မွတ္ၪာဏ္ေကာင္းဖို႔ နည္းလမ္း (၆)ခု

အလုပ္ေတြအရမ္းမ်ား၊ အာ႐ုံေတြအရမ္းမ်ားၿပီး ဟုိဟာေမ့၊ ဒီဟာေမ့ျဖစ္ေနလို႔ စိတ္ညစ္မေနပါနဲ႔ေတာ့။ ဦးေႏွာက္ရဲ႕ မွတ္ၪာဏ္စြမ္းအားေတြ တိုးတက္ေကာင္းမြန္လာေစဖို႔ အလြယ္တကူလုပ္ေဆာင္ႏုိင္တဲ့ နည္းလမ္း (၆)ခုကို စမ္းၾကည့္လုိက္ပါ။

(၁) မ်က္စိမွိတ္ထားၿပီး ေရခ်ိဳးပါ။

လုပ္ငန္းေဆာင္တာတစ္ခုခုကို မ်က္စိမွိတ္ထားၿပီးလုပ္ေဆာင္တာဟာ သင့္ဦးေႏွာက္ရဲ႕ အာ႐ုံစူးစိုက္ႏိုင္စြမ္းနဲ႔ မွတ္ၪာဏ္ကို တိုးတက္ေကာင္းမြန္လာေစပါတယ္။ ဒါ့ေၾကာင့္ ေရခ်ိဳးတဲ့အခါမွာ ေရခ်ိဳးခန္းထဲေရာက္ၿပီဆိုတာနဲ႔ မ်က္လံုးေတြကို မွိတ္ထားၿပီး ဆပ္ျပာ၊ ေခါင္းေလွ်ာ္ရည္၊ သြားတိုက္တံ၊ သြားတိုက္ေဆး စတဲ့ေရခ်ိဳးခန္းသံုး အသံုးအေဆာင္ပစၥည္းေတကို ရွာေဖြအသံုးျပဳပါ။ ေရခ်ိဳးခန္းထဲမွာ မလုပ္ခ်င္ရင္လည္း မီးဖိုခန္းထဲမွာ ေလ့က်င့္ႏိုင္ပါတယ္။

(၂) ကခုန္ပါ။

ကခုန္ရင္း ခႏၶာကိုယ္လႈပ္ရွားမႈဟာ ပညာရပ္ပိုင္းဆိုင္ရာနဲ႔ ေ၀ဖန္ပိုင္းျခားမႈဆိုင္ရာ ၪာဏ္ရည္ကို ထက္ျမက္ေစပါတယ္။ ဒါ့အျပင္ ကခုန္တာဟာ ေသြးလည္ပတ္မႈေကာင္းမြန္ေစတဲ့အတြက္ ႏွလံုးကေန ဦးေႏွာက္ဆီကို ေအာက္ဆီဂ်င္ပမာဏမ်ားမ်ား ေရာက္ရွိေစၿပီး ဦးေႏွာက္ဆဲလ္ေတြကို အားျဖည့္ေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ မွတ္ၪာဏ္အရည္အေသြးတိုးတက္လာမွာ ျဖစ္ပါတယ္။

(၃) ဘယ္လက္ကို အသံုးျပဳပါ။

သင္က ဘယ္သန္ဆိုရင္ေတာ့ ညာလက္ကိုအသံုးျပဳပါ။ အစားစာတာ၊ သြားတိုက္တာတို႔လို ႐ိုးရွင္းလြယ္ကူတဲ့ အလုပ္ေတြကို မသန္တဲ့လက္ကို အသံုးျပဳၿပီး လုပ္ေဆာင္ၾကည့္ပါ။ ဒီလိုမသန္တဲ့လက္ကို အသံုးျပဳတာဟာ သင့္ဦးေႏွာက္ရဲ႕ မတူညီတဲ့အစိတ္အပိုင္းေတြကို အလုပ္လုပ္ေစမွာျဖစ္ၿပီး မွတ္ဉာဏ္အသစ္ေတြကို မွတ္ႏိုင္ေစဖို႔ အေထာက္အကူျဖစ္ေစပါတယ္။

(၄) စားပြဲတင္ တင္းနစ္ကစားပါ။

စားပြဲတင္ တင္းနစ္ကစားတာဟာ မ်က္လံုးနဲ႔လက္နဲ႔ ဟန္ခ်က္ညီညီကစားရတာျဖစ္တဲ့အတြက္ သင့္ဦးေႏွာက္ ကို ေလ့က်င့္ေပးႏိုင္ပါတယ္။ တကယ္တမ္းေတာ့ စားပြဲတင္ တင္းနစ္မွ မဟုတ္ပါဘူး။ သင္မလုပ္ဖူးတဲ့အရာ တစ္ခုခုကို သင္ယူလုပ္ေဆာင္တာမ်ိဳးကလည္း သင့္ဦးေႏွာက္က မွတ္ဉာဏ္စြမ္းရည္ကို ျမင့္တက္လာေစ ႏိုင္ပါတယ္။

(၅) ေစ်း၀ယ္ထြက္ပါ။

ေစ်း၀ယ္ထြက္တဲ့အခါမွာ လူေရာစိတ္ပါ အလုပ္လုပ္ရပါတယ္။ ေစ်းထဲမွာ လမ္းေလွ်ာက္မယ္၊ လူေတြနဲ႔ ေျပာဆို ဆက္ဆံမယ္၊ ေစ်းႏႈန္းတြက္ခ်က္မႈေတြ လုပ္ေဆာင္ရပါမယ္။ ဒီလို လုပ္ေဆာင္မႈေတြဟာ ဦးေႏွာက္ရဲ႕ အစိတ္အပိုင္းအသီးသီးကို လႈံ႕ေဆာ္ေပးႏိုင္ၿပီး မွတ္ဉာဏ္စြမ္းအားေကာင္းလာေစႏိုင္ပါတယ္။ တစ္ခုေတာ့ သတိေပးပါရေစ။ အလြန္အကၽြံသံုးမိရင္ေတာ့ ေငြကုန္ေၾကးက်မ်ားတဲ့အတြက္ စိတ္ဖိစီးမႈမ်ားၿပီး ဦးေႏွာက္ကို က်ံဳ႕သြားေစႏိုင္ပါတယ္။

(၆) လက္လွည့္ကစားနည္းမ်ား သင္ယူေလ့က်င့္ပါ။

ပုလင္းေတြေလထဲပစ္ေျမွာက္တာလိုမ်ိဳး လက္လွည့္ကစားနည္းေတြ ကစားတာဟာလည္း ဦးေႏွာက္ကို ဖြံ႕ၿဖိဳးေစပါတယ္။ အလားတူ ၾကြက္သားလႈပ္ရွားမႈေတြ ပါ၀င္တဲ့ကစားနည္းေတြကို ေလ့က်င့္တာဟာ ဦးေႏွာက္မွာရွိတဲ့ ၿငိမ္သက္ေနတဲ့ေနရာေတြကို သက္၀င္ႏုိးထေစၿပီး မွတ္ဉာဏ္ေတြ ထူးျခားေကာင္းမြန္ လာမွာျဖစ္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

မှတ် ဉာဏ်ကောင်းဖို့ နည်းလမ်း (၆)ခု

အလုပ်တွေအရမ်းများ၊ အာရုံတွေအရမ်းများပြီး ဟိုဟာမေ့၊ ဒီဟာမေ့ဖြစ်နေလို့ စိတ်ညစ်မနေပါနဲ့တော့။ ဦးနှောက်ရဲ့ မှတ် ဉာဏ်စွမ်းအားတွေ တိုးတက်ကောင်းမွန်လာစေဖို့ အလွယ်တကူလုပ်ဆောင်နိုင်တဲ့ နည်းလမ်း (၆)ခုကို စမ်းကြည့်လိုက်ပါ။

(၁) မျက်စိမှိတ်ထားပြီး ရေချိုးပါ။
လုပ်ငန်းဆောင်တာတစ်ခုခုကို မျက်စိမှိတ်ထားပြီးလုပ်ဆောင်တာဟာ သင့်ဦးနှောက်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းနဲ့ မှတ် ဉာဏ်ကို တိုးတက်ကောင်းမွန်လာစေပါတယ်။ ဒါ့ကြောင့် ရေချိုးတဲ့အခါမှာ ရေချိုးခန်းထဲရောက်ပြီဆိုတာနဲ့ မျက်လုံးတွေကို မှိတ်ထားပြီး ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သွားတိုက်တံ၊ သွားတိုက်ဆေး စတဲ့ရေချိုးခန်းသုံး အသုံးအဆောင်ပစ္စည်းတေကို ရှာဖွေအသုံးပြုပါ။ ရေချိုးခန်းထဲမှာ မလုပ်ချင်ရင်လည်း မီးဖိုခန်းထဲမှာ လေ့ကျင့်နိုင်ပါတယ်။

(၂) ကခုန်ပါ။
ကခုန်ရင်း ခန္ဓာကိုယ်လှုပ်ရှားမှုဟာ ပညာရပ်ပိုင်းဆိုင်ရာနဲ့ ဝေဖန်ပိုင်းခြားမှုဆိုင်ရာ ဉာဏ်ရည်ကို ထက်မြက်စေပါတယ်။ ဒါ့အပြင် ကခုန်တာဟာ သွေးလည်ပတ်မှုကောင်းမွန်စေတဲ့အတွက် နှလုံးကနေ ဦးနှောက်ဆီကို အောက်ဆီဂျင်ပမာဏများများ ရောက်ရှိစေပြီး ဦးနှောက်ဆဲလ်တွေကို အားဖြည့်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် မှတ် ဉာဏ်အရည်အသွေးတိုးတက်လာမှာ ဖြစ်ပါတယ်။

(၃) ဘယ်လက်ကို အသုံးပြုပါ။
သင်က ဘယ်သန်ဆိုရင်တော့ ညာလက်ကိုအသုံးပြုပါ။ အစားစာတာ၊ သွားတိုက်တာတို့လို ရိုးရှင်းလွယ်ကူတဲ့ အလုပ်တွေကို မသန်တဲ့လက်ကို အသုံးပြုပြီး လုပ်ဆောင်ကြည့်ပါ။ ဒီလိုမသန်တဲ့လက်ကို အသုံးပြုတာဟာ သင့်ဦးနှောက်ရဲ့ မတူညီတဲ့အစိတ်အပိုင်းတွေကို အလုပ်လုပ်စေမှာဖြစ်ပြီး မှတ်ဉာဏ်အသစ်တွေကို မှတ်နိုင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။

(၄) စားပွဲတင် တင်းနစ်ကစားပါ။
စားပွဲတင် တင်းနစ်ကစားတာဟာ မျက်လုံးနဲ့လက်နဲ့ ဟန်ချက်ညီညီကစားရတာဖြစ်တဲ့အတွက် သင့်ဦးနှောက် ကို လေ့ကျင့်ပေးနိုင်ပါတယ်။ တကယ်တမ်းတော့ စားပွဲတင် တင်းနစ်မှ မဟုတ်ပါဘူး။ သင်မလုပ်ဖူးတဲ့အရာ တစ်ခုခုကို သင်ယူလုပ်ဆောင်တာမျိုးကလည်း သင့်ဦးနှောက်က မှတ်ဉာဏ်စွမ်းရည်ကို မြင့်တက်လာစေ နိုင်ပါတယ်။

(၅) စျေးဝယ်ထွက်ပါ။
စျေးဝယ်ထွက်တဲ့အခါမှာ လူရောစိတ်ပါ အလုပ်လုပ်ရပါတယ်။ စျေးထဲမှာ လမ်းလျှောက်မယ်၊ လူတွေနဲ့ ပြောဆို ဆက်ဆံမယ်၊ စျေးနှုန်းတွက်ချက်မှုတွေ လုပ်ဆောင်ရပါမယ်။ ဒီလို လုပ်ဆောင်မှုတွေဟာ ဦးနှောက်ရဲ့ အစိတ်အပိုင်းအသီးသီးကို လှုံ့ဆော်ပေးနိုင်ပြီး မှတ်ဉာဏ်စွမ်းအားကောင်းလာစေနိုင်ပါတယ်။ တစ်ခုတော့ သတိပေးပါရစေ။ အလွန်အကျွံသုံးမိရင်တော့ ငွေကုန်ကြေးကျများတဲ့အတွက် စိတ်ဖိစီးမှုများပြီး ဦးနှောက်ကို ကျုံ့သွားစေနိုင်ပါတယ်။

(၆) လက်လှည့်ကစားနည်းများ သင်ယူလေ့ကျင့်ပါ။
ပုလင်းတွေလေထဲပစ်မြှောက်တာလိုမျိုး လက်လှည့်ကစားနည်းတွေ ကစားတာဟာလည်း ဦးနှောက်ကို ဖွံ့ဖြိုးစေပါတယ်။ အလားတူ ကြွက်သားလှုပ်ရှားမှုတွေ ပါ၀င်တဲ့ကစားနည်းတွေကို လေ့ကျင့်တာဟာ ဦးနှောက်မှာရှိတဲ့ ငြိမ်သက်နေတဲ့နေရာတွေကို သက်ဝင်နိုးထစေပြီး မှတ်ဉာဏ်တွေ ထူးခြားကောင်းမွန် လာမှာဖြစ်ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%