အိမ်ထောင်ပြုပြီးနောက် ပျော်ရွှင်ရတဲ့ချစ်သူတွေဖြစ်ဖို့ လျို့ဝှက်ချက် ၅ ခု

လက်ထပ်ထိမ်းမြားခြင်းဟာ ချစ်သူနှစ်ဦးကြား အချစ်တွေပိုမိုခိုင်မြဲစေတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် လူအများစုက အိမ်ထောင်ပြုပြီးနောက်မှာ ချစ်သူဘဝကလို ကြိုးစားအားထုတ်မှုတွေ ရပ်တန့်သွားလေ့ရှိပါတယ်။ ဒီလိုနဲ့ ချစ်သူနှစ်ဦးကြားဆက်ဆံရေး တဖြည်းဖြည်းယိုယွင်းပျက်စီးလာပြီး နောက်ဆုံး ဝမ်းနည်းစရာခွဲခွာမှုတွေ ဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့် အိမ်ထောင်ပြုပြီးသည့်တိုင်အောင် သင့်ရဲ့ အချစ်ရေးမှာ အမြဲတမ်းပျော်ရွှင်ကြည်နူးစရာတွေ ရှိနေစေချင်ရင် အခုဖော်ပြမယ့် အချက်တွေကို အလေးထားလုပ်ဆောင်ကြည့်ပါ။

၁။ အချိန်ပေးပါ။

လူအများစုက ချစ်သူနဲ့ လက်ထပ်ထိမ်းမြားပြီးရင် အလုပ်နဲ့ဘ၀ ရည်မှန်းချက်တွေကို ပိုပြီးအာရုံစိုက်လေ့ရှိတာကြောင့် ဘဝလက်တွဲဖော် ချစ်သူအတွက် အချိန်ပေးမှု နည်းသွားတတ်ကြပါတယ်။ သင့်အနေနဲ့ အမြဲတမ်းပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ချင်ရင် သင့်ဘဝလက်တွဲဖော်ကို အချိန်တစ်ခုပေးထားသင့်ပါတယ်။ သူမနဲ့အတူ စကားစမြည်ပြောတာ၊ ရုပ်ရှင်သွားကြည့်တာ၊ အပြင်သွားတာ၊ ခရီးသွားတာ စသဖြင့်လုပ်ဆောင်ပေးပါ။

၂။ အတူတူ ဆုံးဖြတ်ပါ။

ဆုံးဖြတ်စရာ အကြောင်းကိစ္စကြီးငယ်ရှိလာပြီဆိုရင် သင်တစ်ယောက်ထဲ ဆုံးဖြတ်မယ့်အစား သင့်ရဲ့ဘဝလက်တွဲဖော်နဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်ပါ။ ဒီလိုလုပ်တာက သူမအပေါ်လေးစားတန်ဖိုးထားရာ ရောက်သလို သူမရဲ့သဘောထားအမြင်ကို ထည့်သွင်းစဉ်းစားကြောင်းပေါ်လွင်စေပါတယ်။

၃။ ရယ်မောပျော်ရွှင်ဖို့ မမေ့ပါနဲ့။

လူတိုင်းရဲ့ဘဝမှာ ပြဿနာတွေ တစ်မျိုးမဟုတ်တစ်မျိုး ရှိတတ်ကြပါတယ်။ ဘယ်လိုပဲ ပြဿနာတွေ၊ အခက်အခဲတွေ ရင်ဆိုင်ရပါစေ ရယ်မောပျော်ရွှင်ဖို့ မမေ့ပါနဲ့။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မောပျော်ရွှင်ရမယ်ဆိုရင် ရင်ဆိုင်နေရတဲ့ ပြဿနာတွေက ထင်ထားသလောက် မကြီးမားတာကို သဘောပေါက်လာပါလိမ့်မယ်။ အတူတူရယ်မောပျော်ရွှင်တာက နှစ်ဦးသားဆက်ဆံရေးကို ပိုမိုခိုင်မြဲစေနိုင်ပါတယ်။

၄။ အပြန်အလှန် ရိုးသားပါ။

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ရိုးသားခြင်းက အချစ်ရေးကို အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိစေနိုင်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ အမြင်၊ ကြိုက်တာတွေ မကြိုက်တာတွေကို အရိုးသားဆုံး ဝေမျှပါ။ ဒါက အပြန်အလှန်နားလည်နိုင်ဖို့ ကူညီပေးပါတယ်။

၅။ အပြန်အလှန်အသိအမှတ်ပြုပါ။

ဘဝတစ်လျှောက်လုံးလက်တွဲသွားဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အရှိအတိုင်း အသိအမှတ်ပြုလက်ခံနိုင်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် နှစ်ဦးသားဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့ လုပ်ဆောင်ချက် ကြီးငယ်တိုင်းကိုလည်း အသိအမှတ်ပြုတတ်အောင် ကြိုးစားပါ။ တစ်ဦးကိုတစ်ဦး လေးစားကြောင်း၊ ချစ်ခင်ကြောင်း၊ ကြင်နာကြောင်းဖော်ပြပါ။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

အခြားစိတ်ဝင်စားစရာဆောင်းပါးအလန်းစား အကြမ်းစားတွေကို

Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%