ခ်စ္သူႏွစ္ဦးၾကား ၿပီးျပည့္စုံေသာ ဆက္ဆံေရး၏ သေဘာတရားမ်ား

ခ်စ္သူႏွစ္ဦးၾကား ၿပီးျပည့္စုံေသာ ဆက္ဆံေရး၏ သေဘာတရားမ်ား

သင္နဲ႔ သင့္ရဲ႕ခ်စ္သူအၾကား ႏွစ္ဦးသားဆက္ဆံေရးဟာ ၿပီးျပည့္စုံေနၿပီလို႔ ယူဆပါသလား။ သင္တို႔ရဲ႕ဆက္ဆံေရးကို အျခားစံုတြဲေတြနဲ႔ မႏႈိင္းယွဥ္ပါနဲ႔။ ခ်စ္သူစံုတြဲေတြအၾကား စံထားသတ္မွတ္ထားတဲ့ ဆက္ဆံေရးမ်ိဳးမရွိပါဘူး။ သင္ကိုယ္တိုင္နဲ႔ သင့္ရဲ႕လက္တြဲေဖာ္အတြက္ လုပ္သင့္လုပ္ထိုက္တာကို လုပ္ဖို႔ပဲ လိုအပ္တာပါ။ သင္တို႔ႏွစ္ဦးစလံုးက လက္ရွိအေျခအေနမွာ ေပ်ာ္ရႊင္ခ်မ္းေျမ့ေနမယ္ဆိုရင္ ၿပီးျပည့္စုံေနၿပီလို႔ ဆိုႏိုင္ပါတယ္။ ဒီေတာ့ ၿပီးျပည့္စုံတဲ့ ႏွစ္ဦးသားဆက္ဆံေရးက ဘယ္လိုလဲဆိုတာကို ပိုၿပီးသိရွိႏိုင္ဖို႔ တကယ္ၿပီးျပည့္စုံတဲ့ စုံတြဲေတြရဲ႕ အမူအက်င့္ေတြကို ေလ့လာၾကည့္ပါ။

၁။ ျငင္းခံုတတ္ျခင္း

ႏွစ္ဦးသား ျငင္းခံုၾကတာဟာ သာမန္ကိစၥတစ္ခုပဲျဖစ္ပါတယ္။ သင္တို႔ႏွစ္ဦးစလံုးက လူသားေတြျဖစ္တဲ့အတြက္ တစ္ဦးေျပာတာကို တစ္ဦးက လက္မခံႏိုင္ရင္ ျငင္းခံုၾကရမွာပဲျဖစ္ပါတယ္။ ဒီလိုျငင္းခံုတာက ပံုမွန္ပဲဆိုလို႔ အျငင္းပြားစရာကိစၥေတြ မ်ားလာလို႔ေတာ့မျဖစ္ပါဘူး။ အျငင္းပြားစရာကိစၥေပၚလာရင္ ႏွစ္ဦးမွာ တစ္ဦးက စိတ္ရွည္သည္းခံၿပီး က်ိဳးသင့္ေၾကာင္းသင့္ရွင္းျပတတ္ရမွာျဖစ္ပါတယ္။ အတူတကြအေျဖရွာၾကဖို႔ပဲ ျဖစ္ပါတယ္။

သင့္ရဲ႕ ဖူးစာကို ႐ွာႏိုင္မယ့္ နည္းလမ္း

၂။ သီးျခားရပ္တည္မႈကို အသိအမွတ္ျပဳျခင္း

သင့္အေနနဲ႔ တစ္စံုတစ္ေယာက္ကို အ႐ူးအမူးခ်စ္မိၿပီဆိုရင္ သူအႀကိဳက္အရာအားလံုးကို လုပ္ေဆာင္တတ္ၾကၿပီး သင့္ရဲ႕သီးျခားျဖစ္တည္မႈ ေပ်ာက္ဆံုးသြားတတ္ပါတယ္။ ဒီလိုျဖစ္ဖို႔မလိုပါဘူး။ ၿပီးျပည့္စုံတဲ့ စုံတြဲေတြမွာ တစ္ဦးရဲ႕ ၀ါသနာ၊ အက်င့္စ႐ုိက္စတာေတြကို တစ္ဦးက ေလးစားသမႈနဲ႔ အသိအမွတ္ျပဳတတ္ၾကၿပီး သူတို႔လက္တြဲေဖာ္ရဲ႕ သီးျခားျဖစ္တည္မႈကို အေလးထားတတ္ၾကပါတယ္။ ဒါကပဲ ႏွစ္ဦးသားဆက္ဆံေရးရဲ႕လွပမႈျဖစ္ပါတယ္။

၃။ အျပန္အလွန္ ေနရာေပးျခင္း

ၿပီးျပည့္စုံတဲ့ ႏွစ္ဦးသားဆက္ဆံေရးဆိုတာဟာ တစ္ေယာက္ေဘးမွာ တစ္ေယာက္အခ်ိန္တိုင္းအတူရွိေနဖို႔ မဟုတ္ပါဘူး။ တစ္ဦးခ်င္းကိုယ္ပိုင္အခ်ိန္ေတြ ကိုယ္စီကိုယ္ငွလိုအပ္ၾကပါတယ္။ ဒါ့ေၾကာင့္ လက္တြဲေဖာ္အတြက္ အခ်ိန္ေပးသလို၊ အျခားလူေတြအတြက္ ဒါမွမဟုတ္ သင္စိတ္၀င္စားတာကို လုပ္ေဆာင္ဖို႔ အခ်ိန္ေပးသင့္ပါတယ္။

၄။ ကြဲျပားျခားနာမႈမ်ားကို လက္ခံႏိုင္ျခင္း

အရာအားလံုးအတြက္ စိတ္သေဘာခ်င္းထပ္တူက်ေနဖို႔ မလြယ္ပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ ထင္ျမင္ယူဆမႈေတြ ကြဲလဲြေနႏိုင္ပါတယ္။ ဒီလို ကြဲျပားမႈကို လက္ခံၿပီး အတူေနထိုင္ႏိုင္ေအာင္ ႀကိဳးစားရမွာျဖစ္ပါတယ္။ သင့္ရဲ႕အယူအဆကို တစ္ဖက္က လက္ခံဖို႔ကိုလည္း အတင္းလုပ္ယူလို႔မရပါဘူး။ ဒါ့ေၾကာင့္ ကြဲျပားျခားနားမႈေတြကို နားလည္လက္ခံႏိုင္ဖို႔က အဓိကက်ပါတယ္။

၅။ အမွားေတြကို ခြင့္လႊတ္ေပးႏိုင္ျခင္း

အမွားလုပ္တတ္တာဟာ လူ႔သဘာ၀ျဖစ္ပါတယ္။ ဒီအခ်က္ကို လက္ခံၿပီး အမွားလုပ္မိရင္ နားလည္ခြင့္လႊတ္ေပးႏိုင္ဖို႔ ႀကိဳးစားပါ။ တစ္ဖက္နားလည္ခြင့္လႊတ္ေပးတာကို အခြင့္ေကာင္းယူၿပီး အမွားတစ္ခုကို ထပ္ခါတလဲလဲ က်ဴးလြန္ေနလို႔ေတာ့ မျဖစ္ပါဘူး။ သင့္လက္တြဲေဖာ္က မလိုအပ္ဘူးလို႔ ေျပာရင္ေတာင္မွ အမွားကိုျပင္ဆင္ႏိုင္ဖို႔ ႀကိဳးစားရမွာျဖစ္ပါတယ္။

သင့္ရဲ႕ ဖူးစာကို ႐ွာႏိုင္မယ့္ နည္းလမ္း

၆။ အရမ္းခ်စ္ေၾကာင္းအမူအယာေတြ မလိုအပ္ပါဘူး။

ဒါက ႐ုိမန္းတစ္ဆန္ပါတယ္။ ဒါေပမယ့္ လူတိုင္းနဲ႔ မသင့္ေတာ္ပါဘူး။ သင့္ရဲ႕လက္တြဲေဖာ္ ဘယ္လိုလူမ်ိဳးလဲဆိုတာေပၚမွာ မူတည္ပါတယ္။ ဒီလုိ အမူအယာေတြကို မႀကိဳက္တဲ့သူအတြက္ေတာ့ တကယ္ကိုအဆင္ေျပမွာမဟုတ္ပါဘူး။ တကယ္စိတ္ထဲ ႏွလံုးသားထဲမွာရွိရင္ တမင္လုပ္စရာမလိုပဲ အရမ္းခ်စ္ေၾကာင္း ေဖာ္ျပၿပီးသားျဖစ္ေနမွာပါ။

၇။ စိတ္မပါသည့္အခ်ိန္မ်ားကို ျဖတ္ေက်ာ္ႏိုင္ျခင္း

ေရရွည္လက္တြဲၾကရတဲ့အခါမွာ တစ္ေယာက္စိတ္ထဲမွာ တစ္ေယာက္မရွိတဲ့အခ်ိန္ေတြကို မလြဲမေသြျဖတ္ေက်ာ္ရမွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႏွစ္ဦးသားခ်စ္ေနၾကရဖို႔ထက္ အေရးႀကီးတဲ့ကိစၥေတြက ႏွစ္ဦးစလံုးရဲ႕ဘ၀မွာရွိေနတာေၾကာင့္ပါ။ အလုပ္ကိစၥေတြ၊ မိသားစုကိစၥေတြေၾကာင့္ စိတ္ဖိစီးမႈေတြမ်ားၿပီး အနီးဆံုးကလူကိုေတာင္ မျမင္ခ်င္မေတြ႕ခ်င္တာမ်ိဳး ျဖစ္လာတတ္ပါတယ္။ ဒီလိုအေျခအေနမ်ိဳးက ႏွစ္ဦးႏွစ္ဖက္စလံုးအတြက္ ခက္ခဲပါတယ္။ ေသခ်ာဆန္းစစ္အေျဖရွာၿပီး ေက်ာ္လြန္ႏိုင္ဖို႔ ႀကိဳးစားရမွာျဖစ္ပါတယ္။


ချစ်သူနှစ်ဦးကြား ပြီးပြည့်စုံသော ဆက်ဆံရေး၏ သဘောတရားများ

သင်နဲ့ သင့်ရဲ့ချစ်သူအကြား နှစ်ဦးသားဆက်ဆံရေးဟာ ပြီးပြည့်စုံနေပြီလို့ ယူဆပါသလား။ သင်တို့ရဲ့ဆက်ဆံရေးကို အခြားစုံတွဲတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ ချစ်သူစုံတွဲတွေအကြား စံထားသတ်မှတ်ထားတဲ့ ဆက်ဆံရေးမျိုးမရှိပါဘူး။ သင်ကိုယ်တိုင်နဲ့ သင့်ရဲ့လက်တွဲဖော်အတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ပဲ လိုအပ်တာပါ။ သင်တို့နှစ်ဦးစလုံးက လက်ရှိအခြေအနေမှာ ပျော်ရွှင်ချမ်းမြေ့နေမယ်ဆိုရင် ပြီးပြည့်စုံနေပြီလို့ ဆိုနိုင်ပါတယ်။ ဒီတော့ ပြီးပြည့်စုံတဲ့ နှစ်ဦးသားဆက်ဆံရေးက ဘယ်လိုလဲဆိုတာကို ပိုပြီးသိရှိနိုင်ဖို့ တကယ်ပြီးပြည့်စုံတဲ့ စုံတွဲတွေရဲ့ အမူအကျင့်တွေကို လေ့လာကြည့်ပါ။

၁။ ငြင်းခုံတတ်ခြင်း
နှစ်ဦးသား ငြင်းခုံကြတာဟာ သာမန်ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ သင်တို့နှစ်ဦးစလုံးက လူသားတွေဖြစ်တဲ့အတွက် တစ်ဦးပြောတာကို တစ်ဦးက လက်မခံနိုင်ရင် ငြင်းခုံကြရမှာပဲဖြစ်ပါတယ်။ ဒီလိုငြင်းခုံတာက ပုံမှန်ပဲဆိုလို့ အငြင်းပွားစရာကိစ္စတွေ များလာလို့တော့မဖြစ်ပါဘူး။ အငြင်းပွားစရာကိစ္စပေါ်လာရင် နှစ်ဦးမှာ တစ်ဦးက စိတ်ရှည်သည်းခံပြီး ကျိုးသင့်ကြောင်းသင့်ရှင်းပြတတ်ရမှာဖြစ်ပါတယ်။ အတူတကွအဖြေရှာကြဖို့ပဲ ဖြစ်ပါတယ်။

၂။ သီးခြားရပ်တည်မှုကို အသိအမှတ်ပြုခြင်း
သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို အရူးအမူးချစ်မိပြီဆိုရင် သူအကြိုက်အရာအားလုံးကို လုပ်ဆောင်တတ်ကြပြီး သင့်ရဲ့သီးခြားဖြစ်တည်မှု ပျောက်ဆုံးသွားတတ်ပါတယ်။ ဒီလိုဖြစ်ဖို့မလိုပါဘူး။ ပြီးပြည့်စုံတဲ့ စုံတွဲတွေမှာ တစ်ဦးရဲ့ ဝါသနာ၊ အကျင့်စရိုက်စတာတွေကို တစ်ဦးက လေးစားသမှုနဲ့ အသိအမှတ်ပြုတတ်ကြပြီး သူတို့လက်တွဲဖော်ရဲ့ သီးခြားဖြစ်တည်မှုကို အလေးထားတတ်ကြပါတယ်။ ဒါကပဲ နှစ်ဦးသားဆက်ဆံရေးရဲ့လှပမှုဖြစ်ပါတယ်။

၃။ အပြန်အလှန် နေရာပေးခြင်း
ပြီးပြည့်စုံတဲ့ နှစ်ဦးသားဆက်ဆံရေးဆိုတာဟာ တစ်ယောက်ဘေးမှာ တစ်ယောက်အချိန်တိုင်းအတူရှိနေဖို့ မဟုတ်ပါဘူး။ တစ်ဦးချင်းကိုယ်ပိုင်အချိန်တွေ ကိုယ်စီကိုယ်ငှလိုအပ်ကြပါတယ်။ ဒါ့ကြောင့် လက်တွဲဖော်အတွက် အချိန်ပေးသလို၊ အခြားလူတွေအတွက် ဒါမှမဟုတ် သင်စိတ်ဝင်စားတာကို လုပ်ဆောင်ဖို့ အချိန်ပေးသင့်ပါတယ်။

၄။ ကွဲပြားခြားနာမှုများကို လက်ခံနိုင်ခြင်း
အရာအားလုံးအတွက် စိတ်သဘောချင်းထပ်တူကျနေဖို့ မလွယ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ထင်မြင်ယူဆမှုတွေ ကွဲလွဲနေနိုင်ပါတယ်။ ဒီလို ကွဲပြားမှုကို လက်ခံပြီး အတူနေထိုင်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ သင့်ရဲ့အယူအဆကို တစ်ဖက်က လက်ခံဖို့ကိုလည်း အတင်းလုပ်ယူလို့မရပါဘူး။ ဒါ့ကြောင့် ကွဲပြားခြားနားမှုတွေကို နားလည်လက်ခံနိုင်ဖို့က အဓိကကျပါတယ်။

၅။ အမှားတွေကို ခွင့်လွှတ်ပေးနိုင်ခြင်း
အမှားလုပ်တတ်တာဟာ လူ့သဘာ၀ဖြစ်ပါတယ်။ ဒီအချက်ကို လက်ခံပြီး အမှားလုပ်မိရင် နားလည်ခွင့်လွှတ်ပေးနိုင်ဖို့ ကြိုးစားပါ။ တစ်ဖက်နားလည်ခွင့်လွှတ်ပေးတာကို အခွင့်ကောင်းယူပြီး အမှားတစ်ခုကို ထပ်ခါတလဲလဲ ကျူးလွန်နေလို့တော့ မဖြစ်ပါဘူး။ သင့်လက်တွဲဖော်က မလိုအပ်ဘူးလို့ ပြောရင်တောင်မှ အမှားကိုပြင်ဆင်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

၆။ အရမ်းချစ်ကြောင်းအမူအယာတွေ မလိုအပ်ပါဘူး။
ဒါက ရိုမန်းတစ်ဆန်ပါတယ်။ ဒါပေမယ့် လူတိုင်းနဲ့ မသင့်တော်ပါဘူး။ သင့်ရဲ့လက်တွဲဖော် ဘယ်လိုလူမျိုးလဲဆိုတာပေါ်မှာ မူတည်ပါတယ်။ ဒီလို အမူအယာတွေကို မကြိုက်တဲ့သူအတွက်တော့ တကယ်ကိုအဆင်ပြေမှာမဟုတ်ပါဘူး။ တကယ်စိတ်ထဲ နှလုံးသားထဲမှာရှိရင် တမင်လုပ်စရာမလိုပဲ အရမ်းချစ်ကြောင်း ဖော်ပြပြီးသားဖြစ်နေမှာပါ။

၇။ စိတ်မပါသည့်အချိန်များကို ဖြတ်ကျော်နိုင်ခြင်း
ရေရှည်လက်တွဲကြရတဲ့အခါမှာ တစ်ယောက်စိတ်ထဲမှာ တစ်ယောက်မရှိတဲ့အချိန်တွေကို မလွဲမသွေဖြတ်ကျော်ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဦးသားချစ်နေကြရဖို့ထက် အရေးကြီးတဲ့ကိစ္စတွေက နှစ်ဦးစလုံးရဲ့ဘဝမှာရှိနေတာကြောင့်ပါ။ အလုပ်ကိစ္စတွေ၊ မိသားစုကိစ္စတွေကြောင့် စိတ်ဖိစီးမှုတွေများပြီး အနီးဆုံးကလူကိုတောင် မမြင်ချင်မတွေ့ချင်တာမျိုး ဖြစ်လာတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးက နှစ်ဦးနှစ်ဖက်စလုံးအတွက် ခက်ခဲပါတယ်။ သေချာဆန်းစစ်အဖြေရှာပြီး ကျော်လွန်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%