အရင္းႏွီးဆံုးလူေတြေၾကာင့္ ေအာင္ျမင္မႈကို လက္မလႊတ္လိုက္ပါနဲ႕

အရင္းႏွီးဆံုးလူေတြေၾကာင့္ ေအာင္ျမင္မႈကို လက္မလႊတ္လိုက္ပါနဲ႕

သင္နဲ႔အနီးဆံုးပတ္၀န္းက်င္မွာရွိသူေတြက သင့္ရဲ႕ေအာင္ျမင္မႈအတြက္ အေရးပါတယ္ဆိုတာကို သင္သိပါသလား။ ဟုတ္ပါတယ္။ သင္နဲ႔အခ်ိန္အမ်ားဆံုးေတြ႕ျဖစ္ၿပီး ဆက္ဆံေနရတဲ့ အနီးဆံုးလူေတြက သင့္ရဲ႕ေအာင္ျမင္မႈကို အဆံုးအျဖတ္ေပးႏိုင္ပါတယ္။

သုေတသနလုပ္ေဆာင္ခ်က္ေတြအရ ကၽြန္ေတာ္တို႔ ေန႔စဥ္ေတြ႕ဆံုစကားေျပာျဖစ္ေနၾကတဲ့ ကၽြန္ေတာ္တို႔ရဲ႕ အတြင္းစည္းအတြင္းကလူေတြဟာ ကၽြန္ေတာ္တို႔ ဘ၀ေအာင္ျမင္ေရးအေပၚ (၉၅)ရာခိုင္ႏႈန္းအထိ အဆံုးအျဖတ္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။ ဒီရာခိုင္ႏႈန္း မွန္လားမွားလားဆိုတာက အေရးမႀကီးပါဘူး။ အေရးႀကီးတာက ကၽြန္ေတာ္တို႔ ဘယ္လိုလူေတြနဲ႔ အခ်ိန္ကုန္ေလ့ရွိလဲဆိုတာပဲ ျဖစ္ပါတယ္။ အတြင္းစည္းထဲမွာ ယိုေပါက္ရွိေနတာဟာ ေအာင္ျမင္မႈအတြက္ အေႏွာင့္အယွက္ျဖစ္ေစႏိုင္ၿပီး အျခားအခြင့္အလမ္းေတြကိုလည္း ဆံုး႐ႈံးသြားေစႏိုင္ပါတယ္။

၀မ္းနည္းစရာေကာင္းတာက တစ္ခါတစ္ေလမွာ ကၽြန္ေတာ္တို႔ရဲ႕ေအာင္ျမင္မႈကို အဟန္႔အတားျဖစ္ေနသူေတြက ကၽြန္ေတာ္တို႔ အတြင္းစည္းထဲက အရင္းႏွီးဆံုးလူေတြျဖစ္တဲ့ မိသားစု၀င္ေတြနဲ႔ အခ်စ္ဆံုးသူငယ္ခ်င္းေတြ ျဖစ္ေနတတ္တာပါပဲ။ သူတို႔ကို ငဲ့ညွာေနရတာ၊ သူတို႔စိတ္ခ်မ္းသာဖို႔ ဦးစားေပးရတာေတြေၾကာင့္ ကၽြန္ေတာ္တို႔ရဲ႕ ေအာင္ျမင္ႏိုင္တဲ့အလားအလာေကာင္းေတြကို ဆံုး႐ႈံးသြားၾကရတတ္ပါတယ္။

ဒီလိုေျပာလိုက္လို႔ အိမ္ေပၚကဆင္း၊ မိသားစု၀င္ေတြ၊ သူငယ္ခ်င္းေတြနဲ႔ အဆက္အသြယ္ျဖတ္ၿပီး လုပ္ခ်င္ရာလုပ္ဖို႔ ဆိုလိုတာမဟုတ္ပါဘူး။ သင့္ရဲ႕အတြင္းစည္းအတြင္းမွာ ရွိတဲ့သူေတြကို ေသခ်ာေလ့လာဆန္းစစ္ဖို႔ လိုအပ္ပါတယ္။ သင္နဲ႔အနီးဆံုးလူေတြက သင့္ရဲ႕ရည္မွန္းခ်က္ေတြ အေကာင္အထည္ေပၚလာေအာင္ ေထာက္ပံ့ကူညီေပးႏိုင္သလား၊ မကူညီႏိုင္ရင္ေတာင္ အဟန္႔အတားမလုပ္ပဲေနႏိုင္သလား ဆိုတာကို ေသခ်ာ သံုးသပ္ၾကည့္ရမွာ ျဖစ္ပါတယ္။ ဒီလိုမဟုတ္ပဲ သင့္ရဲ႕တက္လမ္းအတြက္ အတားအဆီးျဖစ္ေနမယ္ဆိုရင္ေတာ့ လိုအပ္တဲ့ ေျပာင္းလဲမႈေတြ လုပ္ေဆာင္ဖို႔ အၾကံေပးခ်င္ပါတယ္။

အေရးႀကီးတာက သင္ကိုယ္တိုင္ပဲျဖစ္ပါတယ္။ သင့္ပတ္၀န္းက်င္က မေကာင္းျမင္တတ္သူေတြေၾကာင့္ သင့္ရဲ႕ပါရမီနဲ႔ အရည္အေသြးေတြကို အသံုးမခ်လိုက္ရတာမ်ိဳး မျဖစ္ပါေစနဲ႔။ သင့္ရဲ႕ဘ၀ကို သင္ကိုယ္တိုင္ စိတ္တိုင္းက်တည္ေဆာက္ၿပီး ေအာင္ျမင္မႈေတြ ရယူႏိုင္သူတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားပါ။

GM ရဲ့ တျခား လူမႈေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/social/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

အရင်းနှီးဆုံးလူတွေကြောင့် အောင်မြင်မှုကို လက်မလွှတ်လိုက်ပါနဲ့

သင်နဲ့အနီးဆုံးပတ်ဝန်းကျင်မှာရှိသူတွေက သင့်ရဲ့အောင်မြင်မှုအတွက် အရေးပါတယ်ဆိုတာကို သင်သိပါသလား။ ဟုတ်ပါတယ်။ သင်နဲ့အချိန်အများဆုံးတွေ့ဖြစ်ပြီး ဆက်ဆံနေရတဲ့ အနီးဆုံးလူတွေက သင့်ရဲ့အောင်မြင်မှုကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။

သုတေသနလုပ်ဆောင်ချက်တွေအရ ကျွန်တော်တို့ နေ့စဉ်တွေ့ဆုံစကားပြောဖြစ်နေကြတဲ့ ကျွန်တော်တို့ရဲ့ အတွင်းစည်းအတွင်းကလူတွေဟာ ကျွန်တော်တို့ ဘ၀အောင်မြင်ရေးအပေါ် (၉၅)ရာခိုင်နှုန်းအထိ အဆုံးအဖြတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီရာခိုင်နှုန်း မှန်လားမှားလားဆိုတာက အရေးမကြီးပါဘူး။ အရေးကြီးတာက ကျွန်တော်တို့ ဘယ်လိုလူတွေနဲ့ အချိန်ကုန်လေ့ရှိလဲဆိုတာပဲ ဖြစ်ပါတယ်။ အတွင်းစည်းထဲမှာ ယိုပေါက်ရှိနေတာဟာ အောင်မြင်မှုအတွက် အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အခြားအခွင့်အလမ်းတွေကိုလည်း ဆုံးရှုံးသွားစေနိုင်ပါတယ်။

ဝမ်းနည်းစရာကောင်းတာက တစ်ခါတစ်လေမှာ ကျွန်တော်တို့ရဲ့အောင်မြင်မှုကို အဟန့်အတားဖြစ်နေသူတွေက ကျွန်တော်တို့ အတွင်းစည်းထဲက အရင်းနှီးဆုံးလူတွေဖြစ်တဲ့ မိသားစုဝင်တွေနဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်နေတတ်တာပါပဲ။ သူတို့ကို ငဲ့ညှာနေရတာ၊ သူတို့စိတ်ချမ်းသာဖို့ ဦးစားပေးရတာတွေကြောင့် ကျွန်တော်တို့ရဲ့ အောင်မြင်နိုင်တဲ့အလားအလာကောင်းတွေကို ဆုံးရှုံးသွားကြရတတ်ပါတယ်။

ဒီလိုပြောလိုက်လို့ အိမ်ပေါ်ကဆင်း၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး လုပ်ချင်ရာလုပ်ဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သင့်ရဲ့အတွင်းစည်းအတွင်းမှာ ရှိတဲ့သူတွေကို သေချာလေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။ သင်နဲ့အနီးဆုံးလူတွေက သင့်ရဲ့ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာအောင် ထောက်ပံ့ကူညီပေးနိုင်သလား၊ မကူညီနိုင်ရင်တောင် အဟန့်အတားမလုပ်ပဲနေနိုင်သလား ဆိုတာကို သေချာ သုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ သင့်ရဲ့တက်လမ်းအတွက် အတားအဆီးဖြစ်နေမယ်ဆိုရင်တော့ လိုအပ်တဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အကြံပေးချင်ပါတယ်။

အရေးကြီးတာက သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်က မကောင်းမြင်တတ်သူတွေကြောင့် သင့်ရဲ့ပါရမီနဲ့ အရည်အသွေးတွေကို အသုံးမချလိုက်ရတာမျိုး မဖြစ်ပါစေနဲ့။ သင့်ရဲ့ဘဝကို သင်ကိုယ်တိုင် စိတ်တိုင်းကျတည်ဆောက်ပြီး အောင်မြင်မှုတွေ ရယူနိုင်သူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။
GM ရဲ့ တခြား လူမှုရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/social/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

 

 

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%