ေအာင္ျမင္ခ်မ္းသာသူတစ္ဦးျဖစ္ဖို႔ အခမဲ့လုပ္ေဆာင္ႏိုင္သည့္ အေလ့အက်င့္မ်ား

တခ်ိဳ႕လူေတြဘာေၾကာင့္ အရမ္းေအာင္ျမင္ေနရတာလဲလို႔ သင္ေတြးဖူးပါသလား။ ေသခ်ာပါတယ္။ သင္ေတြးဖူးမွာပါ။ အၾကံေကာင္းမႈ၊ ေစ့ေဆာ္တိုက္တြန္းမႈ၊ ဇြဲလံု႔လနဲ႔ ကံၾကမၼာမ်က္ႏွာသာေပးမႈေတြေၾကာင့္ ဆိုေပမယ့္ ေအာင္ျမင္ခ်မ္းသားေနသူေတြအားလံုးမွာ တူညီတဲ့အေလ့အက်င့္တစ္ခ်ိဳ႕ရွိပါတယ္။ ဒီအေလ့အက်င့္ေတြက သင့္အတြက္ ေငြကုန္ေၾကးက်ရွိမွာမဟုတ္တဲ့အတြက္ အတူယူေလ့လာႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ တရားထိုင္ပါ။

သင့္ရဲ႕ခႏၶာကိုယ္ကိုေရာ စိတ္ကိုပါ အနားေပးဖို႔အတြက္ တရားထိုင္ေပးတာအေကာင္းဆံုးပါ။ ဒါ့အျပင္ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းေတြ၊ က်န္းမာေရးနဲ႔ညီညြတ္တဲ့စားေသာက္ပံုနဲ႔ အိပ္ေရး၀ေအာင္ အိပ္တာေတြကလည္း သင္အတြက္ေအာင္ျမင္ႏိုင္မယ့္ အခြင့္အလမ္းကို တိုးတက္ေစပါတယ္။

၂။ ေစာေစာထပါ။

အိပ္ရာကေန ေစာေစာထတဲ့သူေတြဟာ တစ္ေန႔တာမွာ တျခားသူေတြထက္ ေရွ႕ကိုႀကိဳေရာက္ေနတတ္ပါတယ္။ ဒါ့အျပင္ သင့္အတြ႕္ ကိုယ္ပုိင္အခ်ိန္ပိုရၿပီး ေပ်ာ္ရႊင္တက္ၾကြသူတစ္ဦး ျဖစ္လာေစႏိုင္ပါတယ္။

၃။ လူမႈဆက္ဆံေရးခ်ဲ႕ထြင္ပါ။

ေအာင္ျမင္သူတိုင္းဟာ လူမႈဆက္ဆံေရးကြန္ယက္ရဲ႕အေရးပါမႈကို သိထားၾကပါတယ္။ ဒါ့အျပင္ လူမႈဆက္ဆံေရး နယ္ပယ္က်ယ္ျပန္႔တာနဲ႔အမွ် အလုပ္ကိုပိုၿပီးစြမ္းေဆာင္လုပ္ကိုင္ႏိုင္ၿပီး တကယ္ေကာင္းမြန္တဲ့ အလုပ္တစ္ခုရရွိႏိုင္ေခ်လည္း မ်ားလာပါတယ္။ သင့္ကို ဆန္းသစ္တီထြင္ႏိုင္ဖို႔ စိတ္ကူးသစ္ေတြလည္း ရရွိေစႏိုင္ပါတယ္။

၄။ အလုပ္ကို ႀကိဳးစားပါ။

ေအာင္ျမင္သူတိုင္းမွာ အားလပ္ပ်င္းရိေနတယ္ဆိုတာ မရွိပါဘူး။ သူတုိ႔ရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို အလုပ္လုပ္ရင္းနဲ႔ ကုန္ဆံုးတတ္ၾကပါတယ္။

၅။ ျငင္းသင့္တဲ့အခ်ိန္မွာ ျငင္းပါ။

ေအာင္ျမင္ခ်မ္းသာသူေတြဟာ သူတို႔အတြက္အက်ိဳးမရွိႏိုင္တဲ့ကိစၥေတြ၊ အလုပ္ပိုေတြနဲ႔ အခ်ိန္ကုန္မယ့္လုပ္ရပ္ေတြကို ျငင္းဆန္ဖို႔ သေဘာေပါက္ၾကပါတယ္။ သူတို႔ဟာ အလုပ္ၿပီးေျမာက္ဖို႔ကို အာ႐ုံစိုက္တတ္ၿပီး အၿပီးသတ္ရမယ့္အလုပ္ေတြကို အေႏွာက္အယွက္ျဖစ္ရမယ့္ကိစၥတိုင္းကို ျငင္းဆိုဖို႔ အားမနာတတ္ၾကပါဘူး။

၆။ TV မၾကည့္ပါနဲ႔။ စာဖတ္ပါ။

စစ္တမ္းေတြအရ ခ်မ္းသာေအာင္ျမင္ေနသူေတြရဲ႕ (၆၇)ရာခိုင္ႏႈန္းဟာ တစ္ေန႔ကိုအမ်ားဆံုး အခ်ိန္(၁)နာရီေလာက္ပဲ TV ၾကည့္တတ္ၾကတယ္လို႔ ဆိုပါတယ္။ သူတို႔ေတြရဲ႕ (၈၆)ရာခိုင္ႏႈန္းက စာဖတ္ဖို႔ကိုပဲ စိတ္၀င္စားတတ္ၾကၿပီး တစ္ေန႔ကို မိနစ္(၃၀)နဲ႔အထက္ တိုးတက္မႈတစ္စုံတစ္ခုျဖစ္ေစမယ့္ စာေပေတြ ဖတ္တတ္ၾကပါတယ္။

၇။ လုပ္စရာေတြကို ႀကိဳတင္စီစဥ္ထားပါ။

ေအာင္ျမင္သူေတြဟာ ေနာက္တစ္ေန႔လုပ္ရမယ့္အလုပ္ေတြကို ဒီေန႔ညမွာကတည္းက စာရင္းလုပ္ထားတတ္ၾကပါတယ္။ ၿပီးရင္ အေရးႀကီးအလုပ္ေတြကို အရင္လုပ္ဖို႔ ဦးစားေပးအဆင့္ေတြ ခြဲျခားထားတတ္ၾကပါတယ္။

၈။ ရည္မွန္းခ်က္ပန္းတိုင္ခ်မွတ္လုပ္ေဆာင္ပါ။

ေအာင္ျမင္သူေတြရဲ႕ (၉၅)ရာခိုင္ႏႈန္းဟာ သူတို႔ရဲ႕ ရည္မွန္းခ်က္ေတြ၊ အစီအစဥ္ေတြနဲ႔ ေမွ်ာ္မွန္းခ်က္ေတြကို ခ်ေရးတဲ့အေလ့အက်င့္ရွိၾကပါတယ္။ ဒီလိုခ်ေရးတာကို ညဖက္နဲ႔ မနက္အေစာပိုင္းအခ်ိန္ေတြမွာ လုပ္ၾကပါတယ္။

၉။ ေငြေၾကးကို စီမံခန္႔ခြဲပါ။

ေအာင္ျမင္ခ်မ္းသာသူတိုင္းဟာ ေငြကို ေကာင္းေကာင္းစီမံႏိုင္ၾကပါတယ္။ သူတို႔ရဲ႕ေငြကို ပညာသားပါပါနဲ႔ ရင္းႏွီးျမဳပ္ႏွံတတ္ၾကၿပီး အခြင့္အလမ္းသစ္ေတြကို အျမဲရွာေဖြေနတတ္ၾကပါတယ္။ အေရးေပၚသံုးေငြကိုလည္း သီးျခားဖယ္ထားတတ္ၾကပါေသးတယ္။ တကယ္အကူအညီလိုအပ္ေနသူေတြကိုလည္း လွဴဒါန္းဖို႔ လက္မတြန္႔ၾကပါဘူး။

ဆို႐ုိးစကားတစ္ခုရွိပါတယ္။ ကံေကာင္းျခင္းနဲ႔ ႀကိဳတင္ျပင္ဆင္မႈရွိရင္ အခြင့္အလမ္းေတြ ရရွိမယ္ဆိုတာပါပဲ။ ေအာင္ျမင္သူတိုင္းဟာ သူတို႔ကိုယ္သူတို႔ အေကာင္းဆံုးျပင္ဆင္ထားၿပီး အခြင့္အလမ္းမွန္သမွ်ကို လက္မလြတ္တမ္း ဖမ္းဆုပ္ရယူႏိုင္ၾကပါတယ္။ ဒါ့ေၾကာင့္ သင္လည္း ေအာင္ျမင္ခ်င္တယ္ဆိုရင္ ျပင္ဆင္မႈေတြ လုပ္ဖို႔ လိုေနပါၿပီ။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

အောင်မြင်ချမ်းသာသူတစ်ဦးဖြစ်ဖို့ အခမဲ့လုပ်ဆောင်နိုင်သည့် အလေ့အကျင့်(၉)ခု

တချို့လူတွေဘာကြောင့် အရမ်းအောင်မြင်နေရတာလဲလို့ သင်တွေးဖူးပါသလား။ သေချာပါတယ်။ သင်တွေးဖူးမှာပါ။ အကြံကောင်းမှု၊ စေ့ဆော်တိုက်တွန်းမှု၊ ဇွဲလုံ့လနဲ့ ကံကြမ္မာမျက်နှာသာပေးမှုတွေကြောင့် ဆိုပေမယ့် အောင်မြင်ချမ်းသားနေသူတွေအားလုံးမှာ တူညီတဲ့အလေ့အကျင့်တစ်ချို့ရှိပါတယ်။ ဒီအလေ့အကျင့်တွေက သင့်အတွက် ငွေကုန်ကြေးကျရှိမှာမဟုတ်တဲ့အတွက် အတူယူလေ့လာနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ တရားထိုင်ပါ။
သင့်ရဲ့ခန္ဓာကိုယ်ကိုရော စိတ်ကိုပါ အနားပေးဖို့အတွက် တရားထိုင်ပေးတာအကောင်းဆုံးပါ။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်ပုံနဲ့ အိပ်ရေးဝအောင် အိပ်တာတွေကလည်း သင်အတွက်အောင်မြင်နိုင်မယ့် အခွင့်အလမ်းကို တိုးတက်စေပါတယ်။

၂။ စောစောထပါ။
အိပ်ရာကနေ စောစောထတဲ့သူတွေဟာ တစ်နေ့တာမှာ တခြားသူတွေထက် ရှေ့ကိုကြိုရောက်နေတတ်ပါတယ်။ ဒါ့အပြင် သင့်အတွ့် ကိုယ်ပိုင်အချိန်ပိုရပြီး ပျော်ရွှင်တက်ကြွသူတစ်ဦး ဖြစ်လာစေနိုင်ပါတယ်။

၃။ လူမှုဆက်ဆံရေးချဲ့ထွင်ပါ။
အောင်မြင်သူတိုင်းဟာ လူမှုဆက်ဆံရေးကွန်ယက်ရဲ့အရေးပါမှုကို သိထားကြပါတယ်။ ဒါ့အပြင် လူမှုဆက်ဆံရေး နယ်ပယ်ကျယ်ပြန့်တာနဲ့အမျှ အလုပ်ကိုပိုပြီးစွမ်းဆောင်လုပ်ကိုင်နိုင်ပြီး တကယ်ကောင်းမွန်တဲ့ အလုပ်တစ်ခုရရှိနိုင်ချေလည်း များလာပါတယ်။ သင့်ကို ဆန်းသစ်တီထွင်နိုင်ဖို့ စိတ်ကူးသစ်တွေလည်း ရရှိစေနိုင်ပါတယ်။

၄။ အလုပ်ကို ကြိုးစားပါ။
အောင်မြင်သူတိုင်းမှာ အားလပ်ပျင်းရိနေတယ်ဆိုတာ မရှိပါဘူး။ သူတို့ရဲ့အချိန်တော်တော်များများကို အလုပ်လုပ်ရင်းနဲ့ ကုန်ဆုံးတတ်ကြပါတယ်။
၅။ ငြင်းသင့်တဲ့အချိန်မှာ ငြင်းပါ။
အောင်မြင်ချမ်းသာသူတွေဟာ သူတို့အတွက်အကျိုးမရှိနိုင်တဲ့ကိစ္စတွေ၊ အလုပ်ပိုတွေနဲ့ အချိန်ကုန်မယ့်လုပ်ရပ်တွေကို ငြင်းဆန်ဖို့ သဘောပေါက်ကြပါတယ်။ သူတို့ဟာ အလုပ်ပြီးမြောက်ဖို့ကို အာရုံစိုက်တတ်ပြီး အပြီးသတ်ရမယ့်အလုပ်တွေကို အနှောက်အယှက်ဖြစ်ရမယ့်ကိစ္စတိုင်းကို ငြင်းဆိုဖို့ အားမနာတတ်ကြပါဘူး။

၆။ TV မကြည့်ပါနဲ့။ စာဖတ်ပါ။
စစ်တမ်းတွေအရ ချမ်းသာအောင်မြင်နေသူတွေရဲ့ (၆၇)ရာခိုင်နှုန်းဟာ တစ်နေ့ကိုအများဆုံး အချိန်(၁)နာရီလောက်ပဲ TV ကြည့်တတ်ကြတယ်လို့ ဆိုပါတယ်။ သူတို့တွေရဲ့ (၈၆)ရာခိုင်နှုန်းက စာဖတ်ဖို့ကိုပဲ စိတ်ဝင်စားတတ်ကြပြီး တစ်နေ့ကို မိနစ်(၃၀)နဲ့အထက် တိုးတက်မှုတစ်စုံတစ်ခုဖြစ်စေမယ့် စာပေတွေ ဖတ်တတ်ကြပါတယ်။

၇။ လုပ်စရာတွေကို ကြိုတင်စီစဉ်ထားပါ။
အောင်မြင်သူတွေဟာ နောက်တစ်နေ့လုပ်ရမယ့်အလုပ်တွေကို ဒီနေ့ညမှာကတည်းက စာရင်းလုပ်ထားတတ်ကြပါတယ်။ ပြီးရင် အရေးကြီးအလုပ်တွေကို အရင်လုပ်ဖို့ ဦးစားပေးအဆင့်တွေ ခွဲခြားထားတတ်ကြပါတယ်။

၈။ ရည်မှန်းချက်ပန်းတိုင်ချမှတ်လုပ်ဆောင်ပါ။
အောင်မြင်သူတွေရဲ့ (၉၅)ရာခိုင်နှုန်းဟာ သူတို့ရဲ့ ရည်မှန်းချက်တွေ၊ အစီအစဉ်တွေနဲ့ မျှော်မှန်းချက်တွေကို ချရေးတဲ့အလေ့အကျင့်ရှိကြပါတယ်။ ဒီလိုချရေးတာကို ညဖက်နဲ့ မနက်အစောပိုင်းအချိန်တွေမှာ လုပ်ကြပါတယ်။

၉။ ငွေကြေးကို စီမံခန့်ခွဲပါ။
အောင်မြင်ချမ်းသာသူတိုင်းဟာ ငွေကို ကောင်းကောင်းစီမံနိုင်ကြပါတယ်။ သူတို့ရဲ့ငွေကို ပညာသားပါပါနဲ့ ရင်းနှီးမြုပ်နှံတတ်ကြပြီး အခွင့်အလမ်းသစ်တွေကို အမြဲရှာဖွေနေတတ်ကြပါတယ်။ အရေးပေါ်သုံးငွေကိုလည်း သီးခြားဖယ်ထားတတ်ကြပါသေးတယ်။ တကယ်အကူအညီလိုအပ်နေသူတွေကိုလည်း လှူဒါန်းဖို့ လက်မတွန့်ကြပါဘူး။

ဆိုရိုးစကားတစ်ခုရှိပါတယ်။ ကံကောင်းခြင်းနဲ့ ကြိုတင်ပြင်ဆင်မှုရှိရင် အခွင့်အလမ်းတွေ ရရှိမယ်ဆိုတာပါပဲ။ အောင်မြင်သူတိုင်းဟာ သူတို့ကိုယ်သူတို့ အကောင်းဆုံးပြင်ဆင်ထားပြီး အခွင့်အလမ်းမှန်သမျှကို လက်မလွတ်တမ်း ဖမ်းဆုပ်ရယူနိုင်ကြပါတယ်။ ဒါ့ကြောင့် သင်လည်း အောင်မြင်ချင်တယ်ဆိုရင် ပြင်ဆင်မှုတွေ လုပ်ဖို့ လိုနေပါပြီ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%