စိတ်ခံစားလွယ်သူတွေနဲ့ ဆက်ဆံသည့်အခါ ဆောင်ရန် ရှောင်ရန်များ

စိတ်ခံစားလွယ်သူတွေနဲ့ ဆက်ဆံရတာက လွယ်မလိုနဲ့ ခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ သူတို့နဲ့ ဆက်ဆံတဲ့အခါ သတိထားရမယ့်အချက်လေးတွေ ရှိပါတယ်။

ရှောင်ရန် – သူတို့ကို စိတ်ခံစားလွယ်တယ်လို့ မပြောပါနဲ့။

သူတို့ကိုယ်သူတို့လည်း စိတ်ခံစားလွယ်သူတွေမှန်း သိပြီးသားပါ။ သူတို့က အသက် ၃ နှစ်လောက်မှာ စားမယ့်မုန့်လက်ထဲက ပြုတ်ကျသွားကတည်းက လိုတာထက်ပိုပြီး ခံစားတတ်သူဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ခံစားမှုများတယ်၊ စိတ်ခံစားလွယ်တယ်လို့ ပြောတာက သူတို့ကို ဘာမှပြောင်းလဲသွားစေမှာမဟုတ်ပါဘူး။

ဆောင်ရန် – သူတို့ ဘယ်လိုခံစားနေရလဲ မေးပါ။

သူတို့ ခံစားနေရတဲ့နောက်ကွယ်မှာ အကြောင်းရင်းရှိပါတယ်။ သူတို့ ဘာကိုခံစားနေရလဲဆိုတာ သိအောင် ကြိုးစားပါ။ သင်က ယုံကြည်ရသူတစ်ယောက်ဆိုရင် သူတို့ ရင်ဖွင့်လာပါလိမ့်မယ်။ ဒါက သူတို့ကို ပိုပြီးတည်ငြိမ်သွားအောင် ကူညီပေးနိုင်ပါတယ်။

ရှောင်ရန် – သင် တကယ်မသိပဲ သူတို့ဘယ်လိုခံစားနေရလဲသိတယ်လို့ မပြောပါနဲ့။

စိတ်ခံစားလွယ်သူတွေက ဘာကြောင့် ဘယ်လိုခံစားနေရလဲဆိုတာ သင် မသိတာက ပြဿနာမဟုတ်ပါဘူး။ လူတစ်ကိုယ်စိတ်တစ်မျိုးဖြစ်တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် ခံစားမှုချင်းလည်း မတူနိုင်ပါဘူး။ ဒါပေမယ့် သူတို့ ခံစားချက်ကို သင်သေချာမသိပဲ သိတယ်လို့ ပြောတာက သူတို့ ခံစားချက်ကို အလေးမထားသလို ဖြစ်သွားနိုင်ပါတယ်။

ဆောင်ရန် – သူတို့ ဘယ်လိုခံစားနေရလဲ နားလည်ချင်ကြောင်းပြောပါ။

သူတို့ ခံစားနေရတဲ့အကြောင်းအရာကို ပြောပြရင်တောင်မှ သင့်အနေနဲ့ လုံးဝေ့ပတ်စေ့နားလည်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ သူတို့အပေါ် စာနာကြောင်းနဲ့ သူတို့ဖက်က ရပ်တည်ပေးကြောင်း ဖော်ပြနိုင်ပြီး သူတို့ကိုလည်း ပိုပြီး စိတ်သက်သာရာရစေနိုင်ပါတယ်။

ရှောင်ရန် – ဒေါသမထွက်ပါနဲ့။

စိတ်ခံစားမှုလွယ်သူတွေက တစ်ခါတစ်လေမှာ ဘာမဟုတ်တဲ့အကြောင်းအရာလေးပေါ်မှာလည်း ခံစားနေတတ်ပါတယ်။ ဒါက သင့်ကို စိတ်ပျက်ဒေါသထွက်စရာ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် သိသာအောင် ဒေါသထွက်ပြလိုက်တာက သူတို့ကို ပိုပြီးခံစားရစေပါတယ်။

ဆောင်ရန် – အားလုံးအဆင်ပြေသွားမှာပါလို့ ပြောပေးပါ

ဒီစကားလေးက ရိုးရှင်းပါတယ်။ ဒါပေမယ့် စိတ်ခံစားမှုလွယ်သူတွေကို အားပေးနှစ်သိမ့်ရာမှာ ထိရောက်တဲ့ စကားဖြစ်ပါတယ်။

ရှောင်ရန် – စိတ်ခံစားမှုတွေကို ယုတ္တိကျကျ ဖြေရှင်းပြဖို့ မကြိုးစားပါနဲ့။

စိတ်ခံစားမှုလွယ်သူတွေဟာ တစ်ခါတစ်လေမှာ ယုတ္တိမရှိတဲ့ ခံစားမှုတွေရှိနေတတ်ပါတယ်။ သင့်အနေနဲ့ သူတို့ ခံစားနေရတဲ့အကြောင်းအရာပေါ်မှာ ယုတ္တိကျတဲ့ ဖြေရှင်းချက်တစ်ခုခုရှိနေနိုင်ပါတယ်။ ဒါပေမယ့် သူတို့ ခံစားမှုကို ဘယ်လိုယုတ္တိကျတဲ့ ဖြေရှင်းချက်ကမှ ဖြေလျှော့ပေးနိုင်မှာ မဟုတ်ပါဘူး။ ပိုတောင်ဆိုးသွားစေနိုင်ပါတယ်။

ဆောင်ရန် – သင့်အနေနဲ့ခံစားမှုအနည်းငယ် ထုတ်ပြပါ။

ဘယ်သူမဆို ခံစားတတ်တဲ့ နှလုံးသားရှိပါတယ်။ စိတ်ခံစားမှုလွယ်သူတွေကိုလည်း သင်လည်း ခံစားတတ်ကြောင်း သိအောင်ထုတ်ပြပါ။ သူတို့လို ခံစားချက်တွေအများကြီး မရှိပေမယ့် ခံစားတတ်ကြောင်း ထုတ်ပြမယ်ဆိုရင် စိတ်သက်သာရာရစေနိုင်မှာဖြစ်ပါတယ်။

ရှောင်ရန် – သူတို့ကို မနှိမ်ပါနဲ့။

တစ်စုံတစ်ယောက်က စိတ်ခံစားမှုတွေ လွန်ကဲနေတာက ကလေးဆန်နေတာမဟုတ်ပါဘူး။ ဒါကို နှိမ့်ချပြောဆိုနေမယ်ဆိုရင် သူတို့ကို ပိုပြီး စိတ်ပျက်ဝမ်းနည်းစေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ခံစားလွယ်သူတွေကို မနှိမ်ချပဲ လေးစားသမှုနဲ့ ဆက်ဆံပေးတာက သူတို့ကို ကူညီရာရောက်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

Gentleman magazine

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%