ညီလေးရဲ့ ကျန်းမာရေးဂရုစိုက်ပါ

အရွယ်ရောက်ပြီး အမျိုးသားတွေအနေနဲ့ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားတွေလုပ်ကြ၊ ကိုယ်လက်လေ့ကျင့်ခန်းနဲ့ ကာယဗလလေ့ကျင့်ခန်းတွေ လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် သင့်ရဲ့ ဖွားဖက်တော် ညီလေးရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ကိုတော့ မေ့နေတတ်ကြပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ ညီလေးက စစ်မရောက်ခင် မြှားကုန်မဖြစ်ရအောင်၊ လိုအပ်လာချိန်မှာ ထုတ်သုံးဖို့ ကျန်းမာကြံ့ခိုင်ရေးပြည့်ဝတဲ့ လက်နက်တစ်ခုဖြစ်နေအောင် ဂရုစိုက်သင့်တဲ့ နည်းလမ်း တချို့ကို ဖော်ပြလိုက်ပါတယ်။

(၁) သန့်ရှင်းရေးကို ဂရုစိုက်ပါ။

ဒါကတော့ အဓိကအကျဆုံးအချက်တစ်ချက်ပါပဲ။ ရေချိုးတိုင်း သင့်ညီလေးကို သေချာသန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။ ဒီလိုမလုပ်ဘူးဆိုရင်တော့ လိင်တံမှိုစွဲတာတွေ၊ လိင်တံအရေပြားရောဂါတွေ ဖြစ်ဖို့အခွင့်အလမ်းများပါတယ်။ ဒါကြောင့်မို့လို့ တစ်နေ့မှာ အနည်းဆုံး နှစ်ကြိမ်တော့ မြွေဆိုးလေးကို ဆပ်ပြာအပျော့စားနဲ့ သန့်ရှင်းပေးဖို့လိုပါတယ်။

(၂) ညီလေးကို မှန်မှန်စစ်ဆေးပေးပါ။

အမျိုးသမီးတွေ ရင်သားကင်ဆာကာကွယ်ဖို့ ရာသီလာပြီးအချိန်တွေမှာ ရင်သားကို စမ်းသပ်ကြည့်ကြသလိုမျိုးပဲ ယောကျာ်းလေးတွေအနေနဲ့လဲ ကိုယ့်ညီလေးကို မှန်မှန်စမ်းသပ်ဖို့လိုပါတယ်။ တစ်လမှာတစ်ကြိမ် (ဒါမှမဟုတ်) နှစ်ကြိမ် ဝှေးစေ့မှာ အသားလုံးတွေ အသားမာတွေရှိမရှိ ကိုယ်တိုင်စစ်ဆေးကြည့်နိုင်ပါတယ်။ ဝှေးစေ့ ကင်ဆာဟာ အသက် ၁၅ နှစ်နှင့် ၃၅ နှစ် အမျိုးသားများအတွက်တော့ အဖြစ်အများဆုံးကင်ဆာတစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် ညီလေးကို မှန်မှန်စစ်ဆေးပေးပြီး ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

(၃) ပန်းသေ ပန်းညှိုးမဖြစ်စေဖို့ ကာကွယ်ပါ။

Erectile Dysfunction လို့ခေါ်တဲ့ လိင်တံမထောင်မတ်နိုင်တာ (ပန်းသေပန်းညှိုးရောဂါ) ကတော့ သွေးတိုးဆီးချိုရောဂါရှိတဲ့သူတွေ နဲ့ အဝလွန်ရောဂါရှိတဲ့သူတွေမှာ အဖြစ်များပါတယ်။ ဒီတော့ မြွေဆိုးလေး ပါးပျဉ်းမထောင်နိုင်တာမျိုးမဖြစ်ရအောင် ကိုယ်အလေးချိန်မှန်အောင် ထိန်းသိမ်းတာတွေ၊ အစားအသောက်ပုံစံပြောင်းလဲတာမျိုးတွေ နဲ့ ဆေးလိပ် အရက် အလွန်အကြူးသောက်တတ်သူဆိုရင်တော့ လျှော့သောက်တာမျိုးတွေကို လုပ်ရမှာဖြစ်ပါတယ်။

(၄) ညီလေးကို မကြာခဏ ပြုစုပေးပါ။

ဟားဗတ်တက္ကသိုလ်က ပြုလုပ်တဲ့ စစ်တမ်းတစ်ခုအရ တစ်လမှာ သုတ်လွှတ်တဲ့အကြိမ်ရေ ၁၀ ကြိမ်ကနေ ၁၅ ကြိမ်ကြားရှိတဲ့ အမျိုးသားတွေက အကြိမ်ရေ ၄ ကြိမ်ကနေ ၇ ကြိမ်ပဲ သုတ်လွှတ်ကြတဲ့ အမျိုးသားတွေထက် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုနှုန်း ၃၃ ရာခိုင်နှုန်းလျော့နည်းပါတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုနှုန်းလျော့နည်းရလေအောင် ပါတနာရှိသူတွေနဲ့ မကြာခဏ ချစ်တင်းနှောပေးသင့်သလို၊ တစ်ကိုယ်တည်းသမားတွေအနေနဲ့လည်း လက်အားကိုးသင့်ပါကြောင့် အကြံပြုချင်ပါတယ်။

(၅) လိင်မှတဆင့်ကူးစက်ရောဂါတွေကို ကာကွယ်ပါ။

လိင်ကနေ ကူးစက်တတ်တဲ့ ရောဂါတွေဆိုတာ မျက်စိနဲ့မြင်ရတာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကြိုတင်ကာကွယ်ဖို့ လိုပါတယ်။ အကာအကွယ်ကွန်ဒုံး ဆောင်ထားပါ။ အပြင်မှာ ကဲမယ်ဆိုရင် အကာအကွယ်သုံးဖို့ မမေ့ပါနဲ့။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

အခြားစိတ်ဝင်စားစရာဆောင်းပါးအလန်းစား အကြမ်းစားတွေကို

Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%