ချဉ်ဖတ်တစ်ယောက်ရဲ့ အမူအကျင့်များ

လူတွေထဲမှာ တချို့က ဆွဲဆောင်မှုအားကောင်းကြပြီး တချို့ကတော့ ဘယ်သူမှ အရောမဝင်ချင်လောက်အောင် ချဉ်ဖတ်ဖြစ်နေတတ်ပါတယ်။ ဒီလို လူတကာရဲ့ ချဉ်ဖတ်ဖြစ်နေရတဲ့ အကြောင်းရင်တချို့ရှိပါတယ်။

၁။ နားမထောင်တတ်ဘူး။

တဖက်သူကို ပြောခွင့်မပေးပဲ ကိုယ့်အကြောင်းပဲ ကိုယ်ပြောနေတတ်သူတစ်ယောက်လောက် စိတ်ပျက်စရာကောင်းတဲ့သူ မရှိပါဘူး။ တခြားသူတွေ ဘာပြောလဲဆိုတာ နားမထောင်တတ်ရင် ဘယ်သူကမှ အဖက်လုပ်ချင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် လူတွေရဲ့ ရှောင်ဖယ်မှုကို မခံယူချင်ဘူးဆိုရင် ပါးစပ်ကိုပိတ်ပြီး နားတွေကို ဖွင့်ထားနိုင်အောင် ကြိုးစားသင့်ပါတယ်။

၂။ ပြစ်တင်ဝေဖန်လွန်းတယ်။

အမြဲတမ်း အပြစ်တင်ဝေဖန်ဖို့ပဲ စဉ်းစားနေတတ်သူတွေကို ဘယ်သူကမှ သဘောမကျပါဘူး။ တချို့အရာတွေက သင့်စိတ်ထဲက ရှိနေတဲ့အတိုင်း ထုတ်မပြောသင့်ဘူးဆိုတာ သတိရပါ။ လူတွေကို ချီးကျူးစကားပြောပါ။ ဒါဆိုရင် သူတို့ကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။

၃။ အပြစ်လွှဲချတတ်တယ်။

သင့်ရဲ့အမှားကို ဝန်မခံရဲတာ၊ တပါးသူအပေါ်မှာ အပြစ်ပုံချတာတွေက လူချစ်လူခင်နည်းစေတဲ့ အလေ့အကျင့်တွေပါပဲ။ ဒီလိုလူမျိုးကို ဘယ်သူကမှ ရေရှည်သည်းခံနိုင်စွမ်း မရှိနိုင်ပါဘူး။

၄။ မှီခိုတွယ်ကပ်လွန်းတယ်။

သင်ကိုယ်တိုင်အပါအဝင် သင့်ရဲ့အပေါင်းအသင်းမိတ်ဆွေအားလုံးကလည်း ကိုယ်ပိုင်အချိန် လိုအပ်ပါတယ်။ ဒါ့ကြောင့် အလိုက်ကန်းဆိုးမသိ အတင်းလိုက်ရော၊ တွယ်ကပ်နေတာက သင့်အပေါ်အမြင်ကောင်းစေနိုင်မှာ မဟုတ်ပါဘူး။

၅။ အကြွားထူလွန်းတယ်။

ဘယ်သူမဆို သူတို့ရဲ့ ကိုယ်ပိုင်အောင်မြင်မှု၊ ပေါက်မြောက်မှုတွေကို ထုတ်ဖော်ပြောကြားချင်ကြတာချည်းပါပဲ။ ဒါပေမယ့် အထိန်းအကွပ်မရှိ ကိုယ်ရည်သွေး ကြွားဝါလွန်းတာကတော့ လူအမြင်ကတ်စရာဖြစ်လာတတ်ပါတယ်။ ဒီလိုလုပ်နေတာက မိတ်ဆွေအပေါင်းအသင်းထက် ရန်သူပိုများလာစေနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

၆။ တစ်ကိုယ်ကောင်းဆန်တယ်။

တစ်ကိုယ်ကောင်းဆန်ခြင်းဟာ လူ့အသိုင်းအဝိုင်းမှာ လက်မခံနိုင်စရာ အမူအကျင့်တစ်ခု ဖြစ်ပါတယ်။ ဘယ်တော့မှ တစ်ကိုယ်ကောင်းမဆန်ပါနဲ့။

၇။ အဆိုးမြင်စိတ်များတယ်။

အရာအားလုံးကို အဆိုးဖက်ကချည်းပဲ မြင်နေတာ၊ အမြဲတမ်း အခက်အခဲကိုပဲ စိုးရိမ်ပူပန်နေတာက ကောင်းတဲ့အကျင့်တစ်ခုတော့ မဟုတ်ပါဘူ။ ဒီလို အဆိုးမြင်တတ်တဲ့ စိတ်နေသဘောထားက သင့်ပတ်ဝန်းကျင်က လူတွေကိုလည်း ကူးစက်နိုင်တာကြောင့် သင့်ကို လူတွေ ဝေးဝေးကရှောင်သွားနိုင်တဲ့ အချက်တစ်ခုပါပဲ။

၈။ ဘာကိုမှ အလေးအနက်မထားဘူး။

တွေ့ဆုံဖို့ ချိန်းဆိုထားရင် နောက်ကျတာ၊ နောက်ဆုံးအချိန်ရောက်မှာ အစီအစဉ်ဖျက်တာ၊ ကတိမတည်တာ စတာတွေအားလုံးက သင်နဲ့ ပတ်သက်ဆက်ဆံနေရသူတွေကို မလေးစားတဲ့ သဘောပါပဲ။ ဒီလိုဆိုရင် သူတို့ကလည်း သင့်အပေါ်လေးစားခင်မင်မှုရှိတော့မှာ မဟုတ်ပါဘူး။

၉။ ရိုးသားမှု မရှိဘူး။

ဒီအချက်ကတော့ ရှင်းပါတယ်။ မရိုးသားတဲ့သူ၊ ဟန်ဆောင်လိမ်ညာတတ်သူတွေကို လူတွေကို အကြောင်းမသိခင်မှာပဲ လေးစားခင်မင်လေ့ရှိပါတယ်။ အကြောင်းသိသွားပြီဆိုတာနဲ့ လိုတာထက်ပိုပြီး ဆက်ဆံတော့မှာ မဟုတ်ပါဘူး။

၁၀။ ရိုင်းစိုင်းတယ်။

လူတဖက်သားကို အရှက်ရအောင်လုပ်တာ၊ စော်ကားတာ၊ ဆိုးဆိုးဝါးဝါးပြုမူတာတွေ ရှိမယ်ဆိုရင် ဘယ်သူကမှ အတူတူရှိနေချင်မှာ မဟုတ်ပါဘူး။ သင်စိတ်နဲ့ မတွေ့တာတွေ မြင်ရတိုင်း အသံထွက်စရာမလိုပါဘူး။ လူတိုင်းမှာ သဘောထားကွဲလွဲခွင့်ရှိတယ်ဆိုတာ သတိရပါ။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

အခြားစိတ်ဝင်စားစရာဆောင်းပါးအလန်းစား အကြမ်းစားတွေကို

Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%