ေယာကၤ်ားပီသဖို႔ နည္းလမ္း(၉)ခု

ေယာကၤ်ားပီသဖို႔ နည္းလမ္း()ခု

သင့္ရဲ႕ ဖြားဖက္ေတာ္က သီးျခားျဖစ္တည္ေနတဲ့ ကိုယ္အဂၤါအစိတ္အပိုင္းတစ္ခု မဟုတ္ပါဘူး။ သင့္ခႏၶာကိုယ္ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး အျခားေသာ ကိုယ္အဂၤါေတြလိုပဲ ေသြး၊ ေအာက္စီဂ်င္နဲ႔ အဟာရဓာတ္ေတြကို ေ၀မွ်သံုးစြဲရပါတယ္။ ဒါ့ေၾကာင့္ ပင္မခႏၶာကိုယ္မွာ ခ်ိဳ႕ယြင္းမႈေတြျဖစ္လာတဲ့အခါ သင့္ဖြားဖက္ေတာ္မွာလည္း သက္ေရာက္မႈရွိပါတယ္။ ပန္းေသပန္းညွိဳးျခင္းဟာ လိင္မႈစြမ္းေဆာင္ရည္ေလ်ာ့နည္းသြား႐ုံတင္မကပါဘူး။ ခႏၶာကိုယ္မွာျဖစ္ပြားေနတဲ့ ေရာဂါေ၀ဒနာေတြရဲ႕ေရွ႕ေျပးလကၡဏာလည္း ျဖစ္ပါတယ္။ ပန္းေသပန္းညွိဳးမႈဟာ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါေတြနဲ႔ ပတ္သက္ဆက္ႏြယ္ေနႏိုင္တာေၾကာင့္ ႏွလံုးတိုက္ခိုက္မႈခံရႏိုင္ေခ် ရွိေနတဲ့သေဘာျဖစ္ပါတယ္။ ဒါေပမယ့္ မစိုးရိမ္ပါနဲ႔။ သင့္အေနနဲ႔ က်ားအားတိုးေဆးေတြ သံုးစြဲစရာမလိုပဲ စိတ္သြားတိုင္းကိုယ္ပါျဖစ္ေစဖို႔ နည္းလမ္းတစ္ခ်ိဳ႕ကို ေဖာ္ျပလိုက္ပါတယ္။

၁။ ဘလက္ဘယ္ရီသီးယိုစားသံုးပါ။

ဘလက္ဘယ္ရီ၊ ဘီဘယ္ရီနဲ႔ အဲလ္ဒါဘယ္ရီတို႔လို အနက္ေရာင္အသီးအႏွံေတြမွာ လိင္တံေထာင္မတ္သန္စြမ္းဖို႔ အတြက္ အေရးပါတဲ့ဓာတ္တိုးဆန္႔က်င္ပစၥည္းတစ္ခုျဖစ္တဲ့ anthocyanins ပမာဏမ်ားစြာပါ၀င္ပါတယ္။ သင့္ရဲ႕ဖြားဖက္ေတာ္ ႏိုးၾကားေထာင္မတ္ႏိုင္စြမ္းက ႏိုက္ၾထစ္ေအာက္ဆိုက္ဒ္ဓာတ္ပစၥည္းရရွိမႈေပၚမွာ မူတည္ပါတယ္။ သင့္ရဲ႕ေသြးေၾကာေတြထဲမွာ Free radicals ေတြ မ်ားေနတဲ့အခါမွာ ႏိုက္ၾထစ္ေအာက္ဆိုက္ဒ္ပမာဏနည္းသြားေလ့ရွိပါတယ္။ ဒီအေျခအေနမွာ anthocyanins ဓာတ္ပစၥည္းက free radicals ေတြကို ရွင္းလင္းေပးႏိုင္တာေၾကာင့္ ႏိုက္ၾထစ္ေအာက္ဆိုက္ဒ္ပမာဏကို ထိန္းထားေပးႏိုင္တဲ့အတြက္ လိင္တံေထာင္မတ္မႈကို ေတာင့္တင္းသန္မာေစႏိုင္တာျဖစ္ပါတယ္။

၂။ ေဆးလိပ္ျဖတ္ပါ။

ေဆးလိပ္ေသာက္သံုးေနသ၍ ႏွလံုးေရာဂါ၊ ေလျဖတ္ေ၀ဒနာ၊ အဆုတ္ကင္ဆာနဲ႔ ဆီးအိတ္ကင္ဆာျဖစ္ႏိုင္ေခ်ေတြ ျမင့္တက္ေနဦးမွာျဖစ္ပါတယ္။ ဒါေတြကို မစိုးရိမ္တတ္ဘူးဆိုရင္ေတာင္မွ ေဆးလိပ္ေသာက္ျခင္းဟာ ပန္းေသပန္းညွိဳးျဖစ္ေစႏိုင္တဲ့ ေသြးလႊတ္ေၾကာပ်က္စီးမႈေတြကို ျဖစ္ေစႏိုင္တယ္ဆိုတာကို သတိထားသင့္ပါတယ္။ ေဆးလိပ္ကို ျမန္ႏိုင္သမွ်ျမန္ျမန္ျဖတ္ႏိုင္မယ္ဆိုရင္ေတာ့ သင့္ရဲ႕ဖြားဖက္ေတာ္သန္စြမ္းမႈကို ပူစရာလိုမွာမဟုတ္ပါဘူး။

၃။ အာ႐ုံခံစားမႈေကာင္းပါေစ။

စိတ္ဖိစီးမႈဟာ ခႏၶာကိုယ္အတြက္ေရာ စိတ္ႏွလံုးအတြက္မွာ မေကာင္းမွန္းလူတိုင္းသိၾကပါတယ္။ စိတ္ဖိစီးမႈေၾကာင့္ သင့္ရဲ႕ေသြးလႊတ္ေၾကာေတြကို ေတာင့္တင္းမာေက်ာသြားေစႏိုင္ပါတယ္။ ဒီလိုမျဖစ္ေစဖို႔အတြက္ ေန႔စဥ္ေန႔တိုင္း သင့္ရဲ႕အျမင္၊အၾကား၊အနံ႔၊ရသာ၊ထိေတြ႕ အာ႐ုံငါးပါးစလံုးကို အခ်ိန္အနည္းငယ္ေလာက္ ေသခ်ာအလုပ္ေပးရမွာျဖစ္ပါတယ္။ ဥပမာ ကားေမာင္းေနခ်ိန္မွာ ကားစတီယာရင္ကို ကိုင္ထားရတဲ့ အထိအေတြ႕၊ အင္ဂ်င္လည္ေနတဲ့အသံ၊ ျမင္ေနရတဲ့ျမင္ကြင္းေတြ စသျဖင့္ ပတ္၀န္းက်င္က အရာေတြကို သိျမင္ခံစားၿပီး စိတ္ဖိစီးမႈကို ေလွ်ာ့ခ်တတ္ဖို႔ျဖစ္ပါတယ္။ ဒီလို စိတ္ဖိစီးမႈေလွ်ာ့ခ်ႏိုင္တာနဲ႔ ေသြးလည္ပတ္မႈမွန္ကန္ၿပီး လိင္တံေထာင္မတ္မႈကိုလည္း အေထာက္အကူျဖစ္ေစမွာ ေသခ်ာပါတယ္။

၄။ အိပ္ေနစဥ္ေဟာက္တဲ့အက်င့္ကို ေဖ်ာက္ပါ။

ေဟာက္တတ္တာဟာ လိင္မႈဘ၀ကို အေႏွာက္အယွက္ျဖစ္ေစပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ သင္ ေဟာက္ေနၿပီဆိုရင္ သင့္ခႏၶာကိုယ္က တစ္႐ႈးေတြမွာ ေအာက္စီဂ်င္လိုအပ္ခ်က္ မ်ားေနတတ္တာေၾကာင့္ ျဖစ္ပါတယ္။ ဒီလိုေအာက္စီဂ်င္လိုအပ္ခ်က္မ်ားတဲ့အတြက္ လိင္တံတစ္႐ႈးေတြလည္း အားနည္းသြားတတ္ပါတယ္။ ဒါ့ေၾကာင့္ ေဟာက္တာကိုေျဖရွင္းႏိုင္မယ့္ အလြယ္ဆံုးနည္းလမ္းတစ္ခု ေပးပါတယ္။ ေခါင္းရင္းဖက္ ခုတင္ေျခေထာက္ေတြေအာက္မွာ အုတ္ခဲတစ္လံုးစီ ခုထားလိုက္ပါ။ ခႏၶာကိုယ္အထက္ပိုင္းကို လည္ပင္းမေကြးေစပဲ ျမင့္တင္ထားတာက အသက္႐ႈရတာအဆင္ေျပေစၿပီး ေဟာက္တာကိုလည္း သက္သာေစပါတယ္။

၅။ အနက္ေရာင္ေခ်ာကလက္မ်ားမ်ားစားပါ။

ဒါက က်ားအားတိုးေဆးတစ္ခုပါပဲ။ အနက္ေရာင္ေခ်ာကလက္ေတြမွာ ေသြးလႊတ္ေၾကာေတြရဲ႕ အတြင္းဖက္နံရံမွာ ဓာတ္ပစၥည္းေတြထြက္လာေအာင္ ကူညီေပးႏိုင္တဲ့ epicatechins ဓာတ္ပစၥည္းတမ်ိဳးပါ၀င္ပါတယ္။ ေလ့လာမႈေတြအရေတာ့ တစ္ေန႔ကို အနက္ေရာင္ေခ်ာကလက္ . ေအာင္စေလာက္ စားသံုးေပးသင့္တယ္လို႔ ဆိုပါတယ္။

၆။ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ပါ။

သင့္ရဲ႕ခႏၶာကိုယ္အေလးခ်ိန္ညႊန္းကိန္း(Body-mass index) ကို တြက္ခ်က္ၾကည့္ပါ။ သင့္ရဲ႕ BMI ညႊန္းကိန္းက ၂၅ ၀န္းက်င္ျဖစ္ေနၿပီဆိုရင္ လိင္တံေထာင္မတ္မႈကို ထိခိုက္မႈေတြရွိလာႏိုင္ပါတယ္။ ရွိသင့္တဲ့ ကိုယ္အေလးခ်ိန္ထက္ မ်ားေနသူေတြမွာ က်ားေဟာ္မုန္းတစ္မ်ိဳးျဖစ္တဲ့ Testosterone ေတြက estrogen အျဖစ္သို႔ ေျပာင္းလဲသြားပါတယ္။ ဒီလို Testosterone နည္းပါးၿပီး Estrogen မ်ားလာတာက လိင္တံေထာင္မတ္မႈကို ထိခိုက္ေစတာျဖစ္ပါတယ္။ ကံေကာင္းတာက ကိုယ္အေလးခ်ိန္ကို အတန္အသင့္ေလွ်ာ့ခ်ႏိုင္႐ုံနဲ႔တင္ ပိုလွ်ံေနတဲ့ Estrogen ေဟာ္မုန္းေတြကို ေလွ်ာ့ခ်ႏိုင္ၿပီး လိင္မႈဘ၀ သာယာမႈေတြကို ျပန္ရေစႏိုင္တာပဲျဖစ္ပါတယ္။

၇။ အပ္စိုက္ကုထံုးခံယူပါ။

လိင္တံေတာင့္တင္းသန္မာမႈမရွိတာနဲ႔ ပတ္သက္ၿပီး စိတၱဇျဖစ္ေနရင္ေတာ့ အပ္စိုက္ကုထံုးခံယူၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္။ ေလ့လာမႈေတြအရ အပ္စိုက္ကုထံုးေတြက စိတ္ေၾကာင့္ျဖစ္တဲ့ပန္းေသပန္းညွိဳး ျပႆနာကို ေလ်ာ့ပါးသက္သာေစႏိုင္တယ္လို႔ ဆိုပါတယ္။ စိတ္ေၾကာင့္ျဖစ္တဲ့ ပန္းေသပန္းညွိဳးေရာဂါရွင္ေတြဟာ အာ႐ုံေၾကာစနစ္ေတြမွာ ဟန္ခ်က္ပ်က္စီးမႈေတြရွိေနတတ္ပါတယ္။ အပ္စိုက္ကုထံုးေတြက ဒီလိုဟန္ခ်က္ပ်က္ယြင္းမႈေတြကို ျပန္လည္ထိန္းသိမ္းေပးႏိုင္ပါတယ္။

၈။ တင္ပဆံုၾကြက္သားေလ့က်င့္ခန္းလုပ္ပါ။

ပန္းေသပန္းညွိဳးျပႆနာကို သက္သာေစဖို႔အေကာင္းဆံုးနည္းလမ္းေတြထဲက တစ္ခုကေတာ့ တင္ပဆံုၾကြက္သားေတြကို ေတာင့္တင္းသန္မာလာေအာင္ ေလ့က်င့္ေပးတာပဲျဖစ္ပါတယ္။ ဒီေလ့က်င့္ခန္းမွာ ဆီးသြားတဲ့အခါ ညစ္ထုတ္တဲ့ ၾကြက္သားေတြကို ညစ္ၿပီးေလ့က်င့္ေပးရတာျဖစ္ပါတယ္။ ထိုင္ေနစဥ္မွာပဲျဖစ္ျဖစ္ လဲေလ်ာင္းၿပီးေတာ့ပဲျဖစ္ျဖစ္ လုပ္ေဆာင္ႏိုင္ပါတယ္။ ဆီးသြားတာ ရပ္လိုရင္ညစ္ေလ့ရွိတဲ့အတိုင္း ၾကြက္သားေတြကို တစ္ႀကိမ္မွာ(၁၀)စကၠန္႔စီေလာက္ ညစ္ၿပီးထိန္းထားရမွာျဖစ္ပါတယ္။ တစ္ေန႔ကို (၁၈)ႀကိမ္ေလာက္ ေလ့က်င့္ေပးရမွာျဖစ္ပါတယ္။

၉။ လိုအပ္တဲ့ေဆး၀ါးေတြ မွီ၀ဲပါ။

ပန္းေသပန္းညွိဳးျပႆနာနဲ႔ ပတ္သက္ၿပီး ေသာက္သံုးမွီ၀ဲသင့္တဲ့ ေဆး၀ါးေတြရွိပါတယ္။ ဒီေဆး၀ါးေတြကို ဆရာ၀န္ညႊန္ၾကားခ်က္အတိုင္း ေသာက္သံုးႏိုင္ပါတယ္။


ယောင်္ကျားပီသဖို့ နည်းလမ်း(၉)ခု

သင့်ရဲ့ ဖွားဖက်တော်က သီးခြားဖြစ်တည်နေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု မဟုတ်ပါဘူး။ သင့်ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အခြားသော ကိုယ်အင်္ဂါတွေလိုပဲ သွေး၊ အောက်စီဂျင်နဲ့ အဟာရဓာတ်တွေကို ဝေမျှသုံးစွဲရပါတယ်။ ဒါ့ကြောင့် ပင်မခန္ဓာကိုယ်မှာ ချို့ယွင်းမှုတွေဖြစ်လာတဲ့အခါ သင့်ဖွားဖက်တော်မှာလည်း သက်ရောက်မှုရှိပါတယ်။ ပန်းသေပန်းညှိုးခြင်းဟာ လိင်မှုစွမ်းဆောင်ရည်လျော့နည်းသွားရုံတင်မကပါဘူး။ ခန္ဓာကိုယ်မှာဖြစ်ပွားနေတဲ့ ရောဂါဝေဒနာတွေရဲ့ရှေ့ပြေးလက္ခဏာလည်း ဖြစ်ပါတယ်။ ပန်းသေပန်းညှိုးမှုဟာ နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ ပတ်သက်ဆက်နွယ်နေနိုင်တာကြောင့် နှလုံးတိုက်ခိုက်မှုခံရနိုင်ချေ ရှိနေတဲ့သဘောဖြစ်ပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ သင့်အနေနဲ့ ကျားအားတိုးဆေးတွေ သုံးစွဲစရာမလိုပဲ စိတ်သွားတိုင်းကိုယ်ပါဖြစ်စေဖို့ နည်းလမ်းတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ ဘလက်ဘယ်ရီသီးယိုစားသုံးပါ။
ဘလက်ဘယ်ရီ၊ ဘီဘယ်ရီနဲ့ အဲလ်ဒါဘယ်ရီတို့လို အနက်ရောင်အသီးအနှံတွေမှာ လိင်တံထောင်မတ်သန်စွမ်းဖို့ အတွက် အရေးပါတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တဲ့ anthocyanins ပမာဏများစွာပါဝင်ပါတယ်။ သင့်ရဲ့ဖွားဖက်တော် နိုးကြားထောင်မတ်နိုင်စွမ်းက နိုက်ထြစ်အောက်ဆိုက်ဒ်ဓာတ်ပစ္စည်းရရှိမှုပေါ်မှာ မူတည်ပါတယ်။ သင့်ရဲ့သွေးကြောတွေထဲမှာ Free radicals တွေ များနေတဲ့အခါမှာ နိုက်ထြစ်အောက်ဆိုက်ဒ်ပမာဏနည်းသွားလေ့ရှိပါတယ်။ ဒီအခြေအနေမှာ anthocyanins ဓာတ်ပစ္စည်းက free radicals တွေကို ရှင်းလင်းပေးနိုင်တာကြောင့် နိုက်ထြစ်အောက်ဆိုက်ဒ်ပမာဏကို ထိန်းထားပေးနိုင်တဲ့အတွက် လိင်တံထောင်မတ်မှုကို တောင့်တင်းသန်မာစေနိုင်တာဖြစ်ပါတယ်။

၂။ ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်သုံးနေသ၍ နှလုံးရောဂါ၊ လေဖြတ်ဝေဒနာ၊ အဆုတ်ကင်ဆာနဲ့ ဆီးအိတ်ကင်ဆာဖြစ်နိုင်ချေတွေ မြင့်တက်နေဦးမှာဖြစ်ပါတယ်။ ဒါတွေကို မစိုးရိမ်တတ်ဘူးဆိုရင်တောင်မှ ဆေးလိပ်သောက်ခြင်းဟာ ပန်းသေပန်းညှိုးဖြစ်စေနိုင်တဲ့ သွေးလွှတ်ကြောပျက်စီးမှုတွေကို ဖြစ်စေနိုင်တယ်ဆိုတာကို သတိထားသင့်ပါတယ်။ ဆေးလိပ်ကို မြန်နိုင်သမျှမြန်မြန်ဖြတ်နိုင်မယ်ဆိုရင်တော့ သင့်ရဲ့ဖွားဖက်တော်သန်စွမ်းမှုကို ပူစရာလိုမှာမဟုတ်ပါဘူး။

၃။ အာရုံခံစားမှုကောင်းပါစေ။
စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်အတွက်ရော စိတ်နှလုံးအတွက်မှာ မကောင်းမှန်းလူတိုင်းသိကြပါတယ်။ စိတ်ဖိစီးမှုကြောင့် သင့်ရဲ့သွေးလွှတ်ကြောတွေကို တောင့်တင်းမာကျောသွားစေနိုင်ပါတယ်။ ဒီလိုမဖြစ်စေဖို့အတွက် နေ့စဉ်နေ့တိုင်း သင့်ရဲ့အမြင်၊အကြား၊အနံ့၊ရသာ၊ထိတွေ့ အာရုံငါးပါးစလုံးကို အချိန်အနည်းငယ်လောက် သေချာအလုပ်ပေးရမှာဖြစ်ပါတယ်။ ဥပမာ ကားမောင်းနေချိန်မှာ ကားစတီယာရင်ကို ကိုင်ထားရတဲ့ အထိအတွေ့၊ အင်ဂျင်လည်နေတဲ့အသံ၊ မြင်နေရတဲ့မြင်ကွင်းတွေ စသဖြင့် ပတ်ဝန်းကျင်က အရာတွေကို သိမြင်ခံစားပြီး စိတ်ဖိစီးမှုကို လျှော့ချတတ်ဖို့ဖြစ်ပါတယ်။ ဒီလို စိတ်ဖိစီးမှုလျှော့ချနိုင်တာနဲ့ သွေးလည်ပတ်မှုမှန်ကန်ပြီး လိင်တံထောင်မတ်မှုကိုလည်း အထောက်အကူဖြစ်စေမှာ သေချာပါတယ်။

၄။ အိပ်နေစဉ်ဟောက်တဲ့အကျင့်ကို ဖျောက်ပါ။
ဟောက်တတ်တာဟာ လိင်မှုဘဝကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင် ဟောက်နေပြီဆိုရင် သင့်ခန္ဓာကိုယ်က တစ်ရှုးတွေမှာ အောက်စီဂျင်လိုအပ်ချက် များနေတတ်တာကြောင့် ဖြစ်ပါတယ်။ ဒီလိုအောက်စီဂျင်လိုအပ်ချက်များတဲ့အတွက် လိင်တံတစ်ရှုးတွေလည်း အားနည်းသွားတတ်ပါတယ်။ ဒါ့ကြောင့် ဟောက်တာကိုဖြေရှင်းနိုင်မယ့် အလွယ်ဆုံးနည်းလမ်းတစ်ခု ပေးပါတယ်။ ခေါင်းရင်းဖက် ခုတင်ခြေထောက်တွေအောက်မှာ အုတ်ခဲတစ်လုံးစီ ခုထားလိုက်ပါ။ ခန္ဓာကိုယ်အထက်ပိုင်းကို လည်ပင်းမကွေးစေပဲ မြင့်တင်ထားတာက အသက်ရှုရတာအဆင်ပြေစေပြီး ဟောက်တာကိုလည်း သက်သာစေပါတယ်။

၅။ အနက်ရောင်ချောကလက်များများစားပါ။
ဒါက ကျားအားတိုးဆေးတစ်ခုပါပဲ။ အနက်ရောင်ချောကလက်တွေမှာ သွေးလွှတ်ကြောတွေရဲ့ အတွင်းဖက်နံရံမှာ ဓာတ်ပစ္စည်းတွေထွက်လာအောင် ကူညီပေးနိုင်တဲ့ epicatechins ဓာတ်ပစ္စည်းတမျိုးပါဝင်ပါတယ်။ လေ့လာမှုတွေအရတော့ တစ်နေ့ကို အနက်ရောင်ချောကလက် ၁.၆ အောင်စလောက် စားသုံးပေးသင့်တယ်လို့ ဆိုပါတယ်။

၆။ ကိုယ်အလေးချိန်လျှော့ချပါ။
သင့်ရဲ့ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း(Body-mass index) ကို တွက်ချက်ကြည့်ပါ။ သင့်ရဲ့ BMI ညွှန်းကိန်းက ၂၅ ဝန်းကျင်ဖြစ်နေပြီဆိုရင် လိင်တံထောင်မတ်မှုကို ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေသူတွေမှာ ကျားဟော်မုန်းတစ်မျိုးဖြစ်တဲ့ Testosterone တွေက estrogen အဖြစ်သို့ ပြောင်းလဲသွားပါတယ်။ ဒီလို Testosterone နည်းပါးပြီး Estrogen များလာတာက လိင်တံထောင်မတ်မှုကို ထိခိုက်စေတာဖြစ်ပါတယ်။ ကံကောင်းတာက ကိုယ်အလေးချိန်ကို အတန်အသင့်လျှော့ချနိုင်ရုံနဲ့တင် ပိုလျှံနေတဲ့ Estrogen ဟော်မုန်းတွေကို လျှော့ချနိုင်ပြီး လိင်မှုဘ၀ သာယာမှုတွေကို ပြန်ရစေနိုင်တာပဲဖြစ်ပါတယ်။

၇။ အပ်စိုက်ကုထုံးခံယူပါ။
လိင်တံတောင့်တင်းသန်မာမှုမရှိတာနဲ့ ပတ်သက်ပြီး စိတ္တဇဖြစ်နေရင်တော့ အပ်စိုက်ကုထုံးခံယူကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ လေ့လာမှုတွေအရ အပ်စိုက်ကုထုံးတွေက စိတ်ကြောင့်ဖြစ်တဲ့ပန်းသေပန်းညှိုး ပြဿနာကို လျော့ပါးသက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ စိတ်ကြောင့်ဖြစ်တဲ့ ပန်းသေပန်းညှိုးရောဂါရှင်တွေဟာ အာရုံကြောစနစ်တွေမှာ ဟန်ချက်ပျက်စီးမှုတွေရှိနေတတ်ပါတယ်။ အပ်စိုက်ကုထုံးတွေက ဒီလိုဟန်ချက်ပျက်ယွင်းမှုတွေကို ပြန်လည်ထိန်းသိမ်းပေးနိုင်ပါတယ်။

၈။ တင်ပဆုံကြွက်သားလေ့ကျင့်ခန်းလုပ်ပါ။
ပန်းသေပန်းညှိုးပြဿနာကို သက်သာစေဖို့အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ တင်ပဆုံကြွက်သားတွေကို တောင့်တင်းသန်မာလာအောင် လေ့ကျင့်ပေးတာပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းမှာ ဆီးသွားတဲ့အခါ ညစ်ထုတ်တဲ့ ကြွက်သားတွေကို ညစ်ပြီးလေ့ကျင့်ပေးရတာဖြစ်ပါတယ်။ ထိုင်နေစဉ်မှာပဲဖြစ်ဖြစ် လဲလျောင်းပြီးတော့ပဲဖြစ်ဖြစ် လုပ်ဆောင်နိုင်ပါတယ်။ ဆီးသွားတာ ရပ်လိုရင်ညစ်လေ့ရှိတဲ့အတိုင်း ကြွက်သားတွေကို တစ်ကြိမ်မှာ(၁၀)စက္ကန့်စီလောက် ညစ်ပြီးထိန်းထားရမှာဖြစ်ပါတယ်။ တစ်နေ့ကို (၁၈)ကြိမ်လောက် လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။

၉။ လိုအပ်တဲ့ဆေးဝါးတွေ မှီဝဲပါ။
ပန်းသေပန်းညှိုးပြဿနာနဲ့ ပတ်သက်ပြီး သောက်သုံးမှီဝဲသင့်တဲ့ ဆေးဝါးတွေရှိပါတယ်။ ဒီဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်ပါတယ်။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%