နေ့စဉ် ကြည့်ကောင်းနေအောင် ဝတ်စားပြင်ဆင်သင့်တဲ့ အကြောင်းရင်း

ကျွန်တော်တို့အားလုံးက ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ်ရှိတဲ့ အဝတ်အစားတွေကို သဘောကျကြတာ မှန်ပါတယ်။ ဒါပေမယ့် လူကြားသူကြားသွားတဲ့အခါ ဖြစ်သလိုမဟုတ်ပဲ အမြဲတမ်း သန့်ရှင်းသပ်ရပ်စွာနဲ့ ကြည့်ကောင်းအောင် ဝတ်ဆင်သင်ံတဲ့ အကြောင်းရင်းတချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ ကြည့်ကောင်းခြင်းက ထူးခြားစေတယ်။

သင်ဝတ်ထားတဲ့ အဝတ်အစား သင့်ရဲ့စကားကို လူတွေဘယ်လိုကြားလဲဆိုတာ ပြောင်းလဲသွားစေနိုင်ပါတယ်။ စာအုပ်တစ်အုပ်ရဲ့တန်ဖိုးကို မျက်နှာဖုံးကြည့်ပြီး အကဲမဖြတ်နိုင်ဘူးဆိုပေမယ့် လူတွေနဲ့ ဆက်ဆံရာမှာတော့ အဝတ်အစားက အရေးကြီပါတယ်။ သင့်အနေနဲ့ ကောင်းမွန်သပ်ရပ်စွာ ဝတ်စားထားမယ်ဆိုရင် သင်ရဲ့စကားကို လူတွေကပိုပြီးအလေးထားနားထောင်ကြပါတယ်။

၂။ မိမိကိုယ်ကိုယ် ယုံကြည်မှုကို တိုးတက်စေတယ်။

ကောင်းမွန်စွာ ဝတ်စားပြင်ဆင်ထားခြင်းက သင့်ရဲ့ ယုံကြည်မှုကို တိုးတက်စေနိုင်ပါတယ်။ အပြေးဖိနပ်နဲ့ တီရှပ်ဝတ်ရတာက သက်တောင့်သက်သာရှိတာမှန်ပေမယ့် ခံစားမှုပိုင်းအရာ သင့်ကိုယ်သင် ယုံကြည်မှု လျော့နည်းစေပါတယ်။ သင့်ကိုယ်သင် ကြည့်ကောင်းနေတယ်ဆိုတာ သေချာရင် ယုံကြည်မှုလည်း မြင့်မားလာမှာဖြစ်ပါတယ်။

၃။ သင့်ကိုယ်သင် အကောင်းဆုံးဖော်ပြနိုင်တယ်။

ဝတ်စားဆင်ယင်ပြင်ဆင်ခြင်းဟာ အနုပညာတစ်မျိုးလို့ ဆိုနိုင်ပါတယ်။ သင့်ရဲ့ အဝတ်အစားတွေကတဆင့် သင်ဘယ်လိုလူမျိုးလဲဆိုတာ အကောင်းဆုံးဖော်ပြနိုင်ပါတယ်။

၄။ အလုပ်ပြီးမြောက်မှုကို တိုးတက်စေနိုင်တယ်။

သင့်အနေနဲ့ အဝတ်အစားကို အကောင်းဆုံးဝတ်စားဆင်ယင်ပြီး အလုပ်ကို သွားမယ်ဆိုရင် အလုပ်တွေ ပိုပြီးပြီးမြောက်အောင်မြင်တာကို တွေ့ရပါလိမ့်မယ်။ သင့်အနေနဲ့ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေ ဝတ်ထားရင် ပျင်းရိငြီးငွေ့လွယ်ပါလိမ့်မယ်။

၅။ ပျော်စရာကောင်းတယ်။

အဝတ်အစားတွေကို ကြည့်ကောင်းအောင် တွဲစပ်ဝတ်ဆင်ရတာက ပျော်စရာကောင်းပါတယ်။

၆။ အများကြားမှာ ထင်ရှားပြီး လေးစားခံရနိုင်တယ်။

ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကောင်းမွန်သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားသူတွေက အများကြားမှာ ထင်ရှားနေလေ့ရှိပါတယ်။ ဒါ့အပြင် အဝတ်အစားကို ကောင်းမွန်သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားသူတွေကို လူတွေက တလေးတစားဆက်ဆံလေ့ရှိပါတယ်။

၇။ ကျန်းမာကြံ့ခိုင်နေစေဖို့ တွန်းအားဖြစ်တယ်။

သင့်ခန္ဓာကိုယ်ပေါ်မှာ အဝတ်အစားတွေ ကြည့်ကောင်းနေစေဖို့ ခန္ဓာကိုယ်က မပိန်လွန်း၊ မဝလွန်းပဲ ကြံ့ခိုင်ကျန်းမာနေဖို့ လိုပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ကို ထိန်းသိမ်းထားဖို့၊ လေ့ကျင့်ခန်းပုံမှန်လုပ်ဖြစ်စေဖို့ တွန်းအားရစေပါတယ်။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

အခြားစိတ်ဝင်စားစရာဆောင်းပါးအလန်းစား အကြမ်းစားတွေကို

Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%