လိုချင်တဲ့ ဘဝတစ်ခုမှာ ရှင်သန်နိုင်ဖို့ လျို့ဝှက်ချက် ၁၀

လက်ရှိ ရှင်သန်နေရတဲ့ ဘဝကို ကျေနပ်နေပြီလား…?

သင် လိုချင်တဲ့ ဘဝမျိုးရဖို့ ဘာကြောင့် ဒီလောက်ခက်ခဲနေရတာလဲ တွေးမိပါသလား..?

သေချာစဉ်းစားကြည့်မယ်ဆိုရင် ဒါက သင်ပိုင်ဆိုင်တဲ့ သင့်ရဲ့ဘဝပါ။ သင့်မှာ စိတ်ကြိုက် ထိန်းချုပ်ပိုင်ခွ့်ရှိပါတယ်။ ဒါပေမယ့် လိုချင်တဲ့အတိုင်း ဖြစ်မလာနိုင်ရတာ ဘာကြောင့်ဖြစ်မယ်လို့ ထင်ပါသလဲ။

အခုအချိန် သင့်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာနဲ့ အခက်အခဲတွေ မရှိတော့ဘူးဆိုရင် ဘဝက သင်လိုချင်တဲ့အတိုင်းဖြစ်လာမယ်လို့ မျှော်လင့်နေမယ်ဆိုရင်တော့ အမှားကြီးမှားနေပြီလို့ ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ ဘဝဆိုတာက နောက်ဆုံးအချိန်အထိ ပြဿနာတွေ မကင်းနိုင်တာကြောင့်ပါပဲ။

နေ့ရက်တိုင်းမှာ စိန်ခေါ်မှုအသစ်တွေ ရှိနေမှာပါ။ သင့်ရဲ့အသက်အရွယ် ဘယ်လောက်ပဲ ဖြစ်ဖြစ်၊ သင့်ရဲ့ စီးပွားရေးအခြေအနေ ဘယ်လောက်ပဲ ရှိရှိ ပြဿနာတစ်ခုမဟုတ် တစ်ခု ကြုံတွေ့နေရဦးမှာပါပဲ။

ဒါ့ကြောင့် သင် လိုချင်တဲ့ ဘဝမျိုးကို တကယ်ပိုင်ဆိုင်ချင်တယ်ဆိုရင် ပြဿနာတွေ အဆုံးသတ်သွားဖို့ မျှော်လင့်နေမယ့်အစား လက်ရှိဘဝကို မှန်ကန်တဲ့ အမြင်၊ ခံယူချက်နဲ့ ရှင်သန်နိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ဘဝမှာ နေပျော်စရာဖြစ်စေဖို့ သိထားသင့်တဲ့ လျို့ဝှက်ချက်တချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ သင့် စိတ်ကို ရှင်းထားပါ။

ဒါက ဘဝနဲ့သက်ဆိုင်တဲ့ အမှန်တရားတစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမယ့် သင်လိုချင်တဲ့ ဘဝတစ်ခုမှာ ရှင်သန်နိုင်ဖို့ ပထမဆုံးနဲ့ အလိုအပ်ဆုံး အဆင့်တစ်ခုလို့ ဆိုနိုင်ပါတယ်။ သင့်အနေနဲ့ ဘဝခရီးကို လျှောက်လှမ်းရာမှာ နောက်ထပ် ခြေလှမ်းတစ်လှမ်း လှမ်းခါနီးတိုင်းမှာ စိတ်ကို ကြည်လင်ရှင်းလင်းနေဖို့ လိုပါတယ်။ စိတ်ထဲမှာ ရှင်းလင်းနေမယ်ဆိုရင် လောကကြီးကို မြင်နေကျထက် ထူးခြားတဲ့ပုံစံနဲ့ မြင်နိုင်လာပါလိမ့်မယ်။ အသစ်အသစ်တွေ လေ့လာသင်ယူပါ။ ဘဝရည်မှန်းချက် အသစ်တွေ ချမှတ်ပါ။ သင့်ကို ပျော်ရွှင်စေနိုင်မယ့်အရာ တွေကို လုပ်ဆောင်ပါ။ နောက်ဆုံးမှာ သင့်ဘဝကိုပါ ပြောင်းလဲနိုင်လာပါလိမ့်မယ်။ သင့်ဘဝမှာ ဖြစ်ပျက်သမျှ အရာအားလုံးက ကောင်းတယ်၊ ဆိုးတယ်လို့ မရှိပါဘူး။ ဒါတွေအားလုံးက သင် ဘယ်လိုမြင်လဲဆိုတာပေါ်မှာပဲ မူတည်ပါတယ်။

၂။ ပျော်ရွှင်မှုဟာ ငွေကြေးနဲ့ အတူမလာဘူး။

ဟုတ်ပါတယ်။ ငွေက ဘဝမှာ အရေးကြီးတဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် ပျော်ရွှင်မှုကိုတော့ ငွေနဲ့ မဝယ်နိုင်ပါဘူး။ ငွေရှိပြီး မိသားစု၊ မိတ်ဆွေအပေါင်းအသင်းမရှိ၊ ကျန်းမာရေးမကောင်းဘူးဆိုရင် ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ သင့်ရဲ့ ချမ်းသာကြွယ်ဝမှုက ပျော်ရွှင်မှုအပေါ်မှာ အနည်းငယ်ပဲ အကျိုးသက်ရောက်မှုရှိပါတယ်။ ပျော်ရွှင်မှုဟာ နှလုံးသားထဲက ဖြစ်တည်လာတာပါ။ တခါတလေမှာ သင့်ကိုယ်သင် အသစ်ထွက်တဲ့ iPhone ဝယ်လိုက်တာထက် ချစ်ရသူနဲ့အတူ ရေခဲမုန့်အတူစားရတာက ပိုပျော်စရာကောင်းတယ်ဆိုတာ သိအောင်ကြိုးစားပါ။

၃။ ဘဝက လိုချင်တာအားလုံး မပေးနိုင်ဘူး။

ဒါကတော့ ခါးသီးတဲ့ အမှန်တရားတစ်ခုပါပဲ။ သင့်ဘဝမှာ သင်လိုချင်တာအားလုံးကို ဘယ်တော့မှ မရရှိနိုင်ပါဘူး။ ဒါ့ကြောင့် သင်လိုချင်တဲ့ ဘဝမှာ ရှင်သန်ချင်ရင် သင်အလိုချင်ဆုံးအရာ သုံးလေးခုလောက်ကိုပဲ အာရုံစိုက်ထားသင့်ပါတယ်။

၄။ ဘဝက အဆိုးတွေချည်းပဲ မဟုတ်ဘူး။

ဒီအချက်က သင့်အနေနဲ့ အမြန်ဆုံးဖျောက်ဖျက်ရမယ့် အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ အဆိုးမြင်သမားတွေနဲ့ ပေါင်းနေသူတစ်ယောက်က အကောင်းမြင်ဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် သင့်ဘဝထဲက အဆိုးမြင်သမားတွေနဲ့ ကင်းအောင်နေပါ။ နောက်တစ်ခုက သင့်မှာ မရှိတာတွေ၊ သင်မတတ်နိုင်တာတွေအကြောင်းပဲ တွေးမနေပါနဲ့။ ဒီအတွေးတွေက အဆိုးမြင်စိတ်ကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် လက်ရှိပိုင်ဆိုင်ပြီးသားအရာတွေကို တန်ဖိုးထားပါ။ ရှေ့လျှောက် ရရှိလာမယ့်အရာတွေကို ကြိုတွေးပြီး ရင်ခုန်ထားပါ။ ဒါဆိုရင်တော့ သင်လိုချင်တဲ့ ဘဝမျိုးမှာ နေထိုင်နိုင်ဖို့ နီးစပ်လာမှာပါ။

၅။ ပြီးပြည့်စုံမှုဆိုတာ ရှားပါးတယ်။

ဒီကမ္ဘာမှာ ဘယ်သုံးမှ ခြောက်ပြစ်သဲကင်းစင် ပြီးပြည့်စုံနေတာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ပြီးပြည့်စုံမှုကို လိုချင်တာက ကိုယ့်ဒုက္ခကိုယ်တိုင်ရှာဖွေနေတာပါပဲ။ သင့်အနေနဲ့ အလုပ်ဖြစ်မယ့်နည်းလမ်းကိုပဲ ရှာပါ။ အကောင်းဆုံး၊ ပြီးပြည့်စုံဆုံးဖြစ်ဖို့ကို မရှာပါနဲ့။

၆။ သင့်ကိုယ်သင် ဦးစားပေးပါ။

တစ်ကိုယ်ကောင်းဆန်ဖို့ ပြောတာ မဟုတ်ပါဘူး။ ဒီနေရာမှာ သင့်ကိုယ်သင် ဆိုတာက သင့်ကို ပျော်ရွှင်စေနိုင်တာတွေကို အရင်လုပ်ဖို့ ဆိုလိုပါတယ်။ အခြားသူတွေအတွက် အဆင်ပြေ၊ အကျိုးဖြစ်ထွန်းနေပြီး သင့်အတွက် ပျော်ရွှင်မှုမရှိ၊ အကျိုးအမြတ်မရှိဘူးဆိုရင် ဒုတိယဦးစားပေးအဖြစ်သတ်မှတ်သင့်ပါတယ်။

၇။ သင့်ဘဝကို သင့်စိတ်ကြိုက် အသုံးချနိုင်တယ်။

ဒါက သင့်ရဲ့ကိုယ်ပိုင်ဘဝပါ၊ သင်ကိုယ်တိုင်ပဲ အပြည့်အဝထိန်းချုပ်နိုင်ပါတယ်။ ဘယ်သူကမှ သင့်ဘဝကို ကြိုးကိုင်ချယ်လှယ်ခွင့်မပေးပါနဲ့။ အခြားသူတစ်ယောက်ရဲ့ စကားလုံးနဲ့ ဆုံးဖြတ်ချက်တွေအတိုင်း မရှင်သန်ပါနဲ့။ သင့်ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်တိုင်းက လူတိုင်းကို ကျေနပ်ပျော်ရွှင်စေနိုင်ဖို့ မလွယ်ပါဘူး။ ငြင်းသင့်တာကို ငြင်းပါ။ ငြင်းဆိုတတ်ခြင်းဟာ ဘဝအတွက် အရေးပါတဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။

၈။ ဘဝဆိုတာ ပျော်ရွှင်စွာရှင်သန်ဖို့ပါ။

ရည်မှန်းချက်အတွက် အလုပ်တွေထဲမှာ နစ်မြုပ်နေရင်း ပျော်ရွှင်ဖို့ မေ့နေတဲ့သူ မဖြစ်ပါစေနဲ့။ ဘဝကို ခံစားပျော်ရွှင်ဖို့ မေ့လျော့နေသူဟာ အကြီးမားဆုံး ရှုံးနိမ့်သူပါပဲ။ ဒါ့ကြောင့် မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်းတွေကို အချိန်ပေးပါ။ သင်ကိုယ်တိုင်အတွက် ပျော်ရွှင်ရမယ့် ကိစ္စတွေကို လုပ်ဆောင်ပါ။

၉။ မဖြစ်နိုင်တာတွေလည်း ဖြစ်လာနိုင်တယ်။

သင့်အနေနဲ့ တစ်ခုခုကို မလုပ်နိုင်ဘူးလို့ ခံစားနေရရင် အကောင်းဆုံးကြိုးစားပြီး သင့်ကိုယ်သင် မှားယွင်းနေကြောင်း သက်သေပြလိုက်ပါ။ လုပ်နိုင်တယ်လို့ ယုံကြည်ထားရင် ဖြစ်အောင် လုပ်နိုင်မှာ သေချာပါတယ်။ အရေးကြီးတာ ရှေ့ဆက်ကြိုးစားနေဖို့ပါပဲ။

၁၀။ ဘဝဆိုတာ အကန့်အသတ်ရှိတဲ့ နေ့ရက်တွေပါပဲ။

သင့်ဘဝမှာ နောက်ထပ်ရှင်သန်ဖို့ နေ့ရက်ဘယ်လောက်များများ ကျန်နေသေးလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါ့ကြောင့် နေ့ရက်တိုင်းကို သင်ရဲ့နောက်ဆုံးနေ့လို ရှင်သန်ပါ။ အချိန်ရှိတုန်းမှာ အပြည့်ဝဆုံး ရှင်သန်ပါ။ လူတိုင်းကို မေတ္တာထားပါ။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

အခြားစိတ်ဝင်စားစရာဆောင်းပါးအလန်းစား အကြမ်းစားတွေကို

Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%