ေဖေဖတို႔အတြက္ ကေလးထိန္းဖို႔ လမ္းၫႊန္ခ်က္မ်ား 

ကေလးထိန္းနည္းစာအုပ္ေတြ မလိုပါဘူး။ တခ်ိဳ႕ဟာေတြကေတာ့ လူတိုင္းသိပါတယ္။ သင့္ ခ်စ္စရာ အတံုးအခဲေလး လက္ထဲေရာက္လာတာနဲ႔ မိဘစိတ္က ႏိုးထလာမွာပါ။ ဒါေပမယ့္ စာအုပ္ထဲမွာေတာင္ မပါတဲ့ တခ်ိဳ႕အေရးႀကီးအခ်က္ေလးေတြကို ကြၽန္ေတာ္ေျပာျပပါမယ္။

၉. အတြင္းခံ လဲတာ သင့္ကေလးရဲ႕ အတြင္းခံကို တေစာင္း လဲေပးပါ။ မဟုတ္ရင္ သင့္တစ္ကိုယ္လံုး ေပကုန္ပါလိမ့္မယ္။ သင့္ေကာင္က ေယာက္်ားေလးျဖစ္ရင္ေတာ့ သူ႔အဂၤါေလးကို ကာထားပါ။ မဟုတ္ရင္ တစ္ခန္းလံုး ေသးေတြ ေပကုန္ပါလိမ့္မယ္။

၈. အိမ္မႈကိစၥ ကူလုပ္ခိုင္းပါ သင့္ေတာ္တဲ့ အရြယ္ေရာက္တာနဲ႔ အိမ္မႈကိစၥေတြ ကူခိုင္းပါ။ ကေလးေတြဟာ အရာရာကို သင္ၾကားလိုၿပီး သင္ထင္ထားတာထက္ ပိုၿပီး ကူလုပ္ႏိုင္ၾကပါတယ္။ စစျခင္းမွာ ကေလးေတြနဲ႔လုပ္တာဟာ သင့္ကို ေႏွးေကြးေစေပမယ့္ ေနာက္က် အဆင္ေျပသြားမွာပါ။

၇. ကေလးအိပ္ခ်ိန္ကို ဂ႐ုစိုက္ပါ လူေတြက ကေလးကို အိပ္ေပ်ာ္ေအာင္ ဘယ္လိုသိပ္ရမယ္၊ ကေလးတစ္ေယာက္ဟာ တစ္ညကို ဘယ္ႏွနာရီအိပ္သင့္တယ္ ဆိုတာ သင့္ကို အၾကံေပးမွာပါ။ တကယ္ေတာ့ အဲဒါဟာ ကေလးတစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကပါဘူး။ သင့္ရဲ႕ သိစိတ္ကို ယံုလိုက္ပါ။ တစ္ခါတစ္ေလမွာ သင့္ကေလးကို သင္တို႔ကုတင္ေပၚ ေခၚသိပ္လိုက္တာ ပိုေကာင္းပါတယ္။

၆. သင့္ကေလးရဲ႕ လူမႈဆက္ဆံေရးကို ဂ႐ုစိုက္ပါ သင့္ကေလးကို တျခားကေလးေတြနဲ႔ ေတြ႕ေပးဖို႔ ခဏခဏ လုပ္ေပးပါ။ သူ ေလးဘက္သြားႏိုင္တဲ့ အရြယ္ကတည္းက စလုပ္ေပးသင့္ပါတယ္။ အဲဒါဟာ သူတို႔ရဲ႕ ဆက္ဆံေရးကို တိုးတက္ေစပါတယ္။ သူတို႔ဟာ တျခားသူေတြနဲ႔ လိမ္လိမ္မာမာ ကစားဖို႔ သင္ယူတတ္လာပါလိမ့္မယ္။ သူတို႔ ေက်ာင္းတက္ရမယ့္အခ်ိန္အတြက္ အဆင္သင့္ ျဖစ္ေစတာေပါ့။ သူတို႔ဘာသာ တျခားကေလးေတြနဲ႔ အလုပ္႐ႈပ္ေနတဲ့အခါ သင့္အတြက္လဲ အနားယူဖို႔ အခ်ိန္ပိုရေစပါတယ္။

၅. စိတ္မဆိုးပါနဲ႔ ကေလးေတြဟာ အေၾကာင္းမ႐ွိပဲ ငိုတတ္ၾကပါတယ္။ သင္တတ္ႏိုင္သမ်ွ လုပ္ေပးၿပီးတာေတာင္ ဆက္ငိုေနတုန္းဆိုရင္ စိတ္ညစ္သြားဖို႔ ေတာ္ေတာ္မ်ားပါတယ္။ အသက္ဝဝ ႐ႈလိုက္ၿပီး သင့္ဇနီးကို ထိန္းခိုင္းလိုက္ပါ။ ႏို႔တိုက္လိုက္တာက အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ အဆင္ေျပသြားတတ္ပါတယ္။

၄. IPad ေတြက ကေလးထိန္းပစၥည္း မဟုတ္ပါဘူး သင္ အလုပ္လုပ္ေနခ်ိန္မွာ ကေလးကို အာရံုလႊဲထားႏိုင္ဖို႔ TV နဲ႔ Tablet ေတြကို မသံုးပါနဲ႔။ အသက္ နည္းနည္းႀကီးလာမွ TV ၾကည့္ခြင့္ေပးသင့္ပါတယ္။ ကာတြန္းေတြအစား ေရာင္စံုခဲတံေတြ၊ ပေဟ႒ိဆက္နည္းေတြကို ေပးထားတာက သူတို႔အတြက္ ပိုေကာင္းပါတယ္။

၃. ၁၀ – ၁၅ ရာႏႈန္းေသာ ကေလးေတြဟာ NCU ထဲမွာ ေနခဲ့ရပါတယ္ ကြၽန္ေတာ့္သားဟာဆို ကြၽန္ေတာ့္မိန္းမက ေျခာက္ပါတ္ေတာင္ အေရးေပၚေစာေမြးခဲ့လို႔ NCU ထဲမွာ ၁၂ ရက္ ေနခဲ့ရပါတယ္။ သင့္ရဲ႕ ကေလး နီတာရဲေလးကို မွန္ေပါင္းေခ်ာင္ေအာက္မွာ ဝိုင္ယာႀကိဳးေတြနဲ႔ ျမင္ရတာ လန္႔စရာပါ။ ဒါေပမယ့္ စိတ္ မပူပါနဲ႔။ အခုေခတ္ေဆးပညာက အံ့ဩဖို႔ ေကာင္းလြန္းပါတယ္။

၂. ကေလးေ႐ွ႕မွာ ဘယ္ေတာ့မွ စကားမမ်ားပါနဲ႔ သင္နဲ႔ သင့္ဇနီး စကားမ်ားေနတာ ကေလးျမင္သြားရင္ အဲဒါဟာ သူတို႔ကို စကားမ်ားဖို႔ သင္ၾကားေပးလိုက္သလိုပါပဲ။ သင့္ကေလးက သင့္ကိုျပန္ၿပီး စကားမ်ားျပလာရင္ သင္ အခက္ေတြ႕ပါၿပီ။ ကေလးအိပ္ေပ်ာ္မွ သင္တို႔ ေျပာစရာ႐ွိတာ ေျပာၾကပါ။

၁. ကေလးကို သင့္ကားေပၚကို ေခၚသြားပါ ကေလးထိန္းနည္းစာအုပ္ေတြအရ တကယ္လို႔ သင့္ကေလးက အရမ္းငိုေနတယ္ဆို သင့္မွာ ႀကိဳးစားၾကည့္စရာ ၄ ခု ႐ွိပါတယ္။ အတြင္းခံကို စစ္၊ ဗိုက္ဆာေနလား စစ္၊ ေက်ာကုန္းေလးကို ပုတ္ေပးရမလား စစ္၊ ဖက္ထားရင္ အငိုတိတ္မလား စမ္းၾကည့္ တို႔ပါပဲ။ အဲဒါေတြမွ မတိတ္ေသးရင္ ၁ က ျပန္စပါ။ အဲဒါက ကေလးထိန္းနည္း စာအုပ္ေတြက ေျပာတာပါ။ ကြၽန္ေတာ့္မွာ ကိုယ္ေတြ႕တစ္ခု ႐ွိပါေသးတယ္။ တကယ္လို႔ ကေလးက ဘယ္လိုမွ အငိုမတိတ္ဖူးဆိုရင္ သင့္ကားဆီကိုသြား၊ အနီးဆံုး ကားမပိတ္တဲ့ အေဝးေျပးလမ္းေပၚတက္ၿပီးေလွ်ာက္ ေမာင္းပါေတာ့။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ဖေဖေတို့အတွက် ကလေးထိန်းဖို့ လမ်းညွှန်ချက်များ

ကလေးထိန်းနည်းစာအုပ်တွေ မလိုပါဘူး။ တချို့ဟာတွေကတော့ လူတိုင်းသိပါတယ်။ သင့် ချစ်စရာ အတုံးအခဲလေး လက်ထဲရောက်လာတာနဲ့ မိဘစိတ်က နိုးထလာမှာပါ။ ဒါပေမယ့် စာအုပ်ထဲမှာတောင် မပါတဲ့ တချို့အရေးကြီးအချက်လေးတွေကို ကျွန်တော်ပြောပြပါမယ်။

၉. အတွင်းခံ လဲတာ သင့်ကလေးရဲ့ အတွင်းခံကို တစောင်း လဲပေးပါ။ မဟုတ်ရင် သင့်တစ်ကိုယ်လုံး ပေကုန်ပါလိမ့်မယ်။ သင့်ကောင်က ယောက်ျားလေးဖြစ်ရင်တော့ သူ့အင်္ဂါလေးကို ကာထားပါ။ မဟုတ်ရင် တစ်ခန်းလုံး သေးတွေ ပေကုန်ပါလိမ့်မယ်။

၈. အိမ်မှုကိစ္စ ကူလုပ်ခိုင်းပါ သင့်တော်တဲ့ အရွယ်ရောက်တာနဲ့ အိမ်မှုကိစ္စတွေ ကူခိုင်းပါ။ ကလေးတွေဟာ အရာရာကို သင်ကြားလိုပြီး သင်ထင်ထားတာထက် ပိုပြီး ကူလုပ်နိုင်ကြပါတယ်။ စစခြင်းမှာ ကလေးတွေနဲ့လုပ်တာဟာ သင့်ကို နှေးကွေးစေပေမယ့် နောက်ကျ အဆင်ပြေသွားမှာပါ။

၇. ကလေးအိပ်ချိန်ကို ဂရုစိုက်ပါ လူတွေက ကလေးကို အိပ်ပျော်အောင် ဘယ်လိုသိပ်ရမယ်၊ ကလေးတစ်ယောက်ဟာ တစ်ညကို ဘယ်နှနာရီအိပ်သင့်တယ် ဆိုတာ သင့်ကို အကြံပေးမှာပါ။ တကယ်တော့ အဲဒါဟာ ကလေးတစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ သင့်ရဲ့ သိစိတ်ကို ယုံလိုက်ပါ။ တစ်ခါတစ်လေမှာ သင့်ကလေးကို သင်တို့ကုတင်ပေါ် ခေါ်သိပ်လိုက်တာ ပိုကောင်းပါတယ်။

၆. သင့်ကလေးရဲ့ လူမှုဆက်ဆံရေးကို ဂရုစိုက်ပါ သင့်ကလေးကို တခြားကလေးတွေနဲ့ တွေ့ပေးဖို့ ခဏခဏ လုပ်ပေးပါ။ သူ လေးဘက်သွားနိုင်တဲ့ အရွယ်ကတည်းက စလုပ်ပေးသင့်ပါတယ်။ အဲဒါဟာ သူတို့ရဲ့ ဆက်ဆံရေးကို တိုးတက်စေပါတယ်။ သူတို့ဟာ တခြားသူတွေနဲ့ လိမ်လိမ်မာမာ ကစားဖို့ သင်ယူတတ်လာပါလိမ့်မယ်။ သူတို့ ကျောင်းတက်ရမယ့်အချိန်အတွက် အဆင်သင့် ဖြစ်စေတာပေါ့။ သူတို့ဘာသာ တခြားကလေးတွေနဲ့ အလုပ်ရှုပ်နေတဲ့အခါ သင့်အတွက်လဲ အနားယူဖို့ အချိန်ပိုရစေပါတယ်။

၅. စိတ်မဆိုးပါနဲ့ ကလေးတွေဟာ အကြောင်းမရှိပဲ ငိုတတ်ကြပါတယ်။ သင်တတ်နိုင်သမျှ လုပ်ပေးပြီးတာတောင် ဆက်ငိုနေတုန်းဆိုရင် စိတ်ညစ်သွားဖို့ တော်တော်များပါတယ်။ အသက်ဝဝ ရှုလိုက်ပြီး သင့်ဇနီးကို ထိန်းခိုင်းလိုက်ပါ။ နို့တိုက်လိုက်တာက အချိန်တော်တော်များများမှာ အဆင်ပြေသွားတတ်ပါတယ်။
၄. IPad တွေက ကလေးထိန်းပစ္စည်း မဟုတ်ပါဘူး သင် အလုပ်လုပ်နေချိန်မှာ ကလေးကို အာရုံလွှဲထားနိုင်ဖို့ TV နဲ့ Tablet တွေကို မသုံးပါနဲ့။ အသက် နည်းနည်းကြီးလာမှ TV ကြည့်ခွင့်ပေးသင့်ပါတယ်။ ကာတွန်းတွေအစား ရောင်စုံခဲတံတွေ၊ ပဟေဋ္ဌိဆက်နည်းတွေကို ပေးထားတာက သူတို့အတွက် ပိုကောင်းပါတယ်။

၃. ၁၀ – ၁၅ ရာနှုန်းသော ကလေးတွေဟာ NCU ထဲမှာ နေခဲ့ရပါတယ် ကျွန်တော့်သားဟာဆို ကျွန်တော့်မိန်းမက ခြောက်ပါတ်တောင် အရေးပေါ်စောမွေးခဲ့လို့ NCU ထဲမှာ ၁၂ ရက် နေခဲ့ရပါတယ်။ သင့်ရဲ့ ကလေး နီတာရဲလေးကို မှန်ပေါင်းချောင်အောက်မှာ ဝိုင်ယာကြိုးတွေနဲ့ မြင်ရတာ လန့်စရာပါ။ ဒါပေမယ့် စိတ် မပူပါနဲ့။ အခုခေတ်ဆေးပညာက အံ့ဩဖို့ ကောင်းလွန်းပါတယ်။

၂. ကလေးရှေ့မှာ ဘယ်တော့မှ စကားမများပါနဲ့ သင်နဲ့ သင့်ဇနီး စကားများနေတာ ကလေးမြင်သွားရင် အဲဒါဟာ သူတို့ကို စကားများဖို့ သင်ကြားပေးလိုက်သလိုပါပဲ။ သင့်ကလေးက သင့်ကိုပြန်ပြီး စကားများပြလာရင် သင် အခက်တွေ့ပါပြီ။ ကလေးအိပ်ပျော်မှ သင်တို့ ပြောစရာရှိတာ ပြောကြပါ။

၁. ကလေးကို သင့်ကားပေါ်ကို ခေါ်သွားပါ ကလေးထိန်းနည်းစာအုပ်တွေအရ တကယ်လို့ သင့်ကလေးက အရမ်းငိုနေတယ်ဆို သင့်မှာ ကြိုးစားကြည့်စရာ ၄ ခု ရှိပါတယ်။ အတွင်းခံကို စစ်၊ ဗိုက်ဆာနေလား စစ်၊ ကျောကုန်းလေးကို ပုတ်ပေးရမလား စစ်၊ ဖက်ထားရင် အငိုတိတ်မလား စမ်းကြည့် တို့ပါပဲ။ အဲဒါတွေမှ မတိတ်သေးရင် ၁ က ပြန်စပါ။ အဲဒါက ကလေးထိန်းနည်း စာအုပ်တွေက ပြောတာပါ။ ကျွန်တော့်မှာ ကိုယ်တွေ့တစ်ခု ရှိပါသေးတယ်။ တကယ်လို့ ကလေးက ဘယ်လိုမှ အငိုမတိတ်ဖူးဆိုရင် သင့်ကားဆီကိုသွား၊ အနီးဆုံး ကားမပိတ်တဲ့ အဝေးပြေးလမ်းပေါ်တက်ပြီးလျှောက် မောင်းပါတော့။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%