စိတ်ဖိစီးမှုမဖြစ်အောင် ခေါင်းထဲမှထုတ်ပစ်သင့်သည့်အရာများ

စိတ်ဖိစီးမှုကို အချိန်ကြာကြာခံစားနေရမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးများသာမက ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကိုပါ ကျဆင်းလာစေကာ ရောဂါအမျိုးမျိုးကိုလည်း ပိုမိုဖြစ်ပွား၊ ကူးစက်ခံရနိုင်စေတဲ့ အန္တရာယ်ရှိလာပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုမလျာ့ကျအောင် ခေါင်းထဲကနေ ထုတ်ပစ်သင့်တဲ့ အရာတချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ အလွန်အကျွံအတွေးများ။

လူအများစုက ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲနဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ လိုအပ်တာထက်ပိုပြီး ရှုပ်ထွေးရောနှောစွာ စဉ်းစားတွေးခေါ်တတ်ကြပါတယ်။ စဉ်းစားတွေးတော ဖြေရှင်းရမှာ မှန်ပေမယ့် လိုအပ်တာထက်ပိုပြီး အတွေးလွန်နေမယ်ဆိုရင် တိကျခိုင်မာတဲ့အဖြေမရရှိနိုင်ပဲ စိတ်ဖိစီးမှုတွေပဲ ပိုများလာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြဿနာ ဒါမှမဟုတ် အခက်အခဲတစ်ခုချင်းစီကို အာရုံစိုက်ပြီး ရှင်းလင်းတိကျစွာ စဉ်းစားတွေးတောသင့်ပါတယ်။

၂။ လူတွေရဲ့ ထင်မြင်ချက်။

သင့်အပေါ် လူတွေ ဘယ်လိုမြင်မလဲဆိုတာကို လိုအပ်တာထက် ပိုပြီးဂရုစိုက်နေမယ်ဆိုရင်လည်း စိတ်ရှုပ်ထွေးမှု၊ စိတ်ဖိစီးမှုတွေ ပိုတိုးလာနိုင်ပါတယ်။ ဒါ့အပြင် အခြားသူ ဘယ်လိုထင်မလဲဆိုတာ စိတ်ပူနေတာက သင့်ရဲ့ကိုယ်ပိုင်ဘဝကို အခြားသူတွေရဲ့ ပါးစပ်ဖျားမှာ လမ်းဆုံးသွားအောင် လုပ်နေသလိုပါပဲ။

၃။ အတိတ်။

အတိတ်ဆိုတာ ဖြစ်ပျက်ပြီးတဲ့ အရာများ ဖြစ်ပါတယ်။ ဒါ့အပြင် အတိတ်မှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြုပြင်ပြောင်းလဲလို့လည်း မရနိုင်ပါဘူး။ ဒါ့ကြောင့် အတိတ်က အကြောင်းအရာတွေကို ခေါင်းထဲထည့်ထားတာက စိတ်ဖိစီးမှုတွေကို ပိုများလာစေနိုင်တဲ့အပြင် အချိန်နဲ့ ဦးနှောက်စွမ်းအားကို ဖြုန်းတီးရာလည်း ရောက်ပါတယ်။ အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး နောက်တစ်ခါ ထပ်မဖြစ်စေဖို့သာ ဂရုစိုက်သင့်ပါတယ်။

၄။ မနာလိုစိတ်။

အခြားသူတွေကို မနာလိုဖြစ်နေမယ့်အစား သူတို့အတွက် မုဒိတာပွားပြီး ဝမ်းသာနိုင်အောင်ကြိုးစားခြင်းအားဖြင့် စိတ်ဖိစီးမှုများကို လျော့ကျအောင် ပြုလုပ်ဆောင်ရွက်နိုင်ပါတယ်။ သူတစ်ပါးအပေါ်မနာလိုဖြစ်တာဟာ သင့်အတွက် ကောင်းကျိုး မရှိတဲ့အပြင် စိတ်ဖိစီးမှုများကိုသာ ဖြစ်ပေါ်စေပါတယ်။

၅။ အဆိုးမြင်စိတ်။

သင့်အတွက် အကျိုးမဖြစ်စေတဲ့ အဆိုးမြင်စိတ်ကူးတွေ၊ အတွေးတွေက ခေါင်းထဲမှာ ရှိနေတတ်ပါတယ်။ အဆိုးမြင်စိတ်တွေဟာ စိတ်ဖိစီးမှုဖြစ်စေရုံသာမက သင့်အတွက် အခွင့်အလမ်းတွေကိုလည်း အခက်အခဲတွေအဖြစ် မြင်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် အဆိုးမြင်စိတ်တွေကို တတ်နိုင်သမျှ ဂရုစိုက် ရှင်းထုတ်ပြီး အကောင်းမြင်စိတ်နဲ့ ကြည့်နိုင်အောင် ကြိုးစားပါ။

၆။ အခြားသူများနှင့် နှိုင်းယှဉ်မှုများ။

မိမိကိုယ်ကိုယ် အခြားသူတွေနဲ့ နှိုင်းယှဉ်ခြင်းကလည်း စိတ်ဖိစီးမှုဖြစ်စေနိုင်တဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ သင့်ထက် သာသူတွေရှိနိုင်သလို သင့်ထက် နိမ့်ကျသူတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် အခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်နေမယ့်အစား လက်ရှိပိုင်ဆိုင်ထားတဲ့အရာတွေကို အသိအမှတ်ပြုတန်ဖိုးထားတတ်အောင် ကြိုးစားသင့်ပါတယ်။

၇။ ရှေ့ရေးအတွက် ပူပင်မှုများ။

အနာဂတ်အတွက် ကြိုတင်တွေးတောပူပန်ပြီး စိတ်ဖိစီးမှုဖြစ်နေမယ့်အစား လက်ရှိအချိန်မှာ အနာဂတ်အတွက် အကျိုးရှိမယ့်အရာတွေကို ကြိုတင်ပြင်ဆင်လုပ်ဆောင်နေတာက အကောင်းဆုံးပါပဲ။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

အခြားစိတ်ဝင်စားစရာဆောင်းပါးအလန်းစား အကြမ်းစားတွေကို

Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%