တိတ်ဆိတ်ငြိမ်သက်ခြင်းရဲ့ စွမ်းအား

တိတ်ဆိတ်ငြိမ်သက်ခြင်းဟာ ကြီးမားတဲ့ စွမ်းအားတွေရဲ့ရင်းမြစ်တစ်ခု ဖြစ်တယ်လို့ တရုတ်တွေးခေါ်ပညာရှင် Lao Tzu က ပြောခဲ့ဖူးပါတယ်။ တိတ်ဆိတ်ငြိမ်သက်ခြင်းဟာ စိတ်ဝိဉာဉ်ကို ခွန်အားဖြစ်စေပါတယ်။ စိတ်အာရုံကို စုစည်းနိုင်ပြီး တီထွင်ဆန်းသစ်နိုင်စွမ်းတွေကို တိုးတက်စေနိုင်ပါတယ်။ ဒါ့ကြောင့် တိတ်ဆိတ်ငြိမ်သက်ခြင်းရဲ့ စွမ်းအားတွေကို ရယူအသုံးချနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ဆုံးဖြတ်ချက်မချခင်မှာ စဉ်းစားပါ။

အလျင်အမြန်တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ သေချာစဉ်းစားရနိုင်ချေ နည်းပါးလာတတ်ပါတယ်။ ပြဿနာတစ်ခု၊ အခက်အခဲတစ်ခုကို အလျင်အမြန်နည်းလမ်းတွေ ဖြေရှင်းပြီး ရလဒ်တစ်ခုရလာဖို့ကိုပဲ ပိုပြီး အာရုံစိုက်မိနေတတ်ကြပါတယ်။ သေချာမစဉ်းစားမဆင်ခြင်ပဲ ဆုံးဖြတ်လိုက်တဲ့ ဆုံးခြတ်ချက်တွေဟာ များသောအားဖြင့် နောက်ဆက်တွဲအကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခု၊ အချိန်တစ်ခုကို အသုံးချပြီး သေချာစဉ်းစားပါ။ အကြောင်းအရာကို နားလည်အောင် တွေးပြီးမှ အသင့်တော်ဆုံးဆုံးဖြတ်ချက်တစ်ခုကို ချပါ။

၂။ နားလည်သည်အထိ နားထောင်ပါ။

တိတ်ဆိတ်ငြိမ်သက်ခြင်းဟာ စကားလုံးတွေထက် စွမ်းအားကြီးပါတယ်။ အကြောင်းအရာတစ်ခုခုကို ဆွေးနွေးတဲ့အခါ နားလည်အောင် နားမထောင်ပဲ တဖတ်သူစကားကို ဖြတ်ပြောပြီး ပြောဆိုနေကြသူတွေကို တွေ့ဖူးမှာပါ။ သူတို့ရဲ့ စကားတွေနဲ့ အကြံပြုချက်တွေက အကျိုးအကြောင်းမသင့်တော်ပဲ ရောက်တတ်ရာရာတွေ ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် အကြောင်းအရာကို သေချာနားလည်သိအထိ ဘာမှမပြောပဲ နားထောင်တတ်ဖို့ ကြိုးစားပါ။ ဒီလိုနားထောင်တာက တဖက်သူအပေါ်မှာ လေးစားကြောင်းပြရာလည်း ရောက်ပါတယ်။

၃။ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ကူညီပေးတယ်။

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရမယ့်အချိန် ပြဿနာတွေ ဖြေရှင်းရမယ့်အချိန်၊ စိတ်ကူးတွေကို တွက်ချက်ချင့်ချိန်ရချိန်တွေမှာ တိတ်ဆိတ်ငြိမ်သက်ခြင်းက စိတ်ကိုပြေလျော့စေပြီး အာရုံစိုက်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်စွာ စဉ်းစားဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တွေဟာ ပိုမိုကောင်းမွန်ပြီး နောက်ဆက်ဆွဲအကျိုးဆက်တွေလည်း ကောင်းမွန်ပါတယ်။

၅။ တီထွင်ဆန်းသစ်နိုင်စွမ်းကို တိုးမြင့်ပေးတယ်။

တိတ်ဆိတ်ငြိမ်သက်စွာ နေချိန်မှာ သင့်ရဲ့ စိတ်နဲ့ ဝိဉာဉ်က တသားထဲဖြစ်နေပါတယ်။ ဒီအချိန်မှာ စိတ်ကူးဉာဏ်ကွန့်မြူးမှုတွေ တိုးတက်ကောင်းမွန်တာကြောင့် တီထွင်ဖန်တီးနိုင်စွမ်းလည်း တိုးတက်လာနိုင်ပါတယ်။ တချိန်လုံးအဖြေရှာနေခဲ့တဲ့ အခက်အခဲတွေအတွက် အကောင်းဆုံးဖြေရှင်းနီးတွေကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ်။

၆။​ဆက်ဆံရေးကို ပိုမိုလေးနက်ခိုင်မြဲစေတယ်။

ဆိတ်ဆိတ်နေခြင်းဟာ ထောင်တန်ဆိုတဲ့စကားအတိုင်းပါပဲ။ တိတ်ဆိတ်ငြိမ်သက်စွာနေခြင်းက အခြားသူတွေနဲ့ ဆက်ဆံရာမှာ ဆက်ဆံရေးကို ပိုမိုလေးနက်ခိုင်မြဲစေပါတယ်။ တိတ်ဆိတ်စွာနေပြီး တဖက်သူရဲ့ ပြောစကားကို လေးနက်စွာ နားထောင်ခြင်းက တဖက်သူကို ပိုမိုပွင့်လင်းလာစေဖို့ အခွင့်အလမ်းပေးလိုက်တာပါပဲ။ ဒီလို ငြိမ်သက်နားထောင်တတ်သူတွေကို လူတွေက ပိုမိုယုံကြည်နှစ်သက်ကြပြီး ခင်မင်ရင်းနှီးတတ်ကြပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%