Estrogen ဟော်မုန်းတစ်မျိုးပါပါတယ်။ xenostrogen ဟာ ကလေးမြံုစေပြီး ပန်းညှိုးစေပါတယ်။ဟော်မုန်းတွေနဲ့ ပြုပြင်မထားတဲ့ organic နွားနို့ကို သောက်ပါ။
၇. ပဲပိစပ်
ပဲပိစပ်ဟာ တက်စတိုစတီရုန်း လယ်ဗယ်ကို ကျစေပြီး ယောက်ျားမိန်းမ နှစ်မျိုးလုံးမှာ လိင်ခွန်အား လျော့နည်းစေပါတယ်။
၈. အရက်
အရက် အများကြီးသောက်ရင် ပန်းညိုးစေပြီး တက်စတိုစတီရုန်းဟော်မုန်း ထုတ်လုပ်မှုကို ဖိနှိပ်ပေးပါတယ်။
၉ f. ဆိုဒီယမ် (ဆား)
ဆားများတဲ့ အစားအစာတွေကို စားသုံးရင် သွေးဖိအား မြင့်တက်စေပြီး ခါးအောက်ပိုင်း သွေးစီးဆင်းမှုကို ထိခိုက်စေပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
Related Posts
%%footer%%