အံ့ၾသမင္တက္သြားေလာက္စရာ စိတ္၀င္စားဖြယ္ ဗဟုုသုုတ အခ်က္(၂၀)

(၁) အလွဘုရင္မ ကယ္လီယိုပက္ထရာ သက္ရွိထင္ရွားရွိခဲ့တဲ့ အခ်ိန္ဟာ ဂီဇာ ပိရမစ္ တည္ေဆာက္ခဲ့ခ်ိန္ ကထက္ေနာက္က်ၿပီး လကမာၻကို လူေတြေရာက္ရွိခဲ့ခ်ိန္နဲ႔ ပိုမိုနီးစပ္ပါတယ္။

(၂) ဓားခုတ္ေကာင္ႏွင့္တူတဲ့ ပုဇြန္တစ္မ်ိဳးဟာ သူ႔ပတ္၀န္းက်င္က ေရေတြဆူလာတဲ့အထိ သူ႔ေျခေထာက္ ေတြကို ျမန္ျမန္လႊဲၿပီး ကူးခတ္ႏိုင္ပါတယ္။

(၃) စပိန္ႏိုင္ငံက ႏိုင္ငံေတာ္သီခ်င္းမွာ စာသားတစ္လံုးမွာ မပါရွိပါဘူး။

(၄) ပ်ားရည္ဟာ အလြယ္တကူပ်က္စီးႏိုင္ျခင္းမရွိပဲ ႏွစ္(၃၀၀၀)ေလာက္အထိ အထားခံပါတယ္။

(၅) လူေသေကာင္ေတြဟာလည္း ၾကက္သီးထတတ္ပါတယ္။

(၆) တီဗီြပိတ္ခ်ိန္မွာ သင္ျမင္ေတြ႕ရတဲ့ အလင္းျဖာထြက္မႈဟာ Big Bang ေခၚ စၾကာ၀ဠာေပါက္ကြဲမႈႀကီးရဲ႕ အသြင္ကြဲတစ္ခုျဖစ္ပါတယ္။

(၇) ေမရီလန္းျပည္နယ္ရဲ႕ ျပည္နယ္အားကစားနည္းဟာ ျမင္းျဖင့္ စီးခ်င္းထိုးသတ္ျခင္းျဖစ္ပါတယ္။

(၈) ႏွာေခါင္းက အသက္ရႈတိုင္းမွာ ႏွာေခါင္းေပါက္တစ္ဖက္က အျခားတစ္ဖက္ထက္ ေလကိုပိုမိုရႈသြင္းေလ့ရွိၿပီး   (၁၅)မိနစ္တစ္ႀကိမ္ ဘက္ေျပာင္းေလ့ရွိပါတယ္။

(၉) လူသားေတြမွာ ဖြဲ႕စည္းထားတဲ့ အက္တမ္ေတြရဲ႕ ေနရာလြတ္ေတြကို ဖယ္ထုတ္လုိက္မယ္ဆိုရင္ ကမာၻ႔လူဦးေရဟာ ပန္းသီးတစ္လုံးစာေလာက္ပဲရွိပါေတာ့တယ္။

(၁၀) ေမႊးရွည္ဆင္ေတြဟာ ပိရမစ္ေတြတည္ေဆာက္ခဲ့ခ်ိန္၀န္းက်င္ထိ ရွင္သန္ေနၾကတုန္းပါပဲ။

(၁၁) စစ္တုရင္ကစားရာမွာ ေရႊ႕ႏိုင္ေခ်ရွိတဲ့ အကြက္ေပါင္းဟာ စၾက၀ဠာထဲက အက္တမ္ေတြရဲ႕ အေရအတြက္ ထက္ ပိုမ်ားပါတယ္။

(၁၂) ကမာၻ႔ဗဟိုခ်က္က ေရႊေတြကို ထုတ္ယူႏိုင္စြမ္းရွိမယ္ဆိုရင္ လက္ရွိကုန္းေျမေတြအားလံုးကို ဒူးေခါင္းအထိ ေရာက္ေအာင္ ေရႊခ်ပစ္လိုက္လို႔ ရပါတယ္။

(၁၃) ျခင္ေကာင္ေရ တစ္ဆယ့္ႏွစ္သိန္းက တစ္ႀကိမ္စီကိုက္မယ္ဆိုရင္ သာမန္လူတစ္ေယာက္ရဲ႕ ေသြးေတြ အကုန္လံုးကို စုပ္ယူပစ္လိုက္ႏိုင္ပါတယ္။

(၁၄) အီဂ်စ္လူမ်ိဳး၊ ဆူမာရီးယန္းလူမ်ိဳး၊ တရုတ္လူမ်ိဳးနဲ႔ မာယာလူမ်ိဳးေတြဟာ သူတို႔ရဲ႕ စာေရးသားမႈစနစ္ကို ဘယ္ဘာသာကိုမွ အတုမယူပဲ ကိုယ္ပိုင္တီထြင္ခဲ့ၾကတာျဖစ္ပါတယ္။

(၁၅) သစ္ကုလားအုတ္ေတြ မိတ္လိုက္လို႔ရမရ သိရဖို႔အတြက္ သစ္ကုလားအုပ္အထီးေတြဟာ အမေတြရဲ႕ က်င္ငယ္ရည္ကို အရသာခံၾကည့္ရပါတယ္။

(၁၆) ဖိုတြန္ေခၚ လွ်ပ္စစ္သံလိုက္စြမ္းအင္တစ္ယူနစ္ဟာ ေနရဲ႕ဗဟုိခ်က္ကေန မ်က္ႏွာျပင္ဆီေရာက္ဖို႔ ႏွစ္ေပါင္း (၄၀၀၀၀) ၾကာေပမယ့္ ေနကတဆင့္ ကမာၻဆီကို ေရာက္ဖို႔ေတာ့ (၈)မိနစ္ပဲၾကာပါတယ္။

(၁၇) အရည္ေပ်ာ္ႏိုင္တဲ့အရာမွန္သမွ်ကို ဖန္ထည္အျဖစ္ဖန္တီးလို႔ရပါတယ္။

(၁၈) (၀.၅)မီလီမီတာသာရွိတဲ့ Tardigrades ေကာင္ေလးေတြဟာ အာကာသေလဟာနယ္အပါအ၀င္ ဘယ္အေျခအေနမ်ိဳးမွာမဆို ရွင္သန္ႏိုင္ပါတယ္။

(၁၉) Kakapo ငွက္ေတြဟာ ေမႊးပ်ံ႕ပ်ံ႕ရနံ႕ျပင္းရွိတဲ့အတြက္ သားရဲတိရိစာၦန္ေတြက အလြယ္တကူ ရွာေဖြႏိုင္တာေၾကာင့္ မ်ိဳးသုဥ္းမယ့္အႏၱရယ္နဲ႔ႀကံဳေနရၿပီျဖစ္ပါတယ္။

(၂၀) ၁၉၀၃ ခုႏွစ္မွာ ရုိက္ညီေနာင္က ပထမဆံုးအႀကိမ္ေကာင္းကင္မွာပ်ံသန္းခဲ့ၿပီးေနာက္ (၆၆)အၾကာ ၁၉၆၉ ခုႏွစ္မွာ လူသားေတြ လေပၚကို ေျခခ်ႏိုင္ခဲ့ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

အံ့သြမင်တက်သွားလောက်စရာ စိတ်ဝင်စားဖွယ် အချက်(၂၀)

(၁) အလှဘုရင်မ ကယ်လီယိုပက်ထရာ သက်ရှိထင်ရှားရှိခဲ့တဲ့ အချိန်ဟာ ဂီဇာ ပိရမစ် တည်ဆောက်ခဲ့ချိန် ကထက်နောက်ကျပြီး လကမ္ဘာကို လူတွေရောက်ရှိခဲ့ချိန်နဲ့ ပိုမိုနီးစပ်ပါတယ်။

(၂) ဓားခုတ်ကောင်နှင့်တူတဲ့ ပုဇွန်တစ်မျိုးဟာ သူ့ပတ်ဝန်းကျင်က ရေတွေဆူလာတဲ့အထိ သူ့ခြေထောက် တွေကို မြန်မြန်လွှဲပြီး ကူးခတ်နိုင်ပါတယ်။

(၃) စပိန်နိုင်ငံက နိုင်ငံတော်သီချင်းမှာ စာသားတစ်လုံးမှာ မပါရှိပါဘူး။

(၄) ပျားရည်ဟာ အလွယ်တကူပျက်စီးနိုင်ခြင်းမရှိပဲ နှစ်(၃၀၀၀)လောက်အထိ အထားခံပါတယ်။

(၅) လူသေကောင်တွေဟာလည်း ကြက်သီးထတတ်ပါတယ်။

(၆) တီဗွီပိတ်ချိန်မှာ သင်မြင်တွေ့ရတဲ့ အလင်းဖြာထွက်မှုဟာ Big Bang ခေါ် စကြာဝဠာပေါက်ကွဲမှုကြီးရဲ့ အသွင်ကွဲတစ်ခုဖြစ်ပါတယ်။

(၇) မေရီလန်းပြည်နယ်ရဲ့ ပြည်နယ်အားကစားနည်းဟာ မြင်းဖြင့် စီးချင်းထိုးသတ်ခြင်းဖြစ်ပါတယ်။

(၈) နှာခေါင်းက အသက်ရှုတိုင်းမှာ နှာခေါင်းပေါက်တစ်ဖက်က အခြားတစ်ဖက်ထက် လေကိုပိုမိုရှုသွင်းလေ့ရှိပြီး (၁၅)မိနစ်တစ်ကြိမ် ဘက်ပြောင်းလေ့ရှိပါတယ်။

(၉) လူသားတွေမှာ ဖွဲ့စည်းထားတဲ့ အက်တမ်တွေရဲ့ နေရာလွတ်တွေကို ဖယ်ထုတ်လိုက်မယ်ဆိုရင် ကမ္ဘာ့လူဦးရေဟာ ပန်းသီးတစ်လုံးစာလောက်ပဲရှိပါတော့တယ်။

(၁၀) မွှေးရှည်ဆင်တွေဟာ ပိရမစ်တွေတည်ဆောက်ခဲ့ချိန်ဝန်းကျင်ထိ ရှင်သန်နေကြတုန်းပါပဲ။

(၁၁) စစ်တုရင်ကစားရာမှာ ရွှေ့နိုင်ချေရှိတဲ့ အကွက်ပေါင်းဟာ စကြဝဠာထဲက အက်တမ်တွေရဲ့ အရေအတွက် ထက် ပိုများပါတယ်။

(၁၂) ကမ္ဘာ့ဗဟိုချက်က ရွှေတွေကို ထုတ်ယူနိုင်စွမ်းရှိမယ်ဆိုရင် လက်ရှိကုန်းမြေတွေအားလုံးကို ဒူးခေါင်းအထိ ရောက်အောင် ရွှေချပစ်လိုက်လို့ ရပါတယ်။

(၁၃) ခြင်ကောင်ရေ တစ်ဆယ့်နှစ်သိန်းက တစ်ကြိမ်စီကိုက်မယ်ဆိုရင် သာမန်လူတစ်ယောက်ရဲ့ သွေးတွေ အကုန်လုံးကို စုပ်ယူပစ်လိုက်နိုင်ပါတယ်။

(၁၄) အီဂျစ်လူမျိုး၊ ဆူမာရီးယန်းလူမျိုး၊ တရုတ်လူမျိုးနဲ့ မာယာလူမျိုးတွေဟာ သူတို့ရဲ့ စာရေးသားမှုစနစ်ကို ဘယ်ဘာသာကိုမှ အတုမယူပဲ ကိုယ်ပိုင်တီထွင်ခဲ့ကြတာဖြစ်ပါတယ်။

(၁၅) သစ်ကုလားအုတ်တွေ မိတ်လိုက်လို့ရမရ သိရဖို့အတွက် သစ်ကုလားအုပ်အထီးတွေဟာ အမတွေရဲ့ ကျင်ငယ်ရည်ကို အရသာခံကြည့်ရပါတယ်။

(၁၆) ဖိုတွန်ခေါ် လျှပ်စစ်သံလိုက်စွမ်းအင်တစ်ယူနစ်ဟာ နေရဲ့ဗဟိုချက်ကနေ မျက်နှာပြင်ဆီရောက်ဖို့ နှစ်ပေါင်း (၄၀၀၀၀) ကြာပေမယ့် နေကတဆင့် ကမ္ဘာဆီကို ရောက်ဖို့တော့ (၈)မိနစ်ပဲကြာပါတယ်။

(၁၇) အရည်ပျော်နိုင်တဲ့အရာမှန်သမျှကို ဖန်ထည်အဖြစ်ဖန်တီးလို့ရပါတယ်။

(၁၈) (၀.၅)မီလီမီတာသာရှိတဲ့ Tardigrades ကောင်လေးတွေဟာ အာကာသလေဟာနယ်အပါအဝင် ဘယ်အခြေအနေမျိုးမှာမဆို ရှင်သန်နိုင်ပါတယ်။

(၁၉) Kakapo ငှက်တွေဟာ မွှေးပျံ့ပျံ့ရနံ့ပြင်းရှိတဲ့အတွက် သားရဲတိရိစ္ဆာန်တွေက အလွယ်တကူ ရှာဖွေနိုင်တာကြောင့် မျိုးသုဉ်းမယ့်အန္တရယ်နဲ့ကြုံနေရပြီဖြစ်ပါတယ်။

(၂၀) ၁၉၀၃ ခုနှစ်မှာ ရိုက်ညီနောင်က ပထမဆုံးအကြိမ်ကောင်းကင်မှာပျံသန်းခဲ့ပြီးနောက် (၆၆)အကြာ ၁၉၆၉ ခုနှစ်မှာ လူသားတွေ လပေါ်ကို ခြေချနိုင်ခဲ့ပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%